uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

EHS Myanmar

EHS Myanmar

Відкрити в Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Показати більше
868
Підписники
Немає даних24 години
+27 днів
+230 днів
Архів дописів
🐾🌿 Happy Zoo Lovers Day from EHS Myanmar! 🎉 Let's celebrate our love for wildlife and the wonderful work of zoos in conser
🐾🌿 Happy Zoo Lovers Day from EHS Myanmar! 🎉 Let's celebrate our love for wildlife and the wonderful work of zoos in conservation and education. Join us in appreciating the beauty and diversity of animals around the world. Stay tuned for fun facts and ways to support zoos! #ZooLoversDay #EHSMyanmar 🐼🦁

PM 2.5 ကြောင့် ချင်းမိုင်တက္ကသိုလ်မှ ပါမောက္ခ တစ်ယောက်ကွယ်လွန် --------------------------------------------------------------
PM 2.5 ကြောင့် ချင်းမိုင်တက္ကသိုလ်မှ ပါမောက္ခ တစ်ယောက်ကွယ်လွန် ------------------------------------------------------------------------ ချင်းမိုင်တက္ကသိုလ်၏ ဗိသုကာဌာနမှူး ပါမောက္ခ Rawiwan Oranratmanee သည် ဧပြီလအစောပိုင်းတွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီးနောက် PM2.5 ဟုခေါ်သည့် သေးငယ်သော လေထုအမှုန်အမွှားများ ကြောင့် ကွယ်လွန်ခဲ့ရသည်ဟု ယူဆမှုများရှိလာခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းကလဲ ယင်းတက္ကသိုလ်မှ ကထိက လေးဦးသည် အဆုတ်ကင်ဆာကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ရသည်။ စနေနေ့က ချင်းမိုင်မြို့ကို IQAIR app က ထပ်မံ၍ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် စာရင်းသွင်းခံခဲ့ရပါသေးသည်။ မြန်မာပြည်သူလူထုလဲ ပူပြင်းသောနွေရာသီနှင့်အတူ လေထုညစ်ညမ်းမှုကိုလဲဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။ #EHSMyanmar #ChiangMai #airpollution #pm2.5

🌏There will be existing learning activities at EHS Myanmar to honor Mother Earth Day 2024. Coming Sooooon.....! 📣 ---------
🌏There will be existing learning activities at EHS Myanmar to honor Mother Earth Day 2024. Coming Sooooon.....! 📣 --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #EarthDay

UN-Habitat Myanmar မှ ပြုလုပ်ပေးသော Ecosystem-based Adaption (ဂေဟစနစ်ကို အခြေပြု၍ လိုက်လျောညီထွေစွာ နေထိုင်ခြင်း) ၄ရက်တာ သင်တ
UN-Habitat Myanmar မှ ပြုလုပ်ပေးသော Ecosystem-based Adaption (ဂေဟစနစ်ကို အခြေပြု၍ လိုက်လျောညီထွေစွာ နေထိုင်ခြင်း) ၄ရက်တာ သင်တန်းကို Myanmar Climate Change Alliance (MCCA) ၏ အသင်းဝင် အဖွဲ့အစည်းအနေဖြင့် EHS Myanmar မှ မခိုင်စုဝေ (Project Assistant) တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် EbA နှင့်ပတ်သတ်သည့် အခြေခံသဘောတရားများကို သင်ယူခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း လုပ်ဆောင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခွင့် ရရှိခဲ့ပါသည်။ #EHSMyanmar #UNHabitat #MCCA #EbA

photo content

ဟူသည် မုန်တိုင်းနှင့်ကြုံတွေ့ရစဥ်အခါ၌ အဘယ်သို့ ရောက်နေသည် မသိ။ ရှာ၍ပင် မတွေ့ခဲ့။ ပတ်ဝန်းကျင်တစ်ခုလုံး လေပြင်းတိုက်သံများ ဆူညံနေသည်မှာ နားစည်ကွဲမတတ်ပင်။ လေသံ၊ မိုးသံများသည် အိမ်ခေါင်မိုးရှိ သွပ်များအား စိန်ဗေဒါကြီး ဆိုင်းလာတီးသကဲ့သို့ လက်သံပြောင်ချက်ပင်၊ အိမ်တစ်ခုလုံးသည်လည်း ကျားတစ်ကောင်က ယုန်ငယ်ကို ကိုက်ရမ်းလိုက်သကဲ့သို့ ပြို၍လဲမတတ်ပင်။ မျက်လုံးတစ်စုံအား မည်မျှပင် ကြိုးစား၍ မှိတ်မှိတ် မအိပ်နိုင်ခဲ့။ “စိတ်ထောင်း ကိုယ်ကြေ” ဆိုသကဲ့သို့ ကိုယ်ခန္ဓာသည်လည်း မူးဝေလာကာ အန်ချင်သလို၊ ပြို့ချင်သလို ဘယ်လိုမှ နေ၍မကောင်းအောင်ပင် ရှိခဲ့ပေတော့သည်။ ငါသည် သေ၍ပင် သွားရတော့မလားဟု မိမိကိုယ်ကို မေးမိခဲ့လေသည်။ ၎င်းအချိန်ကာလအား ပြန်စိတ်ကူးမိလျှင်လည်း စိတ်သည် မတည်ငြိမ်ကာ အကြောက်ကြီးပင် ကြောက်ခဲ့ရလေသည်။ အခြားသော ကြုံတွေ့ခဲ့ရ သူများ၊ တိရစ္ဆာန်များသည်လည်း ထိုနည်းတူပင် ဖြစ်နိုင်ရာ၏။ ဤကပ်ဘေး၌ ကောင်းမွန်သောအရာအား ရှာသော် မတွေ့လေပြီ။ ထို့အပြင် နေ့စဥ်နှင့်အမျှ တွေ့ကြုံနေရသည့် ရာသီဥတုဆိုင်ရာ ပြဿနာများကို လေ့လာကြည့်လျှင်လည်း မကောင်းသည့် သက်ရောက်မှုများကိုသာ တွေ့ရလေသည်။ ယခုလို နွေရာသီတွင် အိမ်အတွင်း၌ နေသော်လည်းကောင်း၊ အပြင်ထွက်၍ သွားလာသော်လည်းကောင်း ပြင်းထန်သော အပူချိန်ကို ခံစားရ၏။ မိုးကိုမျှော်သော်လည်း မရွာ၊ မီးကို ခေါ်သော်လည်း မလာ၊ ယပ်တောင်ခတ်သော်လည်း အားမရ၊ အရိပ်ရှာသော်လည်း မတွေ့။ ထိုသို့သော အခြေအနေ၌ ဤပူလောင်သော ဓာတ်သဘောကြီးအား အဘယ်သို့ပင် ဖြေရှင်းရမည်နည်း။ ပြင်းထန်သောအပူဒဏ်အား ခံစားရခြင်းနှင့်အတူ ဖြစ်ပေါ်လာတက်တ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာသည်လည်း လွန်စွာ ကြီးမား၏။ အပူဒဏ် အလွန်အမင်းခံစားရသည်နှင့် တစ်ပြိုင်နက် စိတ်တွင် အနှောင့်အယှက်ဖြစ်လာလေသည်။ မခံစားနိုင်ခြင်းသဘော၊ မကြိုက်ခြင်းသဘော၊ မနှစ်မြို့ခြင်းသဘော၊ ပူလောင်ခြင်းအား ဖျက်စီးလိုသည့်သဘော စသည့် စိတ်မတည်ငြိမ်မှုများ တစ်နည်း စိတ်အညစ်အကြေးများ မိမိတို့ခန္ဓာတွင် ကျက်စားလာလေသည်။ စိတ်ကျန်းမာရေးသည် တစိမ့်စိမ့် ယိုယွင်းပျက်စီးလာသည်ဟု ကောက်ချက်ချနိုင်ပေသည်။ အချုပ်အားဖြင့်ဆိုရသော် ဖော်ပြပါ ဥတု၏ နှိပ်စက်မှုများကြောင့် လူတို့၏ စိတ်သည် အလဲလဲအပြိုပြို မတည်မငြိမ် ဖြစ်လျက်ရှိကြပေသည်။ ထိုစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုများကို ဖြစ်စေသော အကြောင်းအရင်းတစ်ခုဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ချုပ်ငြိမ်းရန်၊ လျော့နည်းစေရန် အားထုတ်ကြိုးစားသင့်ပေ၏။ သို့သော် ထိုပြဿနာများကို ဖြေရှင်းရန်အတွက် မိမိတို့ လူတစ်ဦးတစ်ယောက်အနေဖြင့် ဖြေရှင်း၊ အဖြေရှာကြရန်မှာ အလွန်ပင် အခက်တွေ့နိုင်ပေသေး၏။ သို့ပေသည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်စေသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်း၍ စိတ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်းမှာ မိမိတို့ခန္ဓာ၌ ခွန်အားအပြည့်ဖြင့် တည်ရှိနေသေးပေသည်။ ဥတုသည် သူ၏သဘာဝအလျောက် နှိပ်စက်ခြင်း၊ ချော့မူခြင်း ရှိနိုင်ပေ၏။ သို့သော်လည်း ၎င်းနှိပ်စက်မှုများကို ရင်ဆိုင်နိုင်ရန် အားကိုးအားထားရာ “မိမိ” သည်လည်းရှိသေး၏။ ထို့မှ “မိမိ” တို့၏ အားကိုးရာသည် ပြဿနာတိုင်းကို ရင်ဆိုင်နိုင်သည့် ကြံ့ခိုင်သော စိတ်၊ မွန်မြတ်သော စိတ်သဘောထား နှင့် မတုန်မလှုပ်ရင်ဆိုင်ဖြေရှင်းနိုင်သော သတ္တိ တစ်နည်း “သည်းခံခြင်း” ပင်ဖြစ်ပေတော့သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ကြုံတွေ့ရလျှင် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲအခက်အခဲများကို ဖြေရှင်းနိုင်ရန် မိမိတို့၏ စိတ်ကို စည်းစနစ်ကျကျ သေချာပြင်ဆင် လေ့လာထားရန် အထူးလိုအပ်ပေသည်။ ရေးသားသူ - ဓနိ (EHS Myanmar) ကိုးကား - မြန်မာနိုင်ငံ မိုခါမုန်တိုင်းဆိုင်ရာ အစီရင်ခံစာ၊ sustainablehealthcare.org.uk --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #climateanxiety #mentalhealth #climatechange #naturaldisasters

ဥတု၏ နှိပ်စက်မှု ----------------------------------------------- EHS Myanmar | 4.4.2024 မတည်မြဲသော ရာသီဥတုသည် ယခုနောက်ပိုင်းတွင် ယခင်ထက် ပို၍ဖောက်ပြန်ပြောင်းလဲလာ၏။ ထိုသို့ ဖောက်ပြန်ပြောင်းလဲမှုများ အကြားတွင် သက်ရှိ၊ သတ္တဝါများ အမျိုးမျိုးအသွယ်သွယ် ပျက်စီးကြကုန်သည်။ လွတ်လပ်စွာ၊ ဘေးကင်းလုံခြုံစွာ အသက်ရှင်နိုင်ရေးကိုလည်း တောင့်တလျက်ရှိ၏။ ဥတု၏နှိပ်စက်မှုသည် မည်သည့်နေရာဒေသရှိ အဘယ်လူ၊ တိရစ္ဆာန်မှ မလွတ် အတူတူပင် မခြားမနား ခံစား၊ ဒုက္ခခံရသည်။ ကျွန်ုပ်တို့ နိုင်ငံတစ်ဝန်းကိုပင် ကြည့်ပါ။ ဥတု၏နှိပ်စက်မှုမှ လွတ်သော နေရာ မရှိ။ အေးသော ဒေသတွင် အအေးဓာတ် လွန်ကဲသည့် ဒဏ်ကို ခံစားရသကဲ့သို့ ပူသော ဒေသတွင်လည်း ပြင်းထန်သော အပူဒဏ်ကို အလူးအလဲခံစားနေရသည်မှာ လက်တွေ့ပင် ဖြစ်လေသည်။ နွေရာသီရောက်သည့်အခါတိုင်း ပန်ကာ မကူနိုင်၊ လေအေးစက် (air-conditioner) လည်း မကယ်နိုင်၊ တစ်နေ့ထက်တစ်နေ့ ဥတုကို အခြေပြုကာ ညည်းတွားနေရသည်သာ များ၏။ ရာသီဥတု ဖောက်ပြန်မှု (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်၏ အရည်အသွေး ကျဆင်းမှုများသည် လူတို့၏ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ နှင့် ကျန်းမားရေးကဏ္ဍများကို အလွန်ပင် ထိခိုက်စေ၏။ သာဓကဆိုရလျှင် သောက်သုံးရေရှားပါးခြင်း၊ ညစ်ညမ်းခြင်း၊ သန့်ရှင်းသောလေများ အဆိပ်သင့်လာခြင်း၊ အပူချိန်မြင့်တက်လာခြင်း၊ စိုက်ခင်းများ ပျက်စီးလာခြင်း၊ သီးနှံအထွက်တိုးနှုန်း လျော့လာခြင်း၊ ကုန်စျေးနှုန်း တက်လာခြင်း၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆာလောင်မှုများ တိုးလာခြင်း စသည့်အကြောင်းအကျိုး အပြန်အလှန် သက်ရောက်ကာ ပျက်စီးဆုံးရှုံးမှုများ ပို၍များလာသည်ကို ကြုံတွေ့လျက်ရှိသည်။ ထိုအထဲတွင် ကျန်းမာရေးကဏ္ဍ ယိုယွင်းမှုသည် အဆိုးဆုံးဟုပင် ဆိုနိုင်၏။ ကျန်းမာရေးကဏ္ဍမှ ထပ်မံစိပ်ဖြာရလျှင် စိတ်ကျန်းမာရေး ယိုယွင်းမှုသည် သာ၍ပင် ဆိုး၏။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြင်းအရာများကို လေ့လာကြည့်လျှင် ထိုအရာများထဲမှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ယိုယွင်းမှုသည် အင်မတန်မှပင် ကြီးမားပေသည်။ ၂၀၂၃ ခုနှစ် မေလ ၁၄၊ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့သည်။ ၎င်းမုန်တိုင်းသည် ကမ်းရိုးတန်းဒေသများနှင့် အနီးပတ်ဝန်းကျင်ဒေသများဖြစ်သည့် ချင်း၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းဒေသများအထိ သက်ရောက်စေခဲ့ရာ ဒေသခံတို့၏ အိုးအိမ်၊ စည်းစိမ် ၈၀% နီးပါးအား တိုက်စား ပျက်စီးစေခဲ့သည်။ ထို့အပြင် မုန်တိုင်း၏ အရှိန်ကြောင့် နိုင်ငံ၏ အလယ်ပိုင်း နှင့် အထက်ပိုင်းဒေသများတွင်လည်း မိုးများခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ခံစားခဲ့ကြရသည်။ BBC သတင်းဌာန၏ သတင်းအချက်အလက် ကောက်ယူချက်များအရ မိုခါမုန်တိုင်းကြောင့် နိုင်ငံနှင့် တစ်ဝန်း လူ အယောက် ၄၀ ကျော် သေဆုံးခဲ့သည်ဟု အတည်ပြုဖော်ပြခဲ့သည်။ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ၊ လမ်းများ၊ သစ်ပင် သစ်တောများပင် မကျန် အားလုံးနီးပါး ပျက်စီးခဲ့ရလေသည်။ ထိုသို့သော ပျက်စီးမှုများကြားတွင် ရှင်သန်ရုန်းကန်ခဲ့ရသော ဘေးဒုက္ခသည်များ အများအပြားပင်။ ထိုအချိန်တွင် လူတို့၏ အသက်ရှင်ရေး၊ လုံခြုံရေးသည် စကားပြောလာပေသည်။ ဘယ်ကို အကူအညီတောင်းရမလဲ၊ အဘယ်သူကများ ငါ့လာကူမလဲ၊ ကယ်မလဲ၊ ထောက်ပံ့မလဲ စသည်ဖြင့် အားကိုးရာရှာ စိတ်ပင်ပန်း ကြောက်လန့်မှုများသည်လည်း အများအပြားပင်။ အခြေခံအဆောက်အဦးများပင် မရှိတော့၍ လုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုသည်လည်း လူအများစုတွင် မြင့်တက်လျက်ရှိခဲ့ကြသည်။ ရေကြီးရေလျှံဒေသများ၌ မပေါက်ကွဲသေးသော၊ ပေါက်ကွဲလွယ်သော လက်နက်ပစ္စည်းများ မျောပါရွေ့လျားမှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမ အခြေပြု အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်မှု၊ နိုင်ငံသားဆိုင်ရာ စာရွက်စာတမ်းများဆုံးရှုံးမှု၊ လုယက်ခံရခြင်း၊ ဓားပြတိုက်ခံရခြင်း၊ ခြိမ်းခြောက်ငွေညစ်ခံခြင်း၊ ကလေးငယ်များ၏ ပညာရေးဆိုင်ရာ ဆက်လက်သင်ယူနိုင်မှုအရေး၊ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ငတ်မွတ် ဆာလောင်မှုအား သက်ရောက်နိုင်ခြင်း စသော ကိစ္စရပ်များ ဖြစ်လာနိုင်သည့်အတွက် လူအများစုသည် နေ့ရော ညပါ စိုးရိမ်ပူပန်မှုဖြင့် ရုန်းကန်နေခဲ့ရသည်။ ထို့အပြင် မုန်တိုင်းမကျမီ အချိန်တွင်လည်း ဘယ်အချိန် မုန်တိုင်းဝင်မလဲ၊ ဘယ်နေရာဒေသကို ပြောင်းရွေ့ခိုရမလဲ၊ ပြောင်းရွေ့ခိုချိန်မှာ လုံခြုံမှုရှိပါ့မလား စသည်ဖြင့် အဖန်ဖန် စိုးရိမ်တွေးတော နေခဲ့ရသည်။ ထိုအရာများသည် စိတ်ကို မတည်ငြိမ်စေသော၊ ပင်ပန်းစေသော စိတ်သောကများပင် ဖြစ်လေသည်။ မုန်တိုင်းမဝင်မီနှင့် ဝင်ပြီးသည့် အချိန်ကာလများတွင် အထက်ဖော်ပြပါ စိတ်ဒုက္ခကြုံတွေ့ရသည် ဆိုလျှင် မုန်တိုင်းဝင်စဥ်ကာလတွင် ကြုံတွေ့ရသော စိတ်ဒုက္ခသည် မခံမရပ်နိုင်အောင်ပင် ရှိလိမ့်မည်ကို တွေးကြည့်နိုင်ပေသည်။ ဤမျှကြီးမားလှသော စိတ်ဒုက္ခကို ရင်ဆိုင်ခဲ့ရသော လူများ အထူးသဖြင့် ကလေးငယ်များသည် အဘယ်ခံနိုင်ရည် ရှိပေလိမ့်မည်နည်း။ အနည်းအများဆိုရလျှင် ကပ်ဘေးခံရသူ အားလုံးနီးပါး စိတ်ဒဏ်ရာ ကိုယ်စီ စွဲကပ်နိုင်ချေရှိပေလိမ့်မည်။ မုန်တိုင်းအတွင်း ဖြတ်သန်းခဲ့ရသော ကိုယ်ပိုင်အတွေ့အကြုံကို ဆိုရလျှင် တည်ငြိမ်သောစိတ်၊ အေးချမ်းသောစိတ်

🐀 Join us in celebrating "World Rat Day 2024" with EHS Myanmar! 🎉 Let's recognize these clever and resilient creatures and
🐀 Join us in celebrating "World Rat Day 2024" with EHS Myanmar! 🎉 Let's recognize these clever and resilient creatures and learn more about their importance in ecosystems around the world. Stay tuned for fun facts, activities, and ways to honor our furry friends! #WorldRatDay #EHSMyanmar 🐁🌟

ကျေးဇူးတင်ရှိခြင်း 🙏 ---------------------------------------------------------- [English Below] ❤ကျွန်မတို့၏ "EHS Myanmar Te
ကျေးဇူးတင်ရှိခြင်း 🙏 ---------------------------------------------------------- [English Below] ❤ကျွန်မတို့၏ "EHS Myanmar Telegram Channel" မှာ ယခုဆိုလျှင် Follower ပေါင်း (၈၈၈) ယောက်ရှိသွားပြီ ပဲဖြစ်ပါတယ်။ အခုလိုမျိုး Channel ကို Join ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကိုကျေးဇူးအထူးတင်ပါတယ်။ Channel မှာ တင်သမျှကို လက်မလွတ်ခံချင်တဲ့သူများ အခုပဲ Join လိုက်ပါနော်။ 🌏Thank you to our followers on our "EHS Myanmar Telegram Channel"! We now have 888 followers. If you don't want to miss out on environmental articles, online events, webinars, and campaigns, Join Now. EHS Myanmar's Telegram Channel: https://t.me/ehsmyanmar #EHSMyanmar #appreciation #telegram #channel #environmental #sustainabledevelopment #education

🌊 Join us as we celebrate "World Aquatic Animal Day 2024" with EHS Myanmar! 🐠 Dive into a day of awareness and appreciation
🌊 Join us as we celebrate "World Aquatic Animal Day 2024" with EHS Myanmar! 🐠 Dive into a day of awareness and appreciation for our marine friends. Let's honor the beauty and importance of aquatic life together. Stay tuned for exciting updates and ways to get involved! #WorldAquaticAnimalDay #EHSMyanmar 🐟🌊

YouTube Platform ပေါ်ကိုပါရောက်လာပြီဖြစ်တဲ့ EHS Myanmar 🤩❤️ --------------------------------------------------- 🌏Environmen
YouTube Platform ပေါ်ကိုပါရောက်လာပြီဖြစ်တဲ့ EHS Myanmar 🤩❤️ --------------------------------------------------- 🌏Environmental နှင့် Sustainability ဆိုင်ရာပညာရပ်များကို Online Video Learning လေ့လာချင်သူများ၏ တောင်းဆိုချက်အရ "EHS Myanmar: Sustainability Channel" အမည်ဖြင့် YouTube Channel ကို launch လုပ်လိုက်ပါပြီ။ ⏰အပတ်စဉ် တနင်္ဂနွေနေ့တိုင်း YouTube Video တစ်ပုဒ်ကိုတင်နိုင်အောင်ကြိုးစားသွားမှာမို့ အခုပဲ ကျွန်မတို့ YouTube Channel ကို Subscribe လုပ်ပြီး ဘေးနားက ခေါင်းလောင်းလုံးလေးကိုလဲနှိပ်ပေးသွားပါဦးနော်။ Subscribe Now: https://www.youtube.com/@EHSMyanmar #EHSMyanmar #Youtube #environmental #sustainability #education #subscribe #myanmar

photo content

EHS Myanmar's Monthly Theme: What is it for April? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme) များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ 🌼 မြန်မာ့နှစ်သစ်ကူးတန်ခူးလဖြစ်တဲ့ ဧပြီလမှာ Food Waste များကိုလျှော့ချနိုင်ဖို့အတွက် "Stop Food Waste April" Theme ကိုရွေးချယ်ထားပါသည်။ 🪣 မဟာသင်္ကြန်ကာလ ပိတ်ရက်ရှည်ဖြစ်သည့်ကာလမှာ ခရီးထွက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း နှင့် ရေကစားခြင်းတို့ပြုလုပ်ရ မှာ အစားအသောက်အကြွင်းအကျန်များလျော့နည်းစေရန်နှင့်ထိုသို့ပြုလုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်အပေါ်မည်ကဲ့ သို့အထောက်အကူပြုသလဲစတဲ့အကြောင်းအရာတွေကို ယခု Theme ဖြင့် ဆောင်းပါးများရေးသားခြင်း၊ Content များဖန်တီးခြင်း၊ အွန်လိုင်းဟောပြောပွဲများလုပ်ဆောင်ခြင်း၊ အွန်လိုင်းကမ်းပိန်းများစီစဉ်ခြင်း၊ Instagram တွင် Post အသစ်များရေးသားခြင်း စသည့် နည်းလမ်းများဖြင့် အသိပညာများရရှိအောင်ကြိုးစားပေးသွားမှာ ဖြစ်ပါသည်။ 😍 Stop Food Waste - April နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #environmental #sustainability #ecosystem #foodwaste #SDG

United Nations Human Settlement Programme (UN-Habitat) နှင့် Myanmar Climate Change Alliance (MCCA) တို့မှ March 29 ရက်‌နေ့ W
+2
United Nations Human Settlement Programme (UN-Habitat) နှင့် Myanmar Climate Change Alliance (MCCA) တို့မှ March 29 ရက်‌နေ့ Wyndham Grand Hotel Yangon တွင် ကြီးမှူးကျင်းပခဲ့သည့် "COP28 Debriefing and What does it mean to Myanmar" ပွဲအား EHS Myanmar မှ Research & Project Associate ကိုတိုးလွင်ရှိန်နဲ့ Research Intern မအယ်စီစီတို့မှတက်ရောက်ခဲ့ပါသည်။ ပွဲတွင် COP28 နှင့်ပတ်သက်၍ အကြောင်းအရာများကိုလည်း လေ့လာခဲ့ရသလို၊ UN-Habitat နှင့် MCCA တို့၏ မြန်မာနိုင်ငံအတွင်း လုပ်ခဲ့သည့်၊ လုပ်မည့် Programme များကိုလည်းလေ့လာခဲ့ရပါသည်။ #EHSMyanmar #COP28 #UNHabitat #MCCA

EHS Myanmar မှ World Wildlife Day 2024 ကို ပါဝင်ဆင်နွှဲသော အနေဖြင့် “Preserving the Paradise” ခေါင်းစဉ်ဖြင့် Panel Discussion
EHS Myanmar မှ World Wildlife Day 2024 ကို ပါဝင်ဆင်နွှဲသော အနေဖြင့် “Preserving the Paradise” ခေါင်းစဉ်ဖြင့် Panel Discussion တစ်ခုကို မတ်လ ၂၄ရက်နေ့တွင် စီစဉ်ပြုလုပ်ခဲ့ပါတယ်။ Panel event တွင် ဝင်ရောက်ပါဝင်အားဖြည့်ပေးခဲ့သော Native Species Conservation and Identification မှ ကိုဝင်ဇော်ပိုင်ဦးကိုလည်း EHS Myanmar မှ အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်။ ဒါ့အပြင် တက်ရောက်လာကြသော participants တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင် ဂုဏ်ပြုသော အနေဖြင့် Certificate of Attendance ကို ပေးပို့ခဲ့ပါတယ်ရှင့်🎀 EHS Myanmar မှ လစဉ် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်သော အသိပညာပေး webinar တွေ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးလျက်ရှိတာကြောင့် EHS Myanmar Facebook Page ကို အစဉ်အမြဲ စောင့်ကြည့်ထားပေးပါနော်။🤗 #EHSMyanmar #WWD2024 #NSCI

photo content

Let's do plastic diet with My Little Plastic Footprint ဒီအပတ် EHS Myanmar ကနေ Sharing is Caring campaign အနေနဲ့ My Little Plastic Footprint ဆိုတဲ့ application လေးနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ ဒီ app လေးကိုသုံးမယ်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ profileကိုတည်ဆောက်ရပါတယ်။ သူမေးတဲ့အချက်အလက်လေးတွေဖြည့်ပြီးသွားရင်တော့ Plastic Mass Index တွက်ပြီးကိုယ့်ရဲ့နေ့စဉ်သုံးတဲ့ Plastic Footprint ‌ ကို သိရမှာဖြစ်ပါတယ်။ဒါပြီးရင်တော့ကိုယ့် Plastic diet လေးစတင်ပါပြီ။ ကိုယ့်‌နေ့စဉ်ဘ၀မှာ ဆက်လက်ပြီး plasticလျှော့ချဖို့လိုနေတဲ့ alternative way လေးတွေကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး Plastic footprintကိုလျှော့ချဖို့ အတွက်ရည်ရွယ်ထားပါတယ်။ ဒါ့ပြင် plastic ဘယ်လိုလျှော့ချနိုင်လဲနဲ့ပတ်သက်ပြီးquizzလေးတွေကိုလည်း fun ဖြစ်ဖြစ်နဲ့ထည့်သွင်းထားတာဖြစ်လို့ သဘာ၀ပတ်၀န်းကျင်ချစ်မြတ်နိုး‌သူတွေအနေနဲ့ ဗဟုသုတလည်းတိုးပြီး ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်နိုင်တဲ့ application လေးဆိုလည်းမမှားပါဘူး။ ဒါ့ကြောင့်အခုပဲ application လေးကို download လုပ်ပြီး ကိုယ့်ရဲ့ plastic footprint ကိုလျှော့ချလိုက်ကြပါစို့။ Both iOS and Android versions are available for this application. The links are below. iOS Version >> https://apps.apple.com/us/app/my-little-plastic-footprint/id1268714494 Android Version >> https://play.google.com/store/apps/details?id=com.plasticsoupfoundation.MyLittlePlasticFootprint&hl #EHSMM #plasticdiet #Campaign #mylittleplasticfootprint

🌱🌍 Today marks the International Day of Zero Waste, and EHS Myanmar is proud to join the global movement towards waste redu
🌱🌍 Today marks the International Day of Zero Waste, and EHS Myanmar is proud to join the global movement towards waste reduction and sustainability! 🎉 Let's embrace the principles of reduce, reuse, and recycle to minimize our environmental footprint. Together, let's pave the way for a world where waste is minimized, resources are conserved, and our planet thrives. #ZeroWasteDay #EHSMyanmar ♻️🌏

photo content
+3

နေ့စဉ်ဓူဝ လုပ်ငန်းဆောင်တာတွေကြား အမြဲတစေ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ကျွန်တော်တို့လူသားတွေဟာ မိမိကိုယ်ကိုယ် အနားပေးဖို့ တစ်ခါတစ်ရံ မေ့လျော့နေတတ်ကြပါတယ်။ မနားမနေကြိုးစားရှင်သန်လာရင်း အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာမှာ ပင်ပန်းမှု၊ မွန်းကြပ်မှုတို့ ကြုံတွေ့ခံစားလာရပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နေ့စဉ်ဘဝ တာဝန်တွေနဲ့ဝေးရာ မြို့ပြရဲ့ အဝေးကို ထွက်ပြေးချင်စိတ် ဖြစ်မိကြမယ် ထင်ပါတယ်။ သဘာဝတရားက ကျွန်တော်တို့ရဲ့ စိတ်ကို လန်းဆန်းအောင်၊ စိတ်ပူပန်သောကတွေ ကျေပျောက်သွားအောင် လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သုတေသနလေ့လာချက်တွေမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ... နေ့စဉ်ဘဝမှာ စိတ်တွေ မောပန်း နွမ်းနယ်လာရင် ခဏလောက် အနားယူပြီး သဘာဝတရားနဲ့ ထိတွေ့ခြင်းဖြင့် စိတ်ကို ကုစားကြရအောင်လား။ Content - Yoon Nandar (EHS Myanmar) --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #naturetherapy #mentalhealth #benefitsofnature #forestbathing #forestbathingtherapy