uk
Feedback
Bioscope Vibes

Bioscope Vibes

Закритий канал

Well

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Bioscope Vibes

Канал Bioscope Vibes є активним учасником. На даний момент спільнота об'єднує 15 519 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 15 519 підписників.

За останніми даними від 29 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 611, а за останні 24 години на 54, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 4.95%. Протягом перших 24 годин після публікації контент зазвичай збирає 1.68% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 769 переглядів. Протягом першої доби публікація в середньому набирає 261 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 1.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Well”

Завдяки високій частоті оновлень (останні дані отримано 30 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

15 519
Підписники
+5424 години
+2957 днів
+61130 днів
Архів дописів
အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး

အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး S_c-a-r_e O-u_t (2026) =================== IMDB ⭐️ 5.4/10 "အနီးဆုံးရန်သူက အနက်ဆုံးဓားချက်ကို ထိုးနိုင်တာတဲ့" Action Thriller နဲ့ Spy ကား အကြမ်းစားတွေ မျှော်နေတဲ့ ဘော်ဒါတို့အတွက် အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး "Scare Out"ကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားကတော့ တခြားသူမဟုတ်ဘူး၊ Hero တို့၊ The Great Wall တို့ကို ရိုက်ခဲ့တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး Zhang Yimou ရဲ့ လက်ရာအသစ်စက်စက်ပါ။ မင်းသားတွေကလည်း ပရိသတ်အချစ်တော် Jackson Yee နဲ့ Zhu Yilong တို့ အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးတွေကလည်း Song Jia , Yang Mi နဲ့ Liu Shi Shi ဆိုတော့ cast နဲ့တင် တော်တော်တန်နေပါပြီ ဇာတ်လမ်းက ဘယ်ကစလဲဆိုတော့... တရုတ်နိုင်ငံရဲ့ လျှို့ဝှက်အဆင့်ရှိတဲ့ ဆဌမမျိုးဆက် တိုက်လေယာဉ် နည်းပညာတွေနဲ့ ပတ်သက်တဲ့ အရေးကြီး သတင်းအချက်အလက်တွေ နိုင်ငံပြင်ပကို ပေါက်ကြားသွားရာကနေ စပါတယ်။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ အမျိုးသားလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ပါတော့တယ်။ ဒါပေမဲ့ ပြဿနာက တရားခံကို ဖမ်းဖို့ စစ်ဆင်ရေးလုပ်တိုင်း တစ်ဖက်က ကြိုသိနေပြီး အဖမ်းအဆီးတွေ ဆက်တိုက် ကျရှုံးနေတာပါပဲ။ ဒီလိုနဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကျောက်ဟုန် တစ်ယောက် အမှန်တရားတစ်ခုကို ရိပ်မိသွားပါတယ်။ အဲဒါကတော့ သူတို့အဖွဲ့ထဲမှာတင် သတင်းတွေ ခိုးပေးနေတဲ့ "သစ္စာဖောက်" တစ်ယောက် ရှိနေတယ်ဆိုတာပါပဲ။ သံသယ အဝင်ခံရဆုံးကတော့ အဖွဲ့ရဲ့ အတော်ဆုံး အေးဂျင့်တွေဖြစ်တဲ့ ရန်တိနဲ့ ဟွမ်ခိုင်တို့ နှစ်ယောက်ပါ။ ဒါကိုစုံစမ်းဖို့ ကျောက်ဟုန်ကိုပဲ တာဝန်ပေးလာတဲ့အပြင် ရန်တိနဲ့ဟွမ်ခိုင်ဆိုတာ သူ့အတွက် မောင်တွေလို လုပ်ဖော်ကိုင်ဖက်လို ရင်းနှီးခဲ့သူတွေ ဖြစ်နေတဲ့အခါ… High-tech နည်းပညာတွေ၊ Drone တွေ၊ CCTV တွေနဲ့ အမဲလိုက်သလို လိုက်ရှာကြမယ့်အပြင်၊ သေနတ်နဲ့ ဘတစ်ပြန်ကျားတစ်ပြန် ချတာထက် ဉာဏ်စမ်းပြီး အကွက်ချ ချကြတဲ့ Psychological War မျိုး သွားထားတာပါ။ "Infernal Affairs" လိုမျိုး သူလျှိုကားတွေ ကြိုက်တဲ့သူတွေ၊ Cat-and-Mouse လိုက်တမ်းပြေးတမ်း Thriller Vibe မျိုးကို ခိုက်တဲ့သူတွေဆိုရင် သဘောကျမယ့် ကားလေးပါပဲ။ ယုံကြည်မှုတွေ၊ သံယောဇဉ်တွေနဲ့ သစ္စာဖောက်မှုတွေကြားထဲက အသံတိတ်တိုက်ပွဲကြီးမှာ ဘယ်သူက တကယ့် "သစ္စာဖောက်" လဲဆိုတာကတော့...

အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး
အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ တရုတ် သူလျှိုအက်ရှင်ကားသစ်ကြီး

ကျမ်းစာရူးကွင်းဆက်လူသတ်သမား H_a-y-a_g-r_r-i_v-a (2-0-2-6) IMDb ⭐️ 8.6 /10 "ဒဏ္ဍာရီတွေကို ရူးသွပ်တဲ့သူတစ်ယောက် ခေတ်မီဆေးပညာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ... ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်နေမလဲ?" ဘင်္ဂါလူရူမြို့ထဲ အမျိုးသမီးရဲမင်းကြီးအသစ်တက်တော့ သတင်းစာရှင်းလင်းပွဲမှာ "ဘုရားဥပဒေဖောက်ရင်တောင် ဖမ်းမယ်"လို့ ပြောမိတာကြောင့် မြို့တော်ကြီးထဲမှာ အကြောင်းရင်းမရှိဘဲ ထူးဆန်းလွန်းတဲ့ ဒဏ္ဍာရီထဲကသတ္တဝါပုံစံ လူသေမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပြီး တစ်မြို့လုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတော့တယ် ဒီဆန်းကြယ်တဲ့ လူသတ်မှုတွေကို ဖော်ထုတ်ဖို့ တာဝန်ကျလာသူကတော့ ထက်မြက်လွန်းတဲ့ ရဲအရာရှိကြီး အာဂျွန် ဟာယာဂရီဗာပဲ ဖြစ်ပါတယ်။ အာဂျွန် တစ်ယောက် အချိန်နဲ့အမျှ အကွက်စိပ်စိပ်နဲ့ လူသတ်သမားကို လိုက်လံဖမ်းဆီးနေရချိန်မှာ... တစ်ဖက်မှာလည်း အဆင်မပြေနေတဲ့သူ့ရဲ့ အိမ်ထောင်ရေး အကျပ်အတည်းကိုပါ အသည်းအသန် ကယ်တင်ဖို့ ကြိုးစားနေရပါတယ် အာဂျွန်တစ်ယောက် တစ်မြို့လုံးကို ကမောက်ကမဖြစ်စေတဲ့ တရားခံကို ဖမ်းဆီးနိုင်မလား တရားခံကရော ဘယ်လိုအရာကို ပြချင်လို့ ဒီလိုတွေလုပ်နေရတာလဲ စသဖြင့် မေးခွန်းတွေနဲ့ ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီဗျာ... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/771

ကျမ်းစာရူးကွင်းဆက်လူသတ်သမား
ကျမ်းစာရူးကွင်းဆက်လူသတ်သမား

Cocote Tonggo (2025) ဒီတစ်ခါမှာတော့ အင်ဒိုနီးရှားရုပ်ရှင်လောကရဲ့ လူမှုရေးဆိုင်ရာ ဖိအားတွေနဲ့ လူ့သဘာဝကို ပုံဖော်ထားတဲ့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Cocote Tonggo" ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားက လူမှုအသိုင်းအဝိုင်းရဲ့ ချုပ်ကိုင်မှု၊ အိမ်နီးချင်းတွေရဲ့ အတင်းအဖျင်းစကားတွေနဲ့ ဖိအားပေးမှုတွေကို အခြေခံထားတာဖြစ်ပြီး အင်ဒိုနီးရှားတို့ရဲ့ ရိုးရာယဉ်ကျေးမှုအရ အိမ်နီးချင်းအချင်းချင်း ဂရုစိုက်သယောင်နဲ့ တစ်ဖက်လူရဲ့ လွတ်လပ်ခွင့်ကို ဘယ်လိုမျိုး နင်းချေတတ်ကြသလဲဆိုတာကို ပီပီပြင်ပြင် ရိုက်ပြထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ မိသားစုရဲ့ ရိုးရာဆေးဖက်ဝင် ဂျယ်မူဂျိုဂျိုလုပ်ငန်းကို ဆက်ခံထားတဲ့ လူကီနဲ့ မူနီဆိုတဲ့ လင်မယားနှစ်ယောက်အကြောင်းကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ သူတို့ရဲ့ ဆေးဆိုင်ရဲ့သားသမီးရစေတဲ့ဆေးက နာမည်ကြီးပြီး အောင်မြင်နေပေမယ့် သူတို့ရဲ့ ကလေးမရနိုင်သေးတဲ့ ပြဿနာကတော့ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။ ဒီပြဿနာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ အိမ်နီးချင်းတွေက စပ်စုတာ၊ နောက်ကွယ်ကနေ အတင်းအဖျင်း ပြောဆိုတာတွေနဲ့ အမြဲလိုလို ဖိအားပေးနေကြပါတယ်။ အထူးသဖြင့် ကလေးမရနိုင်တဲ့အပေါ်မှာ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို တိုင်းတာသလိုမျိုး ပုံဖော်ပြောဆိုကြတဲ့အတွက် လူကီနဲ့ မူနီတို့ဟာ စိတ်ပိုင်းဆိုင်ရာအရ အလွန်အမင်း ဖိစီးမှုတွေကို ခံစားလာရပါတယ်။ သူတို့ကိုယ်တိုင်က တခြားသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆေးဖက်ဝင် အရည်တွေကို ဖော်စပ်ရောင်းချပေးနေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာတော့ ပျော်ရွှင်မှုမရှိတဲ့ ထောင်ချောက်ထဲ ရောက်နေသလိုပါပဲ။ ဒီဇာတ်ကားဟာဆိုရင် အိမ်နီးချင်းတွေရဲ့ "Cocote" (အတင်းစကားများ) ကြောင့် လူတစ်ယောက်ရဲ့ဘဝ ဘယ်လောက်အထိ ပျက်စီးနိုင်သလဲဆိုတာကို သရော်ထားတဲ့ လူမှုရေးရုပ်ရှင်ကား ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လူ့အဖွဲ့အစည်းက ဘယ်လိုမျိုး အဆိပ်သင့်စေသလဲဆိုတာကို မြင်တွေ့ရမှာမို့လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/49

C-o-c-o-t-e T-o-n-g-g-o (2025)
C-o-c-o-t-e T-o-n-g-g-o (2025)

T*o*m C*l*a"n*c*y's J*a*c*k R*y*a*n: G*h#o*s*t W*a*r (20*26)

Tom Clancy's Jack Ryan: Ghost War (2026) IMDB (7/10) ဟောလိဝုဒ်မင်းသားကြီး ဂျွန်ခရာစင်စကီး (John Krasinski) ရဲ့ နာမည်ကျော် စပိုင်ဇာတ်ကောင်ကြီး ဂျက်ခ်ရိုင်ယန် (Jack Ryan) ရုပ်ရှင်ကားကြီးအနေနဲ့ တစ်ကျော့ပြန် ပွဲကြမ်းဖို့ ပြန်လည်ရောက်ရှိလာပါပြီ နာမည်ကြီး Jack Ryan စီးရီးရဲ့ နောက်ဆက်တွဲ (Spin-off Film) ဖြစ်သော်လည်း အရင်စီးရီးတွေ မကြည့်ဖူးထားရင်တောင် အပိတ်အဆို့မရှိ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုနိုင်မယ့် အလန်းစား Spy / Action ရုပ်ရှင်ကားကြီး ဖြစ်ပါတယ် ဇာတ်လမ်းနောက်ခံအကြောင်းအရင်းလေးကို နည်းနည်းပြန်ကောက်ရရင်တော့ ဂျက်ခ်ရိုင်ယန်ဟာ အရင်က မရိန်းတပ်သားဟောင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ CIA ရဲ့ စာရွက်စာတမ်းခွဲခြမ်းစိတ်ဖြာတဲ့ ရုံးထိုင်ဝန်ထမ်း (Analyst) တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ရဲ့ ထက်မြက်လွန်းတဲ့ ဉာဏ်ပညာနဲ့ စွမ်းရည်တွေကြောင့် ရုံးခန်းထဲကနေ ကွင်းဆင်းပြီး ကမ္ဘာတစ်လွှားက အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးပူးပေါင်းကြံစည်မှုတွေကို လိုက်လံနှိမ်နင်းရတဲ့ ထိပ်တန်းစပိုင်ကြီး ဖြစ်လာခဲ့ပါတယ် အန္တရာယ်များလှတဲ့ တာဝန်တွေကို ထမ်းဆောင်ပြီးနောက် စီဇင် (၄) မှာတော့ သူဟာ CIA ကနေ တရားဝင် အနားယူသွားခဲ့ပါတယ် အခု "Ghost War" ရုပ်ရှင်အသစ်မှာတော့ ဂျက်ခ်ဟာ စပိုင်လောကကို ကျောခိုင်းပြီး ရိုးရိုးရှင်းရှင်း သာမန်အရပ်သား ဘဝလေးကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာ ဖြစ်ပါတယ် သို့သော်လည်း သူ၏ ဆရာဟောင်းဖြစ်သူ CIA ဒုတိယညွှန်ကြားရေးမှူး ဂျိမ်းစ်ဂရီယာ (James Greer) က ဒူဘိုင်းမြို့မှာရှိတဲ့ အရေးကြီးကိစ္စတစ်ခုအတွက် လာရောက်အကူအညီတောင်းခံရာကနေ အေးချမ်းတဲ့ဘဝကြီး ပျက်ပြားသွားပါတော့တယ် ရိုးရိုးရှင်းရှင်း သွားရောက်ဖြေရှင်းရမည့် ကိစ္စဖြစ်သော်လည်း သူတို့နဲ့ ဆက်သွယ်ရမယ့် သတင်းပေးသူဟာ ဂျက်ခ်တို့ ရှေ့မှောက်မှာတင် ကောက်ကျစ်စွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတာကြောင့် ကိစ္စက အကြီးအကျယ် ပေါက်ကွဲသွားပါတော့တယ် ထိုအခြေအနေကြောင့် ဂျက်ခ်လည်း မတတ်သာဘဲ သွေးစွန်းနေတဲ့ စပိုင်လောကထဲကို ဒုတိယအကြိမ် ပြန်လည်ခြေစုံပစ် ဝင်ရောက်ခဲ့ရပါတော့တယ် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း မိုက်ခ်နိုဝင်ဘာ (Mike November) အပြင် အခုကားမှာ အသစ်စက်စက် ပါဝင်လာတဲ့ ထက်မြက်လွန်းတဲ့ MI6 အေးဂျင့်မလေး အမ်မာမားလိုး (Sienna Miller) တို့နဲ့ ပူးပေါင်းပြီး ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အကြမ်းဖက်ကွန်ရက်တွေကို ပြန်လည်အသက်သွင်းကာ ကမ္ဘာ့စစ်ပွဲကြီးဖြစ်အောင် ဆွဲဖန်တီးနေတဲ့ လျှို့ဝှက်အမှောင်ဂိုဏ်းကြီးတစ်ခုကို အချိန်မီ လိုက်လံတားဆီး နှိမ်နင်းရမယ့် တာဝန်ကြီး ကျရောက်လာတဲ့အခါမှာတော့ ၁ နာရီနဲ့ ၄၅ မိနစ်ခန့် ကြာမြင့်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ အပိုင်းလိုက်သွားတဲ့ စီးရီးတွေလို မဟုတ်ဘဲ ရုပ်ရှင်တစ်ကားတည်းနဲ့ အဆုံးသတ်ထားတာကြောင့် ဇာတ်အသွားအလာ တော်တော်လေး စည်းချက်မြန်မြန်နဲ့ ရင်ခုန်စရာ ကောင်းလှပါတယ် မြို့ပြတွေကြား ကားလိုက်တိုက်တဲ့ အခန်းတွေ၊ အဆောက်အအုံပေါ်က အကြမ်းစား သေနတ်ပစ်ခတ်မှုတွေ အပြည့်အဝပါဝင်ပြီး အက်ရှင်ပိုင်းကို သေသပ်လှပစွာ ဦးစားပေး ပုံဖော်ထားတာ တွေ့ရပါတယ် ဂျက်ခ်ရိုင်ယန်ရဲ့ ပရိသတ်တွေအတွက်တော့ ဂျွန်ခရာစင်စကီး၊ မိုက်ခ်နဲ့ ဂရီယာ တို့ ဝါရင့် (၃) ယောက်ရဲ့ အချိတ်အဆက်မိမိ တွဲဖက်ညီညီ ပွဲကြမ်းပြတာကို မြင်တွေ့ရမှာဖြစ်လို့ စပိုင်အက်ရှင်ကား ကောင်းကောင်းကြိုက်သူများ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်ဗျာ

T*o*m C*l*a"n*c*y's J*a*c*k R*y*a*n: G*h#o*s*t W*a*r (20*26) IMDB (7/10)
T*o*m C*l*a"n*c*y's J*a*c*k R*y*a*n: G*h#o*s*t W*a*r (20*26) IMDB (7/10)

Dilanjutkan Salah Disudahi Perih (2025) ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကမှ ထွက်ရှိထားတဲ့ အင်ဒိုနီးရှား Rom-Com (အချစ်ဟာသ) နဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်တဲ့ "Dilanjutkan Salah Disudahi Perih" (ဆက်သွားရင်လည်း မှား၊ ရပ်လိုက်ရင်လည်း နာ) ဆိုတဲ့ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Mikha Tambayong၊ Kevin Ardilova၊ Ibrahim Risyad နဲ့ Tissa Biani တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အိမ်ထောင်ရေး အရှုပ်အထွေးလေးကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမလို ငိုရမလို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက Alfa နဲ့ Darian ဆိုတဲ့ လူငယ်ဇနီးမောင်နှံနှစ်ယောက်ကနေ စတင်ထားပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်တော့ ချစ်ကြပေမယ့်၊ အိမ်ထောင်သည်ဘဝမှာ အတ္တတွေ ကြီးလာပြီး ပြဿနာပေါင်းစုံ တက်ကြပါတယ်။ နောက်ဆုံးမှာတော့ Darian က စိတ်လိုက်မာန်ပါနဲ့ "Talak 3" (အစ္စလာမ်ဘာသာရေးအရ အပြတ်အသတ် ကွာရှင်းခြင်း) လို့ ပြောပြီး ကွာရှင်းလိုက်ကြပါတော့တယ်။ တကယ်တမ်း ကွာရှင်းပြီးသွားတဲ့အခါမှ နှစ်ယောက်လုံးက နောင်တရပြီး ပြန်ပေါင်းချင်လာကြပါတယ်။ နှစ်ဖက်မိသားစုတွေကလည်း သူတို့ကို ပြန်အဆင်ပြေစေချင်ကြပါတယ်။ ဒါပေမဲ့ ပြဿနာက "Talak 3" နဲ့ ပြတ်စဲထားတာဖြစ်လို့ ဘာသာရေးစည်းမျဉ်းအရ သူတို့နှစ်ယောက် ချက်ချင်း ပြန်လက်ထပ်လို့ မရတော့ပါဘူး။ စည်းမျဉ်းအရဆိုရင် ဇနီးဖြစ်သူ Alfa ဟာ တခြားယောကျ်ားတစ်ယောက်နဲ့ အရင်လက်ထပ်ပြီးမှ၊ အဲဒီယောကျ်ားနဲ့ ပြန်ကွာရှင်းမှသာ ခင်ပွန်းဟောင်း Darian နဲ့ ပြန်ပေါင်းလို့ရမယ့် ခေါင်းခဲစရာ အခြေအနေ ဆိုက်သွားပါတယ်။ ဒီလိုနဲ့ ပြန်ပေါင်းဖို့အရေး Zainun ဆိုတဲ့ အမျိုးသားတစ်ယောက်က Alfa ရဲ့ "ယာယီခင်ပွန်း" အဖြစ် ရောက်လာပါတယ်။ ယာယီဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ဇာတ်လမ်းက စိတ်ကူးထားသလို လွယ်မနေပါဘူး။ Darian တစ်ယောက် သူ့ရဲ့ ဇနီးဟောင်းကို တခြားတစ်ယောက်နဲ့ အတူရှိနေတာ မြင်ရတဲ့အခါ အရမ်းကို သဝန်တိုပြီး ဝင်ပါလွန်းတာကြောင့် ပြဿနာတွေက ပိုရှုပ်ကုန်ပါတယ်။ တစ်ချိန်တည်းမှာပဲ Darian ရဲ့ အနီးအနားကို Intan ဆိုတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပြန်တော့ သူတို့ရဲ့ ပြန်လည်ပေါင်းထုတ်ရေး ခရီးစဉ်က ပိုပြီး ကမောက်ကမတွေ ဖြစ်လာပါတော့တယ်။ဒီကားက ဒေါသအလျောက် စကားလွန်မိရင် နောက်ကနေ လိုက်ရှင်းရတဲ့ ပြဿနာတွေက ဘယ်လောက်တောင် ခေါင်းကိုက်စရာ ကောင်းလဲဆိုတာကို သရော်တဲ့ပုံစံလေးနဲ့ ရိုက်ပြထားတာပါ။ ရယ်စရာ အခန်းတွေ ပါသလို၊ ကိုယ့်ရဲ့ အတ္တကြောင့် ဆုံးရှုံးသွားတဲ့ အချစ်ကို ပြန်ရဖို့ ဘယ်လောက်ထိ ရုန်းကန်ရမလဲဆိုတဲ့ ရင်ထဲထိစရာ အခန်းတွေလည်း ပါဝင်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဒေါသကို ရှေ့တန်းမတင်ဘဲ သေချာ စဉ်းစားဆုံးဖြတ်ဖို့ ပညာပေးထားတဲ့ ကားလေးဖြစ်လို့ ရယ်မောရင်း၊ ရင်ခုန်ရင်း ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားအဖြစ် ညွှန်းပေးလိုက်ပါတယ်နော်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/764

D-i-l-a-n-j-u-t-k-a-n S-a-l-a-h D-i-s-u-d-a-h-i P-e-r-i-h (2025)
D-i-l-a-n-j-u-t-k-a-n S-a-l-a-h D-i-s-u-d-a-h-i P-e-r-i-h (2025)

မိုင်းတွင်းထဲမှ သတ္တဝါဆိုးများ

မိုင်းတွင်းထဲမှ သတ္တဝါဆိုးများ O_m-u_k-a_d-e (2-0-2-6) IMDB ⭐️ 6.1/10 "လူအချင်းချင်း သတ်နေတာ အားမရလို့ မြေအောက်က မိစ္ဆာကြီးကပါ ပွဲထဲဝင်ကြိတ်တဲ့အခါ..." ရိုးရိုးသရဲကားတွေ ကြည့်ရတာ ရိုးအီနေပြီဆိုတဲ့ ဘော်ဒါတို့အတွက် အသည်းယားစရာ Thai Body Horror ကားကြမ်းကြမ်းလေး တစ်ကား ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ဗျာ။ အချစ်တော် မြန်မာမင်းသားဒေါင်းကိုယ်တိုင် ပါဝင်ထားတာဖြစ်လို့ မြန်မာပရိသတ်တွေ အမျှော်ကင့်ကြီးတွေ မျှော်လင့်ထားကြတဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနိုင်ငံက ကျိန်စာသင့်နေတဲ့ သတ္တုတွင်းဟောင်းကြီးတစ်ခုထဲမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဂျပန်စစ်သားတွေနဲ့ သူတို့ဖမ်းလာတဲ့ သုံ့ပန်းတွေ အဲဒီမြေအောက်လှိုဏ်ဂူထဲမှာ အတူတူ ပိတ်မိသွားရာကနေ အကုန်လုံး ဂွမ်းကြတော့တာပါပဲ။ စစ်ရေးတင်းမာမှုတွေကြား အချင်းချင်း အသေအကျေ သတ်ဖို့လုပ်နေတုန်း... အမှောင်ထဲက ရှေးဟောင်းမိစ္ဆာကြီးပါ နိုးလာတဲ့အခါ... အကောင်ကြီးကလည်း သာမန်မဟုတ်ဘဲ မြင်တာနဲ့ ကြက်သီးထစရာ ဆိုတော့ ကြည့်ရင်းနဲ့ ရင်တမမ ဖြစ်ရမှာပါ။ အချင်းချင်းပဲ ဆက်သတ်မလား၊ အကောင်ကြီးရန်ကနေ လွတ်အောင် ခေတ္တပဲဖြစ်ဖြစ် ပူးပေါင်းပြေးကြမလား ဆိုတာကို သွေးသံရဲရဲနဲ့ ရှုစားရမယ့် Survival Horror ကားကောင်းလေးမို့ အခုပဲ ပြေးဒေါင်းလိုက်ကြပါတော့ဗျာ။

မိုင်းတွင်းထဲမှ သတ္တဝါဆိုးများ
မိုင်းတွင်းထဲမှ သတ္တဝါဆိုးများ

All Shades of Temptation (2026) IMDb Rating (3.6) ၁၈၅၃ ခုနှစ်မှာ ယူကရိန်းလူမျိုးတွေဟာ ကမ္ဘာ့ပထမဆုံး ရေနံဆီမီးအိမ် ကို တီထွင်ပြီး ဥရောပတစ်ခွင်လုံးကို အလင်းရောင် ပေးခဲ့ကြပါတယ်။ တီထွင်သူ ဂျိုဟန်ဇေးဟာ သူရဲ့ တီထွင်မှုကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပေမဲ့ အဲ့ဒီမှတ်တမ်းစာချုပ်ကို ဘယ်တုန်းကမှ ပြန်ရှာမတွေ့ခဲ့ကြပါဘူး။ ၁၈၉၇ လမ်းဘတ်မြို့မှာတော့ အာမီလီယာ ခရိုင်ရှက်ဗ်စကာ-ဇက်ဟာ ဟန်းနီးမွန်းခရီးစဉ်ပြီးဆုံးတဲ့နောက်မှာ သူကြီးပြင်းခဲ့တဲ့ မိသားစုပိုင်စံအိမ်ကြီးဆီကို ခင်ပွန်းသည် စိတ်ရောဂါကုဆရာဝန်တိုမတ်စ်နဲ့အတူပြန်ရောက်လာခဲ့ကြပါတယ်။ သူ့မှာ အနာဂတ်အတွက် မျှော်လင့်ချက်တွေအပြည့်နဲ့ ကိုယ်ပိုင်ဆေးဆိုင်တစ်ခုဖွင့်ဖို့အိမ်မက်လည်းမက်ထားသူပါ။ ဒါပေမယ့်လည်းရောက်ရောက်ချင်းည တစ်အိမ်လုံးဧည့်သည်တွေအပြည့်ရှိနေချိန်မှာပဲ မတော်တဆမှုတစ်ခုနဲ့အတူ ပွဲပျက်သွားခဲ့ပါတယ်။ အဲ့ဒါဟာ အစပျိုးမှုတစ်ခုသာဖြစ်နေခဲ့ပြီး သူ့ရဲ့ငယ်ဘ၀စံအိမ်ကြီးဟာ မာယာများတဲ့ ထောင်ချောက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သလို၊ ချောက်ခြားစရာ၊ မထင်မှတ်စရာလှည့်ကွက်တွေ၊ ဖောက်ပြန်မှုတွေဆီကိုဦးတည်သွားဖို့ဖြစ်လာပါတော့တယ်။ ဖြစ်ရပ်မှန်ကို တိုက်ရိုက်အခြေခံထားတာမဟုတ်ပေမယ့် သမိုင်းနောက်ခံအမှန်တွေကို အခြေခံဖန်တီးထားတဲ့ Historical Fiction အမျိုးအစားဖြစ်ပါတယ်။ Romance/Thriller ဇာတ်လမ်းသွားကိုမှ Gothic ပုံစံနဲ့တင်ဆက်ထားတာဖြစ်ပြီး အရှေ့ဆလပ်ဗ် သားတွေရဲ့ထူးခြားတဲ့ Visual Storytelling ကိုတွေ့မြင်ရှုစားကြရမှာပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/759

A-l-l-S-h-a-d-e-s-o-f-T-e-m-p-t-a-t-i-o-n-2026 IMDb Rating (3.6)
A-l-l-S-h-a-d-e-s-o-f-T-e-m-p-t-a-t-i-o-n-2026 IMDb Rating (3.6)

ကျိန်စာဆိုးကြားက အသက်လုစစ်ပွဲ

ကျိန်စာဆိုးကြားက အသက်လုစစ်ပွဲ S_a-t_a-n: T-h-e D-a-r-k (2-0-2-6) IMDB ⭐️ 5.7/10 ဒီဇာတ်ကားကို ဒါရိုက်တာ Manikandan Ramalingam က ရိုက်ကူးထားပြီး၊ မင်းသား Fredrick John (FJ) နဲ့ မင်းသမီး Ayraa Palak တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Supernatural Horror/Thriller ရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယကို အင်္ဂလိပ်တွေ အုပ်စိုးစဉ်အချိန်တုန်းက အက်စ်တီနာပူရမ်ဆိုတဲ့ ရွာလေးမှာ မှော်ပညာ အောက်လမ်းနည်းတွေနဲ့ ပြုလုပ်ခဲ့တဲ့ စုန်းကဝေထုံးတမ်းစဉ်လာပွဲတစ်ခုဟာ ကွဲလွဲပျက်စီးသွားခဲ့ရာကနေ ကြောက်မက်ဖွယ်ရာ မှောင်မိုက်တဲ့ မိစ္ဆာကျိန်စာတစ်ခု စတင်ခဲ့ပါတယ်။ အဲဒီကျိန်စာကြောင့်ပဲ ရွာလေးဟာ တခြားရွာတွေရဲ့ ဖယ်ကျဉ်ခြင်းကိုခံခဲ့ရတာလည်း အခုအချိန်ထိပဲ ဖြစ်ပါတယ်။ မာစလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာ အလီရှာနဲ့ အိုင်းရင်းလို့ခေါ်တဲ့ သမီးနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ မာစလင်းဟာ သူ့စိတ်ထဲမှာ အသံတစ်သံကို ကြားနေရာက အဲဒီအသံရဲ့ ခိုင်းစေမှုတွေကို လိုက်လုပ်လို့နေမိနေပါတော့တယ်။ ဒါကို မာစလင်းဟာ ရူးနေတယ်ဆိုပြီးတော့ လူတွေက ပြောဆိုခဲ့ကြပါတယ်။ မာစလင်းရဲ့ခေါင်းထဲမှာရှိတဲ့အသံဟာလည်း မာစလင်းကို မကောင်းတာတွေပဲ ဆက်တိုက်လုပ်ခိုင်းနေပြီး မာစလင်းဟာလည်း ဒီအသံကို မလွန်ဆန်နိုင်ဖြစ်နေရပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်းပိုဆိုးလာတဲ့အချိန်မှာ လူတိုင်းက အရူးလို့ခေါ်ပြီး ကြောက်ရွံ့နေတဲ့ အမေဖြစ်သူကို အလီရှာတစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ကူညီကယ်တင်ပေးသွားမလဲ ...... အလီရှာကိုမှ တိတ်တခိုးချစ်မိနေတဲ့ ဆာဂါဆိုတဲ့ကောင်လေးကရော မလီရှာတို့ မိသားစုအရှုပ်တော်ပုံထဲမှာ ဘယ်လို ပါဝင်သွားမလဲ ........ မာစလင်းတို့မိသားစုရဲ့ အမှောင်ထုစွမ်းအင်တွေနဲ့ ခြောက်လှန့်လာတဲ့အချိန်မှာတော့ ဆာဂါတစ်ယောက် သူချစ်တဲ့ မိန်းကလေးရဲ့ မိသားစုကို ဘယ်လို ကာကွယ်ပြီး ရင်ဆိုင်ဖြေရှင်းပေးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ကျိန်စာဆိုးကြားက အသက်လုစစ်ပွဲ
ကျိန်စာဆိုးကြားက အသက်လုစစ်ပွဲ