uk
Feedback
Bioscope Vibes

Bioscope Vibes

Закритий канал

Well

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Bioscope Vibes

Канал Bioscope Vibes є активним учасником. На даний момент спільнота об'єднує 15 468 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 15 468 підписників.

За останніми даними від 27 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 659, а за останні 24 години на 40, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.66%. Протягом перших 24 годин після публікації контент зазвичай збирає 1.76% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 873 переглядів. Протягом першої доби публікація в середньому набирає 272 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 1.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Well”

Завдяки високій частоті оновлень (останні дані отримано 28 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

15 468
Підписники
+4024 години
+1817 днів
+65930 днів
Архів дописів
ရှေ့သွားကလေးနှစ်ချောင်းရဲ့ကတိစကား Front Teeth 2026 Movie 🦷 ဒီတစ်ခါမှာတော့ လူ့အသိုင်းအဝိုင်းရဲ့ အခြေခံလူတန်းစားဘဝတွေကို အမှန်ကန်ဆုံးနဲ့ ရင်ထဲထိအောင် ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် သရုပ်ဆောင်ပိုင်းမှာလည်း မင်းသားကြီး Zhang Yu နဲ့အတူ မင်းသမီးချောလေး Chen Haoyu တို့က အဓိက ပါဝင်အားဖြည့်ထားတာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း 📝 လူငယ်လေး Li Weiyang ဟာ တစ်နေ့မှာ မော်တော်ဆိုင်ကယ် စီးနင်းရင်း မမျှော်လင့်ဘဲ ပြင်းထန်လှတဲ့ ယာဉ်တိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ် ဒီမတော်တဆမှုကြောင့် သူကိုယ်တိုင်ထက် ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ ချစ်သူမိန်းကလေး Shen Qing ရဲ့ အလှဆုံးဖြစ်တဲ့ ရှေ့သွားနှစ်ချောင်း ကျိုးပဲ့ဆုံးရှုံးသွားခဲ့ရပါတော့တယ် Li Weiyang ရဲ့ လက်ရှိဘဝက ငွေကြေးအလွန်ကျပ်တည်းလှပေမဲ့လည်း ဇွဲမလျှော့ဘဲ ချစ်သူမိန်းကလေးအတွက် အကောင်းဆုံး တန်ဖိုးအရှိဆုံး သွားနှစ်ချောင်းကို မဖြစ်ဖြစ်အောင် ပြန်စိုက်ပေးမယ်လို့ သစ္စာပြုလိုက်ပါတယ် ဒီသွားစိုက်ဖို့ ကုန်ကျစရိတ်တွေအတွက် သူဟာ တိုက်မိပြီး ထွက်ပြေးချင်တဲ့ ယာဉ်တိုက်မှုတရားခံ ပြီးတော့ အချိန်ဆွဲတတ်တဲ့ အာမခံကုမ္ပဏီ တွေကြားထဲမှာ ငွေကြေးရရှိအောင် နည်းလမ်းမျိုးစုံနဲ့ လှုပ်ရှားရပါတော့တယ် တစ်ဖက်မှာလည်း အခြေခံလူတန်းစားပီပီ ကျပ်တည်းပေမဲ့ အေးအေးချမ်းချမ်း ရှိလှတဲ့ ဒဏ်ရာရသူနဲ့ ယာဉ်တိုက်မှုဖြစ်ပွားသူတို့ရဲ့ မိသားစုဘဝလေးဟာလည်း ဒီမတော်တဆမှုကြီးကြောင့် ကမောက်ကမဖြစ်ပြီး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရရှာပါတယ်..... Li Weiyang တစ်ယောက် လူ့အသိုင်းအဝိုင်းရဲ့ ဖိနှိပ်မှုတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ချစ်သူမိန်းကလေးအတွက် ရှေ့သွားကလေးနှစ်ချောင်းကို ပြန်စိုက်ပေးနိုင်ပါ့မလား သူတို့နှစ်ယောက်ရဲ့ စစ်မှန်တဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လို ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ..... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/546

ရှေ့သွားကလေးနှစ်ချောင်းရဲ့ကတိစကား Fr*o*n*t Te*et*h 2026
ရှေ့သွားကလေးနှစ်ချောင်းရဲ့ကတိစကား Fr*o*n*t Te*et*h 2026

A S*h*o*p f*o*r Ki*ll*er*s (20*24) Jeong Jin Man ဟာshopping mall လုပ်ငန်းကိုလုပ်ဆောင်နေသူဖြစ်ပြီး သံယဝင်စရာများပြီးလျှို့ဝှက်
A S*h*o*p f*o*r Ki*ll*er*s (20*24) Jeong Jin Man ဟာshopping mall လုပ်ငန်းကိုလုပ်ဆောင်နေသူဖြစ်ပြီး သံယဝင်စရာများပြီးလျှို့ဝှက်တတ်တဲ့ဦးလေးပါ။တူမလေးဖြစ်သူ Ji An နဲ့ဆိုရင် နွေးထွေးကြင်နာတတ်တဲ့ဦးလေးပေမဲ့ အလုပ်လုပ်တဲ့အချိန်မှာတော့ ရက်စက်တတ်တဲ့သူပါ။ Jeong Ji Anကတော့ငယ်ငယ်‌လေးကတည်းကမိဘတွေဆုံးပါးခဲ့ပြီး ဦးလေးဖြစ်သူJin Man ရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့တာပါ။ မိဘတွေ သေဆုံးပြီးနောက်ဦးလေးဖြစ်သူပါရုတ်တရက်သေဆုံးပြီးနောက် ကျန်ခဲ့တဲ့ Shopping mall ရဲ့အန္တရာယ်များတဲ့ အမွေအနှစ်တွေကြောင့် မသမာသူတွေနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသူလည်းဖြစ်ပါတယ်။ ချစ်ရသူတွေအကုန်လုံးထွက်သွားပြီးတဲ့ လောကကြီးမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ Ji An ဟာဘာကိုမှသိမထားဘဲ အရာရာကို ဖြေရှင်းရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ လျှို့ဝှက်တဲ့ဦးလေးရဲ့Shopping Mall တည်ရှိမှုအမှန်ကဘာအတွက်ဖြစ်မလဲ။ အခုကစပြီးပဟေဠိတွေကို တစ်ခုပြီးတစ်ခုတူးဖော်သွားရမဲ့ Ji An ရဲ့ အနာဂတ်ကရော ဘယ်လိုဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/burmasubmov/3469

ဆန္ဒတို့ရဲ့နောက်ကွယ် D_e-s_e-o (2-0-2-6) IMDb ⭐️ 6.3/10 အပြင်ပန်းမှာတော့ လူဆယ်ရိုဟာ အောင်မြင်တဲ့အလုပ် ချစ်ခင်တဲ့မိသားစုနဲ့ လူတိုင်းအားကျရတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့စိတ်အတွင်းက လစ်ဟာနေတဲ့ ခံစားချက်တစ်ခု ရှိနေပါတယ်။ အဲဒီအချိန်မှာ သူ့သားသမီးတွေရဲ့ ရေကူးနည်းပြလူငယ် မာတီယက်စ်ပေါ်လာပြီး အန္တရာယ်များတဲ့ ဆွဲဆောင်မှုတစ်ခုက လူဆယ်ရိုရဲ့ ဘဝတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ လျှို့ဝှက်အချစ်ရေးတစ်ခုနဲ့ အစပြုခဲ့ပေမယ့် မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေနဲ့ မိသားစုဆက်ဆံရေးတွေ ကြေကွဲလာချိန်မှာ အရာအားလုံးဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတော့တယ်။ ဒီကားမှာ အချစ်နဲ့ ရမ္မက်ကြားက မျဉ်းပါးပါးလေးကို လိမ္မာပါးနပ်စွာ စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။ အဲဒါအပြင် ဇာတ်လမ်းအဆုံးသတ်နားမှာ မထင်မှတ်ထားတဲ့ plot twist ကြီးတစ်ခုလည်း ပါရှိနေသေးတာမို့ Erotic Psychological Thriller ကို နှစ်သက်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1240

"ဆန္ဒတိုရဲ့နောက်ကွယ်"
"ဆန္ဒတိုရဲ့နောက်ကွယ်"

တရားခွင်ထက်က မျှတမှု (夏雨来) Hey ,Hou Lai 2026 Movie ဇာတ်လမ်းအကျဉ်း 📝 ချင်းမင်းဆက်နှောင်းပိုင်းကာလ Chaoshan ဒေသရဲ့ တစ်သက်လုံး အမှုမရှုံးဖူးတဲ့ နာမည်ကြီး ရှေ့နေကြီး Xia Yulai ဟာ ဒေသခံဆင်းရဲသားတွေအတွက် အမြဲတမ်း မတရားမှုကို တိုက်ဖျက်ပေးနေသူ ဖြစ်ပါတယ် ဒါပေမဲ့ သူရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး မြေခွေးတစ်ကောင်လို ပါးနပ်လွန်းတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ချင်းမင်းဆက်ရဲ့ ပထမဆုံး အမျိုးသမီးရှေ့နေဖြစ်ဖို့ ရည်မှန်းထားတဲ့ သမီးဖြစ်သူ Xia Laibi နဲ့ ခဏခဏ သံသယတံတိုင်းတွေဖြစ်ပြီး သဘောထားကွဲလွဲ အငြင်းပွားလေ့ ရှိပါတယ် အဲဒီအချိန်မှာပဲ နိုင်ငံခြားအရင်းရှင်နယ်ချဲ့ အင်အားစုတွေဟာ Chaoshan ရဲ့ စီးပွားရေးဈေးကွက်ထဲကို အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ် လူထုကြားထဲက ရယ်မောစရာအမှုအခင်းတွေနဲ့ ပြင်းထန်လှတဲ့ စီးပွားရေးစစ်ပွဲတွေကို ရင်ဆိုင်ရင်းနဲ့မှ Xia သားအဖနှစ်ယောက်ဟာ နိုင်ငံခြားသားတွေရဲ့ နောက်ကွယ်က ခြောက်ခြားစရာ ကြံစည်မှုကြီးကို ရိပ်မိသွားခဲ့ကြပါတယ် ဒါပေမဲ့ မမျှော်လင့်ဘဲ ကောက်ကျစ်တဲ့ ရန်သူတွေရဲ့ အကွက်ချဆင်မှုကြောင့် သမီးဖြစ်သူ Xia Laibi ဟာ လူသတ်မှု မီးရှို့မှုတွေနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ထဲ ရောက်သွားခဲ့ရရှာပါတယ် သမီးလေးကို ကယ်တင်ဖို့အတွက် ဖခင်ဖြစ်သူ Xia Yulai ဟာ တရားခွင်ကြီးထဲကို ရဲရဲဝံ့ဝံ့ ခြေချခဲ့ပြီး လာဘ်စားတဲ့ အရာရှိကြီးတွေနဲ့ ကောက်ကျစ်တဲ့ စီးပွားရေးသမားတွေကို မိမိရဲ့ ပြိုင်ဘက်ကင်း နှုတ်လျှာအစွမ်းနဲ့ ဉာဏ်ပညာချင်းပြိုင် တိုက်ခိုက်ပါတော့တယ် နောက်ဆုံးမှာတော့ သားအဖနှစ်ယောက် Chaoshan ဒေသက မိမိတို့သွေးချင်းပြည်သူတွေအားလုံးကို စနစ်တကျ စည်းရုံးကာ တိုင်းပြည်ကို လုယူမယ့် အပြင်ရန်သူတွေကို ဘယ်လို အပြတ်ရှင်း ထုတ်ပယ်သွားမလဲဆိုတာ..... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/540

တရားခွင်ထက်က မျှတမှု (夏雨来) H*e*y ,H*o*u L*a*i 20*26
တရားခွင်ထက်က မျှတမှု (夏雨来) H*e*y ,H*o*u L*a*i 20*26

L-i-f-e H-a-c-k (2026)

Life Hack (2026) Life Hackဇာတ်ကားဟာ လူငယ်တွေအကြိုက် ဇာတ်လမ်းဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတဲ့Tech-Thriller ရသအပြည့်ရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းကတော့.... အထီးကျန်ဆန်ပြီး ထက်မြက်တဲ့ ကိုင်လ်ဆိုတဲ့ဟက်ကာလူငယ်လေးတစ်ယောက်ရဲ့ အမှောင်ရိပ်ကျနေတဲ့ နေ့ရက်တွေကနေ စတင်ထားပါတယ်။ သူ့အတွက်တော့ နည်းပညာဟာ တစ်ဦးတည်းသော အဖော်ဖြစ်ပြီး၊ လောကကြီးရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို သူကိုယ်တိုင် တီထွင်ဆန်းသစ်ထားတဲ့ "Life Hacks" (ဉာဏ်ဆန်းနည်းလမ်းလေးတွေ) နဲ့ပဲ ဖြတ်ကျော်နေထိုင်ခဲ့သူပါ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုကြောင့် သူဟာ အာဏာရှိသူတွေရဲ့ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုထဲကို ဆွဲသွင်းခြင်းခံလိုက်ရတဲ့အခါ... သူ့ရဲ့ကွန်ပျူတာကီးဘုတ်ထက်က ကမ္ဘာလေးဟာ ရုတ်ချည်း ပျောက်ကွယ်သွားပြီး လက်တွေ့ဘဝရဲ့ စိုးရိမ်ထိတ်လန့်စရာ အန္တရာယ်တွေနဲ့ တိုက်ရိုက်ရင်ဆိုင်ရပါတော့တယ်.....

L-i-f-e H-a-c-k (2026)
L-i-f-e H-a-c-k (2026)

မီရိုင် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက အသောကဘုရင်ကြီးဟာ ကလိင်္ဂစစ်ပွဲရဲ့ သွေးထွက်သံယိုမှုတွေကိုမြင်ပြီး နောင်တရပြီးနောက် သူရဲ့ အစွမ်းသတ္တိအားလုံးကို ပေါင်းစည်းကာ လူသားကို နတ်ဘုရားအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတဲ့ မြင့်မြတ်သော ကျမ်းစာ ၉ အုပ်အဖြစ် လျှိဝှက်သိမ်းဆည်းခဲ့ပါတယ်။ အဲဒီကျမ်းစာတွေကို ကမ္ဘာမြေကို ကာကွယ်ဖိုအတွက် သစ္စာရှိတဲ့ အစောင့်အရှောက်တွေက မျိုးဆက်ပေါင်းများစွာ လျှိဝှက်စောင့်ရှောက်ခဲ့ကြပါတယ်။ လောကကို အမိုက်မှောင်ထဲနစ်မြုပ်စေချင်တဲ့ “ဓားနက်” လို လူသိများတဲ့ မာဟာဘီရ်လာမာဟာ ကျမ်းစာတွေကို သိမ်းပိုက်ဖို ကြိုးပမ်းပါတယ်။ သူဟာ ကျမ်းစာ (၉) အုပ်ထဲက (၈) အုပ်ကို သိမ်းပိုက်ပြီး အစွမ်းထက်လာခဲ့ပေမဲ့ နောက်ဆုံးနှင့် အစွမ်းအထက်ဆုံးဖြစ်တဲ့ အမရာဂရန်ဒါ (မသေခြင်း ကျမ်းစာ) ကိုတော့ မရရှိသေးပါဘူး။ အနာဂတ်ကို မြင်နိုင်စွမ်းရှိတဲ့ ကျမ်းစာအစောင့်အရှောက် မိခင်တစ်ဦးဖြစ်သူအမ်ဘီကာဟာ က မာဟာဘီရ်လာမာဟာရဲ့ လက်မှ ကာကွယ်ဖိုအတွက် ဗစ်ဒါကို လောကဓံရဲ့ ထုထောင်းရိုက်နှက်မှုတွေကြား စိတ်ရောကိုယ်ပါသန်စွမ်းလာစေဖို စွန့်ပစ်ထားခဲ့ပါတယ်။ တစ်နေ့မှာ ဗစ်ဘာဆိုတဲ့ ဆာဒူးမလေးတစ်ဦးက ဗစ်ဒါကို လိုက်ရှာကာ သူ့ရဲ့ စစ်သည်တော် ဖြစ်လာမဲ့ ကံကြမ္မာကို ဖွင့်ဟပြလိုက်ပါတယ်။ ဗစ်ဒါဟာ မာဟာဘီရ်လာမာကို ရင်ဆိုင်ဖိုအတွက် “မီရိုင်” လိုခေါ်တဲ့ ရှေးတုန်းက သခင်ရာမအသုံးပြုခဲ့ဖူးတဲ့ မြင့်မြတ်တဲ့ လက်နက်ကို ရှာဖွေပြီး သူ့ရဲ့ အစွမ်းတွေကို နိုးကြားလာအောင် ကြိုးစားရပါတော့တယ်။ မီရိုင်ဟာ ဇာတ်ကောင်ဗစ်ဒါရဲ့ လမ်းပျောက်နေတဲ့ ဘဝကနေ ကမ္ဘာကြီးကို ကာကွယ်ရမဲ့ စူပါဟီးရိုးတစ်ဦးအဖြစ် ပြောင်းလဲသွားပုံ၊ ဓမ္မနဲ့ အဓမ္မတိုရဲ့ ထာဝရတိုက်ပွဲကို ဒဏ္ဍာရီဆန်ဆန် ဖန်တီးပုံတိုကို ရင်ခုန်ဖွယ်ကောင်းတဲ့ အက်ရှင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရာမာယန ဇာတ်လမ်းထဲက သမ္ပတိငှက်လိုမျိုး ဒဏ္ဍာရီလာ ဇာတ်ကောင်တွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို ဒီလိုမျိုးဇာတ်ကားတွေကို နှစ်သက်သူတွေ အကြိုက်တွေ့စေမှာပါ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/206

မီရိုင်
မီရိုင်

မီးရောင်စုံအောက်က အမဲလိုက်ကွင်းပြင်

မီးရောင်စုံအောက်က အမဲလိုက်ကွင်းပြင် S_u-ns_e-t St-r-i-p K-il-l-e_rs (2-0-2-6) =============================== IMDB ⭐️ 4.3/10 (မီးရောင်စုံအောက်က အမဲလိုက်ကွင်းပြင်) ၈၀ ခုနှစ်တွေရဲ့ ဆန်းဆက်လမ်းမကြီးပေါ်မှာ အောင်မြင်မှုကို မက်မောရင်း လမ်းမှားပေါ် ခြေချမိလိုက်ကြတဲ့ ချစ်သူစုံတွဲတစ်တွဲအကြောင်း ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... အစပိုင်းမှာတော့ သာမန်စုံတွဲတွေလိုပဲ ပျော်ရွှင်ဖို့ကြိုးစားခဲ့ကြပေမဲ့ သူတို့ရဲ့စိတ်ရိုင်းတွေက တဖြည်းဖြည်း ထိန်းမနိုင်သိမ်းမရ ရူးသွပ်လာတဲ့နောက်မှာ...လမ်းမကြီးပေါ်က အပြစ်မဲ့တဲ့လူတွေကို တစ်ယောက်ပြီးတစ်ယောက် သွေးအေး‌အေးနဲ့ သရုပ်ပျက်သတ်ဖြတ်တဲ့ နာမည်ကျော် Serial Killer စုံတွဲတစ်တွဲ ဖြစ်လာခဲ့ပါတော့တယ်... ဒါပေမဲ့ ဘယ်လောက်ပဲ လူမသိအောင်ဖုံးကွယ်ထားပါစေ...အချင်းချင်းကြားထဲက သံသယတွေ၊ လောဘတွေနဲ့ ရူးသွပ်မှုတွေ စုပြုံလာတဲ့အခါမှာတော့ သူတို့စုံတွဲဟာ ပြန်လည်ချောက်ချဖို့အထိကို ရန်ပွဲကအရှိန်မြင့်လာပါတော့တယ်...ဘယ်ဥပဒေကမှ မဖမ်းဆီးနိုင်ခဲ့တဲ့ ဒီသွေးစွန်းတဲ့ကွင်းပြင်ကြီးထဲမှာ သူတို့နှစ်ယောက် ဆက်ပြီးလွတ်မြောက်နေနိုင်ဦးမှာလားဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်နဲ့ပဲ အဖြေထုတ်လိုက်ပါတော့နော်...

မီးရောင်စုံအောက်က အမဲလိုက်ကွင်းပြင်
မီးရောင်စုံအောက်က အမဲလိုက်ကွင်းပြင်

ပင်လယ်အော်မှ သားရဲများ T_h-e B-a-y ( 2-0-2-6 ) IMDB ⭐️ 6.9/10 သူများဒုက္ခရောက်တာ ကြည့်ချင်သူတွေအတွက် Survival ကားကောင်းလေးတစ်ကား ထွက်ရှိထားပါတယ် Rating မြင့်မြင့်ရထားပြီး ငါးမန်းတွေရန်ကနေ ဘယ်လိုအသက်လုပြေးရမလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးပါ အမ်မာနဲ့လာနီတို့ဟာ သူငယ်ချင်းမင်္ဂလာပွဲအတွက် ထိုင်းကိုအလည်ရောက်လာပါတယ် အဲဒီပွဲကနေ ငါးမန်းတွေကို လှေနဲ့လိုက်လံပြပေးတဲ့ မန်ဒယ်ဆိုသူနဲ့ အမ်မာနဲ့ ခင်မင်သွားပါတော့တယ် မန်ဒယ်လည်း မိတ်ဖြစ်ဆွေဖြစ် ငါးမန်းသွားကြည့်ဖို့ အမ်မာတို့ကို ဖိတ်လိုက်ပြီး ဒီလိုနဲ့ လာနီနဲ့အမ်မာလည်း ပင်လယ်အော်ဘက်မှာ ငါးမန်းစာသွားကျွေးပြီး ငါးမန်ကြည့်ဖို့ ထွက်ခွာလာပါတော့တယ် ပင်လယ်အော်ဟာ ငါးမန်းတွေ ဝင်လာပြီး မျိုးဖောက်တာ အစာရှာတာတွေလုပ်တဲ့နေရာဖြစ်လို့ ငါးမန်းအကောင်များနိုင်ခြေရှိတဲ့ နေရာဆိုလည်း မမှားပါဘူး ဒီလို အန္တရာယ်များတဲ့ နေရာမှာ ဘယ်နေရာမှားယွင်းပြီး ဘယ်လိုအပျော်ကနေ အပျက်ဖြစ်သွားမလဲဆိုတာကတော့.... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/531

ပင်လယ်အော်မှ သားရဲများ
ပင်လယ်အော်မှ သားရဲများ

တီရန်ကျယ်နှင့် နဂါးအာဏာစက် (狄仁杰之督龙锏) Detective Dee 2026 Movie ဇာတ်လမ်းအကျဉ်း 📝 မဟာထန်မင်းဆက်ရဲ့ ပြိုင်ဘက်ကင်း စုံထောက်ကြီး တီရန်ကျယ် ဟာ အရှင်ဘုရင်ဖြစ်သူ Gaozong ကိုယ်တိုင် ချီးမြှင့်မြှောက်စားထားတဲ့ ဩဇာအာဏာကြီးမားလှတဲ့ နဂါးအာဏာစက်ဓားကို ကိုင်ဆောင်ထားသူ ဖြစ်ပါတယ် ဒါပေမဲ့ စွမ်းအားကြီးလှတဲ့ ဘုရင်မ ဝူကျယ်ထျန်း ရဲ့ သံသယတံတိုင်းတွေနဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး တစ်ဖက်မှာလည်း တိုင်းပြည်အနှံ့မှာ ကြောက်မက်ဖွယ်ရာ ကပ်ဘေးဆိုးကြီးတွေနဲ့ ထူးဆန်းတဲ့ အမှုခင်းကြီးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့ပါတယ် လော့ရန်မြို့က လောင်းကစားရုံကြီးတွေရဲ့ နောက်ကွယ်က တော်လှန်ပုန်ကန်ဖို့ အကွက်ချကြံစည်မှုတွေ နယ်စပ်ဒေသမှာ လူတွေကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဝံပုလွေလူသားအန္တရာယ်တွေနဲ့အတူ မြို့တော်ချန်အန်းကို ကြောက်လန့်စေမဲ့ ပါရှားရဲ့ မသေနိုင်တဲ့ စစ်တပ်ကြီး စတဲ့ ထူးဆန်းအံ့ဩဖွယ်ရာ အမှုကြီးတွေကို ဖြေရှင်းဖို့ တီရန်ကျယ်တစ်ယောက် စတင်လှုပ်ရှားရပါတော့တယ် သူဟာ ဘုရင်မကြီးနဲ့ အိမ်ရှေ့စံမင်းသားရဲ့နောက်ကွယ်က ကောက်ကျစ်တဲ့ နန်းတွင်းအာဏာစုတွေကြားထဲမှာ အသက်ဘေး အန္တရာယ်တွေ ဝိုင်းဝန်းနေပေမဲ့လည်း မိမိရဲ့ ပြိုင်ဘက်ကင်း ဉာဏ်ပညာတွေကို အသုံးချပြီး သေတွင်းဝင်္ကပါတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ကာ တိုင်းပြည်အပေါ် သစ္စာရှိရှိ ကာကွယ်ခဲ့ပါတယ် တီရန်ကျယ်တစ်ယောက် ထန်မင်းဆက်တစ်ခုလုံးကို ကာကွယ်ဖို့အတွက် ဒီအမှောင်ထုနောက်ကွယ်က ပူးပေါင်းကြံစည်မှုကြီးကို ဘယ်လို အပြတ်ရှင်းမလဲ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1222

တီရန်ကျယ်နှင့် နဂါးအာဏာစက် (狄仁杰之督龙锏) De*te*ct*ive D*ee 2026
တီရန်ကျယ်နှင့် နဂါးအာဏာစက် (狄仁杰之督龙锏) De*te*ct*ive D*ee 2026

အရှေ့နန်းဆောင် The E_as-t P-alac-e (2026) Kingdom Season သစ်ကို ပြန်လာမလာ မသေချာတဲ့"သူမ"ကို မျှော်သလို မျှော်နေကြသူတွေအတွက်.. ဝိညာဉ်လောကထဲကို ကူးသန်းသွားလာနိုင်တဲ့ Ghost-Slayer နဲ့ သေဆုံးသွားတဲ့သူတွေရဲ့အသံကို ကြားနိုင်တဲ့ ကျိန်စာသင့် နန်းတွင်းသူလေး.. နန်းတွင်းထဲက သွေးစွန်းတဲ့ လျှို့ဝှက်ချက်တွေကို သရဲတစ္ဆေတွေနဲ့အတူ ရင်တထိတ်ထိတ်နဲ့ ဖော်ထုတ်နိုင်မဲ့.. တော်ဝင်နန်းတော်ရဲ့ အရှေ့နန်းဆောင်ဆီကနေ အမှောင်မိုက်ဆုံး ချောက်ချားဖွယ်ရာ ခံစားချက်အပြည့်နဲ့ နန်းတွင်းသရဲကား အသစ်.. Kingdom ထက် ပိုပြီး ဆန်းသစ်သွားတဲ့အချက်ကတော့ ဒီစီးရီးမှာ သာမန်နန်းတွင်းတိုက်ပွဲတွေတင် မဟုတ်ဘဲ တမလွန်နဲ့ လူ့လောကကြားက ဝင်္ကပါထဲမှာ ဝိညာဉ်တွေ၊ နန်းတွင်းလုပ်ကြံမှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ Twenty Five Twenty One နဲ့ အားလုံးရဲ့ အသည်းကို လှလှပပကြီး ခွဲခဲ့တဲ့ မင်းသား Nam Joo Hyuk ရဲ့ အမိုက်စား comeback drama.. ထူးဆန်းပြီး သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တော်ဝင်နန်းတွင်းထဲက မကောင်းဆိုးဝါး အမှောင်ထုကို စုံစမ်းဖို့အတွက် ဘုရင်ရဲ့ လျှို့ဝှက်အမိန့်နဲ့ စုစည်းမိသွားတဲ့ ဝိညာဉ်လောကထဲ ကူးသန်းနိုင်တဲ့ မာနခဲ Ghost-Slayer 'Gu Cheon' နဲ့ သေဆုံးသွားတဲ့ ဝိညာဉ်တွေရဲ့အသံကို ကြားနိုင်တဲ့ ကျိန်စာသင့် နန်းတွင်းသူလေး 'Saeng Gang' တို့ရဲ့ လျှို့ဝှက်ဆန်းကြယ် စွန့်စားခန်းကို ထူးဆန်းပြားစွာ မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Nam Joo Hyuk၊ မင်းသမီး Roh Yoon Seo၊ ဝါရင့်မင်းသားကြီး Cho Seung Woo နဲ့အတူ တခြား ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။ တော်ဝင်နန်းတော်ရဲ့ နောက်ကွယ်က ပင့်ကူအိမ်လို ရှုပ်ထွေးနေတဲ့ အမှောင်လောကရဲ့ သစ္စာဖောက်မှုတွေနဲ့ ကောက်ကျစ်တဲ့ ပူးပေါင်းကြံစည်မှုတွေကို တစ်ဆင့်ချင်းစီ ခြေရာခံ အမှုန့်ခြေပစ်မဲ့ ဇာတ်အိမ်မျိုးမို့ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ သွေးဆူချင်သူတွေအတွက်တော့ အကြိုက်တွေ့စေမဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လှည့်ကွက်တွေနဲ့ ခြောက်ခြားဖွယ်ရာ အက်ရှင် Feel အပြည့်အဝကို ပေးစွမ်းမဲ့ ဒီစီးရီးကို Netflix မှာ အပိုင်း ၈ ပိုင်းနဲ့ တစ်ခါတည်း အပြီးကြည့်ရှုနိုင်မှာ ဖြစ်တာကြောင့် မိုးမိုးအေးနဲ့ TGIF လေးမှာ အရှေ့နန်းတော်ရဲ့ လျှို့ဝှက်ဆန်းကြယ် ကွင်းပြင်ကြီးထဲကို အတူတူ ဝင်ရောက်စီးမျောလိုက်ဖို့ ဖိတ်ခေါ်လိုက်ချင်ပါတယ်နော်။ ဇာတ်ကားလင့်ခ်👇👇👇 https://t.me/burmasubmov/3447