uk
Feedback
Bioscope Vibes

Bioscope Vibes

Закритий канал

Well

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Bioscope Vibes

Канал Bioscope Vibes є активним учасником. На даний момент спільнота об'єднує 15 371 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 15 371 підписників.

За останніми даними від 26 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 784, а за останні 24 години на 5, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.07%. Протягом перших 24 годин після публікації контент зазвичай збирає 1.59% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 933 переглядів. Протягом першої доби публікація в середньому набирає 244 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 1.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“Well”

Завдяки високій частоті оновлень (останні дані отримано 27 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

15 371
Підписники
+524 години
+1337 днів
+78430 днів
Архів дописів
ရက်ကီ R_a-k_k-y (2-0-2-6) Kannada ======================== IMDB ⭐️ 8.6/10 Salaar လို Kannada Underworld Action ကားကြမ်းကြမ်းတွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ထွက် အက်ရှင်နဲ့ နိုင်ငံရေးလုပ်ကြံမှုတွေကို အခြေခံထားတဲ့ အကြမ်းစားဇာတ်ကားသစ်လေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာ ဇာတ်လိုက်မင်းသားအဖြစ် Rakky Suresh က ခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Ashika Somashekar၊ အပြင် Sampath Maithreya နဲ့ B. Suresha တိုက အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအစမှာ ရွေးကောက်ပွဲနီးလာလို နိုင်ငံရေးလောကမှာ အာဏာလုပွဲတွေ၊ ငွေကြေးသုံးစွဲမှုတွေနဲ့ ရှုပ်ထွေးနေချိန်... တစ်ဖက်မှာလည်း ဒန်နီဒွန်ဦးဆောင်တဲ့ မြေအောက်ရာဇဝတ်ဂိုဏ်းကြီးတစ်ခု ရှိနေပါတယ်။ ဒန်နီဟာ သူ့ဂိုဏ်းသားတွေကို အလုပ်ပြီးမြောက်မှုအပေါ်မူတည်ပြီး အဆင့်သတ်မှတ်ပေးလေ့ရှိသူပါ။ အဲဒီဂိုဏ်းထဲကမှ အတော်ဆုံးနဲ့ အကြမ်းဆုံး လူသတ်သမားနှစ်ယောက်ကတော့ ဂါနက်ရှာနဲ့ ကျွန်တော်တိုရဲ့ ဇာတ်လိုက်ကျော် ရက်ကီတို့ပါပဲ။ သူတိုနှစ်ယောက်ဟာ ဂိုဏ်းရဲ့ အကြီးမားဆုံး လုပ်ကြံမှုတွေကို တာဝန်ယူရသူတွေဖြစ်ပြီး တစ်နေ့မှာတော့ ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးသမား ဗီဗက်နဲ့ သူ့ရဲ့ဇနီး ဆူမာတို့ကို လုပ်ကြံဖို တာဝန်ပေးခံရပါတော့တယ်။ ဒီလိုနဲ့ ကီလိုမီတာ ရာနဲ့ချီဝေးတဲ့ ခရီးကိုဖြတ်ပြီး ပစ်မှတ်ဆီသွားရာ လမ်းတစ်လျှောက်မှာ အက်ရှင်ခန်းတွေကို အကြမ်းပတမ်း မြင်တွေ့ရမှာပါ။ ဒါပေမဲ့ ဒီလုပ်ကြံမှုခရီးစဉ်ဟာ သူတိုထင်သလို ရိုးရှင်းမနေခဲ့ပါဘူး။ ပစ်မှတ်နား နီးကပ်လာလေလေ... ရက်ကီရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်တွေ၊ သစ္စာဖောက်မှုတွေနဲ့ လျှိဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်လာလေလေ ဖြစ်လာတဲ့အခါ... ရက်ကီတစ်ယောက် ဒီလုပ်ကြံမှုကို အောင်မြင်အောင် လုပ်နိုင်မလား၊ အတိတ်က အရိပ်မည်းတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဇာတ်လမ်းအစ ပေါ့ပေါ့ပါးပါးသွားထားရာကနေ ရုတ်တရက် စကားနဲ့ရှင်းမနေဘဲ သေနတ်၊ ဓား၊ လက်သီးတွေနဲ့ သွေးသံရဲရဲ ကြမ်းပြမဲ့ Kannada Action Crime Thriller ဇာတ်ကားကောင်းလေးမို လက်မလွတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/3774947924/913

ရက်ကီ
ရက်ကီ

"အမှုတွဲ ၁၇၄"

အမှုတွဲ ၁၇၄ U_n-m_a-d_h-a_m (2-0-2-6) ======================= IMDB ⭐️ 6.3/10 "အမှန်တရားကို လိုက်ရှာရင်း ကိုယ့်ဖြစ်တည်မှုပါ ပျောက်ဆုံးလာတဲ့အခါ..." Malayalam Thriller ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်တွေအတွက် အခုပဲ ပူပူနွေးနွေး OTT ထွက်လာတဲ့ အသစ်စက်စက် Psychological Crime Thriller ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ မလေယာလမ်ပရိသတ်တွေရဲ့ အချစ်တော် Kunchacko Boban နဲ့ Lijomol Jose တိုက အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ရဲအလုပ်ကို သိပ်စိတ်မဝင်စားဘဲ ဇာတ်ညွှန်းရေးဆရာဖြစ်ချင်တဲ့ ရဲတပ်သား ရှယ်လီဆီကနေ စတင်ပါတယ်။ သူ့ရဲ့ အိပ်မက်နောက်ကိုလိုက်ဖို အလုပ်ကနေ ခွင့်ယူခဲ့ပေမဲ့ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် မတတ်သာဘဲ ရဲယူနီဖောင်းကို ပြန်ဝတ်ရပါတော့တယ်။ အလုပ်ပြန်ဝင်ဝင်ချင်းမှာပဲ အမှားတစ်ခုလုပ်မိလို ခေါင်ခိုက်နေတဲ့ နယ်စွန်နားဖျားက ရဲစခန်းလေးတစ်ခုဆီ အပြောင်းခံလိုက်ရပါရော။ အဲဒီစခန်းမှာ တာဝန်ကျနေတုန်း... ဘယ်သူမှ ကိုင်တွယ်ဖို မရဲတဲ့၊ နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ သေဆုံးမှုဖိုင်ဟောင်းကြီးကို သူက သွားတွေ့ပြီး အမှုပြန်ဖော်ဖို ဆုံးဖြတ်လိုက်ပါတယ်။ သူက ဒီအမှုကို ဖြေရှင်းနိုင်ရင် မြို့ကို ပြန်ပြောင်းခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရယ် ဒီအမှုကို ဇာတ်ညွှန်းရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒီအမှုကတော့ အမှုတွဲ ၁၇၄ ပါ။ ဒါပေမဲ့ ဒီအမှုက သာမန်မှုခင်းတစ်ခု မဟုတ်ခဲ့ပါဘူး။ အမှုကို လိုက်လေလေ... ရှယ်လီရဲ့ ခေါင်းထဲမှာ ခြောက်ခြားစရာ အိပ်မက်ဆိုးတွေ၊ မြင်ကွင်းတွေ မြင်လာရလေ ဖြစ်လာတဲ့အခါ... သူစုံစမ်းနေတဲ့ အရာတွေက တကယ်ပဲ တစ္ဆေသရဲတွေရဲ့ လက်ချက်လား၊ ဒါမှမဟုတ် သူရေးနေတဲ့ ဇာတ်ညွှန်းနဲ့ လက်တွေ့ဘဝ ကြားက မျဉ်းပါးပါးလေး ပျောက်ဆုံးပြီး သူ့စိတ်တွေပဲ ဖောက်ပြန်လာတာလားဆိုတာကတော့... Police Procedural Drama ပုံစံကိုမှ Supernatural နဲ့ Psychological Vibe တွေပါ ရောမွှေထားတာမိုလို အစအဆုံး ရင်တမမနဲ့ ကိုယ်တိုင်ပါ စုံထောက်ဝင်လုပ်ရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

အမှုတွဲ ၁၇၄
အမှုတွဲ ၁၇၄

Ga*n*dh*a*ri (2026) Genre: Action, Thriller, Revenge Netflix ကနေ အသစ်စက်စက် ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယ အက်ရှင် သည်းထိတ်ရင်ဖို ဇာတ်ကားသစ်ကြီး "Gandhari" ကို ပြန်လည်ရေးသား ညွှန်းဆိုပေးလိုက်ပါတယ်။ ဒီကားမှာတော့ မိခင်တစ်ယောက်ရဲ့ သမီးဇော၊ နာကျင်မှုနဲ့ ဒေါသတွေကို အကြမ်းတမ်းဆုံး အက်ရှင်ပြကွက်တွေနဲ့အတူ ရင်တမမ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ 'ဘာနီ' နဲ့ 'ဂိုကူးလ်' တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ သမီးလေး 'မစ်ရှ်တီ' နဲ့အတူ ရထားစီးပြီး ခရီးထွက်လာရာကနေ စတင်ပါတယ်။ ဘူတာရုံ တစ်ခုမှာ ရထားခဏရပ်တုန်း ခင်ပွန်းဖြစ်သူက အပြင်ထွက်ပြီး မုန့်သွားဝယ်နေချိန်... ဘာနီ တစ်ယောက် သမီးလေးကို ခေါ်ပြီး ရထားအိမ်သာဘက်ကို သွားခဲ့ပါတယ်။ ဒါပေမဲ့ မျက်စိတစ်မှိတ်စာ အာရုံလွဲသွားတဲ့ အချိန်လေးမှာပဲ သမီးလေး ရုတ်တရက် ပျောက်သွားပါတော့တယ်။ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့မှ အမျိုးသမီး တစ်ယောက်က သမီးလေးကို ပွေ့ချီပြီး လှေကားပေါ်က ပြေးဆင်းသွားတာကို မြင်လိုက်ရပါတယ်။ ဒါကြောင့် ဘာနီ လည်း ရထားပေါ်ကနေ ချက်ချင်း ခုန်ဆင်းပြီး အသည်းအသန် လိုက်ဖမ်းချိန်မှာတော့... လူဆိုးတွေက သူမရဲ့ ခေါင်းကို သံချောင်းနဲ့ အပြင်းအထန် ရိုက်ချလိုက်တာကြောင့် သတိလစ် မေ့မြောသွားခဲ့ပါတယ်။ သတိပြန်ရလာချိန်မှာတော့ သမီးလေးဟာ လုံးဝ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ ဖြစ်သလို... ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် ဘာနီ ရဲ့ မျက်စိနှစ်ဖက်စလုံးဟာလည်း ယာယီ ကွယ်သွားခဲ့ရပါတယ်။ ဆရာဝန်တွေက မျက်လုံးကို အဝတ်စည်းပြီး အနားယူဖို့ တင်းတင်းကျပ်ကျပ် မှာကြားခဲ့ပေမဲ့... သမီးဇော ကပ်နေတဲ့ မိခင်တစ်ယောက်ရဲ့ မခံချင်စိတ်ကိုတော့ ဘာနဲ့မှ တားဆီးလို့ မရနိုင်ခဲ့ပါဘူး။ ဒီနောက်မှာတော့ မျက်စိမမြင်ရတော့တဲ့ ဘာနီ ဟာ ပျောက်ဆုံးနေတဲ့ သမီးလေးကို ပြန်ရှာဖို့နဲ့ ကလေးမှောင်ခို ကွန်ရက်ကြီး တစ်ခုလုံးကို အမြစ်ပြတ် ဖြိုခွင်းဖို့အတွက်... ကိုယ့်ကိုယ်ကိုယ် သွေးအေးရက်စက်တဲ့ သေမင်းတမန် တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။ မင်းသမီး Taapsee Pannu ရဲ့ အပိုင်နိုင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့ မိခင်တစ်ယောက်ရဲ့ နာကျင်မှု၊ ဒေါသတရားတွေကို အမိုက်စား Action ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ အထူး ညွှန်းဆိုပေးလိုက်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/579

Ga*n*dh*a*ri (2026)
Ga*n*dh*a*ri (2026)

F*a*s*t*e*r 2010 IMDB (6.4/10) ထောင်ဒဏ်ရှည်ကြီးကျခံပြီးနောက် လွတ်မြောက်လာတဲ့ Driver ဟာ သူ့ဘဝထဲက အရေးကြီးဆုံးလူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် အတိတ်ကဖြစ်ရပ်တွေကို မေ့ပစ်ပြီး အသစ်ပြန်စဖို့ မကြိုးစားတော့ဘဲ သူ့ကိုသစ္စာဖောက်ခဲ့သူတွေကို တစ်ယောက်ချင်းစီ လိုက်လံရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် သူ့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ် လက်စားချေဖို့အတွက် သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့သူတွေကို ရှာဖွေပြီး အမှန်တရားကို ကိုယ်တိုင်ပြန်ဖော်ထုတ်ဖို့ပဲ ဖြစ်ပါတယ် အဲဒီအတွက် မြန်နှုန်းမြင့်ကားတွေနဲ့ လမ်းမတွေပေါ်မှာ အန္တရာယ်ကို မကြောက်ဘဲ လိုက်လံတိုက်ခိုက်ရင်း သူ့ရဲ့စာရင်းထဲက လူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားပါတော့တယ် ဒါပေမယ့် Driver တစ်ယောက်တည်းက လိုက်လံနေတဲ့အမှု မဟုတ်တော့ပါဘူး အတွေ့အကြုံရှိတဲ့ ရဲစုံထောက်တစ်ယောက်နဲ့ အခကြေးငွေရယူပြီး လူသတ်ပေးနေတဲ့ ကျွမ်းကျင်လူသတ်သမားတစ်ယောက်ကပါ သူ့နောက်ကို လိုက်လာကြပြီး Driver ရဲ့ လက်စားချေခရီးဟာ အချိန်နဲ့အမျှ ပိုပြီးအန္တရာယ်များလာပါတော့တယ် တစ်ဖက်မှာတော့ Driver ဟာ အတိတ်ကဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေပါဝင်ခဲ့ကြသလဲဆိုတာ သိလာရင်း သူယုံကြည်ခဲ့တဲ့လူတွေနဲ့ သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့အကြောင်းအရင်းတွေကို တဖြည်းဖြည်း ရင်ဆိုင်လာရပါတယ် လက်စားချေလိုစိတ်နဲ့ အမှန်တရားကို သိလိုစိတ်ကြားမှာ သူ့ရဲ့ခရီးဟာ ပိုပြီးပြင်းထန်လာပါတယ် အရှိန်ပြင်းတဲ့ ကားမောင်းခန်းတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေအပြင် အတိတ်ကနာကျင်မှုတွေကို မလွတ်မြောက်နိုင်သေးတဲ့ လူတစ်ယောက်ရဲ့ လက်စားချေစိတ်ကိုပါ ထိထိမိမိပြသထားတဲ့ Faster ဟာ အစကနေအဆုံးအထိ အရှိန်မလျော့ဘဲ ကြည့်ရှုသူကို Driver နဲ့အတူ လက်စားချေခရီးရဲ့ နောက်ဆုံးအဆုံးသတ်ဆီအထိ ဆွဲခေါ်သွားမှာပါ

F*a*s*t*e*r 2010
F*a*s*t*e*r 2010

ညဉ့်ဦးယံ၏‌ခြေရာများ (凌晨两点半4) M*i*d-N*ig*ht F*o*ur 2026

ညဉ့်ဦးယံ၏‌ခြေရာများ Mid-Night Four 2026 ဇာတ်လမ်းအကျဉ်း 📝 ချင်ဖုန်းဟာ ချစ်သူမိန်းကလေး ကွယ်လွန်သွားခဲ့ရပြီးနောက် မထင်မှတ်ဘဲ ဝိ
ညဉ့်ဦးယံ၏‌ခြေရာများ Mid-Night Four 2026 ဇာတ်လမ်းအကျဉ်း 📝 ချင်ဖုန်းဟာ ချစ်သူမိန်းကလေး ကွယ်လွန်သွားခဲ့ရပြီးနောက် မထင်မှတ်ဘဲ ဝိညာဉ်ခန္ဓာကိုယ်ပြင်ပ ထွက်ခွာသွားနိုင်တဲ့ အတွေ့အကြုံကနေတစ်ဆင့် သူမရဲ့ ဝိညာဉ်ခြေရာတွေကို တွေ့ရှိခဲ့ရပါတော့တယ် ဒါကြောင့်မို့လို့ သူဟာ အမှန်တရားကို စုံစမ်းဖို့အတွက် လျှို့ဝှက်စွာ အမှုလိုက်ခဲ့ပါတယ် သဲလွန်စတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖော်ထုတ်လာတာနဲ့အမျှ ချစ်သူရဲ့ သေဆုံးမှုနောက်ကွယ်မှာ ကြောက်စရာကောင်းလှတဲ့ လျှို့ဝှက်ချက်တွေ ပုန်းကွယ်နေတာကို တွေ့ရှိလာရပြီး ဝိညာဉ်ကလည်း ပိုမို ရက်စက်ကြမ်းကြုတ်စွာ ခြောက်လှန့်လာခဲ့ပါတော့တယ်...... ဆန်းကြယ်တဲ့ ဖြစ်ရပ်ဆိုးတွေ ရှေးရိုးစွဲ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ မကောင်းဆိုးဝါး လှည့်စားမှုတွေကြားထဲကနေ ကြောက်စရာ အမှန်တရားနဲ့ ရက်စက်လှတဲ့ ဝိညာဉ်ဆိုးရဲ့ ခြောက်လှန့်မှုတွေကြား အသက်ရှင်သန်ဖို့ ဘယ်လိုမျိုး ရုန်းကန်သွားမလဲဆိုတာ ......

ငယ်သူငယ်ချင်း ဝေလငါးမန်းကြီးကို ပင်လယ်ပြင်မှာ လိုက်ရှာမယ့် ကောင်မလေး Wh-ale/Sh-ark/Ja-ck (၂၀-၂၆) 12 နှစ်အရွယ် ကလေးမလေး Sarah က The Playground ဆိုတဲ့ သုတေသနစက်လှေမှာ ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မိဘတွေဖြစ်တဲ့ Marcus နဲ့ Nita တို့က ဝေလငါးမန်းတွေကို ကာကွယ်တဲ့ သိပ္ပံပညာရှင်တွေပါ။ တစ်နေ့မှာ Sarah လေးက ဒဏ်ရာရနေတဲ့ ဝေလငါးမန်းလေးတစ်ကောင်ကို ကယ်ပြီးတော့ Jack လို့ အမည်ပေးကာ ပင်လယ်ထဲကို ပြန်လွှတ်ပေးလိုက်ပါတယ်။ နှစ်တွေကြာလာပြီးနောက်မှာတော့ Jack က သူ့ရဲ့အရင်အမာရွတ်နဲ့အတူ ကြီးထွားလာတဲ့ ဝေလငါးမန်းအဖြစ်နဲ့ ပြန်လာပြီးတော့ Sarah နဲ့ နက်ရှိင်းတဲ့ ခင်မင်ရင်းနှီးမှုကို မျှဝေကြပါတယ်။ ဒါပေမဲ့ တစ်ညမှာ မုန်တိုင်းထန်ပြီးတော့ Marcus ရေနစ်သေဆုံးသွားကာ Sarah တို့ရဲ့ ပျော်ရွှင်စရာဘဝကြီး အဆုံးသတ်သွားပါတော့တယ်။ Nita က စိတ်ဓာတ်အလွန်ကျပြီး ရေနဲ့နီးတဲ့နေရာမှာ မနေနိုင်တော့ဘဲ ကုန်းပေါ်ကမြို့တစ်မြို့ကို ရွှေ့ပြောင်းသွားပါတယ်။ Sarah ကတော့ ကုန်းပေါ်မှာနေရတာကို မုန်းပြီးတော့ ကျောင်းအသစ်မှာ ကလေးတွေကလည်း သူ့ကိုအနိုင်ကျင့်ကြတာမို့ Jack ကို ရှာနိုင်ရင် သူ့အမေ စိတ်သက်သာရာရပြီးတော့ လှေပေါ်ကို ပြန်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်လည်း Sarah တစ်ယောက် Jack ကို ရှာဖို့ကြိုးစားရင်း Jack ရဲ့ ခြေရာခံအချက်ပြမှု ပျောက်ဆုံးသွားတာကို သိလိုက်ရချိန်မှာတော့ Jack အန္တရာယ်ကျနေကြောင်းသိသွားကာ ကယ်တင်ဖို့မစ်ရှင်စတင်ရင်း ဘာတွေကြုံလာရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/3774947924/899

ငယ်သူငယ်ချင်း ဝေလငါးမန်းကြီးကို ပင်လယ်ပြင်မှာ လိုက်ရှာမယ့် ကောင်မလေး
ငယ်သူငယ်ချင်း ဝေလငါးမန်းကြီးကို ပင်လယ်ပြင်မှာ လိုက်ရှာမယ့် ကောင်မလေး

သူ့ရဲ့ချစ်ရသူကို ဆုံးရှုံးပြီးနောက်ပိုင်း ဒုစရိုက် လောကကနေ အနားယူပြီး... Aw*a/r*ap*an2  (၂၀၂၆) မြန်မာစာတန်းထိုး အစအဆုံး မကြာခင်ကမှ ရုံတင်ထားတဲ့ Hindi မင်းသားချော Emraan Hashmi ရဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ် ။ 2007 က ထွက်ခဲ့တဲ့ ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ Shivam တစ်ယောက် သူ့ရဲ့ချစ်ရသူကို ဆုံးရှုံးပြီးနောက်ပိုင်း ဒုစရိုက် လောကကနေ အနားယူပြီး မိဘမဲ့ ဂေဟာ တစ်ခုနားမှာ သာမန်ဘဝလေးနဲ့ နေထိုင်နေပါတယ် ။ မိဘမဲ့ ဂေဟာထဲမှာတော့ Alia ဆိုတဲ့ကလေးမလေးဟာ Shivam နဲ့ အရမ်းရင်းနှီးပြီးတော့ တစ်နေ့မှာ Alia ကို မွေးစားကြမဲ့ မိသားစု ရောက်လာပါတော့တယ် ။ Shivam တစ်ယောက် Alia ကို စိတ်မကောင်းစွာနဲ့ မိသားစု အသစ်ဆီ လွှတ်ပေးလိုက်ရပေမယ့် တကယ်မှာတော့ Alia ကို လာမွေးစားတဲ့သူတွေက ကလေးလူကုန်ကူးတဲ့ ဂိုဏ်းက ဖြစ်နေပြီးတော့ Shivam တစ်ယောက် Alia ကိုကယ်တင်ဖို့အတွက် ဒုစရိုက်လောကထဲကို ဒုတိယအကြိမ်ပြန်ဝင်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ . . . ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/571

သူ့ရဲ့ချစ်ရသူကို ဆုံးရှုံးပြီးနောက်ပိုင်း ဒုစရိုက် လောကကနေ အနားယူပြီး... Aw*a/r*ap*an2 (၂၀၂၆)
သူ့ရဲ့ချစ်ရသူကို ဆုံးရှုံးပြီးနောက်ပိုင်း ဒုစရိုက် လောကကနေ အနားယူပြီး... Aw*a/r*ap*an2  (၂၀၂၆)

သူဌေးတွေကိုပဲကူးစက်tayဆုံးနိုင်တဲ့ဗိုင်းရပ်စ်ရောဂါပိုးနှင့်ရင်ဆိုင်ရတဲ့အခါ R*i*c*h F*l*u (2024) IMDb Rating (6.1) ရုပ်ရှင်ပွဲ
သူဌေးတွေကိုပဲကူးစက်tayဆုံးနိုင်တဲ့ဗိုင်းရပ်စ်ရောဂါပိုးနှင့်ရင်ဆိုင်ရတဲ့အခါ R*i*c*h F*l*u (2024) IMDb Rating (6.1)   ရုပ်ရှင်ပွဲတော်မှာ ဆုတွေအများကြီးသိမ်းပိုက်ထား တဲ့ Rich Flu ဆိုတဲ့ ကားလေးဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ပြောရရင် သူဌေးရောဂါပေါ့.. သူဌေးတွေကိုမှကူးစက်သေဆုံးစေနိုင်တဲ့ ရောဂါဗိုင်းရပ်စ်ပိုးတစ်ခုက ဘာစီလိုနာမြို့ရဲ့ သန်းချီသူဌေးတွေရှိရာ လေလံတင်ပွဲတစ်ခုမှာ စတင်ဖြစ်ပွားခဲ့တယ်.. ဘယ်ကစတင်လဲ ဘယ်လိုကြောင့်လဲဆိုတာမသိကြဘူး.. လော်ရယ်ပါးမားဆိုတဲ့ ဝန်ထမ်းဘဝကနေ လူချမ်းသာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ အိမ်ထောင်ကွဲ ဆင်ဂယ်မိခင်က ဒီရောဂါကြီးမစခင်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေါ်လာ သန်း ၉၀၀ ကြွယ်ဝချမ်းသာတဲ့ လူတစ်ယောက်ဖြစ်လာပြီး သမီးဖြစ်သူ အန်နာကို အုပ်ထိန်းခွင့်ရဖို့ ကြိုးစားနေသူပါ.. ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးကြီးစတင်ချိန်မှာ ကိုယ်ကအရမ်းချမ်းသာလေ အမြန်ဆုံးသေဆုံးလေဆိုတာကို သိလိုက်ရပြီးတဲ့နောက်.. သူ့ရဲ့စည်းစိမ်တွေကို စွန့်လွှတ်စွန့်စားခန်းခရီးရှည်ကြီးထွက်ဖို့ဖြစ်လာပါတော့တယ်..   ဇာတ်ကားလင့်ခ်👇👇👇 https://t.me/burmasubmov/3912

ကျွန်တော်တိုမမ Gal Gadot တစ်ယောက် လှလှလေးပြေးမဲ့ အက်ရှင်ကားသစ် T-h-e R-u-n-n-e-r (2026) ==================== IMDB ⭐️ 7/10 "အချိန်ဆိုတာ အသက်တစ်ချောင်းဖြစ်နေတဲ့အခါ..." ကျွန်တော်တို့မမ Gal Gadot တစ်ယောက် လှလှလေးပြေးမဲ့ ဇာတ်ကားသစ် ထွက်ရှိလာပါပြီခင်ဗျာ Action / Thriller အကြမ်းစား ကြိုက်တဲ့ ဘော်ဒါတွေအတွက်တော့ စက္ကန့်နဲ့အမျှ ရင်ခုန်စရာကောင်းနေမဲ့ ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောကြီး Gal Gadot က အဓိကဇာတ်ဆောင် ရှေ့နေမလေး မိုင်ယာအဖြစ် ပါဝင်အားဖြည့်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ လန်ဒန်မြိုကြီးမှာ အခြေတည်ထားတာပါ။ အောင်မြင်တဲ့ ရှေ့နေမလေး မိုင်ယာဟာ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အမည်မသိလူတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကို ရုတ်တရက် ခံလိုက်ရပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ချစ်လှစွာသော သားလေး ပြန်ပေးဆွဲခံလိုက်ရလိုပါပဲ။ သားဖြစ်သူကို ကယ်တင်နိုင်ဖိုအတွက် မိုင်ယာတစ်ယောက် လန်ဒန်မြိုအနှံ အချိန်နဲ့အမျှ ပြေးလွှားရုန်းကန်ရတဲ့အခါ... ဘယ်သူကများ သူ့သားကို ဖမ်းသွားတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဖမ်းသွားတာလဲ၊ မိုင်ယာတစ်ယောက် သားဖြစ်သူကို အချိန်မီ ကယ်တင်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ Action/Thriller ဇာတ်ကားကောင်းဆိုတဲ့အတိုင်း အပြေးအလွှား ပြကွက်တွေနဲ့အတူ တရွေ့ရွေ့ကုန်ဆုံးလာတဲ့ Countdown ကြောင့် ကြည့်ရတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ Vibe မျိုးရမှာမို လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးဗျာ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1614

ကျွန်တော်တိုမမ Gal Gadot တစ်ယောက် လှလှလေးပြေးမဲ့ အက်ရှင်ကားသစ်
ကျွန်တော်တိုမမ Gal Gadot တစ်ယောက် လှလှလေးပြေးမဲ့ အက်ရှင်ကားသစ်

စောင်ကိုက်သွားအအေးပတ်တဲ့ထိ ကြည့်ရမဲ့အချစ်ရုံတင်ကားသစ် The L*a*s*t S*u*n*r*i*s*e (2026) ဒီဇာတ်ကားလေးကတော့ အမေရိကန်ကောင်မလေးတစ်ယောက် စပိန်နိုင်ငံက ကမ်းခြေလေးတစ်ခုမှာ အချစ်နဲ့ မျှော်လင့်ခြင်းတွေ ပေါက်ဖွားလာပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့သွားတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုရိုင်ယာဆိုတဲ့ကောင်မလေးဟာ အမေဖြစ်သူ ပိုင်ဆိုင်တဲ့ စပိန်နိုင်ငံ မာယော့ကာကမ်းခြေက အပန်းဖြေဟိုတယ်လေးကို အမေနဲ့အတူ လိုက်လည်ခဲ့ပါတယ်။ တစ်ခုရှိတာက သူမဟာ ဦးနှောက်ထဲက အကျိတ်ဖုတစ်ခုကြောင့် အတက်ရောဂါကို ခံစားနေရပြီး ခွဲစိတ်မှုမခံယူရင် အသက်ပါသွားနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဒါပေမယ့် အဲဒီအကျိတ်ဖုကို ခွဲထုတ်လိုက်ပြန်ရင်လည်း တစ်သက်တာ အမှတ်တရတွေ၊ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားနိုင်ခြေက တော်တော်များတဲ့အတွက် သူမဟာ မခွဲစိတ်ဘဲ ဆေးသောက်ပြီး ထိန်းထားဖို့ကို ရွေးချယ်ခဲ့ပါတယ်။ အိုရိုင်ယာဟာ တစ်သက်လုံး အသိစိတ်ကို ထုံထိုင်းစေတဲ့ဆေးတွေ အချိန်မှန်သောက်၊ အချိန်မှန်အိပ်ပြီး တင်းကြပ်တဲ့ အချိန်ဇယားနဲ့ ကြီးပြင်းလာရတဲ့အတွက် ဒီကမ်းခြေလေးကို ရောက်လာတဲ့အခါ ဆေးသောက်တာကို ရပ်လိုက်ပြီး ဒီနွေရာသီအခိုက်အတန့်လေးကို သေချင်သေ ရှင်ချင်ရှင် ခံစားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူမဟာ ဟိုတယ်ရောက်ပြီး နောက်တစ်ရက်မှာ ဧည့်ကြိုကောင်မလေးညွှန်းတဲ့ ဝတ်လစ်စလစ်ကမ်းခြေကို ဘုမသိ ဘမသိ ရောက်သွားရင်း အတောင့်အဖြောင့် စပိန်ကောင်လေးကို မိမွေးတိုင်း ဖမွေးတိုင်း ဘွားခနဲ တွေ့လိုက်ရတဲ့နောက်မှာ ဘယ်လိုဇာတ်လမ်းလေးတွေ အစပျိုးလာမလဲ..ဒီဇာတ်လမ်းလေးကတော့ ဘယ်လိုဆက်သွားမလဲဆိုတာကို စောင်ကိုက်ရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/3774947924/889

စောင်ကိုက်သွားအအေးပတ်တဲ့ထိ ကြည့်ရမဲ့အချစ်ရုံတင်ကားသစ် The L*a*s*t S*u*n*r*i*s*e (2026)
စောင်ကိုက်သွားအအေးပတ်တဲ့ထိ ကြည့်ရမဲ့အချစ်ရုံတင်ကားသစ် The L*a*s*t S*u*n*r*i*s*e (2026)