cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

Рекламні дописи
14 822
Підписники
-924 години
-687 днів
-39130 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတဲ့အခါ ပြည်သူတွေ နေမကောင်းတဲ့အခါ ဆေးဘက်ဆိုင်ရာ ကူညီမှုတွေဟာလဲ အဓိက ကျတဲ့ နေရာကနေ ပါဝင်ပါတယ်ဗျ အဲ့တာကြောင့် Project Phoenix medical team အတွက် ကျွန်တော်တို့ DWYT channel မှ ဝင်ငွေနဲ့ နိုင်သလောက် ကူညီပံ့ပိုးပေးထားပါတယ်ခင်ဗျာ ကျွန်တော်တို့ ချန်နယ် DWYT ကိုလဲ အမြဲကြည့်ရှုပေးဖို့ တောင်းဆိုပါရစေခင်ဗျာ #donatewithyourtime
Показати все...
76👍 4🤩 1
Фото недоступнеДивитись в Telegram
မင်္ဂလာပါခင်ဗျာ 2023 ကို နှုတ်ဆက်လို့ 2024 သို့ရောက်ရှိပါတော့မယ် အားလုံးပဲ လိုချင်နေကြတဲ့ လွတ်လပ်တဲ့ ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ အတူတကွချီတက်ရင်း 2024 ကို ကြိုဆိုကြရအောင်ခင်ဗျာ DWYT channel မှာ ကျွန်တော်တို့ book recommendations အစီအစဉ်အတိုင်း နန်းကျဘုရင် ဆိုတဲ့ စာ‌အုပ်လေးအကြောင်း ပြောပြပေးထားပါတယ်ခင်ဗျာ အားလုံး အချိန်ခဏလေးပေးပြီး နားထောင်ပေးပါဦးဗျ အားလုံး stay safe ပါခင်ဗျာ #donatewithyourtime
Показати все...
63👍 3🤩 1
Фото недоступнеДивитись в Telegram
ကျ​နော်တို့​တွေ ​တောက်​လျှောက် ​တောင်းဆိုလာခဲ့တဲ့အတိုင်း US က MOGE ကို ဆန်ရှင်ချလိုက်ပါပြီ။ MOGE ဆိုတာ အကြမ်းဖက်စစ်တပ်အတွက် နိုင်ငံခြား​ငွေ​တွေ အဓိက ရှာ​ဖွေ​​ပေးနေတဲ့ မြန်မာ့​​ရေနံနဲ့ သဘာဝဓါတ်​ငွေ့လုပ်ငန်း ဖြစ်ပါတယ်။ ​နွေဦးရဲ့ ​အောင်ပွဲက​တော့ နီးသထက် နီးလာပြီပဲ ဆိုရမှာပါ။ ၃၁.၁၀.၂၀၂၃ Credit Dr Phio Thiha
Показати все...
80🎉 8👍 4🤩 1
Фото недоступнеДивитись в Telegram
မင်္ဂလာရှိတဲ့ သီတင်းကျွတ်အခါသမယမှာ ပြည်သူများ ဘေးရန်ကင်းကွာ ပျော်ရွှင်မှုတွေ ခံစားရပါစေကြောင်း အချိန်ခဏပေးပါ မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ခင်ဗျာ #donatewithyourtime
Показати все...
42🎉 2🤩 1
Фото недоступнеДивитись в Telegram
အားလုံးပဲ မင်္ဂလာပါခင်ဗျ အသိပေးစရာလေးရှိပါတယ် ကျွန်တော်တို့ရဲ့ DWYT Channel လေး monetization ပြန်ရပါပြီခင်ဗျာ နောက်ရက်တွေမှာ video လေးတွေ ပြန်တင်ပေးဖို့ ကြိုးစားပါ့မယ်ဗျ အဲ့တာကြောင့် DWYT နဲ့ Vlogs By DWYT ကို #VPN ခံပြီး ဝင်ရောက်ကြည့်‌ပေးပါဦးလို့ တောင်းဆိုပါတယ်ဗျ အမြဲကြည့်ပေးသူများကို ကျေးဇူးအထူးတင်ပါတယ်ဗျ #donatewithyourtime
Показати все...
56🤩 2
မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ YouTube က ရတာလေးထဲကနေ ကူညီထား‌တာလေးကို တင်ပြပေးချင်လို့ပါခင်ဗျ ချန်နယ်တွေက အပိတ်ခံထားရပေမယ့် Vlogs By DWYT ကတော့ chrome ကနေ #VPN ခံပြီး ကြည့်မယ်ဆို ကြော်ငြာတက်နေပါတယ်ခင်ဗျာ အဲ့ကနေ video လေးတွေ ကြည့်ပေးဖို့ တောင်းဆိုပါရစေဗျ ကျွန်တော်တို့ လက်ထဲရှိတာလေးထဲက ကချင်ပြည်နယ်က PDF အဖွဲ့ကို မိုးတွင်းစီးဖို့ ပွိုင့်ဖိနပ်‌အတွက် ဘတ် ၂၀၀၀ ကူညီထားပါတယ်ခင်ဗျာ Fundrasing by Nway Oo ကလုပ်တဲ့ ကျည်ငါးထောင် ကမ်ပိန်းအတွက် ဘတ် ၂၅၀၀ ပါဝင်အားဖြည့်ထားပါတယ်ဗျ အမြဲကြည့်ရှုပေးကြတဲ့ ပြည်သူတစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ခင်ဗျာ #donatewithyourtime
Показати все...
Фото недоступнеДивитись в Telegram
အားလုံးပဲ မင်္ဂလာပါခင်ဗျာ မတွေ့ရတာကြာပြီနော် အားလုံး ကျန်းကျန်းမာမာ ရှိကြရဲ့လားခင်ဗျာ ကျွန်တော်တို့ ချန်နယ်လေးကနေ စာအုပ် recommendation လေး တစ်ခု လုပ်ပေးထားပါတယ်နော် Vlogs By DWYT မှာ တင်ပေးထားတာမို့ ဆက်ဆက်နားထောင်ပေးကြပါဦးဗျ Chrome ကနေ #VPN ခံပြီး ကြည့်မယ်ဆို ကြော်ငြာတက်တာမို့ ကြိုးစားပေးကြပါဦးခင်ဗျ ကျွန်တော် အလုပ်လေးတွေမအားလို့ ပျောက်နေတာပါဗျ အားလုံး အဆင်ပြေပါတယ်နော် Video တွေကို နေ့စဉ်အချိန်ပေးနေကြသူတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ #donatewithyourtime
Показати все...
မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ ချန်နယ် ငွေမပိတ်ခင်က ရတဲ့ income ကနေတဆင့် ပါဝင်ကူညီထားတာလေးတွေပါခင်ဗျာ ရိုးမခေါ်သံ ကမ်ပိန်း နဲ့ ကိန္နရာဆေးရုံ တည်ဆောက်ရေးအတွက် သုံးသိန်းစီ ကို ပြည်သူတွေရဲ့ ပူးပေါင်းမှုနဲ့အတွက် ကူညီနိုင်ခဲ့ပါတယ်ဗျ အခုလောလောဆယ်တော့ Vlogs By DWYT တစ်ခုသာ အဆင်ပြေနေတာမို့ video တွေကို အဲ့ကနေ တင်ပေးသွားပါမယ်ဗျ နောက်တစ်ခုကတော့ audiobook ကိုလည်း YouTube ဘက်က သတိထားမိလာတယ်လို့ ထင်ပါတယ်ခင်ဗျာ အဲ့တာကြောင့် Vlogs တင်လိုက် audio book တင်လိုက် လုပ်ကြည့်ပါမယ်ခင်ဗျာ ဒီနေ့ထိ အမြဲကြည့်ပေးကြတဲ့ တစ်ဦးတစ်ယောက်ဆီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ #donatewithyourtime
Показати все...
Фото недоступнеДивитись в Telegram
မင်္ဂလာပါခင်ဗျာ မနေ့က "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" ဆိုတဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်လေးကို Book Recommendation ပေးထားတဲ့ video လေး Vlogs By DWYT မှာ တင်ပေးထားပါတယ်ခင်ဗျာ အားလုံးရဲ့အမြင်ကိုလဲ ဆွေးနွေးသူက လိုချင်တာမို့ နားထောင်ပြီးရင် comment မှာ မိမိရဲ့ အမြင်ကို ဝေမျှပေးသွားကြပါဦးခင်ဗျ မကြည့်ရသေးသူတွေကလဲ အခုပဲ သွားကြည့်ပေးပါဦးနော် #VPN ခံပြီး ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ #donatewithyourtime
Показати все...
မင်္ဂလာပါခင်ဗျာ Vlogs By DWYT က video လေးတစ်ခု တင်ထားပါတယ်ခင်ဗျာ ကျနော်လဲ main channel ထိသွားလို့ စိတ်မကောင်းဖြစ်ပြီး ခဏလောက် ပျောက်နေတာပါဗျ မအိပ်ခင်လေး သွားကြည့်ပေးပါဦးနော် #VPN ခံပေးပါနော် ပြည်တွင်းကဆိုရင် #donatewithyourtime
Показати все...
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.