uk
Feedback
Dream world Movies Channel(MM Sub)

Dream world Movies Channel(MM Sub)

Відкрити в Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Dream world Movies Channel(MM Sub)

Канал Dream world Movies Channel(MM Sub) (@dreamworld2) є активним учасником. На даний момент спільнота об'єднує 44 862 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 44 862 підписників.

За останніми даними від 22 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 7 576, а за останні 24 години на -122, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 4.65%. Протягом перших 24 годин після публікації контент зазвичай збирає 3.59% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 2 091 переглядів. Протягом першої доби публікація в середньому набирає 1 615 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 1.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Завдяки високій частоті оновлень (останні дані отримано 23 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

44 862
Підписники
-12224 години
+10 6647 днів
+7 57630 днів
Архів дописів
" Fateh " (2025) " Fateh " (2025) ဆိုနူဆုဟာ အသက် ၅၁နှစ်ရှိပြီဖြစ်ပေမယ့် သူရဲ့သွက်လက်ဖြတ်လတ်တဲ့ တိုက်ခိုက်ပုံတွေ အက်ရှင်ခန်းတွ
" Fateh " (2025) " Fateh " (2025) ဆိုနူဆုဟာ အသက် ၅၁နှစ်ရှိပြီဖြစ်ပေမယ့် သူရဲ့သွက်လက်ဖြတ်လတ်တဲ့ တိုက်ခိုက်ပုံတွေ အက်ရှင်ခန်းတွေကိုရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမယ့်... ဇာတ်လမ်းအကျဉ်း... နိုင်ငံတော်ရဲ့လျှို့ဝှက်အေးဂျင့်ဟောင်း ဖာတေဟာ သူ့အလုပ်ကအနားယူပြီး ပွန်ဂျပ်ဆိုတဲ့ရွာလေးမှာနွားမွေးမြူရေးကို အေးအေးဆေးဆေးလုပ်ကိုင်ပါတယ် တစ်ရက်မှာတော့ သူတို့ရွာက နီမရတ်ဆိုတဲ့ကောင်မလေးပျောက်သွားတဲ့အခါမှာ ဖာတေဟာသူစွန့်လွှတ်ခဲ့တဲ့ဘ၀ဆီပြန်သွားပြီး နီမရတ်အတွက်တရားမျှတမှုကိုရယူပါတယ်... ဒီဇာတ်ကားက လတ်တလော အင်တာနက်ပေါ်မှာဖြစ်ပွားနေတဲ့ ဆိုက်ဗားမှုခင်းတွေနဲ့ပက်သက်၍အသိပေးတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက် ဆိုက်ဗားမှုခင်းတွေကြုံလာရင် ရင်ဆိုင်ပုံ ကာကွယ်ရပုံတွေကိုစိတ်၀င်တစားရိုက်ကူးပြသထားပါတယ် နောက်ဆုံးမှာ နီမရတ်ကိုပဲကယ်ဆယ်နိုင်မလား... လူကောင်းဖြစ်သော်ငြားလည်း စိတ်မကောင်းစွာဇာတ်သိမ်းသွားမလားဆိုတာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/266

အကုသိုလ်တွေလုပ်ရင် ယမမင်းက ခွေးပုပိုက်ကြီးမှာ မှတ်လိုက်မှာ၊ ကုသိုလ်ကောင်းမှုတွေလုပ်ရင် သိကြားမင်းက ရွှေပုရပိုက်ကြီးမှာ မှတ်ထာ
အကုသိုလ်တွေလုပ်ရင် ယမမင်းက ခွေးပုပိုက်ကြီးမှာ မှတ်လိုက်မှာ၊ ကုသိုလ်ကောင်းမှုတွေလုပ်ရင် သိကြားမင်းက ရွှေပုရပိုက်ကြီးမှာ မှတ်ထားပေးမှာဆိုတဲ့စကားက ငယ်ငယ်က ခဏခဏ ကြားဖူးနားဝရှိနေတဲ့စကားပေါ့။ အစ္စလာမ်ဘာသာမှာကတော့ Sijjin နဲ့ Illiyyin လိုခေါ်တာပေါ့။ ဒါပေမဲ့ တစ်ခါတလေမှာ လောကကြီးရဲ့ဖိနှိပ်မှုတွေကြားမှာ လူတွေက အမုန်းတရားလွှမ်းမိုးပြီး မကောင်းမှုကိုမှ သိသိကြီးနဲ့ ရွေးချယ်မိတတ်ကြပါသတဲ့။ လောကကြီးနဲ့ယူလီအကြောင်းပြောရမယ်ဆို ဘာမှန်းမသိလိုက်ခင်မှာပဲ ဘဝရဲ့အချစ်ရဆုံးမိဘနှစ်ပါးနဲ့ အရာအားလုံးက ယူလီရဲ့ ဘဝကနေ စောစောစီးစီး ထွက်ခွာသွားကြတာပေါ့။ ဒီလိုနဲ့ အမ်ဘာဆိုတဲ့ မွေးစားတဲ့လူနဲ့တွေ့ပြန်တော့လည်း ကံကောင်းသလား ဆိုးသလား မပြောတတ်ပေမဲ့ အမ်ဘာရဲ့မိန်းမကတော့ ယူလီကို မယားငယ်သမီးလိုထင်ပြီး အစေခံလိုပဲဆက်ဆံတာပေါ့။ ကျန်တဲ့လူတွေကလည်း ဖာသိဖာသာပါပဲ။ ဒါကိုသည်းခံရင်းနဲ့ လုံးဝသည်းမခံနိုင်တော့တဲ့အဆုံး ယူလီတစ်ယောက် ကလဲ့စားချေဖိုလမ်းကို ရွေးချယ်လိုက်ချိန်မှာတော့… ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/190

Repost from N/a
အဓ္ဓမဝိုင်းကျင့်ခံရပေမဲ့ တရားမျှတမှုမရတဲ့အပြင် ထပ်ကျူးလွန်ခံရပီး အဆုံးစီရင်သွားတဲ့သမီးဖြစ်သူအတွက် အမေတယောက်ရဲ့ ကလဲ့စားချေမှု (ဖြစ်ရပ်မှန်ဇာတ်ကား) ဖြစ်ရပ်သည် ဒီထက်မက ကြမ်းတမ်းပါသည် ーーーーー

အဓ္ဓမဝိုင်းကျင့်ခံရပေမဲ့ တရားမျှတမှုမရတဲ့အပြင် ထပ်ကျူးလွန်ခံရပီး အဆုံးစီရင်သွားတဲ့သမီးဖြစ်သူအတွက် အမေတယောက်ရဲ့ ကလဲ့စားချေမှု
အဓ္ဓမဝိုင်းကျင့်ခံရပေမဲ့ တရားမျှတမှုမရတဲ့အပြင် ထပ်ကျူးလွန်ခံရပီး အဆုံးစီရင်သွားတဲ့သမီးဖြစ်သူအတွက် အမေတယောက်ရဲ့ ကလဲ့စားချေမှု (ဖြစ်ရပ်မှန်ဇာတ်ကား) ဖြစ်ရပ်သည် ဒီထက်မက ကြမ်းတမ်းပါသည် ーーーーーーーーーーーーーーーーー ပေတေ ဆိုးသွမ်းနေတဲ့ ကောင်လေးတစ်ယောက်ကို ကြိတ်ချစ်မိနေတဲ့ကောင်မလေးတစ်ယောက် အဲကောင်မလေးကို ကောင်လေးက တိတ်တခိုး ချိန်းပြီး သူငယ်ချင်းတွေနဲ.အတူ အုပ်စုဖွဲမုဒိန်းကျင့် ခံခဲ့ရပါတယ်။ အဲ မုဒိန်းကျင့်တဲ့ဗီဒီယိုဖိုင်ကို ပြပြပြီး ကောင်မလေးကို အမျိုးမျိုး အကြပ်ကိုင် ခဲ့ကြတယ်။ ကောင်မလေးကသည်းမခံနိုင်တဲ့နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်သေ ကြောင်းကြံစည်ခဲ့တယ်။ မသေခင်လေးမှာ ကောင်မလေးက Don’t Cry Mommy ! ဆိုတဲ့စာသားပုံဖော်ထားတဲ့ကိတ်မုန့်လေးကို သူမအမေတွက်ဝယ်ပေးထားခဲ့ပါတယ်။ ကောင်မလေးရဲ့အမေက သူ့သမီးလေးရဲ့ဖုန်းကိုဖွင့်ကြည့်မိတော့ vedio ဖိုင်နဲ့ခြိမ်းခြောက်ထားတာကိုတွေပြီးလက်စားချေပါတော့တယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/262

မြန်မာနိုင်ငံမှာပြသခွင်ပိတ်ထားခံရတဲ့ဇာတ်ကား မြန်မာ့နောက်ခံ သမိုင်းအသားပေး ဇာတ်ကာကြီး Be*yond Ran*goon ကိုမိတ်ဆက်ပေးပါရစေ။ ဒီဇ
မြန်မာနိုင်ငံမှာပြသခွင်ပိတ်ထားခံရတဲ့ဇာတ်ကား မြန်မာ့နောက်ခံ သမိုင်းအသားပေး ဇာတ်ကာကြီး Be*yond Ran*goon ကိုမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ဆို ၁၉၈၈ ခုနှစ်မှာ မြန်မာ နိုင်ငံကိုလာလည်တဲ့ tou*rist တဖွဲ့ဟာ ၈၈၈၈ up*ris*ing ကိုကြုံတွေ့ရပုံကို ရိုက်ကူးပြသထားတာ ပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ သဘောသဘာဝတွေအများအပြားပါဝင်ထားပြီး ထူးခြားတာ တစ်ခုက ဒီဇာတ်ကားဟာ မြန်မာ နိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ပဲ မလေးရှားနိုင်ငံမှာပဲ ဇာတ်ဝင်ခန်းအားလုံးကိုရိုက်ကူးခဲ့တာဖြစ်ြပြီး ဒီဇာတ်ကားထဲမှာ အပြင်မှာ လက်တွေ့ကြုံတွေ့ခဲ့ ကြရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တွေ့ ဘဝတွေကို မီးမောင်းထိုးရိုက်ကူးပြသထားတာပါ။ ဒီဇာတ်ကားဟာ ဥရောပမှာသာမက အမေရိကမှာပါအထူးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ် ။ ချန်နယ်လင့်🔽🔽🔽 https://t.me/htoohtoo161120 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/htoohtoo161120/970

ပန်နစ်ရှာ: နောက်ဆုံးသတ်ဖြတ်မှုတစ်ခု (၂၀၂၆) ==================================== IMDb Rating (9.4) / Rotten Tomatoes (86%) ဒီတ
ပန်နစ်ရှာ: နောက်ဆုံးသတ်ဖြတ်မှုတစ်ခု (၂၀၂၆) ==================================== IMDb Rating (9.4) / Rotten Tomatoes (86%) ဒီတစ်ခါတော့ ဒစ္စနေကနေ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ "ပန်နစ်ရှာ: နောက်ဆုံးသတ်ဖြတ်မှုတစ်ခု" ဆိုတဲ့ မာဗယ် အထူးဇာတ်လမ်းတိုလေးတင်ပေးထားပါတယ်။ ပန်နစ်ရှာ ကြီးပါပဲ။ ဒီကားက ရုပ်ရှင်ကားကြီးတော့ မဟုတ်ဘူး၊ အချိန် ၄၈ မိနစ်လောက်ပဲ ကြာတဲ့ Ma*rv*el Tel*ev*is*i*on Sp*ec*i*al Pr*es*en*ta*ti*on လေးပါ။ ဒါပေမဲ့ တိုတိုနဲ့ တုတ်တုတ်ဆိုသလိုပဲ အက်ရှင်ခန်းတွေကတော့ တော်တော်လေး အကြမ်းစားပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++++ Fr*a*nk Ca*st*le ကြီးဟာ သူ့မိသားစုအတွက် ကလဲ့စားချေပြီးသွားတဲ့နောက်ပိုင်း သွေးထွက်သံယိုကိစ္စတွေနဲ့ ဝေးဝေးနေဖို့ ကြိုးစားရင်း ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ လုပ်နေတဲ့အချိန်ကနေ စထားတယ်။ ဒါပေမဲ့ ခပ်ဆိုးဆိုး ဂိုဏ်းစတားခေါင်းဆောင် M*a Gn*uc*ci က သူ့ကို လာရန်စပြီး လူမိုက်တွေလွှတ် လုပ်ကြံခိုင်းတဲ့အခါမှာတော့ ငြိမ်နေတဲ့ကျား အမြီးအဆွဲခံလိုက်ရသလို ဖြစ်သွားပါတော့တယ်။ မင်းသားကြီး Jon Bernthal ကပဲ Fr*a*nk Ca*st*le နေရာကနေ ပြန်ပါလာပြီး အရင်ကထက်ကို ပိုပြီး ကြမ်းရမ်းပြထားပါတယ်။ ဇာတ်လမ်းရဲ့ အသက်ကတော့ အက်ရှင်ခန်းတွေပါပဲ။ တိုက်ခိုက်ခန်းတွေက John Wick ကို အဆပေါင်းများစွာ မြှောက်ထားသလိုပဲ သွေးထွက်သံယို အလွန်များပြီး R-rating ပီပီ အရမ်းကို ကြမ်းပါတယ်။ အချိန်တိုတဲ့အတွက် ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အရမ်းကြီး အသေးစိတ် မဆွဲဆန့်ထားဘဲ အက်ရှင်နဲ့ လိုရင်းကိုပဲ သွားထားတာမို့ အီသွားတာမျိုး၊ ပျင်းသွားတာမျိုး လုံးဝမရှိပါဘူး။ အကြမ်းစား တိုက်ခိုက်ခန်းတွေနဲ့ Frank Castle ကြီးရဲ့ အငွေ့အသက်တွေကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ အပန်းဖြေရင်း အမုန်းကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/htoohtet1986 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/htoohtet1986/1921

Repost from N/a
ရေအောက်ကမ္ဘာရဲ့ လျို့ဝှက်ချက်

"ရေအောက်ကမ္ဘာရဲ့လျို့ဝှက်ချက်" Three Lines of Reincarnation ( 2023 ) မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပ
"ရေအောက်ကမ္ဘာရဲ့လျို့ဝှက်ချက်" Three Lines of Reincarnation ( 2023 ) မြေအောက်သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်ကားတွေကိုရိုးအီနေကြပြီလား..... ဒီတစ်ခါတော့ မြေအောက်မှာရတနာတွေဖွက်တဲ့အခါ ခိုးယူခံရနိုင်တဲ့အန္တရာယ်များတဲ့အတွက် ယိ၊ကျန်း၊တင်း မျိးနွယ်(၃)စုရဲ့အကူအညီနဲ့ရေအောက်မှာ ရတနာသိုက်တည်ပြီးမြှုပ်နံကြပါတယ်တဲ့။ မျိုးနွယ်(၃)စုရဲ့ထူးခြားချက်ကတော့ ရေအောက်မှာအသက်ရှူနိုင်ပြီး စိတ်ကြိုက်သွားလာနိုင်တဲ့ ရေသရဲလို့ခေါ်တဲ့ထူးခြားတဲ့လူတွေရှိနေခြင်းပါပဲ။ ယိဆာ့ဆိုတဲ့ကောင်မလေးဟာ ထူးဆန်းတဲ့ရောဂါကိုကုသဖို့အတွက်နဲ့ သူငယ်ငယ်တုန်းက သူတို့မျိုးနွယ်တစ်စုလုံး မျိုးတုန်းလုမတတ်ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အားလုံးပဲရေအောက်ကမ္ဘာရဲ့လျှို့ဝှက်ချက်တွေကိုအတူဖော်လုပ်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/258

Repost from N/a
လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား

လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား Bl_ad-es o-f the Gu-ar_di-an_s: W-i_n-d Ri-se_s in the D-es_er-t (2-0-2-6)
လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား Bl_ad-es o-f the Gu-ar_di-an_s: W-i_n-d Ri-se_s in the D-es_er-t (2-0-2-6) IMDB ⭐️ 7.3/10 ဖြူုနှချောလှ တရုတ်သိုင်းကားတွေကို စိတ်ညစ်လှပါပြီဆိုတဲ့ ဝူရှချစ်သူတို့အတွက် ဝူရှစစ်စစ်ကိုမှ ရေမရောတဲ့ ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ ဟုတ်ပါတယ် ဒီဇာတ်ကားကတော့ လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ B_l-a_d-e-s O-f T-h_e G-u_a-r-d_i-a-n_s (2-0-2-6) ပါပဲ။ Castတွေအနေနဲ့ကတော့ တရုတ်အက်ရှင်မင်းသားကြီး Jing Wu နဲ့ ကျွန်တော်တို့အချစ်တော် ဟွားဝူချွဲမင်းသား Nicholas Tse တို့အပြိုင်ကြဲထားတဲ့အပြင် ဂျက်ကီချန်း ဂျက်လီတို့လို တကယ့် ဆရာ့ဆရာကြီးတွေနဲ့ ရှယ်ပလန်ထားတဲ့ရှယ်ကားမလို့ မကြည့်မိလိုက်ရင်တော့ နောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့ ဝေ့ဝိုက်နေရမယ်နော်။ နာမည်ကြီး တရုတ် Manhua "Biao Ren" ကို အသက်သွင်းထားတဲ့ ဒီဇာတ်လမ်းကတော့ စွေမင်းဆက်နှောင်းပိုင်း မငြိမ်မသက်ဖြစ်နေတဲ့ ကာလမှာ အခြေတည်ထားပါတယ်။ သောင်းမာဆိုတာ သိုင်းပညာ ပြိုင်ဘက်ကင်းပြီး ကုန်ပစ္စည်းပို့ဆောင်ပေးရတဲ့ အလုပ် အစောင့်အရှောက်ဘဝနဲ့ အသက်မွေးတဲ့ ထိပ်တန်း ဓားသမားတစ်ယောက်ပါ။ သူက ကလေးငယ်လေး ရှောင်ချီးကိုခေါ်ပြီး လေလွင့်သွားလာနေရင်း အကြွေးတစ်ခုကို ဆပ်ဖို့အတွက် အင်မတန် အန္တရာယ်များတဲ့ အစောင့်အရှောက်တာဝန်တစ်ခုကို မတတ်သာဘဲ လက်ခံလိုက်ရပါတယ်။ ပြဿနာက အဲဒီမှာ စတာပါပဲ။ သူတို့ ကာကွယ်ပေးပြီး သဲကန္တာရကိုဖြတ်ကာ ခရီးဆက်ရမဲ့သူက သာမန်လူမဟုတ်ဘဲ  နန်းတွင်း အရှုပ်အထွေးတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ ဗဟိုချက် ပုန်ကန်သူဖြစ်နေတဲ့အခါ… သောင်းမာ တစ်ယောက် ကလေးတစ်ဖက်နဲ့ သဲကန္တာရ လေပြင်းတွေကြားမှာ မျိုးစုံသော လူသတ်သမားတွေ ကြေးစားတွေ ရက်စက်တဲ့ စွေစစ်တပ်ကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့… သိုင်းကွက်တွေက လေထဲပျံဝဲနေတဲ့ CGI အလွန်အကျွံတွေမပါဘဲ Raw ဖြစ်တဲ့ ဓားသိုင်းခန်းလှလှတွေ၊ အနီးကပ် ဓားခုတ်ခန်းတွေနဲ့ တီဗီခေတ်က ဝူရှဇာတ်ကားကောင်းတွေရဲ့အငွေ့အသက်ကို ပြန်မြင်ရမဲ့ ဇာတ်ကားအနှစ်လေးမလို့ ခုပဲရှုစားလိုက်ကြပါဦး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/256

Repost from N/a
Boonie Bears The Hidden Protector (2026) 720p WEB-DL AAC2.0

Boonie Bears: The Hidden Protector 2026 ဝက်ဝံညီအစ်ကို၂ယောက် နှစ်သစ်ကူးမှာ ကမ္ဘာကြီးကိုကယ်တင်သွားမယ် ၂၀၂၆ခုနှစ်ထွက် ရုပ်ရှင်ဇာ
Boonie Bears: The Hidden Protector 2026 ဝက်ဝံညီအစ်ကို၂ယောက် နှစ်သစ်ကူးမှာ ကမ္ဘာကြီးကိုကယ်တင်သွားမယ် ၂၀၂၆ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ Boonie Bears ရုပ်ရှင်တွေက တစ်ကားထပ်တစ်ကား သိသိသာသာ အရည်အသွေးကောင်းလာပြီး ဒီကားမှာဆိုရင်တော့ ရိုးရိုးဟာသကွက်တွေထပ် ကမ္ဘာပျက်မယ့်အန္တရာယ်တွေကိုရင်ဆိုင်ရမှာမလို့ တိုက်ပွဲခန်းတွေ CGI Visual Effectsတွေက ပိုခမ်းနားပြီးသပ်ရပ်တဲ့အတွက် တော်တော်ကြည့်လို့ကောင်းတဲ့ Chinese Animation တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဝက်ဝံကြီးရှုံတာ့က အရင်တုန်းကတော့ တောအုပ်ထဲမှာ အားလုံးကအားကိုးရတဲ့ ဦးဆောင်နိုင်တဲ့အစ်ကိုကြီးတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့တောအုပ်လေးထဲကို မဖိတ်ခေါ်ပဲရောက်လာတဲ့ ထူးဆန်းတဲ့ဧည့်သည်တစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီဧည့်သည်လေးက သူ့ရဲ့စွမ်းအားတွေကို ဝက်ဝံလေးရှုံအာ့နဲ့ ဖိုးကတုံးကွမ်းထိုချန်တို့ကို လွှဲပေးလိုက်တဲ့အခါမှာတော့ အရင်ကအားအကိုးရဆုံးအစ်ကိုကြီးဘဝကနေ (၃)ယောက်အဖွဲ့လေးမှာ အားအနည်းဆုံး အစွမ်းအစအနည်းဆုံးသူတစ်ယောက်အဖြစ်ကိုရောက်သွားပါတယ် ရှုံတာ့ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် တောအုပ်လေးတင်မကပဲ တစ်ကမ္ဘာလုံး ပြောင်းပြန်လှန်ပျက်စီးကိန်းဆိုက်ရတော့မယ့် အခြေအနေကိုရောက်သွားခဲ့ပါတယ်။ ကိုယ့်ရဲ့အမှားကြောင့် ဒုက္ခရောက်နေရတဲ့သူငယ်ချင်းတွေကို ကယ်တင်ဖို့နဲ့ ကမ္ဘာကြီးကိုထိန်းသိမ်းဖို့အတွက် ရှုံတာ့တစ်ယောက် သူ့ရဲ့မာနတွေကိုချပြီး ရင်ထဲက သံယောဇဉ်အစစ်အမှန်တွေကိုလက်နက်လုပ်ပြီး ဒီအကျပ်အတည်းကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် Filesize : 2 GB / 1.09 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy, Fantasy, and Animation Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/253

Repost from N/a
O-f-f-i-c-e-R-o-m-a-n-c-e-2026

Office Romance 2026 IMDb Rating (6.1) / Rotten Tomatoes (50%) "O*f*f*i*c*e R*o*m*a*n*c*e " ဆိုတဲ့ Romantic Comedy ဇာတ်ကား လာပ
Office Romance 2026 IMDb Rating (6.1) / Rotten Tomatoes (50%) "O*f*f*i*c*e R*o*m*a*n*c*e " ဆိုတဲ့ Romantic Comedy ဇာတ်ကား လာပါပြီ။ ဒီကားမှာ ပရိသတ်အချစ်တော် Jennifer Lopez (J.Lo) နဲ့ Ted Lasso စီးရီးထဲက Brett Goldstein တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Jackie (Jennifer Lopez) ဟာ Air Cruz ဆိုတဲ့ လေကြောင်းလိုင်းကုမ္ပဏီတစ်ခုရဲ့ CEO ပါ။ သူက အလုပ်ကို အရမ်းဖိလုပ်တတ်တဲ့သူဖြစ်သလို သူ့ကုမ္ပဏီထဲက ဝန်ထမ်းတွေ ရုံးတွင်းရည်းစားမထားရဆိုတဲ့ စည်းကမ်းကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတဲ့ ဘော့စ်ကြီးပေါ့။ တစ်နေ့တော့ ကုမ္ပဏီကို ရှေ့နေအသစ် Daniel (Brett Goldstein) ရောက်လာပါရော။ Daniel က အလုပ်လည်းတော်သလို အရမ်းလည်း ဆွဲဆောင်မှုရှိနေတော့ ဘော့စ်ကြီး Jackie တစ်ယောက် သူ့ချမှတ်ထားတဲ့ စည်းကမ်းတွေကိုသူပဲ ပြန်ချိုးဖောက်ပြီး Daniel နဲ့ ငြိစွန်းသွားပါတော့တယ်။ ရုံးမှာ တခြားသူတွေ မရိပ်မိအောင် ခိုးကြောင်ခိုးဝှက်တွဲရတဲ့ အလွဲလေးတွေ၊ အချစ်ရေးနဲ့ အလုပ်အကိုင်ကြားက ရုန်းကန်ရမှုတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။ ဒီကားကို Ticket to Paradise (2022) ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ol Parker က ရိုက်ကူးထားတာပါ။ J.Lo ရဲ့ ခပ်တည်တည် စီးပွားရေးလုပ်ငန်းရှင်ပုံစံနဲ့ Brett Goldstein ရဲ့ ဗြိတိန်စတိုင် အေးအေးဆေးဆေးနဲ့ အရွှန်းဖောက်တတ်တဲ့ ကာရိုက်တာ နှစ်ခုကြားမှာ တော်တော်လေး ကြည့်ကောင်းတယ်။ ရုံးတွင်းအချစ်ဇာတ်လမ်း (Workplace romance) တွေကိုမှ သဘောကျတဲ့သူတွေ၊ ခေါင်းစားစရာမလိုဘဲ ပေါ့ပေါ့ပါးပါး ရယ်ရပြုံးရမယ့် Rom-Com ဇာတ်ကားကောင်းလေး တစ်ကား ရှာကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် ဇာတ်ကားလေးပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/251

Repost from N/a
ကူကယ်ရာမဲ့ (阁楼) T*h*e L*o*f*t 20*26

ကူကယ်ရာမဲ့ (阁楼) The Loft 2026 Movie လင်မယားကွာရှင်းပြတ်စဲပြီးနောက် စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက် ညဉ့်နက်သန်းခေါင
ကူကယ်ရာမဲ့ (阁楼) The Loft 2026 Movie လင်မယားကွာရှင်းပြတ်စဲပြီးနောက် စိတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက် ညဉ့်နက်သန်းခေါင်တိုင်းမှာ အိမ်အပေါ်ထပ်ထဲကနေ ထွက်ပေါ်လာတတ်တဲ့ ထူးဆန်းတဲ့ ခြောက်ခြားဖွယ် အသံဗလံတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ... အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းက သာမန် သရဲခြောက်တဲ့ ကားမျိုးတင် မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ နဲ့ အမှောင်ထုထဲက လျှို့ဝှက်ချက်တွေကို ပိုင်နိုင်စွာ ပေါင်းစပ်ပြီး ကြည့်သူကို တွေးစရာအများကြီးပေးမဲ့ကားလေးပါ ဇာတ်လမ်းအကျဉ်း 📝 အဓိက အမျိုးသမီးဇာတ်ဆောင် ဖြစ်သူ Xiao Yue ဟာ သူမရဲ့ အိမ်ထောင်ရေး ပြိုကွဲပြီး လင်မယားကွာရှင်းပြတ်စဲခဲ့ရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ပြီး စိတ်ကျရောဂါဝေဒနာကို အလူးအလဲ ခံစားခဲ့ရရှာပါတယ် ဘဝမှာ အထီးကျန်စွာနဲ့ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်း နေထိုင်နေတဲ့ သူမရဲ့ အိမ်ဂေဟာလေးက သာမန်ကြည့်ရင်တော့ အေးချမ်းပြီး ပုံမှန်အတိုင်းပါပဲ ဒါပေမဲ့ ညဉ့်နက်သန်းခေါင် ယံအချိန် ရောက်လို့ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတဲ့ အခါတိုင်းမှာတော့ အိမ်ရဲ့ အပေါ်ဆုံး ထပ်ခိုးဆီကနေ လူကို စိုးရိမ်ထိတ်လန့်သွားစေမယ့် ထူးဆန်းတဲ့ အသံဗလံတွေဟာ မကြာခဏဆိုသလို ထွက်ပေါ်လာတတ်ပါတယ် အဲဒီ ထပ်ခိုးပေါ်က ထွက်ပေါ်လာတဲ့ အသံတွေဟာ လူတစ်ယောက်ရဲ့ မသိရသေးတဲ့ လျှို့ဝှက်ချက်တွေကို တီးတိုးရေရွတ် တိုင်တည်နေသလိုမျိုး ခံစားရစေပြီး တစ်ချက်တစ်ချက် မြည်ဟည်းသွားတဲ့ အသံတိုင်းဟာ ကြည့်ရှုနေတဲ့ ပရိသတ်တွေရဲ့ စိတ္တဇအာရုံခံစားမှု အကန့်အသတ်ကို အပြင်းအထန် စိန်ခေါ်လှုံ့ဆော်နေခဲ့ပါတယ် ဒါဟာ စိတ်ကျရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ သူမရဲ့ စိတ်ကူးယဉ် အာရုံခြောက်လှန့်မှုတွေလား သို့မဟုတ် အိမ်ရဲ့ အမှောင်ထုထဲမှာ တကယ်ပဲ တစ်ခုခု ခိုအောင်းနေတာလား တစ်ဖက်မှာလည်း ကြောက်စရာ ကောင်းလှတဲ့ ဒီပတ်ဝန်းကျင် အခြေအနေကြားထဲကနေ Xiao Yue ဟာ လက်မလျှော့ဘဲ မိမိကိုယ်တိုင်ရဲ့ အားတင်းကြိုးစားမှုတွေ သူမအပေါ် မေတ္တာမပျက်တဲ့ မိဘတွေ စိတ်ရှည်လက်ရှည် ကုသပေးတဲ့ ဆရာဝန်တွေနဲ့ အနီးနားက ကြင်နာတတ်တဲ့ အိမ်နီးနားချင်း တွေရဲ့ ကူညီစောင့်ရှောက်မှုတွေကြောင့် ဘဝအပေါ် ထားရှိတဲ့ မျှော်လင့်ချက် အလင်းရောင်တွေကို တဖြည်းဖြည်း ပြန်လည်စုဆောင်း ခိုင်မာလာခဲ့ပြီး စိတ္တဇအမှောင်ထုတွေ ထပ်ခိုးပေါ်က ခြောက်ခြားစရာ အသံဗလံတွေရဲ့ ပဟေဠိ အမှန်တရားတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖော်ထုတ်ရင်း နောက်ဆုံးမှာတော့ ဘယ်လိုဆက်ဖြစ်လာမလဲ..... ကဲ စိတ်ရဲ့ အမှောင်ထုနဲ့ ထပ်ခိုးပေါ်က ကျောချမ်းစရာ အမှန်တရားကို ရှာဖွေမယ့် ခရီးစဉ်ကို SoulKingdom မှာ အခုပဲ ကြည့်ရှုခံစားလိုက်ရအောင် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/249

Repost from N/a
S-u-p-e-r H-a-p-p-y F-u-n C-l-o-w-n (2025)

Super Happy Fun Clown (2025) ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဂျန်နီဖာဆူလီဗန်ဟာ ငယ်ငယ်က ပါရမီရှင်ကလေးတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ကြီးလာတဲ့
Super Happy Fun Clown (2025) ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ဂျန်နီဖာဆူလီဗန်ဟာ  ငယ်ငယ်က ပါရမီရှင်ကလေးတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ကြီးလာတဲ့အခါမှာတော့ စိတ်ပျက်စရာကောင်းတဲ့ အလုပ်ခွင်၊ အသုံးမကျတဲ့ ခင်ပွန်း၊ ပြီးတော့ သူမကို အမြဲတမ်း အပြစ်တင်နှိမ်ချတတ်တဲ့ မိခင်ဖြစ်သူတို့ကြားမှာ ဘဝကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းနေရသူပါ။ သူမဘဝရဲ့ တစ်ခုတည်းသော စိတ်ထွက်ပေါက်ကတော့ ကလေးတွေကို ဖျော်ဖြေပေးရတဲ့ ဂျန်-အိုဆိုတဲ့ လူပြက်အလုပ်လေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမမှာ လူမသိတဲ့ စိတ်ကူးယဉ်  ဝါသနာတစ်ခု ရှိနေပါသေးတယ် ဒါကတော့ နာမည်ကြီး လူသတ်သမားတွေကို စွဲလမ်းတာပါပဲ။ နောက်ဆုံးမှာတော့ ဘဝရဲ့ ဖိအားတွေကြောင့် စိတ်အစွန်းရောက်သွားတဲ့ ဂျန်နီဖာဟာ.... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/247

Repost from N/a
မြန်မာပြည်က ကောင်မလေးတွေရဲ့ အချစ်တော် မင်းသားချော မာရီယို ရဲ့ ၂၀၂၅ ရုံတင်ကား

မြန်မာပြည်က ကောင်မလေးတွေရဲ့ အချစ်တော် မင်းသားချော မာရီယို ရဲ့ ၂၀၂၅ ရုံတင်ကား F_o-o_d T-r_u-n_k (2-0-2-5) IMDB ⭐️ 5.9/10 Thai
မြန်မာပြည်က ကောင်မလေးတွေရဲ့ အချစ်တော် မင်းသားချော မာရီယို ရဲ့ ၂၀၂၅ ရုံတင်ကား F_o-o_d T-r_u-n_k (2-0-2-5) IMDB ⭐️ 5.9/10 Thai Rom-Com ကားပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ချင်နေတဲ့ ပရိသတ်ကြီးအတွက် မြန်မာပြည်က ကောင်မလေးတွေရဲ့ အချစ်တော် မင်းသားချော Mario Maurer ရဲ့ ၂၀၂၅ ထွက် အသစ်စက်စက် ဟာသအချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးမှာဆိုရင် Mario နဲ့အတူ Yulee Choi နဲ့ Jack Panchan တို့ကလည်း အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ ကောင်လေး ၃ ယောက် Food Truck လေးတစ်စီးနဲ့ သာယာနေကြတာပေါ့။ တစ်နေ့ သူတို့ကားလေး ရိုက်ကွင်းမှာ ဈေးသွားရောင်းနေတုန်း သူတို့သူငယ်ချင်း မာမြောင်ရဲ့ရည်းစားဟောင်း မီရီကို ကလေးတစ်ယောက်နဲ့တွေ့လိုက်ရပါတယ်။ ဖြစ်ချင်တော့ ကလေးလေးက မာမြောင်နဲ့အရမ်းတူနေတာပါပဲ။ ဒီတော့ ဒီကလေးက မာမြောင်ရဲ့ကလေး ဟုတ်မဟုတ် ဇဝေဇဝါဖြစ်ပြီးထွက်လာတုန်းမှာပဲ မီရီ့ကလေးက သူတို့ကားပေါ် ပါလာတာကို အမှတ်မထင် တွေ့လိုက်ရတဲ့အခါမှာတော့ အကုန်လုံး ပွက်လောရိုက်ကုန်ပါတော့တယ်။ ဒီကလေးက ဘယ်ကနေဘယ်လို သူတို့ကားပေါ် ရောက်နေတာလဲ... ကလေးကို ပြန်ပို့ဖို့ ကြိုးစားရင်းနဲ့ လမ်းခရီးမှာ ဘယ်လို မထင်မှတ်ထားတဲ့ ပြဿနာတွေ၊ ဟာသအလွဲအချော်တွေ ဆက်တိုက်ကြုံရမလဲ။ ထိုင်းဟာသကားတွေရဲ့ ထုံးစံအတိုင်း အူတက်အောင် ရယ်ရမယ့် အလွဲတွေရယ်၊ Mario Maurer ရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေရယ် ပေါင်းစပ်ထားတဲ့ Feel-good ဇာတ်ကားလေးဖြစ်လို့ စိတ်အပန်းဖြေဖို့အတွက် အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးစို့။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/245