uk
Feedback
Dream world Movies Channel(MM Sub)

Dream world Movies Channel(MM Sub)

Відкрити в Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Dream world Movies Channel(MM Sub)

Канал Dream world Movies Channel(MM Sub) (@dreamworld2) є активним учасником. На даний момент спільнота об'єднує 45 086 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 45 086 підписників.

За останніми даними від 20 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 7 516, а за останні 24 години на -91, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 4.95%. Протягом перших 24 годин після публікації контент зазвичай збирає 4.29% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 2 234 переглядів. Протягом першої доби публікація в середньому набирає 1 934 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 1.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Завдяки високій частоті оновлень (останні дані отримано 21 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

45 086
Підписники
-9124 години
+10 7457 днів
+7 51630 днів
Архів дописів
ဆိတ်ငြိမ်မြို့လေးရဲ့ နောက်ကွယ်က အကျင့်ပျက်ခြစားမှု အမှောင်ထု (၂၀၂၆) C+o-l+o-r+s o-f E+v-i+l: B-l+a-c+k (2026) ---------------
ဆိတ်ငြိမ်မြို့လေးရဲ့ နောက်ကွယ်က အကျင့်ပျက်ခြစားမှု အမှောင်ထု (၂၀၂၆) C+o-l+o-r+s o-f E+v-i+l: B-l+a-c+k (2026) --------------------- ပိုလန်နိုင်ငံရဲ့ ဆိတ်ငြိမ်လှတဲ့ မြို့ငယ်လေးတစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကလေးပျောက်ဆုံးမှုနောက်ကွယ်ကနေ... ဆယ်စုနှစ်ချီ ဖုံးကွယ်ထားခဲ့တဲ့ အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊  လူသတ်မှု လျှို့ဝှက်ချက်ဟောင်းတွေကို ဉာဏ်ကစားပြီးစုံစမ်းရမယ့် ပိုလန် Neo-Noir / Crime ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံကတော့ အမြင်မှာအေးချမ်းပေမဲ့ အတွင်းမှာတော့ အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ ပိုလန်မြို့ငယ်လေးတစ်မြို့ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဆိုပါ မြို့ကလေးက ကောင်လေးတစ်ဦး သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်ဒီအမှုကို စုံစမ်းဖို့အတွက် မြို့ကို အသစ်ပြောင်းရွှေ့လာခဲ့တဲ့  စုံစမ်းစစ်ဆေးရေးမှူးက တာဝန်ယူလိုက်ရပါတယ်။ အစပိုင်းမှာ သာမန်ပြန်ပေးဆွဲမှု၊ ပျောက်ဆုံးမှုလို့ ထင်ခဲ့ပေမဲ့... အမှုထဲကို နက်နက်နဲနဲ စုံစမ်းလေလေ၊ ဒီပျောက်ဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့ပြီး ဘယ်သူမှ မဖော်ထုတ်နိုင်ဘဲ ပဟေဠိဖြစ်ကျန်ခဲ့တဲ့ လူပျောက်ဆုံးမှုအမှုကြီးနဲ့ ထူးဆန်းစွာ ဆက်နွယ်ပတ်သက်နေတာကို တွေ့ရှိသွားပါတော့တယ်။ အမှုနောက်ကွယ်မှာ မြို့က ဩဇာအာဏာရှိသူတွေ၊ ရဲတပ်ဖွဲ့ရဲ့ ဖုံးကွယ်ထားတဲ့ အကျင့်ပျက်မှုတွေ ပါဝင်နေတာကို သိလိုက်ရတဲ့အခါ... အမှန်တရားကို ရှာဖွေမယ့် အစိုးရရှေ့နေဟာ မြေအောက်လောကရဲ့ ခြိမ်းခြောက်မှုတွေ၊ အသက်အန္တရာယ်တွေကြားထဲကနေ ဘယ်လိုမျိုး ဉာဏ်ကစားပြီး ဖော်ထုတ်သွားမလဲဆိုတာ ရိုက်ပြထားပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/htoohtoo161120/1416

ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လ
ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။ အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။ အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/416

Repost from Horror Movie mmsub
𝐂𝐨𝐥𝐝 𝐂𝐚𝐬𝐞 (𝟐𝟎𝟐𝟏) _ 𝐈𝐌𝐃𝐁 𝟕 /𝟏𝟎 𝐇𝐨𝐫𝐫𝐨𝐫 / 𝐌𝐲𝐬𝐭𝐞𝐫𝐲 / 𝐓𝐡𝐫𝐢𝐥𝐥𝐞𝐫 ဒီကားကတော့ မတ်လတုန်းကထွက်ထာ
𝐂𝐨𝐥𝐝 𝐂𝐚𝐬𝐞 (𝟐𝟎𝟐𝟏) _ 𝐈𝐌𝐃𝐁 𝟕 /𝟏𝟎 𝐇𝐨𝐫𝐫𝐨𝐫 / 𝐌𝐲𝐬𝐭𝐞𝐫𝐲 / 𝐓𝐡𝐫𝐢𝐥𝐥𝐞𝐫 ဒီကားကတော့ မတ်လတုန်းကထွက်ထားတဲ့ Ayyappanum Koshiyum ဇာတ်လမ်းထဲက မင်းသားပရီသဗီရာ ဆူကူမာရန် ပါဝင်တဲ့ သည်းထိတ်ရင်ဖို စုံထောက် ဝိညာဉ် ဖြစ်ရပ်ဆန်းကြယ်မှုခင်း ကားလေးပဲဖြစ်ပါတယ် ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတဲ့အတိုင်းပါပဲ ဘယ်လောက်ပဲ ပရိယာယ်ကြွယ်ပြီး အမှုကိုလုံအောင်ဖုံးတတ်တဲ့သူဖြစ်ပါစေ ကံကြမ္မာအရသော်လည်းကောင်း တစ်ဦးတစ်ယောက်ရဲ့ စုံစမ်းစစ်ဆေးမှုတော်လို့ကြောင့်သော်လည်းကောင်း ကိုယ်ပြုထားတဲ့ရာဇဝတ်မှုဟာ မိုးရွာပြီး တိမ်ကင်းစင်သွားတဲ့အခါ ပေါ်လာတတ်တဲ့နေလို ဘွင်းဘွင်းရှင်းရှင်းပေါ်လာတတ်ပါတယ် ဒီထဲကလူသတ်သမားကတော့ ကံကြမ္မာအရရော စုံစမ်းမှုတော်တာကြောင့်ပါ ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ် ဒီအမှုကို စုံစမ်းစစ်ဆေးတဲ့ရဲဟာ အရမ်းတော်နေတဲ့အခါ တစ်ဖက်မှာကလည်း အမျိုးသမီးတစ်ယောက်ကို သေဆုံးသူအမျိုးသမီးရဲ့ဝိဉာဉ်က အမှုမှန်ပေါ်ဖို့ အကူအညီတောင်းနေတဲ့အခါ ရှေ့ဆက်ဘယ်လိုတွေဆက်ဖြစ်မလဲ လူသတ်သမားက ဘာကြောင့်သတ်တာလဲ ထုံးနေတဲ့ကြိုးတွေဟာ ဘယ်လိုပြေသွားမလဲ လူသတ်သမားရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/horrormoviemmsub4/2373 #Credit

Naam Shabana (2017) ခက်ထန်ကြမ်းတမ်းလှတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတဲ့ရှဘနားဆိုတဲ့မိန်းကလေးက သူ့ရဲ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုကင်းမဲ
Naam Shabana (2017) ခက်ထန်ကြမ်းတမ်းလှတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတဲ့ရှဘနားဆိုတဲ့မိန်းကလေးက သူ့ရဲ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုကင်းမဲ့စွာ မရယ်မပြုံးပဲနေနေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက ချစ်ခွင့်ပန်လာတဲ့အခါမှာတော့ ရှဘနားရဲ့မရယ်မပြုံးဘဲခက်ထန်နေရတဲ့ အကြောင်းအရင်းကိုမမျှော်လင့်ပဲသိလိုက်ရပါတော့တယ်။ သူငယ်ချင်းကောင်လေးကဖွင့်ပြောလိုက်ပြီးတဲ့အချိန်မှာ သူ့ဘဝရဲ့ပျော်ရွှင်စရာအလင်းရောင်ကိုသူမြင်တွေ့လိုက်ရပါတယ်။ အပြန်လမ်းမှာ သူ့ရဲ့ဘဝကိုအလင်းပေးမယ့်ချစ်သူအသတ်ခံလိုက်ရတဲ့အခါမှာတော့ ရှဘနားရဲ့စိတ်ဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ ဇာတ်လမ်းဇာတ်ကွက်တည်ဆောက်ထားပုံလည်းတော်တော်လေးကောင်းပါတယ်။ နောက်ထပ် Babyဇာတ်ကားရဲ့Spin-off movieတွေ ထပ်ထွက်စေချင်လောက်အောင်ကိုကောင်းတာပါ။ အများကြီးညွှန်းနေရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို ဇာတ်ကားကိုသာခံစားရင်းကြည့်လိုက်ကြပါ။ Credit Review ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/413 #Credit

75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီး Vadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့ လူငယ
75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီး Vadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့ လူငယ်ဖွံ့ဖြိုးရေးနဲ့အားကစားဌာနမှာဝန်ကြီးခန့်အပ်ခံရဖူးသူ Udhayanidhi Stalin နဲ့ ရှူတည်တည် ကာရိုက်တာလေးတွေနဲ့ ပေါက်ခဲ့တဲ့မင်းသမီးချောလေးKeerthy Suresh တို့ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလွှတ်တော်ကိုယ်စားလှယ်ရဲ့သားဖြစ်ပေမဲ့ အဖေ့ရဲ့အရှိန်အဝါကိုမမီပဲ ဝက်မွေးပြီးအေးဆေးနေတဲ့ အသီဗီရန် ၊လူမှုကောင်းကျိုးတွေကို ကျောင်းသူဘဝတည်းကဆက်တိုက်လုပ်ဆောင်နေတဲ့ လီလာ ၊ အသီဗီရန်ကလီလာ့ကိုကြိတ်သဘောကျနေပေမဲ့ လွှတ်‌တော်ကိုယ်စားလှယ်ရဲ့သားမို့ လီလာကမကြိုက်မှန်းသိလို့ရှေ့မတိုးခဲ့တာ ကျောင်းပြီးသည်ထိပါပဲ ကျောင်းပြီးတစ်နေ့လီလာ နွမ်းပါးတဲ့ကလေးတွေကိုစာသင်ဖို့ငှားထားတဲ့နေရာကို အမည်မသိလူတွေခြိမ်းခြောက်မှုကြောင့် ပိုင်ရှင်ကအတင်းရွှေ့ခိုင်းတဲ့အချိန်မှာစတော့တာပဲ သူငယ်ချင်းတွေက အသီဗီရန်ကိုအကူအညီတောင်းချင် လီလာကလက်မခံနဲ့ နောက်ဆုံးတော့လက်လျှော့ပြီး အသီဗီရန့်အိမ်သွားတွေ့ကြချိန်မှာ အသီဗီရန်က ဝက်တွေပဲမွေးနေပြီး အဖေနဲ့ စကားမပြောခဲ့တာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီဆိုတာ လီလာသိလိုက်ရပါတယ်မုန်းတီးမှုကြောင့်မဟုတ်ဘဲ 15 နှစ်ထိ စကားမပြောခဲ့ရတဲ့အကြောင်းအရင်းနဲ့ ရိုးရှင်းမနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတဲ့ဘဝမှာ ဘယ်လိုအလှည့်အပြောင်းတွေပါလာမလဲ လီလာနဲ့ ဗီရာတို့ရဲ့အချစ်ရေး ဒါတွေကိုရသစုံကြည့်ရှူခံစားရမဲ့ကားလေးပဲဖြစ်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) ဇာတ်ကားလင့်🔽🔽🔽 https://t.me/Indmovie1986/914

Repost from N/a
Second Sister (2025) WEB-DL 1080p

Second Sister (2025) *** IMDb Rating (6.0) နာမည်ကြီး ဟောင်ကောင်စာရေးဆရာ Chan Ho-Kei ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကား
Second Sister (2025) *** IMDb Rating (6.0) နာမည်ကြီး ဟောင်ကောင်စာရေးဆရာ Chan Ho-Kei ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Business Proposal ထဲက မင်းသား Kim Min-Gue နဲ့ မေတ္တာအားမာန်ထဲက ဆွန်းယောင်းအဖြစ် လူသိများတဲ့ မင်းသမီးလေး Kang Seo-Ha တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဘတ်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အထက်တန်းကျောင်းသူလေး ဂျီအွန်း... ကျူးလွန်သူ ရှင်းဂျောင်မန်က ထောင်ဒဏ် ၆ လ ကျခံလိုက်ရပြီး အမှုလည်း ပြီးပြတ်သွားပြီလို့ ထင်ထားခဲ့ပေမဲ့ တစ်နေ့မှာ ရှင်းဂျောင်မန်ရဲ့ တူမဆိုသူက သူ့ဦးလေးက အပြစ်ကင်းကြောင်း ဂျီအွန်းရဲ့ ချောက်ချမှုသက်သက်သာဖြစ်ကြောင်း online community တစ်ခုမှာ ပို့စ်တင်လာခဲ့ပါတယ်။ ဒါ‌ပေမဲ့လည်း အင်တာနက် အသုံးပြုသူတွေရဲ့ မုန်းတီးရေးမှတ်ချက်တွေကြားမှာ ဂျီအွန်းလည်း မခံသာတော့တဲ့အဆုံး အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ်။ ဂျီအွန်းရဲ့အစ်မဖြစ်သူ ဆိုအွန်း (Kang Seo-Ha) ကတော့ အင်တာနက်ပေါ်က ကောလာဟလတွေနဲ့ ပြစ်တင်ကဲ့ရဲ့မှုတွေကပဲ ညီမလေးကို သေခြင်းတရားဆီ တွန်းပို့ခဲ့တာလို့ အခိုင်အမာ ယုံကြည်နေပြီး ပို့စ်တင်သူအကြောင်းကို စုံစမ်းဖို့အတွက် ထူးချွန်တဲ့ ဟက်ကင်းအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက် ဆောဂျွန်ဂယောင်း (Kim Min-Gue) ဆီ အလုပ်အပ်လိုက်တဲ့အခါမှာတော့... အင်တာနက်ကွန်ရက်ပေါ်က မုသားတွေ၊ အမည်မသိအကောင့်တွေကို ခြေရာခံလိုက်ရင်း သူတို့ ရင်ဆိုင်လိုက်ရတဲ့ အမှန်တရားက ဘာဖြစ်နေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော်။

ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ
ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်... အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်... တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်... တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်... ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်... အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်... ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ.... ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/409

🎬 Movie Title: Kondraal Paavam (2023) ⭐ IMDb Rating: 6.6/10 ဇာတ်လမ်းအကျဉ်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်ခုဆီကို မိုးသည်းထန်စွ
🎬 Movie Title: Kondraal Paavam (2023) ⭐ IMDb Rating: 6.6/10 ဇာတ်လမ်းအကျဉ်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်ခုဆီကို မိုးသည်းထန်စွာရွာသွန်းတဲ့ ညတစ်ညမှာ သူစိမ်းလူငယ်တစ်ယောက် ခေတ္တတည်းခိုဖို့ ရောက်ရှိလာပါတယ်။ အဲဒီလူငယ်မှာ ပါလာတဲ့ ရွှေငွေရတနာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ မိသားစုဝင်တွေကြားမှာ လောဘစိတ်တွေ နိုးကြားလာပါတော့တယ်။ တစ်ညတာအတွင်းမှာပဲ သူတို့ရဲ့ လောဘကြောင့် ဘယ်လိုကြောက်မက်ဖွယ်ရာ အမှားမျိုးကို ကျူးလွန်မိမလဲ၊ အဲဒီအမှားက သူတို့ဘဝကို ဘယ်လိုမျိုး ပြောင်းလဲပစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ကြည့်ရှုသင့်သည့်အချက် ဒီဇာတ်ကားဟာ နာမည်ကျော် ကန်နာဒါပြဇာတ်တစ်ခုကို အခြေခံထားတာဖြစ်ပြီး ဇာတ်အိမ်တည်ဆောက်ပုံက တကယ့်ကို ထူးခြားပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ လောဘ၊ ဒေါသနဲ့ နောင်တတွေကို ပီပြင်စွာ ပုံဖော်ထားပြီး ဇာတ်သိမ်းပိုင်းကတော့ ပရိသတ်တွေ လုံးဝမထင်မှတ်ထားလောက်အောင်ကို တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ Plot Twist နဲ့ အဆုံးသတ်ထားပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/407

သူငယ်ချင်းနှစ်ယောက်လင်ပြိုင်လုရင်းအောက်လမ်းသုံးပြီးအ‌ေသသတ်မယ့်ကား ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/389
သူငယ်ချင်းနှစ်ယောက်လင်ပြိုင်လုရင်းအောက်လမ်းသုံးပြီးအ‌ေသသတ်မယ့်ကား ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/389

Masooda (2022) ============== IMDb 7.8/10 အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Ho
Masooda (2022) ============== IMDb 7.8/10 အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Horrorရုပ်ရှင်အမျိုးအစား ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်…။ ဇာတ်လမ်းအကျဉ်းကတော့ နီလမ်ဟာ Single motherတစ်ယောက်ဖြစ်ပြီးတော့ သမီးဖြစ်သူနာဇီယာနဲ့အတူ တိုက်ခန်းလေးတစ်ခန်းငှားကာနေထိုင်ပါတယ်။သူတို့အခန်းနဲ့မနီးမဝေးမှာ ဂိုပီလို့ခေါ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်နေထိုင်ပြီးတော့ နီလမ်တို့သားအမိအကူအညီ လိုအပ်ရင်လည်း လက်မတွန့်ပဲကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်…။တစ်ညမှာတော့ နီလမ်တစ်ယောက် ဂိုပီ့အခန်းကိုတံခါးလာခေါက်ကာအကူအညီတောင်းပါတော့တယ်… ဂိုပီလိုက်သွားကြည့်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်၀င်ပူးနေသလိုဖြစ်နေတဲ့ နာဇီယာကိုတွေ့လိုက်ရပါတယ်။နီလမ်နဲ့ဂိုပီတို့နှစ်ယောက် နာဇီယာကိုဆရာ၀န်နဲ့ပြပေမဲ့ မသက်သာတဲ့အဆုံးမှာတော့ အပနှင်ဆရာတွေလိုက်ရှာဖွေရင်း သိရှိလာတာက ဒီပူးကပ်နေတဲ့နတ်ဆိုးဟာ အင်မတန်မှအငြှိုးကြီးပြီး သူ့ကိုသတ်နိုင်မယ့်လက်နက်ကလည်း သီးသန့်ရှိနေကြောင်းသိရှိလိုက်ရတဲ့အခါမှာတော့….နာဇီယာကိုကုသလို့ရနိုင်ပါ့မလား … နာဇီယာကို၀င်ပူးနေတဲ့ အငြှိုးကြီးတဲ့ဝိဉာဥ်ကရောဘယ်သူဖြစ်မလဲ… ဘယ်လိုအကြောင်းကြောင့်၀င်ပူးနေတာလဲဆိုတာကို တော့ ကျောတချမ်းချမ်းနဲ့ဆက်လက်ကြည့်ရှုရမှာပါ။ Horror ရုပ်ရှင်ကြိုက်သူ‌တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/Indmovie1986/907

Hansel & Gretel (2007) **** Hansel & Gretel (2007) ဇာတ်ကားကိုတော့ ဒါရိုက်တာ Yim Pil-sung ရိုက်ကူးထားပြီး သရုပ်ဆောင် Chun Jung
Hansel & Gretel (2007) **** Hansel & Gretel (2007) ဇာတ်ကားကိုတော့ ဒါရိုက်တာ Yim Pil-sung ရိုက်ကူးထားပြီး သရုပ်ဆောင် Chun Jung-myung, Shim Eun-kyung, Eun Won-jae, Jin Ji-hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **** အီအွန်းဆူ(Chun Jung-myung) ဆိုတဲ့ လူငယ်တစ်ယောက်ဟာ တောအုပ်တစ်ခုအနီး အဝေးပြေးလမ်းမကြီးပေါ်မှာ ကားမတော်တဆဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်၊၊ ကလေးမလေးတစ်ယောက်ရဲ့ လမ်းပြမှုကြောင့် တောအုပ်ထဲက ပုံပြင်စာအုပ်ထဲကအတိုင်း အရမ်းလှပတဲ့ အိမ်လေးတစ်လုံးကို ရောက်သွားပြီး ချစ်စရာကောင်းတဲ့ မောင်နှမ ၃ ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်၊၊ "ပျော်ရွှင်သော ကလေးများရဲ့ အိမ်" လို့ အမည်ရတဲ့ အဲဒီအိမ်မှာ အရာအားလုံးက ပြည့်စုံလွန်းနေပေမဲ့ ဒီတောကြီးထဲကနေ ပြန်ထွက်ဖို့ ကြိုးစားတိုင်း လမ်းပြန်ပျောက်နေခဲ့ပါတယ်၊၊ အဲဒီနောက်မှာတော့ သူဟာ အဲဒီအိမ်ကြီးကလေးတွေရဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေနဲ့ အတိတ်ကို တစ်ခုပြီးတစ်ခု စတင်သိရှိလာရတဲ့အခါ ဒီတောအုပ်ကြီးထဲက ထွက်သွားနိုင်မလား ပိတ်မိသွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/386

Repost from N/a
Hansel & Gretel (2007) **** Hansel & Gretel (2007) ဇာတ်ကားကိုတော့ ဒါရိုက်တာ Yim Pil-sung ရိုက်ကူးထားပြီး သရုပ်ဆောင် Chun Jung-myung, Shim Eun-kyung, Eun Won-jae, Jin Ji-hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ လူကြီးတွေရဲ့ အတ္တနဲ့ရက်စက်မှုကြောင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လို ထိခိုက်ပျက်စီးသွားလဲဆိုတဲ့ Childhood Trauma ကို ပုံပြင်တစ်ပုဒ်လို ခံစားချက်ပြင်းပြင်းနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **** အီအွန်းဆူ(Chun Jung-myung) ဆိုတဲ့ လူငယ်တစ်ယောက်ဟာ တောအုပ်တစ်ခုအနီး အဝေးပြေးလမ်းမကြီးပေါ်မှာ ကားမတော်တဆဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်၊၊ ကလေးမလေးတစ်ယောက်ရဲ့ လမ်းပြမှုကြောင့် တောအုပ်ထဲက ပုံပြင်စာအုပ်ထဲကအတိုင်း အရမ်းလှပတဲ့ အိမ်လေးတစ်လုံးကို ရောက်သွားပြီး ချစ်စရာကောင်းတဲ့ မောင်နှမ ၃ ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်၊၊ "ပျော်ရွှင်သော ကလေးများရဲ့ အိမ်" လို့ အမည်ရတဲ့ အဲဒီအိမ်မှာ အရာအားလုံးက ပြည့်စုံလွန်းနေပေမဲ့ ဒီတောကြီးထဲကနေ ပြန်ထွက်ဖို့ ကြိုးစားတိုင်း လမ်းပြန်ပျောက်နေခဲ့ပါတယ်၊၊ အဲဒီနောက်မှာတော့ သူဟာ အဲဒီအိမ်ကြီးကလေးတွေရဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေနဲ့ အတိတ်ကို တစ်ခုပြီးတစ်ခု စတင်သိရှိလာရတဲ့အခါ ဒီတောအုပ်ကြီးထဲက ထွက်သွားနိုင်မလား ပိတ်မိသွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/c/3893036281/1723

Godfather [2022] =============== မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင်ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချ
Godfather [2022] =============== မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင်ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော်ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက်အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့အား ပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ် ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲသူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့ နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲ အဲဒါကြောင့် သူတို့နှစ်ယောက်ထဲကဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/Indmovie1986/903

Shake, Rattle & Roll Evil Origins (2026) Shake, Rattle & Roll ဇာတ်ကားတွဲတွေဟာ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် Horror Anthology ဇာတ်က
Shake, Rattle & Roll Evil Origins (2026) Shake, Rattle & Roll ဇာတ်ကားတွဲတွေဟာ ဖိလစ်ပိုင်ရဲ့ နာမည်ကျော် Horror Anthology ဇာတ်ကားတွဲ‌တွေဖြစ်ပြီး အခု "Evil Origins"ကတော့ ခေတ်ကာလသုံးခုကိုဆက်စပ်ပြီး မကောင်းဆိုးဝါးရဲ့အစပျိုးမှုကို ပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Past - "1775" (အတိတ်ကာလ - စပိန်ခေတ် သီလရှင်ကျောင်း) ---------------------------------------------------------- စပိန်ကိုလိုနီခေတ်သီလရှင်ကျောင်းတစ်ခုကို သီလရှင်သစ်လေးဦး ရောက်လာခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ပါးဖြစ်တဲ့ဖလောဟာ တိမ်းမှောက်သွားခဲ့တဲ့ သင်္ဘောတစ်စီးဆီက သေတ္တာတစ်လုံးနဲ့အတူ သီလရှင်ကျောင်းမှာဖြစ်ပေါ်လာခဲ့တဲ့ဆန်းကြယ်တဲ့သေဆုံးမှုတွေကို ရင်ဆိုင်ရပါတော့တယ်။ အဲ့ဒီသေတ္တာထဲမှာတော့ မက္ကဆီကိုနိုင်ငံမှ ရှေးလူတွေပိတ်လှောင် ထားခဲ့တဲ့ မာလမ် ဆိုတဲ့ နတ်ဆိုး ကိန်းဝပ်နေခဲ့တာဖြစ်ပါတယ်။ Present - "2025" (ပစ္စုပ္ပန်ကာလ - Hellclipse ကလပ်) ----------------------------------------------------- ဟယ်လိုဝင်းညမှာ Hellclipse အတွင်းကျင်းပနေတဲ့ ပါတီပွဲတစ်ခုတည်းကို ပွဲလာသူတွေနဲ့ ခါးပိုက်နှိုက်တွေရောက်ရှိနေကြတဲ့အချိန်မှာ နတ်ဆိုး မာလမ်ကို ကိုးကွယ်တဲ့ ဂိုဏ်းဝင်တွေရဲ့ ရက်စက်စွာသတ်ဖြတ်မှုကိုရင်ဆိုင်ကြရပါတယ်။ ကလပ်အတွင်းပိတ်မိသွားတဲ့ လူငယ်တစ်စုဟာ အသက်ဘေးကလွတ်ဖို့ကြိုးစားကြရင် အဲ့ဒီနေရာမှာ မကောင်းဆိုးဝါးရဲ့သေတ္တာကိုပြန်ပြီးတွေ့ရှိခဲ့ကြပါတယ်။ Future - "2050" (အနာဂတ်ကာလ - ပျက်စီးသွားပြီး ဖိလစ်ပိုင်) -------------------------------------------------------------- Hellclipse ကလပ်လူသတ်ပွဲဖြစ်ပြီး ၂၅ နှစ်အကြာမှာတော့ ဖိလစ်ပိုင်တစ်နိုင်ငံလုံးဟာ မာလမ်ဦးဆောင်တဲ့ သွေးစုတ်မိစ္ဆာ(ဖုတ်ကောင်)တွေရဲ့ သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်သူ လူနည်းစုဟာ ပုန်းအောင်းနေထိုင်ကြရင် မာလမ်းကိုပြန်လည်ပိတ်လှောင်နိုင်မယ့်နည်းလမ်းကိုရှာဖွေပြီး မကောင်းဆိုးဝါးတွေကို နောက်ဆုံးအကြိမ်ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ နာမည်ကျော် Franchise ကြီးတစ်ခုရဲ့နောက်ဆုံးထွက် ဇာတ်ကားဖြစ်တဲ့အတွက် မကောင်းမှာတော့မပူရပါဘူး။ ဇာတ်လမ်းဇာတ်အိမ် သရုပ်ဆောင်တွေသာတင်မက VFX တွေပါအထူးကောင်းမွန်ပြီး ပွဲဦးထွက်ပြသရာ Metro Manila Film Festival မှာ Category ခုနှစ်မျိုးအထိ ဆန်ကာတင်ဝင်ခဲ့ပြီး Best Visual Effects ဆုရရှိခဲ့ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/htoohtoo161120/1388

Repost from N/a
The Eyes (2026) WEB-DL 720p

The Eyes (2026) * IMDb Rating (6.5) 2010 ခုနှစ်ထွက် စပိန်ရုပ်ရှင် Julia's Eyes ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသမီး Shi
The Eyes (2026) * IMDb Rating (6.5) 2010 ခုနှစ်ထွက် စပိန်ရုပ်ရှင် Julia's Eyes ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသမီး Shin Min-A ကို နှစ်ကိုယ်ခွဲဇာတ်ကောင်အနေနဲ့ မြင်တွေ့ရမဲ့ သည်းထိတ်ရင်ဖို ရုံတင်ကားသစ်ကြီး ထွက်ရှိလာပါပြီ။ A Bona fide Killer ထဲက မင်းသားကြီး Kim Nam-Hee, To My Beloved Thief ထဲက မင်းသား Lee Seung-Ryong, Undercover High School ထဲက မင်းသမီးကြီး Kim Young-Ah တို့လည်း ပါဝင်အားဖြည့်ပေးထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - မျိုးရိုးလိုက်ရောဂါကြောင့် တဖြည်းဖြည်း အမြင်အာရုံ ဆုံးရှုံးလာကြတဲ့ အမြွှာညီအစ်မ ဘတ်ဆောဂျင်နဲ့ ဘတ်ဆောအင် (Shin Min-A)... မျက်မမြင်ဖြစ်တဲ့ ကိုယ့်ကြောင့် အစ်မဖြစ်သူ ဆောဂျင် ဒုက္ခများရမှာစိုးနေတဲ့ ဆောအင်ရဲ့ အကြံပြုချက်ကြောင့် ညီအစ်မနှစ်ဦးက အိမ်ခွဲနေထိုင်ခဲ့တာလည်း နှစ်ချို့သွားခဲ့ပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာ ညီမဖြစ်သူနဲ့ အဆက်အသွယ် လုံးဝ မရတာကြောင့် ခံစားချက်မကောင်းတဲ့ ဆောဂျင်က ညီမဖြစ်သူ ဆောအင်ရဲ့အိမ်ရှိရာ ဝန်းဂျင်းဆီ ဆင်းလာပါတော့တယ်။ ဒါပေမဲ့လည်း အိမ်ကို ရောက်ရှိသွားချိန်မှာ ညီမဖြစ်သူကို အလောင်းအဖြစ်နဲ့သာ တွေ့ရှိလိုက်ရတဲ့အခါမှာတော့... မြင်ကွင်းတွေ တဖြည်းဖြည်း ဝေဝါးလာတဲ့ကြားထဲကနေ ဆောဂျင်တစ်ယောက် ညီမဖြစ်သူ သေဆုံးမှုရဲ့ အမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်
အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်အိမ်ကောင်းကောင်းနဲ့ Uyir ဆိုတဲ့ဒီတမီးဇာတ်ကားလေးရှိပါတယ် ဇာတ်လမ်းလေးကတော့ အာဂျစ်ဆိုတဲ့ ရဲအရာရှိဟာ ငယ်စဥ်က ညီမဖြစ်သူ ရထားပေါ်မှာ ပျောက်သွားကတည်းက စိတ်ဒဏ်ရာရပြီး သူ့ညီမနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ အမြဲမက်ခဲ့ပါတယ် အာဂျစ်တစ်ယောက် ရဲအရာရှိဖြစ်လာခဲ့တာတောင်မှ သူ့ညီမပျောက်တဲ့ဖြစ်ရပ်ဆိုးဟာ ဘဝကိုအရိပ်မည်းကြီးလို လိုက်နေခဲ့ပြီး သေသလားရှင်သလားမသိရတဲ့ ညီမဖြစ်သူအပေါ် အပြစ်ရှိစိတ်ကြီး ဖြစ်နေပါတော့တယ် ဒီလိုထရော်မာတွေနဲ့ အာဂျစ်တစ်ယောက် အစမ်းခန့်ကာလ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ရေတွင်းထဲက အမျိုးသမီးတစ်ဦးအလောင်းတွေ့တဲ့ အမှုကိုလိုက်ဖို့ ဖြစ်လာပါတော့တယ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့ ဆိုတာကြောင့် ဒီအမှုကနေ ဘယ်လိုဇာတ်ကြောင်းတွေ ဆက်လက်ဖြစ်ပေါ်လာမလဲ ထရော်မာနဲ့အမှုကြား စိတ်အခြေအနေရောထွေးနေတုန်း အာဂျစ်တစ်ယောက် ဒီအမှုကို တကယ်ပဲကောင်းကောင်း လိုက်နိုင်ပါ့မလား အသတ်ပဲခံရတာလား မတော်တဆပဲ ကျသေတာလား သတ်သေတာလား မသဲကွဲတဲ့အမှုကို အာဂျစ်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့... ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/398

နာမည်ကြီးရုံတင်ဟော်ရာကား ရပါပြီ E-v-i-l D-e-a-d B_u-r-n (2-0-2-6) ========================== IMDB ⭐️ 6.6/10 "နတ်ဆိုးဆိုတာ ငရဲ
နာမည်ကြီးရုံတင်ဟော်ရာကား ရပါပြီ E-v-i-l D-e-a-d B_u-r-n (2-0-2-6) ========================== IMDB ⭐️ 6.6/10 "နတ်ဆိုးဆိုတာ ငရဲကလာတာမဟုတ်ဘူး... ကိုယ့်အနားက မိသားစုဝင်တွေထဲမှာပဲ ပုန်းအောင်းနေတတ်တာ" ဟော်ရာပရိသတ်တွေအတွက် သွေးသံရဲရဲနဲ့ အသည်းယားစရာ Evil Dead franchise ရဲ့ ကားသစ်ကြီး "Evil Dead Burn" ရောက်ရှိလိုလာပါပြီ။ Evil Dead လို ကြားလိုက်တာနဲ့ သွေးတွေ ဖွာလန်ကြဲနေအောင် ကြမ်းတဲ့ Splatter Horror ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ရှေ့ကားတွေဖြစ်တဲ့ 2013 က Evil Dead ရော၊ ပြီးခဲ့တဲ့ 2023 က ထွက်ခဲ့တဲ့ Evil Dead Rise မှာပါ Deadite တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူကို ပက်ပက်စက်စက် နှိပ်စက်တဲ့ အခန်းတွေကို အားရပါးရ မြင်တွေ့ခဲ့ရမှာပါ။ အထူးသဖြင့် Rise မှာ တိုက်ခန်းကျဉ်းလေးထဲက မိသားစုဝင်တွေကြား အပြန်အလှန် ခြောက်လှန့်သတ်ဖြတ်သွားတာ တော်တော်လေး ကျောချမ်းစရာပါ။ အခု ထွက်လာတဲ့ အဆက် ဇာတ်ကားသစ်မှာတော့ ဟော်ရာပရိသတ်တွေရဲ့ အချစ်တော် Scream Queen မင်းသမီးချောလေး Samara Weaving နဲ့ ရှေ့ကားမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Lily Sullivan တို အဓိက ပါဝင်အားဖြည့်ထားလို သရုပ်ဆောင်ပိုင်းကတော့ အထူးပြောနေစရာမလိုအောင် ရှယ်ကြမ်းမှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့... ကျိန်စာသင့် စာအုပ် (Necronomicon) ရဲ့ အကျိုးဆက်တွေက ပြီးဆုံးမသွားသေးပါဘူး။ ဒီတစ်ခါမှာတော့ ဝေးလံခေါင်သီတဲ့ နေရာတစ်ခုမှာ အခြေတည်ထားပါတယ်။ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ မိသားစု ပြဿနာတွေကြောင့် အဆင်မပြေဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်ဟာ တစ်နေရာမှာ လာရောက်ဆုံတွေ့ရင်း မထင်မှတ်ဘဲ အဲဒီ ကျိန်စာသင့် ရှေးဟောင်းစာအုပ်နဲ့ ထပ်မံပတ်သက်မိရာကနေ ငြိမ်သက်နေတဲ့ နတ်ဆိုးကို ပြန်နှိးလိုက်သလို ဖြစ်သွားပါတော့တယ်။ "လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး အကြောက်တရားကို အစာလုပ်စားတဲ့" ဒီနတ်ဆိုးက သူတိုညီအစ်မနှစ်ယောက်ကြားက အထင်လွဲမှုတွေ၊ နာကြည်းချက်တွေကို အသုံးချပြီး တစ်ယောက်ကိုတစ်ယောက် ပြန်သတ်အောင် ဘယ်လိုသွေးထိုးမလဲ... အရင်ကားတွေထက် ပိုကြမ်းတဲ့ Body Horror တွေနဲ့အတူ သွေးတွေ တစ်စက်စက် ကျနေတဲ့ကြားက သူတိုညီအစ်မနှစ်ယောက် အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား... နတ်ဆိုးရဲ့ လှည့်ကွက်တွေကိုရော ဘယ်လို ရင်ဆိုင်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Jump Scare တွေနဲ့ သွေးထွက်သံယို အကြမ်းစားတွေကိုမှ ခုံမင်တဲ့ Horror Fan တွေ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လိုခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/htoohtoo161120/1383

အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်
အမှောင်ထဲက သဲလွန်စ U-y-i-r (2-0-2-6) ============= IMDB ⭐️ 8.1/10 အမှုလိုက်တဲ့ ရဲကားကောင်းမျိုးတွေ စောင့်မျှော်နေသူအတွက် ဇာတ်အိမ်ကောင်းကောင်းနဲ့ Uyir ဆိုတဲ့ဒီတမီးဇာတ်ကားလေးရှိပါတယ် ဇာတ်လမ်းလေးကတော့ အာဂျစ်ဆိုတဲ့ ရဲအရာရှိဟာ ငယ်စဥ်က ညီမဖြစ်သူ ရထားပေါ်မှာ ပျောက်သွားကတည်းက စိတ်ဒဏ်ရာရပြီး သူ့ညီမနဲ့ ပတ်သက်တဲ့ အိပ်မက်ဆိုးတွေ အမြဲမက်ခဲ့ပါတယ် အာဂျစ်တစ်ယောက် ရဲအရာရှိဖြစ်လာခဲ့တာတောင်မှ သူ့ညီမပျောက်တဲ့ဖြစ်ရပ်ဆိုးဟာ ဘဝကိုအရိပ်မည်းကြီးလို လိုက်နေခဲ့ပြီး သေသလားရှင်သလားမသိရတဲ့ ညီမဖြစ်သူအပေါ် အပြစ်ရှိစိတ်ကြီး ဖြစ်နေပါတော့တယ် ဒီလိုထရော်မာတွေနဲ့ အာဂျစ်တစ်ယောက် အစမ်းခန့်ကာလ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတုန်း ရေတွင်းထဲက အမျိုးသမီးတစ်ဦးအလောင်းတွေ့တဲ့ အမှုကိုလိုက်ဖို့ ဖြစ်လာပါတော့တယ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့ ဆိုတာကြောင့် ဒီအမှုကနေ ဘယ်လိုဇာတ်ကြောင်းတွေ ဆက်လက်ဖြစ်ပေါ်လာမလဲ ထရော်မာနဲ့အမှုကြား စိတ်အခြေအနေရောထွေးနေတုန်း အာဂျစ်တစ်ယောက် ဒီအမှုကို တကယ်ပဲကောင်းကောင်း လိုက်နိုင်ပါ့မလား အသတ်ပဲခံရတာလား မတော်တဆပဲ ကျသေတာလား သတ်သေတာလား မသဲကွဲတဲ့အမှုကို အာဂျစ်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့... ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld782/395