uk
Feedback
Bioscope Vibes

Bioscope Vibes

Закритий канал

Well

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Bioscope Vibes

Канал Bioscope Vibes є активним учасником. На даний момент спільнота об'єднує 15 519 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 15 519 підписників.

За останніми даними від 29 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 611, а за останні 24 години на 54, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 4.95%. Протягом перших 24 годин після публікації контент зазвичай збирає 1.68% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 769 переглядів. Протягом першої доби публікація в середньому набирає 261 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 1.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Well”

Завдяки високій частоті оновлень (останні дані отримано 30 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

15 519
Підписники
+5424 години
+2957 днів
+61130 днів
Архів дописів
D-R-A-G-N (2025)
D-R-A-G-N (2025)

အကျဉ်းထောင်ထဲမှ ငိုရှိက်သံ King Kaew (2-0-2-6) “ငါ ဘာအပြစ်မှ မလုပ်ခဲ့ဘူး…” ထိုင်းသရဲကားဆို အကြမ်းစားမှ ခိုက်တဲ့ ဘော်ဒါတို့အတွက် ကျောထဲစိမ့်သွားစေမယ့် ကလဲ့စားချေ Revenge Horror ကားသစ်ကြီး လာပြီဗျာ။ ကင်ကဲဝိုဆိုတာ စိတ်ကျန်းမာရေးမကောင်းတဲ့ နွမ်းပါးအားနွဲ့တဲ့ မိန်းမသားတစ်ယောက်။ ဒါပေမဲ့ တိုင်းသိပြည်သိ ကလေးသူငယ်ပြန်ပေးဆွဲ လူသတ်မှုကြီးမှာ တရားခံအဖြစ် မတရားစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတယ်။ ကင်ကဲဝိုတစ်ယောက် သူမလုပ်ကြောင်း အထပ်ထပ်ပြောခဲ့ပေမဲ့ အမှန်တရားကို ဘယ်သူမှ နားမထောင်ပေးခဲ့တဲ့အခါ… သေဆုံးသွားတဲ့ ကင်းကယောက်ရဲ့ ဝိညာဉ်က အငြိုးတွေနဲ့ ပြန်ထလာပါတော့တယ်။ “ငါ အပြစ်မလုပ်ခဲ့ဘူး” ဆိုတဲ့ အက်ကွဲကွဲ ညည်းတွားသံကြီးနဲ့အတူ ထောင်ထဲက အလိုတူအလိုပါတွေ အကုန်လုံး ရူးသွပ်သေဆုံးကုန်ကြသလို၊ ကင်ကဲဝိုရဲ့ ရည်းစားဟောင်း ဟမ်နဲ့ သူ့ဇနီးသစ် မီတို့ဆီကိုပါ ကျိန်စာက ကူးစက်လာတဲ့အခါ… ဘယ်သူတွေက နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာလဲ။ မတရားလုပ်ခဲ့တဲ့သူတွေကို သွေးသံရဲရဲနဲ့ ဘယ်လို အမဲလိုက် ကလဲ့စားချေသွားမလဲဆိုတာ ရင်တမမ ကြည့်ရမယ့်ကားပါ။ ပုံမှန် ထိုင်းသရဲကားတွေလိုပဲ Jump Scare တွေ၊ သွေးပျက်စရာ အငွေ့အသက်တွေနဲ့မို့ အသည်းငယ်ရင်တော့ ဘေးနား အဖော်တစ်ယောက်ယောက်ခေါ်ပြီးမှသာ ကြည့်ဖို့ Recommend ပေးတယ်နော် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/345

အကျဉ်းထောင်ထဲမှ ငိုရှိက်သံ
အကျဉ်းထောင်ထဲမှ ငိုရှိက်သံ

ဘယ်တော့မှ မမေ့ဘူး A Special Memory (2026) ဒီရုပ်ရှင်ဇာတ်ကားဟာ ကိုရီးယားနာမည်ကြီးရုပ်ရှင်ကား "A Moment to Remember" နဲ့ ဂျပန်ဒရာမာ "Pure Soul" တို့ကို ပြန်လည်ဆန်းသစ်ပြီး ဖိလစ်ပိုင်နိုင်ငံကနေပြန်လည်ရိုက်ကူးထားတဲ့ ရိုမန့်တစ် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။ မင်းသား ကာလို အာကီနို (Carlo Aquino) နဲ့ မင်းသမီး ဘီလာ ပါဒီလာ (Bela Padilla) တို့ရဲ့ အတွဲညီညီ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို ရှုစားကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နှလုံးသားဒဏ်ရာတွေနဲ့ ဖက်ရှင်ဒီဇိုင်နာမလေး ဆန်ဒရာနဲ့ ရိုးသားအေးဆေးတဲ့ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးလေး ဒင်ဒိုတို့ တွေ့ဆုံပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြရာက စတင်ပါတယ်။ သူတို့နှစ်ယောက်ဟာ နှစ်ကိုယ်တူ ဘဝတစ်ခုကို လှလှပပ တည်ဆောက်ပြီးခါမှ မထင်မှတ်ဘဲ ဆန်ဒရာမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အယ်လ်ဇိုင်းမား (ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှု) ရောဂါ ခံစားနေရမှန်း သိလိုက်ရပါတယ်။ သူမရဲ့ အမှတ်တရတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့အခါ ချစ်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်လို့ ဆန်ဒရာတစ်ယောက် ဘာအကြောင်းပြချက်မှမပေးဘဲ ဒင်ဒိုကို ထားခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒင်ဒိုကတော့ အချစ်စစ်နဲ့ သစ္စာတရားကို အရင်းတည်ပြီး ဆန်ဒရာ့နားမှာပဲ အမြဲရှိနေပေးခဲ့ပါတယ်။ သူမ ဘယ်နှစ်ကြိမ်ပဲ မေ့သွားပါစေ... ဒင်ဒိုကတော့ သူ ဘယ်သူလဲဆိုတာကို စိတ်ရှည်လက်ရှည်နဲ့ အသစ်ကနေ ပြန်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ "ဦးနှောက်က မေ့သွားရင်တောင်... နှလုံးသားက ဆက်မှတ်မိနေတယ်" ဆိုတဲ့ ခံစားချက်မျိုးကို ကြည့်ရှုသူတိုင်း မျက်ရည်ကျအောင် ခံစားရမှာပါ။ ကာလိုနဲ့ ဘီလာတို့ရဲ့ သရုပ်ဆောင်မှုက တကယ်ကို ရင်ထဲထိလွန်းလို့ အချစ်စစ်ကို ရှာဖွေနေသူတွေ၊ ဒရာမာကား ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1025

ဘယ်တော့မှ မမေ့ဘူး
ဘယ်တော့မှ မမေ့ဘူး

K*a*f*i*r: T*h*e S*p*i**r*it G*a*t*e (2026)

Kafir: The Spirit Gate (2026) IMDb Rating (7.9) Kafir: The Spirit Gate (2026) ဇာတ်ကားကတော့ ၂၀၁၈ တုန်းက ပရိသတ်တွေ အတော်လေး အကြိုက်တွေ့ခဲ့တဲ့ အင်ဒိုနီးရှား ထိတ်လန့်စရာ အောက်လမ်းကား Kafir: Bersekutu dengan Setan ရဲ့ အဆက်အနေနဲ့ ထွက်လာတဲ့ ဇာတ်ကားသစ်လေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောပြရရင်... လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ဟာမန်ဆိုတဲ့ အမျိုးသားတစ်ယောက် အောက်လမ်းပညာကြောင့် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဇနီးဖြစ်သူ သီရိက သူ့သမီး ဒီနာ၊ သားဖြစ်သူ အန်ဒီတို့နဲ့အတူ ဘဝသစ်ကို အေးအေးချမ်းချမ်း ပြန်စဖို့ ကြိုးစားနေခဲ့ပါတယ်။ အန်ဒီကလည်း ရာနီဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်တောင် ကျနေပြီပေါ့။ တစ်ရက်ကျတော့ သီရိရဲ့အဖေဆီကနေ အမေအရမ်း နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းဆိုး ရောက်လာပါတယ်။ အဲဒါနဲ့ သီရိတို့ မိသားစုလည်း အမေရှိရာကို သွားကြည့်ကြရင်းနဲ့ ဝိညာဉ်တံခါး (Gerbang Sukma) ပွင့်သွားပြီး မထင်မှတ်ထားတဲ့ အနိဋ္ဌာရုံတွေ စတင်လာပါတော့တယ်။ တကယ်တော့ သီရိ တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တဲ့ အတိတ်က အပြစ်တွေက အခုချိန်မှာ သူ့မိသားစု တစ်ခုလုံးကို ဒုက္ခပေးဖို့ ပြန်ပေါ်လာတာပါ။ သီရိတို့ မိသားစု ဒီတစ်ခါရော ကြောက်စရာကောင်းတဲ့ အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား... အတိတ်က သူတို့ ဘယ်လို အပြစ်တွေ လုပ်ခဲ့တာလဲ... ဆိုတာကို ရင်တမမနဲ့ ဆက်ကြည့်ရမယ့် ဇာတ်ကားလေးပါ။ အရင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Azhar Kinoi Lubis ကပဲ ပြန်ရိုက်ကူးပေးထားတာမို့ အင်ဒိုနီးရှား ကျေးလက်အငွေ့အသက်တွေ၊ အောက်လမ်းပညာတွေနဲ့ ကြက်သီးထစရာ အကွက်တွေ အများကြီး ပါလာဦးမှာပါ။ သရဲကား၊ အောက်လမ်းကားတွေ ကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

K*a*f*i*r: T*h*e S*p*i**r*it G*a*t*e (2026)
K*a*f*i*r: T*h*e S*p*i**r*it G*a*t*e (2026)

တောနက်ထဲက ဝါးမြိုခြင်း [၂၀၂၆] Hungry (2026) အကောင်ကြီးတွေပါတဲ့ Survival Horror လို့ဆိုလိုက်တာနဲ့ အမြဲတမ်း မိကျောင်းနဲ့ ငါးမန်းတွေပဲ ကြည့်နေရတာကို ငြီးငွေ့နေပြီမလား။ ဒီကားထဲမှာတော့ မြင်ဖူးသမျှ ရေမြင်းတွေထဲမှာ အကြမ်းဆုံးနဲ့ အညှိုးအတေးအကြီးဆုံး ရေမြင်းကြီးကို တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ အမေရိကန် လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ သဘာဝအတိုင်း မိကျောင်းကြည့်ဖို့ လှေစီးထွက်ရင်း လမ်းပျောက်ပြီး "ရေမြင်းဆိုးကြီး" တစ်ကောင်ရဲ့ အမဲလိုက်ခြင်းကို ခံရတဲ့ ကမ္ဘာလှည့်ခရီးသည် တစ်စုအကြောင်း ရိုက်ကူးထားတာပါ။ မျက်စိနောက်စရာ ကွန်ပျူတာ (CGI)effect တွေ သိပ်မသုံးဘဲ တကယ့်ရုပ်လုံးရုပ်ထွက် (Practical Effects) တွေနဲ့ ရိုက်ထားလို့ ပိုပြီး သဘာဝကျကျ သွေးပျက်ဖို့ကောင်းပါတယ်။ Survival Horror ပရိသတ်တွေအတွက်တော့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ပါပဲ၊ အသက်ရှူမှားလောက်မယ့် ဧရာမရေမြင်းဆိုးကြီးရဲ့ ရန်ကနေ သူတို့ ဘယ်လိုလွတ်အောင်ပြေးကြမလဲ... အားလုံး အသက်ရှင်လျက်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/338

တောနက်ထဲက ဝါးမြိုခြင်း [၂၀၂၆]
တောနက်ထဲက ဝါးမြိုခြင်း [၂၀၂၆]

အမှောင်လောကသို့ တဖန်ခြေချခြင်း (重出江湖) They Call Him OG 2026 Movie တချိန်က ဟောင်ကောင်ဂိုဏ်းလောကရဲ့ ဂန္ထဝင်လက်ရုံးဖြစ်ခဲ့တဲ့ Zhang Jialeဟာ ထောင်ကထွက်လာပြီး Shek O ကမ်းခြေမှာ ဘဝသစ်စတင်ဖို့ ကြိုးစားပေမဲ့ မြေအောက်လောကကို တဖန်ခြေပြန်ချရဖို့ ဖြစ်လာတဲ့အခါ..... ဇာတ်လမ်းအကျဉ်း 📝 အတိတ်တုန်းက ဟောင်ကောင်မြေအောက်လောကရဲ့ အတိုက်ခိုက်နိုင်ဆုံး အရဲရင့်ဆုံး ဂန္ထဝင်တိုက်ခိုက်ရေးသမား Double Flower Red Pole အဖြစ် နာမည်ကျော်ခဲ့တဲ့ Zhang Jiale ဟာ တစ်နေ့မှာတော့ ဂိုဏ်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပုန်ကန်မှုကို လိုက်လံနှိမ်နင်းရင်း မတော်တဆ အမှားအယွင်းတစ်ခုကြောင့် သူ့ရဲ့ အသက်ထက်ချစ်ရတဲ့ ချစ်သူမိန်းကလေး Gigi ကို သေဆုံးသွားစေခဲ့မိပါတယ် အဲဒီအမှားကြောင့် သူဟာ ကြေကွဲစွာနဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ထဲမှာ (၈) နှစ်တိုင်တိုင် နောင်တမျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရပါတယ် ထောင်ကလွတ်လာတဲ့အခါမှာတော့ သူဟာ အမှောင်လောကကနေ လုံးဝဥဿုံ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဆိတ်ငြိမ်လှတဲ့ Shek O ကမ်းခြေကလေးမှာ ဘားသေးသေးလေးတစ်ခုဖွင့်ကာ အေးချမ်းပြီး ဖြူစင်လှတဲ့ မိန်းကလေး Jie He နဲ့ ဆုံတွေ့ပြီး ဘဝကို အသစ်က ပြန်စဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ သူကတော့ ငြိမ်းချမ်းချင်ပေမဲ့ မြေအောက်လောက ကတော့ သူ့ကို အလွတ်မပေးခဲ့ပါဘူး သူတို့ဂိုဏ်းရဲ့ ဩဇာကြီးမားလှတဲ့ ဂိုဏ်းချုပ်ကြီး Rong Ge ဟာ သူကိုယ်တိုင် မွေးစားထားတဲ့ သားအရင်းလို ဖြစ်တဲ့ ယုတ်မာရက်စက်သူ Huoshan ရဲ့ နောက်ကျောကနေ ဓားနဲ့ထိုးတာကိုခံလိုက်ရပြီး မြေအောက်လောကမှာ ဒုတိယအကြိမ်မြောက် သွေးချောင်းစီးမယ့် လက်စားချေမှုတွေနဲ့ အာဏာလုပွဲ တွေ တဟုန်ထိုး ပြန်လည်ပေါက်ကွဲလာခဲ့ပါတော့တယ် Zhang Jiale တစ်ယောက် လက်ရှိအေးချမ်းနေတဲ့ဘ၀လေးကနေ သွေးစွန်းနေတဲ့မြေအောက် အမှောင်လောကထဲကို တဖန်ခြေချပြီး ဘယ်လိုပွဲကြမ်းပြဦးမလဲဆိုတာ .... နောက်ဆုံးထွက် အက်ရှင်ကားကြီးကို SoulKingdom မှာ ကြည့်ရှုအား‌ပေးလို့ရနေပါပြီ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1018

အမှောင်လောကသို တဖန်ခြေချခြင်း (1080p) (重出江湖) Th*ey C*a*ll H"im O"G 20*26
အမှောင်လောကသို တဖန်ခြေချခြင်း (1080p) (重出江湖) Th*ey C*a*ll H"im O"G 20*26

ဟွမ်ချွမ်းရွာလေးမှ ဖြစ်ရပ်ဆန်း (史诡记之黄泉村) Shigui Ji: Hu*an*g*qu*an Vi*ll*age 20*26

ဟွမ်ချွမ်းရွာလေးမှ ဖြစ်ရပ်ဆန်း (史诡记之黄泉村) Shigui Ji: Huangquan Village 2026 Movie🛖🌊☠️ ဇာတ်လမ်းအကျဉ်း 📝 နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ Wang Jianchuang ဟာ ဇာတ်လမ်းအသစ်အတွက် အိုင်ဒီယာရှာဖွေရင်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေတဲ့ လျှို့ဝှက်ဆန်းကြယ် ရွာပျက်ကြီးတစ်ခုဆီကို ညဘက်ကြီး အမှောင်ထုကြားထဲ အရောက်သွားခဲ့ပါတယ် အဲဒီရွာပျက်ကြီးထဲမှာ တစ်ရွာလုံး လူတစ်ယောက်မှ မရှိတော့ဘဲ ဒီရှေးဟောင်းရွာကြီးကို ဆယ်စုနှစ်ချီ တစ်ကိုယ်တော် အထီးကျန်စွာ စောင့်ရှောက်နေတဲ့အဖွားအိုတစ်ဦးနဲ့ မမျှော်လင့်ဘဲ ထိပ်တိုက် ဆုံတွေ့ခဲ့ရပါတယ် အဲဒီအဖွားအိုရဲ့ အပြောကနေတစ်ဆင့် အတိတ်တုန်းက လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘဇောကြောင့် ရွာလုံးကျွတ် သွေးမြေကျ ပျက်စီးသွားခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ သမိုင်းဆိုးကြီးစတင် ပေါ်ထွက်လာခဲ့ပါတော့တယ် အတိတ်ကာလတုန်းက အောက်တန်းကျပြီး လူမဆန်တဲ့ လူယုတ်မာ Hu Rencheng ဟာ ရွာရဲ့ ရတနာဖြစ်တဲ့ ရွှေထွက်တဲ့တွင်းကို အပိုင်စီးချင်တဲ့ လောဘကြောင့် မိမိအပေါ် ကျေးဇူးကြီးမားလှတဲ့ ကျေးဇူးရှင် မိဘဆရာသမားတွေကို အဆိပ်ခတ်သတ်ဖြတ်ခဲ့ပါတယ် အဲ့အပြင် အပြစ်မဲ့တဲ့ ကောင်မလေးတစ်ဦးကို မတရားကျင့်ခဲ့ပြီး အမှုမှန်မပေါ်စေချင်တာကြောင့် မိန်းကလေးကို ရေကန်ထဲကို နစ်မြှုပ်ကာ အစိမ်းသေအဖြစ် ရက်ရက်စက်စက် နှုတ်ပိတ်သတ်ဖြတ်ခဲ့ပါတယ် ဤကဲ့သို့ ယုတ်မာရိုင်းစိုင်းမှုတွေ အထွတ်အထိပ် ရောက်နေတဲ့ Hu Rencheng ကို နောက်ဆုံးမှာတော့ သူ့ရဲ့ အကြီးအကဲနောင်တော်ကြီး ဖြစ်တဲ့ De Shu က မိမိရဲ့ အသက်ဝိညာဉ်ကို စတေးပြီးတော့ လောကမြေပြင်ပေါ်ကနေ အပြတ်အသတ် ရှင်းလင်း သုတ်သင်ပစ်ခဲ့ပါတော့တယ် နောင်တော်ကြီး De Shu ဟာ ယုတ်မာသူတွေရဲ့ သွေးကြောင့် ညစ်ညမ်းသွားတဲ့ ကန်ရေပြင်ကို ပြန်လည်သန့်စင်ဖို့အတွက် မိမိရဲ့ ခန္ဓာကိုယ်နဲ့ပဲ စိမ့်စမ်းရေတွင်းဝကို ပိတ်ဆို့စတေးခဲ့တာကြောင့် ကန်ရေပြင်ကြီးဟာ ဒုတိယအကြိမ် ပြန်လည်ကြည်လင် သန့်ရှင်းသွားခဲ့ပါတော့တယ် ဒီကြောက်စရာကောင်းလှတဲ့ ဇာတ်လမ်းကြီးကို ဒါရိုက်တာကို ပြန်ပြောပြနေတဲ့ အဖွားအိုကြီးဟာ တကယ်တော့ အခြားသူမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီမြေပြင်ကို အသက်ထက်ဆုံး ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ သစ္စာဆိုခဲ့တဲ့ နောင်တော်ကြီး De Shu ရဲ့ အငယ်ဆုံး တပည့်မလေးပင် ဖြစ်နေခဲ့ပါတော့တယ် ကောင်းမှုလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းမှုလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့အတိုင်း သူမဟာ အသက်ကြီးရင့်သည်အထိ ဒီရွာကလေးကို မပြောင်းမလဲဘဲ ဆက်လက် စောင့်ရှောက်နေဆဲဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်

ဟွမ်ချွမ်းရွာလေးမှ ဖြစ်ရပ်ဆန်း (史诡记之黄泉村) Shigui Ji: Hu*an*g*qu*an Vi*ll*age 20*26
ဟွမ်ချွမ်းရွာလေးမှ ဖြစ်ရပ်ဆန်း (史诡记之黄泉村) Shigui Ji: Hu*an*g*qu*an Vi*ll*age 20*26

ပါရမီရှင် သော့ဖွင့်သမား [၂၀၂၆] ရုံတင်ကားကြီး Tuner (2026) IMDb Rating (7.5) / Rotten Tomatoes (94%) ဒါရိုက်တာ Daniel Roher ရိုက်ကူးပြီး မင်းသားချော Leo Woodall နဲ့ ဝါရင့်မင်းသားကြီး Dustin Hoffman တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ် ။ Rotten Tomatoes မှာလည်း Rating 94% အထိ ရရှိထားလို့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နီကီ (Niki)က နားအကြားအာရုံ အလွန်အမင်း ထက်မြက်လွန်းတဲ့ ဝေဒနာ (Hyperacusis) ခံစားနေရတဲ့ စန္ဒရားတီးပါရမီရှင်လူငယ်လေးတစ်ဦးပါ ။ သူဟာ ပတ်ဝန်းကျင်က ဆူညံသံတွေကို မခံနိုင်လို့ နားကြပ်အမြဲတပ်ထားရပြီး သူ့ဆရာကြီး ဟယ်ရီ (Harry) နဲ့အတူ စန္ဒရားတွေကို အသံညှိပေးတဲ့အလုပ် လုပ်နေသူပါ။ ဒါပေမဲ့ သူ့ရဲ့ ဒီထူးခြားတဲ့ အကြားအာရုံဟာ မီးခံသေတ္တာတွေရဲ့ စက်သွားလှည့်သံတွေကိုပါ အသေးစိတ် ကြားနိုင်နေမှန်း သိသွားတဲ့အခါမှာတော့...။ ဒီပါရမီကြောင့်ပဲ သူဟာ ဒုစရိုက်လောကရဲ့ မီးခံသေတ္တာဖောက်တဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်လာပြီး အန္တရာယ်များတဲ့ ရာဇဝတ်မှုတွေထဲ ကျွံဝင်သွားပါတော့တယ်။ သာမန် ဓားပြတိုက်၊ ဘဏ်ဖောက်ဇာတ်လမ်းတွေနဲ့မတူဘဲ "အသံ" ကို အခြေခံပြီး ရင်တထိတ်ထိတ်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်အိမ်မျိုးပါ။ မင်းသားနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကလည်း တကယ့်ကို အပေးအယူမျှလွန်းလို့ ကြည့်ရတာ တကယ်ကို အသက်ဝင်လှပါတယ်။ နီကီတစ်ယောက် ဒုစရိုက်လောကထဲကနေ ဘယ်လိုရုန်းထွက်မလဲ... ဘယ်လို အကျိုးဆက်တွေနဲ့ ကြုံလာရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/331

ပါရမီရှင် သော့ဖွင့်သမား [၂၀၂၆] ရုံတင်ကားကြီး
ပါရမီရှင် သော့ဖွင့်သမား [၂၀၂၆] ရုံတင်ကားကြီး

Still Sexy (2026) IMDb Rating (4.1) Amazon Prime Video ကနေ ထွက်ရှိထားတဲ့ အီတလီအချစ်ဟာသ ရုပ်ရှင်အသစ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Pensati Sexy ရုပ်ရှင်ရဲ့ အဆက်ပါ။ မက်ဒါလီနာ ဟာ လွန်ခဲ့တဲ့ သုံးနှစ်က သူမရဲ့ တစ်ကိုယ်ရည်ဆွဲဆောင်မှုတွေကို လမ်းညွှန်ပြသပေးခဲ့တဲ့ "စိတ်ဝိညာဉ်လမ်းပြတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက် ဘဝမှာ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ သူမဟာ အခုဆိုရင် အချစ်ရေးရော Career မှာပါ အားလုံးပြီးပြည့်စုံနေပြီလို့ ထင်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ ဒီလမ်းပြဖြစ်သူ ဗလင်တီးနားတစ်ကျော့ပြန် ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာတဲ့အခါ မက်ဒါလီနာ့ရဲ့ တည်ငြိမ်မှုတွေ တစ်စစီ ပြိုကွဲပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတော့တယ်။ လက်ရှိချစ်သူ ဗန်နီနဲ့ အဆင်ပြေနေပေမဲ့ 'ဘရူနိုဆိုတဲ့ အမျိုးသားတစ်ယောက် ထပ်မံရောက်ရှိလာတဲ့အခါမှာတော့ လောကမှာ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်ဆိုတာ တကယ်ပဲ ရှိရဲ့လား ဆိုတာကို မက်ဒါလီနာတစ်ယောက် သံသယတွေဝင်ပြီး စိတ်ကူးသစ်၊ အမြင်သစ်တွေနဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ရွေးချယ်တတ်ဖို့ ကြိုးစားရပုံကို ရိုက်ကူးထားတဲ့ ရိုမန်တစ်ဟာသကား ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1011

S-t-i-l-l S-e-x-y (2026)
S-t-i-l-l S-e-x-y (2026)

Hana Korea (aka) Leaving North Korea (2026) ** IMDb Rating (7.0) ဒီတစ်ခေါက်မှာတော့ မြောက်ကိုးရီးယားကနေ တောင်ကိုးရီးယားကို ထွက်ပြေးခိုလှုံလာသူ မိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Typhoon Family ထဲက မင်းသမီး Kim Min-Ha , Squid Game ထဲက မင်းသမီးကြီး Kim Joo-Ryoung နဲ့ မင်းသမီးလေး An Seo-Hyun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ် - ဇာတ်လမ်းအကျဉ်း - မြောက်ကိုးရီးယားမှာ မွေးဖွားကြီးပြင်းခဲ့ပြီး တရုတ်နိုင်ငံမှာ ခိုလှုံခဲ့ပြီးနောက် တောင်ကိုးရီးယားကို ရောက်ရှိလာတဲ့ ၂၁ နှစ်အရွယ် မိန်းကလေး ဂျိုဟယ်ဆွန်း(Kim Min-Ha) ဟာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ဖြတ်ကျော်ပြီးနောက်မှာ ဒုက္ခသည်တွေအတွက် ပြန်လည် နေရာချထားရေးစင်တာဖြစ်တဲ့ "ဟာနာဝန်း"ဆီကို ရောက်ရှိလာခဲ့ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/326