uk
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Відкрити в Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Канал Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) є активним учасником. На даний момент спільнота об'єднує 27 002 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 27 002 підписників.

За останніми даними від 20 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -5 629, а за останні 24 години на 6 706, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 3.75%. Протягом перших 24 годин після публікації контент зазвичай збирає 4.05% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 012 переглядів. Протягом першої доби публікація в середньому набирає 1 094 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 0.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Завдяки високій частоті оновлень (останні дані отримано 21 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

27 002
Підписники
+6 70624 години
+3 2837 днів
-5 62930 днів
Архів дописів
မင်းသားကြီး မာဒုံဆော့ရဲ့လူသတ်ကား Murderer (2014) ဒီတစ်ခေါက်မှာတော့ korea movie ကားလေးဖြစ်တဲ့ The murderer ဆိုတဲ့ဇာတ်ကားလေးပဲဖ
မင်းသားကြီး မာဒုံဆော့ရဲ့လူသတ်ကား Murderer (2014) ဒီတစ်ခေါက်မှာတော့ korea movie ကားလေးဖြစ်တဲ့ The murderer ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Mr Joo Hyub က သွေးအေးလူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့သားဖြစ်သူ Yong Ho နဲ့ မြို့ငယ်လေးတစ်ခုမှာ နေပါတယ် သူတို့က ခွေးမွေးတဲ့အလုပ်ကိုလုပ်ကြတော့ Yong Ho က ကျောင်းမှာဆို အစခံရပြီး အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးတစ်ယောက်ပါ နောက်တော့ Ji Soo ဆိုတဲ့ ကောင်မလေးတစ်ယောက်က Yong Ho တို့ကျောင်းကို ဆိုးလ်ကနေပြောင်းလာခဲ့ပါတယ် သူတို့နှစ်ယောက်က သူငယ်ချင်းတွေဖြစ်လာပြီး နောက်တော့ Ji soo ဟာ ငယ်ငယ်ကပြန်ပေးဆွဲခံရဖူးပြီး မိဘကြောင့် စိတ်ဒုက္ခရောက်နေသူပါ အဲ့ဒီနောက် ji soo က Yong Ho အဖေက လူသတ်သမားဆိုတာကိုသိသွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/380 #Credit

K-u-n-c-e-n (2025) တောင်စောင့်ပုဂ္ဂိုလ် ============== IMDb Rating (7.9) ၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ ထွက်ထားတဲ့ အင်ဒိုနီးရှား သရ
K-u-n-c-e-n (2025)  တောင်စောင့်ပုဂ္ဂိုလ် ============== IMDb Rating (7.9) ၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ ထွက်ထားတဲ့ အင်ဒိုနီးရှား သရဲကားအသစ်စက်စက်လေး "Kuncen" တင်ထားပါတယ်။ ဒီကားက ဒါရိုက်တာ Jose Poernomo ရိုက်ကူးထားတာဖြစ်ပြီး တောင်တက်ရင်း ကြုံတွေ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို အခြေခံထားတာပါ။ "Kuncen" ဆိုတဲ့ စကားလုံးက ဂျာဗားရိုးရာအရ တောင်တွေ၊ နတ်ကွန်းတွေလို သန့်ရှင်းမြင့်မြတ်တဲ့ နေရာတွေကို စောင့်ရှောက်ရတဲ့ "ပွဲထိန်း" ဒါမှမဟုတ် "တောင်စောင့်ပုဂ္ဂိုလ်" ကို ခေါ်တာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ အာဝင်ဒယာ (Awindya) ဆိုတဲ့ အထက်တန်းကျောင်းသူလေးကနေ စထားတယ်။ သူ့ကောင်လေး ဒက်ဗလင် (Devlin) က မာဘာဘူ (Merbabu) တောင်ကို တောင်တက်သွားရာကနေ ၂၄ နာရီကြာတဲ့အထိ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒါနဲ့ စိတ်ပူသွားတဲ့ အာဝင်ဒယာက သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ အက်ဂ်နက်စ် (Agnes) နဲ့ မိုဂျို (Mojo) တို့ကို ခေါ်ပြီး ကောင်လေးကို လိုက်ရှာဖို့ တောင်ပေါ်ကို တက်သွားကြပါတော့တယ်။ ဒါပေမဲ့ တောင်ခြေရွာကို ရောက်တဲ့အခါမှာတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) ကြီး အ-တ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းဆိုးကြီးကို ကြားလိုက်ရတယ်။ တောင်စောင့်ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် လူ့လောကနဲ့ နာမ်လောကကြားက အတားအဆီးတွေ ပျက်စီးသွားပြီး မကောင်းဆိုးဝါးတွေ သောင်းကျန်းပါတော့တယ်။ အဲဒီအချိန်မှာ သူတို့လိုပဲ တောင်ပေါ်မှာ လူပျောက်ရှာနေတဲ့ ယိုဂါ (Yoga) နဲ့ ဒစ္စကာ (Diska) တို့နဲ့ သွားဆုံကြတယ်။ သူတို့သူငယ်ချင်းတွေကို ပြန်ရှာတွေ့ဖို့နဲ့ ဒီတောင်ပေါ်ကနေ အသ-က်ရှင်ရက် ပြန်ထွက်နိုင်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) အသစ် တစ်ယောက်ကို အမြန်ဆုံး အစားထိုး ရှာဖွေပေးဖို့ပါပဲ။ သူတို့တွေ အသ-က်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား၊ ပျောက်နေတဲ့ သူတွေကိုရော ပြန်ရှာတွေ့ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။ ဒီကားက သာမန် သရဲခြောက်တဲ့ ဇာတ်လမ်းမျိုးလောက်တင် မဟုတ်ဘဲ ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုတွေ၊ တောင်တက်ရင်း ကြုံရတတ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေကိုပါ သဘာဝကျကျ ထည့်ရိုက်ထားတာမို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရဲကား ကြိုက်တဲ့သူတွေ၊ အထူးသဖြင့် တောင်တက်တာ ဝါသနာပါတဲ့သူတွေဆိုရင် သဘောကျမယ့် ကားမျိုးပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/275 Genre…. Horror

ကတုံးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ကားသစ် (၂၀၂၆) ーーーーーーーーーーーーーーーーーーー ခိုလှုံရာဖခင်သဖွယ် (သို့မဟုတ်) ရဲတွေလက်ထဲကနေ လွတ်မြောက်အောင်
ကတုံးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ကားသစ် (၂၀၂၆) ーーーーーーーーーーーーーーーーーーー ခိုလှုံရာဖခင်သဖွယ် (သို့မဟုတ်) ရဲတွေလက်ထဲကနေ လွတ်မြောက်အောင် ထွက်ပြေးရတဲ့ ရာဇဝတ်သားကြီး လုံခြုံရေးစနစ်သစ်တွေပေါ်လာပြီးနောက်မှာ ဝန်ကြီးတွေက လူတွေရဲ့ ကိုယ်ပိုင် ဖုန်းတွေကိုပါ ဟက်တဲ့အထိ ရာဇဝတ်သားတွေကို ရှာလာကြပါတယ် ။ ဒီလိုနဲ့ မုန်တိုင်းကြောင့် တိမ်းမှောက်သွားတဲ့ လှေပေါ်က ကလေးမလေးကို တင်ခေါ်ထားတဲ့ ရာဇဝတ်သားဟောင်းကြီးက လူမြင်မခံချင်သော်လည်း ကူညီချင်တာကြောင့် ကူညီဖို့ မြို့ပေါ်ကိုတက်ရပါတော့တယ် ။ မြို့ပေါ်ကိုတက်လိုက်တော့မှ သူ့မျက်နှာကို ဖမ်းမိသွား မထင်မှတ်ထားတဲ့ ပြဿနာတွေက ဖြစ်လာပြီး ကလေးမလေးနဲ့ သူဟာ ရဲတွေလက်ထဲကနေ လွတ်မြောက်ဖို့ ထွက်ပြေး တိမ်းရှောင်ရပါတော့တယ် ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/377

Colony (2026) * IMDb Rating (7.2) [Colony 2026 ရုံတင်ကားကြီးဟာ အခုချိန်အထိ ရုံမချသေးတဲ့အတွက် လက်ရှိမှာတော့ HDCam ဗားရှင်းပဲ ရ
Colony (2026) * IMDb Rating (7.2) [Colony 2026 ရုံတင်ကားကြီးဟာ အခုချိန်အထိ ရုံမချသေးတဲ့အတွက် လက်ရှိမှာတော့ HDCam ဗားရှင်းပဲ ရပါသေးတယ်။ အသံပိုင်း ရုပ်ပိုင်းဆိုင်ရာက hdcam version မို့ quality ကောင်းကြိုက်တဲ့သူတွေအတွက်က ဘယ်လိုမှအဆင်ပြေမည်မဟုတ်ပါ။ ဒါ့ကြောင့် စောင့်နိုင်ရင်တော့ လုံးဝ ဒေါင်းမကြည့်ကြပါနဲ့.... Quality ကောင်းတာထွက်လာတာနဲ့ အမြန်ဆုံး update ပေးပါသွားပါ့မယ်။] Train To Busan ရဲ့ ဒါရိုက်တာ Yeon Sang-Ho က ရိုက်ကူးပေးထားပြီး Main Cast အနေနဲ့ Jun Ji-Hyun, Koo Kyo-Hwan, Ji Chang-Wook, Shin Hyun-Been, Kim Shin-Rok တို့အပြင် မင်းသားကြီး Go Soo ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားသလို လက်ရှိ ကြည့်ရှုသူ 5.9 သန်းကျော်နဲ့ 2026 ခုနှစ်ရဲ့ ရုံဝင်သူအများဆုံး နံပါတ် 2 ကိုးရီးယားရုပ်ရှင်အဖြစ်လည်း ရပ်တည်နေပါသေးတယ်။ ဒီကားကတော့ ‌ကြည့်ဖူးနေကျ ရိုးရိုးဇွန်ဘီကားတွေလို အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ကူးစက်ခံရတဲ့ကောင်တွေက အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ (Evolving Zombies) ပုံစံမျိုးနဲ့ အသစ်ဖန်တီးထားတာ ဖြစ်လို့ ကြည့်ရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။ - ဇာတ်လမ်းအကျဉ်း - ဆိုးလ်မြို့လယ်က မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။  အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့.... ပါ‌မောက္ခ ဂွန်ဆယ်ဂျောင်း (Jun Ji-Hyun) ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့ အဆောက်အဦထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းဖြစ်တာမို့ မျှော်‌နေတဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/375

(၂၀၂၆)ရဲ့ ဝင်ငွေအကောင်းဆုံး အအောင်မြင်ဆုံး ဟော်ရာရုံတင်ကားသစ်ကြီး ーーーーーーーーーーーーーーーーーーー အဆုံးမရှိတဲ့ အဝါရောင်အခန်းတွေနဲ့ မှိတ်တ
(၂၀၂၆)ရဲ့ ဝင်ငွေအကောင်းဆုံး အအောင်မြင်ဆုံး ဟော်ရာရုံတင်ကားသစ်ကြီး ーーーーーーーーーーーーーーーーーーー အဆုံးမရှိတဲ့ အဝါရောင်အခန်းတွေနဲ့ မှိတ်တုတ်မှိတ်တုတ် မီးရောင်တွေ၊ တိတ်ဆိတ်မှုအောက်မှာ ဖုံးကွယ်နေတဲ့ ကြောက်မက်ဖွယ်အရာတွေကို အခြေခံထားတဲ့ ဇာတ်ကားကြီးပါ။ ပရိဘောဂအရောင်းဆိုင်ရဲ့ မြေအောက်ခန်းမှာ ထူးဆန်းတဲ့ တံခါးတစ်ချပ် ပေါ်လာပြီး၊ အဲဒီတံခါးကို ဖြတ်ဝင်လိုက်သူဟာ အဆုံးမရှိတဲ့ အခန်းလမ်းကြောင်းတွေထဲမှာ ပိတ်မိသွားပါတယ်။ ပျောက်ဆုံးသွားတဲ့ လူနာကို ကယ်တင်ဖို့ စိတ်ကုဆရာဝန် က အဲဒီနေရာထဲ ဝင်ရောက်ရှာဖွေရာကနေ လက်တွေ့ဘဝနဲ့ မတူတဲ့ အန္တရာယ်တွေ၊ မသိနိုင်တဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်ရပြီး လွတ်မြောက်နိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/270

" ဘူဆန်သွားတဲ့ ရထား - ၂ " ====================== ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့
" ဘူဆန်သွားတဲ့ ရထား - ၂ " ====================== ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ အထဲမှာ အသက်ရှင်ရက် ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေကို ယူဖို့ ခိုးဝင်နေကြပါတယ် ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထားပြီး အရင်ရုပ်ရှင်လိုပဲ စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ အရင်က ပထမပိုင်းအနေနဲ့ထွက်ရှိထားပြီး လင့်ကိုတော့ အောက်မှာထည့်သွင်းဖော်ပြပေးထားပါတယ် ဒီကားကတော့ အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/371

An.. tim: The Fi.. nal Tr.. uth [20.. 21] လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေ
An.. tim: The Fi.. nal Tr.. uth [20.. 21] လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။ ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ‌ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။ လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ သူသိပ်ချစ်တဲ့ သူ့လယ်မြေကို ပြန်ယူဖို့ လက်သီးတစ်လုံး အရင်းပြုပြီး လူမိုက်လောကထဲ ဝင်လာခဲ့တယ်။ သူ့မျက်စိရှေ့က အရင်းရှင် အမြတ်ကြီးစား ခေါင်း ပုံဖြတ်သူများကို ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်လာခဲ့ရင်း လူမိုက်လောကမှာ တစ်နေရာရလာတော့ အကွက်တွေရွှေ့ ငွေပုံပေါ်မှာ ဘဝမေ့လာပြီ။ ရုတ်တရက်နိုးအထ မှန်ကိုကြည့်လိုက်မှ သူမုန်းခဲ့တဲ့ အရင်းရှင်ဘဝ သူကိုယ်တိုင်ရနေမှန်းသိလို့ အမှားကို အမှန်ပြင် နောင်တကို နောင်မှမတရအောင် ပြန်အ ဖက်ဆည်နိုင်မလား။ နှလုံးသားလှုပ်အနှိုးမှာ ရုတ်တရက်လန့်နိုးရတဲ့ အ ချစ်တွေကို သိမ်းပိုက်သွားတဲ့ ကောင်မလေးကိုလည်း အမုန်းတရားပွားအောင် မရည်ရွယ်ဘဲမှားခဲ့တာတွေ ပြန်ပြင်နိုင်မလား။ သူ့ဖခင်ရဲ့ ရန်ကြွေးကိုလည်း ကျေနပ်တဲ့အထိ ပြန်ဆပ်နိုင်ပါ့မလား။ လားပေါင်းများစွာပေါ့ဗျာ။ အိန္ဒိယနိုင်ငံရဲ့လတ် တလောကြေးမုံပြင်ကို မြင်အောင်ပြတဲ့ ဇာတ်ကားလေး မလို့ လက်လွတ်မခံသင့်ပါဘူး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/369

💛💛💛💛မောနီးဗျာ💛💛💛💛 Maaran 2022 ============ အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကန
💛💛💛💛မောနီးဗျာ💛💛💛💛 Maaran 2022 ============ အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကနေအမြန်ဆုံးကြိုးစားပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း – ဆက်သီမိုသီဟာရိုးသားတဲ့မှုခင်းဂျာနယ်သမား တစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့ အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့ အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကို မီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့…။ နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb ရိတ်တင်ကောင်းကောင်းရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေကြောင့် သိပ်မကြာခင်မှာ လူပြောများလာမယ့်ဇာတ်ကားမျိုးဖြစ်လာနိုင်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/277

ဒုစရိုက်ဂိုဏ်းကလွတ်မြောက်ဖို့ကြိုးစားရင်း လုပ်ကြံမှုတွေနဲ့ပါရင်ဆိုင်လာရသောအခါ ကိုရီးယား Ga*ng တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွ
ဒုစရိုက်ဂိုဏ်းကလွတ်မြောက်ဖို့ကြိုးစားရင်း လုပ်ကြံမှုတွေနဲ့ပါရင်ဆိုင်လာရသောအခါ ကိုရီးယား Ga*ng တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ အခက်အခဲတွေအများကြီးကြားထဲကနေ နောက်ဆုံးလူမိုက်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း ဂိုဏ်းကြီးမားတာနဲ့အမျှ တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ တာဆူလာကြတာပါပဲ။ ဒီလိုနဲ့စီမံကိန်းအကောင်အထည်ဖော်ဖို့ရန်အတွက် သေချာစီစဉ်အကွက်ချလုပ်ခဲ့ကြပေမယ့် ကံတရားကတော့မျက်နှာသာမပေးဘဲ လွဲချော်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်တဲ့အခါမှာတော့ အားလုံးခဲလေသမျှသဲရေကျဖြစ်သွားရတော့တာပါပဲ။ ဒီလိုနဲ့ ဒုစရိုက်ဂိုဏ်းနဲ့ပတ်သက်ဆက်စပ်မိပြီးနောက် ပြန်လည်ရုန်းထွက်နိုင်ပါ့မလား။ ဘယ်လိုကြောင့်ဒီလိုဖြစ်သွားရတာလဲ။ ကိုယ်ချစ်တဲ့တဲသူနဲ့အတူနေနိုင်ဖို့လူတိုင်းကြိုးစားကြပေမယ့် နှစ်ဖက်ပြိုင်ဆွဲကြတဲ့အခါ ဘယ်လိုဖြစ်ကုန်ကြမလဲ ဆိုတာတော့ ကိုရီးယားလူမိုက်ဂိုဏ်းအချင်းချင်းကြားကပက်ပက်စက်စက် တိုက်ခိုက်မှုအလန်းစားတွေနဲ့အတူ ကြည့်လိုက်ကြပါဦးဗျာ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/366

Race Gurram (2014) ဇာတ်လမ်းအညွှန်း ဒီဇာတ်ကားဟာ စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အားပြိုင်မှုကို အခြေခ
Race Gurram (2014) ဇာတ်လမ်းအညွှန်း ဒီဇာတ်ကားဟာ စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အားပြိုင်မှုကို အခြေခံထားတဲ့ အက်ရှင်ဟာသကားကောင်း တစ်ကားပါ။ အစ်ကိုဖြစ်သူ Ram က ဥပဒေနဲ့အညီ နေထိုင်တဲ့ စည်းကမ်းကြီးရဲအရာရှိဖြစ်ပြီး၊ ညီဖြစ်သူ Lucky (Allu Arjun) ကတော့ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြတ်သန်းချင်သူပါ။ သူတို့နှစ်ယောက်ဟာ တွေ့တိုင်း ရန်ဖြစ်နေကြပေမဲ့ မိသားစုသံယောဇဉ်ကတော့ အရင်းခံမှာ ရှိနေကြပါတယ်။ ဇာတ်လမ်းရဲ့ အချိုးအကွေ့ကတော့ အာဏာမက်ပြီး ရက်စက်တဲ့ နိုင်ငံရေးသမားလူမိုက် Shiva Reddy နဲ့ သူတို့ညီအစ်ကို ထိပ်တိုက်တွေ့ရာကနေ စတင်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်တွေကြောင့် မိသားစုတစ်ခုလုံး ဘေးဒုက္ခရောက်နိုင်တဲ့ အခြေအနေမျိုး ကြုံလာရတဲ့အခါမှာတော့ အပျော်အပါးမက်တဲ့ Lucky တစ်ယောက် သူ့အစ်ကိုနဲ့ မိသားစုအတွက် "ပြိုင်မြင်း" တစ်ကောင်လို ဘယ်လိုမျိုး ရှေ့ထွက်ကာကွယ်မလဲဆိုတာ ရင်ခုန်စရာ ရိုက်ကူးထားပါတယ်။ လူမိုက်ကို အားနဲ့မတိုက်ဘဲ ဉာဏ်နဲ့ ဘယ်လိုပညာပေးမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတာကြောင့် ကြည့်နေရင်း လုံးဝပျင်းရိရမှာမဟုတ်ပါဘူး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/274

ဂိုးလ်ဒန်ခါမူရ် - အာဘာရှီရီ အကျဉ်းထောင် အလုအယက်တိုက်ပွဲ [၂၀၂၆] ရုံတင်ကားသစ် Golden Kamuy -The Abashiri Prison Raid (2026) ဒီက
ဂိုးလ်ဒန်ခါမူရ် - အာဘာရှီရီ အကျဉ်းထောင် အလုအယက်တိုက်ပွဲ [၂၀၂၆] ရုံတင်ကားသစ် Golden Kamuy -The Abashiri Prison Raid (2026) ဒီကားက ၂၀၂၄ တုန်းက ထွက်ခဲ့တဲ့ Golden Kamuy Live-action ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေရဲ့ အဆက်၊ တတိယမြောက် Live-action ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++++ ဒီကားမှာတော့ အိုင်နူ (Ainu) လူမျိုးတွေရဲ့ ရွှေတွေအကြောင်းကို သိထားတဲ့ တစ်ဦးတည်းသောလူ Noppera-bo ရှိနေတဲ့ Abashiri အကျဉ်းထောင်ကြီးဆီကို အဓိကဇာတ်ကောင် ဆူဂီမိုတို (Sugimoto) နဲ့ အာရှိရ်ပါ (Asirpa) တို့ ရောက်သွားကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအကျဉ်းထောင်ကြီးက သာမန်ထောင်မဟုတ်ဘဲ အလွန်အန္တရာယ်များတဲ့ ရာဇဝတ်ကောင် ၇၀၀ လောက်ကို လုံခြုံရေးအထပ်ထပ်နဲ့ ဖမ်းဆီးထားတဲ့ နေရာကြီးတစ်ခုပါ။ ရွှေကိုလိုချင်နေကြတဲ့ အုပ်စု ၃ စုဖြစ်တဲ့ ဆူဂီမိုတိုတို့အဖွဲ့၊ ဗိုလ်ကြီး ဆူရူမီ (Tsurumi) ဦးဆောင်တဲ့ တပ်မ (၇) နဲ့ ဟီဂျီကာတာ (Hijikata) ရဲ့အဖွဲ့တို့ဟာ ဒီအကျဉ်းထောင်ကြီးထဲမှာ ထိပ်တိုက်တွေ့ကြပြီး အကြိတ်အနယ် တိုက်ခိုက်ကြမယ့် အပိုင်းဖြစ်ပါတယ်။ အာရှိရ်ပါ ရဲ့ အဖေအကြောင်း ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုပါ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ ရှေ့ကားတွေလိုပဲ နှင်းတောထဲက အက်ရှင်အခန်းတွေ၊ ရှင်သန်ရေးအတွက် ရုန်းကန်ရတာတွေက ပိုပြီးကြမ်းလာ၊ ပိုပြီးမိုက်လာပါတယ်။ အကျဉ်းထောင်ဖောက်တဲ့ အခန်းတွေက တော်တော်လေး ရင်ခုန်စရာကောင်းပါတယ်။ Sugimoto အဖြစ် Kento Yamazaki နဲ့ Asirpa အဖြစ် Anna Yamada တို့က ဆက်လက်ပါဝင်ထားပြီး သူတို့နှစ်ယောက်လည်း ရှေ့ကားတွေထက် အတွဲအဖက် ပိုမိလာပါတယ်။ တခြား ဇာတ်ပို့ဇာတ်ရံတွေကလည်း မန်ဂါ (Manga) ထဲကအတိုင်း အသက်ဝင်အောင် သရုပ်ဆောင်ထားကြပါတယ်။ Golden Kamuy ပရိသတ်တွေအနေနဲ့ လုံးဝလက်မလွှတ်သင့်တဲ့ အက်ရှင်ကားကောင်း တစ်ကားပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://telegram.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://telegram.me/dreamworld2/363

ကိုရီးယား နဲ့ ဂျပန်ပူးပေါင်းရိုက်ကူးထားတဲ့ သရဲအပနှင် ရုံတင်ဇာတ်ကားသစ် The Shrine (2026) အပနှင်ဇာတ်ကားကောင်းတွေကို စောင့်မျှော
ကိုရီးယား နဲ့ ဂျပန်ပူးပေါင်းရိုက်ကူးထားတဲ့ သရဲအပနှင် ရုံတင်ဇာတ်ကားသစ် The Shrine (2026) အပနှင်ဇာတ်ကားကောင်းတွေကို စောင့်မျှော်နေသူများအတွက် JYJ အဖွဲ့ဝင်ဖြစ်တဲ့ မင်းသားချော Kim Jae-Joong၊ Siren's Kiss ထဲက မင်းသမီး Kong Seong-Ha နဲ့ Musical မင်းသား Ko Hoon-Jeong တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ကိုးရီးယား-ဂျပန် ယဉ်ကျေးမှု ပရောဂျက်အတွက် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ရွာတစ်ရွာဆီ ရောက်ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင် ဟီဂျောင်းဟာ စွန့်ပစ်နတ်ကွန်းတစ်ခုဆီ ကွင်းဆင်းလေ့လာဖို့ သွားရင်းကနေ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ် ဒီနောက်ပိုင်းမှာလည်း ထူးဆန်းရွံရှာဖွယ် သေဆုံးမှု၊ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီး ရဲတွေတောင် အဖြေရှာမရတော့တဲ့အခါ အဖွဲ့မန်နေဂျာဖြစ်တဲ့ ဂင်ယူမီ (Kong Seong-Ha) လည်း တက္ကသိုလ်တုန်းက စီနီယာဖြစ်တဲ့ မြောင်ဂျင်း (Kim Jae-Joong) ကို လှမ်းအကူအညီတောင်းလိုက်ပါတော့တယ်။ ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိတဲ့ နတ်ဆရာ မြောင်ဂျင်းလည်း မူမမှန်တဲ့ အငွေ့အသက်ကို ချက်ချင်း ခံစားမိပြီး ဂျပန်နိုင်ငံဆီ အမြန်ဆုံး ဦးတည်ထွက်ခွာလာရာမှာတော့..ဒီနတ်ကွန်းပျက်ကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို အမှောင်ဖုံးလျှို့ဝှက်ချက်တွေ ရှိနေမလဲ...မြောင်ဂျင်းနဲ့ ယူမီကရော ကျောင်းသူလေးကို အသက်ရှင်လျက် ကယ်ထုတ်လာနိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြပါဦးနော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/361 #Credit

ငွေနောက်လိုက် လူမိုက် B_a-l_t-i (2-0-2-6) IMDB ⭐️ 6.4/10 "အားကစားသမားဘဝကနေ လူမိုက်လောကထဲကို ခြေစုံပစ်ဝင်မိတဲ့အခါ... လမ်းဟောင်
ငွေနောက်လိုက် လူမိုက် B_a-l_t-i (2-0-2-6) IMDB ⭐️ 6.4/10 "အားကစားသမားဘဝကနေ လူမိုက်လောကထဲကို ခြေစုံပစ်ဝင်မိတဲ့အခါ... လမ်းဟောင်းကို ပြန်လျှောက်ခွင့် မရှိတော့ဘူး" Action Drama ကားကြမ်းကြမ်းလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ကယ်ရာလာ နဲ့ တမီးလ်နာဒူး နယ်စပ်ဒေသလေးကို အခြေခံထားတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာ အဓိက ခေါင်းဆောင်မင်းသားတွေအနေနဲ့ ပရိသတ်အချစ်တော် Shane Nigam နဲ့အတူ မလေယာလမ် ရုပ်ရှင်လောကကို (၁၆) နှစ်ကြာမှ ပြန်လည်ခြေချလာတဲ့ မင်းသား Shanthanu Bhagyaraj တိုက အပြိုင်ကြဲထားတာပြီး မင်းသမီးချောလေး Preethi Asrani လည်း ပါဝင်ထားပါတယ် ဇာတ်လမ်းကတော့ ဗေလန်ပါလာယမ်ဆိုတဲ့ မြိုလေးမှာ အခြေတည်ထားပါတယ်။ အဲဒီမြိုလေးမှာ တရားမဝင် ငွေချေးလုပ်ငန်းတွေနဲ့ မြေယာကိစ္စတွေကို ဩဇာကြီးတဲ့ ဘိုင်ရာဗန်၊ ဆိုဒါဘာဘူ နဲ့ ဂျီမား တို ၃ ယောက်က အုပ်စီးပြီး ချုပ်ကိုင်ထားတာပါ။ ဇာတ်လိုက်ကြီး အူဒါယန် (ခေါ်) ဘယ်လ်တီ ကတော့ ကာဘူဒီ အားကစားကို ရူးသွပ်သူဖြစ်ပြီး သူ့သူငယ်ချင်းတွေဖြစ်တဲ့ ကူးမား၊ ရာမက်ရှ်၊ မာနီ၊ ပရာဒိ တိုအုပ်စုနဲ့အတူ သံယောဇဉ်ကြီးကြီး ဖြတ်သန်းနေတဲ့ လူငယ်လေးပေါ့။ တစ်ရက်မှာ သူတိုသူငယ်ချင်းတစ်စုဟာ နယ်ခံ ကာဘူဒီပြိုင်ပွဲမှာ နာမည်ကြီး ဘိုင်ရာဗန်ရဲ့အသင်းကို အနိုင်ယူလိုက်ရာကနေ ပြဿနာစပါတော့တယ်။ အစပိုင်းမှာ ရန်စောင်ကြပေမဲ့ သူတိုအုပ်စုရဲ့ စည်းလုံးမှုနဲ့ လက်ရုံးရည်ကို သဘောကျသွားတဲ့ ဘိုင်ရာဗန်က သူ့အသင်းအတွက် ကိုယ်စားပြုကစားပေးဖို ကမ်းလှမ်းလာပါတယ်။ အဲဒီကနေ တစ်ဆင့် ပြိုင်ပွဲတွေမှာ ဗိုလ်စွဲပေးရာကနေ ဘိုင်ရာဗန်ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတွေဖြစ်လာပြီး တရားမဝင် ငွေချေးလုပ်ငန်းရဲ့ အမှောင်လောကထဲကို တဖြည်းဖြည်းနဲ့ ခြေစုံပစ် ဝင်မိသွားကြပါတော့တယ်။ ဒါပေမဲ့ "ငွေကြေးနဲ့ အာဏာ" ကြီးစိုးတဲ့ လောကမှာ "လူမိုက်ဆိုတာ သက်တမ်းမရှည်ဘူး" ဆိုတဲ့အတိုင်းပါပဲ...။ ဘိုင်ရာဗန်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် အူဒါယန်ချစ်ရတဲ့ ကောင်မလေးရဲ့မိသားစု ထိခိုက်နစ်နာလာရတဲ့အခါမှာတော့… မိသားစုလို ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ဩဇာကြီးတဲ့ ဘော့စ်ကြီးကြားမှာ အူဒါယန် တစ်ယောက် ဘယ်လို ရပ်တည်မလဲ...။ ကာဘူဒီကစားသမား လူငယ်လေးတွေ ဂိုဏ်းစတားလောကရဲ့ သွေးစွန်းတဲ့လမ်းပေါ်ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတာကို  ရှုစားကြပါဦး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/270

R*e*d S*w*a*n (20*24) ဇာတ်လမ်းကတော့ ဝန်းဆူ(Kim Ha Neul)ဟာ ထိပ်တန်း ဂေါ့ဖ်ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆ
R*e*d S*w*a*n (20*24) ဇာတ်လမ်းကတော့ ဝန်းဆူ(Kim Ha Neul)ဟာ ထိပ်တန်း ဂေါ့ဖ်ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ် ဒါကြောင့် သူမဟာ ဟွာအင်လုပ်ငန်းစုရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်လိုက်ပြီး ဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌအဖြစ် လုပ်ကိုင်ခဲ့ပါတယ် အဲဒီဖောင်ဒေးရှင်းကနေတစ်ဆင့် ပရဟိတအလုပ်တွေလုပ်ပြီး ကမ္ဘာတစ်ဝှမ်း ကျော်ကြားမှုတွေ ရရှိခဲ့ပါတယ် ဒိုယွန်း(Rain)ကတော့ ဝန်းဆူရဲ့ ဘော်ဒီဂတ်အသစ်ဖြစ်ပြီး ရဲတက္ကသိုလ်မှ ဘွဲ့ရခဲ့တဲ့ ကိုယ်ခံပညာထူးချွန်သူတစ်ဦးဖြစ်ပါတယ် သူဟာ ဟွာအင်လုပ်ငန်းစုရဲ့ လုံခြုံရေးအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခဲ့တာပါ... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2467/295

2026 ထွက်အက်ရှင်ဇာတ်ကားသစ် Run (2026) စကားထက် လ-က်-သီးက ပိုမြန်တဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အကြ-မ်းစားအက်ရှင်" ဘော်လီဘော၊ တိုက်
2026 ထွက်အက်ရှင်ဇာတ်ကားသစ် Run (2026) စကားထက် လ-က်-သီးက ပိုမြန်တဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အကြ-မ်းစားအက်ရှင်" ဘော်လီဘော၊ တိုက်ကွမ်ဒိုနဲ့ ဂျူဒိုလောကကနေ အနားယူပြီး အေးဆေးစွာ နေထိုင်နေကြတဲ့ သူငယ်ချင်းအရင်းအချာ (၃) ယောက်။ တစ်နေ့မှာတော့ သူတို့ထဲက တစ်ယောက်ရဲ့ ညီမလေးဟာ ရ-က်စ-က်တဲ့ ရာ-ဇ-ဝ-တ်ဂို-ဏ်းတစ်ခုရဲ့ ပြ-န်-‌ေ ပးဆွဲ-ခြင်းကို ခံလိုက်ရပါတယ်။ ရဲ-တို-င်ပြီး စောင့်ဆိုင်းနေဖို့ အချိန်မရှိတော့တဲ့အဆုံးမှာတော့ ဒီသူငယ်ချင်း (၃) ယောက်ဟာ သူတို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကိုယ်ခံပညာအရည်အချင်းတွေကို ပြန်ထု-တ်ပြီး ရန်သူ့စခန်းကို အကြော-က်အလ-န့်မရှိ ဝင်ရောက်စီ-းန-င်းပါတော့တယ်။ "ငါတို့က စကားနဲ့ မပြောဘူး၊ လ-က်-သီးနဲ့ပဲ အဖြေပေးမယ်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခ-ပ်ကြ-မ်းကြ-မ်း အက်ရှင်ခန်းတွေနဲ့အတူ သူငယ်ချင်းအချင်းချင်းကြားက အ-လွဲအ-ချော် ဟာသလေးတွေကိုပါ တစ်ဝကြီး ကြည့်ရှုရမယ့် Action Comedy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ မင်းသမီး (၃) ယောက်ရဲ့ အားရပါးရ ချ-ခ-န်းတွေက သင့်ကို ရင်ခုန်စိတ်လှုပ်ရှားစေမှာ အ-‌ေ သ အ-ချာပါပဲ.... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/357 #Credit

The Door (2025) ================= မစ်သရာအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ပရောဂျက်ကြီးတစ်ခုကိုကိုင်နေပြီးတော့ ဒီပရောဂျက်မှာ
The Door (2025) ================= မစ်သရာအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ပရောဂျက်ကြီးတစ်ခုကိုကိုင်နေပြီးတော့ ဒီပရောဂျက်မှာ ဆောက်လုပ်ရေးဆိုက်က ဘုရားကျောင်းကိုဖျက်ပြီး အသစ်ပြန်ဆောက်ရတာလည်းပါပါတယ်။ ဒါပေမဲ့ ဒီဆိုက်မှာ အလုပ်လုပ်နေရင်း အဖေဖြစ်သူပါ  ရုတ်တရက် ဆုံးပါးသွားတဲ့အတွက် တက်ကြွပြီးထက်မြက်တဲ့ ဗိသုကာပညာရှင်မလေးအသွင်ပျောက်သွားပြီး မစ်သရာတစ်ယောက် ဆွေးရိပ်ထင်ပြီး အမြဲငူငူငိုင်ငိုင်ဖြစ်နေပါတော့တယ်။ အဖေ့ရဲ့နောက်ဆုံးအချိန်ကို မမီလိုက်တဲ့အပြင် သူ့ရဲ့ဘုရားကျောင်းကိုဖျက်‌ရတဲ့အလုပ်ကြောင့် အိမ်မှာခိုက်တယ်လို့ ထင်သွားတဲ့အတွက် အလုပ်ပါထွက်မယ်တကဲကဲလုပ်ပါတော့တယ်။ ဒါပေမဲ့ အဖေ့သူငယ်ချင်းလည်းဖြစ်တဲ့ မစ်သရာရဲ့အထက်လူကြီးက အိမ်ကိုလာပြီး ကိုယ်တိုင်လာဖြောင့်ဖျသွားရာကနေ အလုပ်ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးဆိုက်မှာ လေးလအတွက်း ပန်းရံ ၅ ယောက် ပြုတ်ကျသေဆုံးပြီး ကျိန်စာသင့်နေတယ်ဆိုတဲ့သတင်းကလည်း ထွက်နေပြန်ပါသေးတယ်။ ဒါပေမဲ့ ဒီဘုရားကျောင်းကိုဖြိုတာက တစ်ချိန်ကဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုရဲ့တံခါးပေါက်ကို ဖွင့်မိသလိုဖြစ်သွားတဲ့အခါမှာတော့... Genre .....  Horror, Thriller Quality ..... 720P / 1080P WEB-DL 5.1 (HEVC) Review ..... Venus Translator ..... LL, U, Venus, Nyein Su Encoder ..... N.A.S ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/265

Backwoods Blood Feud (2026) ------------ Indie Horror လောကမှာ သွေးထွက်သံယိုအက်ရှင်ကားကောင်းတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ
Backwoods Blood Feud (2026) ------------ Indie Horror လောကမှာ သွေးထွက်သံယိုအက်ရှင်ကားကောင်းတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ J. Horton ရိုက်ကူးပုံဖော်ထားပြီး၊ သဘာဝလွန်ပုံစံ သားရဲဂိုဏ်းစတားကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းကတော့ စနစ်တကျ ပြင်ဆင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ ဇောက်ထိုးမိုးမျှော် ကျရှုံးသွားခဲ့ရတဲ့ ဓားပြတိုက်မှုကြီးတစ်ခု အပြီးကနေ စတင်ထားပါတယ်။ ရဲတွေရဲ့ လက်ကနေ အသက်လု ထွက်ပြေးလာကြတဲ့ ရာဇဝတ်အုပ်စုတစ်စုက... လူသူပြတ်လပ်ပြီး အေးခဲနေတဲ့ တောနက်ကြီး ထဲမှာ သွားရောက်ပုန်းအောင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ဟာ တောထဲမှာ ရဲတွေရန်ကနေ လွတ်ပြီလို့ ထင်မှတ်ခဲ့ပေမဲ့... တကယ်တော့ ရဲတွေထက် အဆပေါင်းများစွာ ကြောက်စရာကောင်းတဲ့ သေမင်းထောင်ချောက်ထဲ တည့်တည့်တိုးမိသွားတာ ဖြစ်ပါတယ်။ အဆိုပါ တောနက်ကြီးထဲမှာ လူမဟုတ်တဲ့ "မိစ္ဆာ သားရဲမျိုးနွယ်စုကြီး နှစ်စု" ဟာ တစ်ဖက်နဲ့တစ်ဖက်ဂိုဏ်းစစ်ပွဲတွေဖြစ်နေကြတာကို ဓားပြတွေ တွေ့ရှိသွားပါတော့တယ်။ ဒီမိစ္ဆာစစ်ပွဲကြီးရဲ့ အလယ်ခေါင်မှာ ညှပ်ပူးညှပ်ပိတ်ဖြစ်ပြီး ပိတ်မိနေတဲ့ လူသားဓားပြအဖွဲ့ဟာ ဓားပြတိုက်တုန်းက ကိုင်လာတဲ့ လက်နက်တွေနဲ့ မိစ္ဆာတွေကို ပြန်လည်ခုခံဖို့ ကြိုးစားပေမဲ့... တဖြည်းဖြည်းနဲ့ သူတို့ကိုယ်တိုင်ပါ မိစ္ဆာတွေရဲ့ အမဲလိုက် သားကောင်အဖြစ်သွားပါတယ်။ ဓားပြအဖွဲ့ဟာ အချင်းချင်းကြားက အတ္တတွေကို ဘေးဖယ်ပြီး ဒီသေမင်းတောနက်ကြီးထဲကနေ အသက်ရှင်အောင် ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာကို သွေးသံရဲရဲ ရိုက်ပြထားပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/354

ဒန်နီဆိုတဲ့ကောင်လေးဟာ ဘာ့ထ်ဆိုတဲ့ "ဦးလေး"ဖြစ်သူမာဖီးယားရဲ့လက်အောက်မှာ ခွေးလိုမျိုးမွေးမြူထားခံရပြီး တိုက်ကြက်လို mindset မျို
ဒန်နီဆိုတဲ့ကောင်လေးဟာ ဘာ့ထ်ဆိုတဲ့ "ဦးလေး"ဖြစ်သူမာဖီးယားရဲ့လက်အောက်မှာ ခွေးလိုမျိုးမွေးမြူထားခံရပြီး တိုက်ကြက်လို mindset မျိုး ငယ်ငယ်ကတည်းကအသွင်းခံရသူပါ။ သူ့ကိုလည်ပင်းမှာပါ လည်ပတ်ဝတ်ပေးပြီး မွေးမြူထားရတဲ့ ရည်ရွယ်ချက်ကတော့ ခွေးလိုမျိုး သခင်ကို သစ္စာရှိရှိကာကွယ်ပေးနိုင်ဖိုပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ တိုက်ခိုက်မှုတစ်ခုကြောင့် ဘာ့ထ် သေဆုံးပြီလို့ ယူဆရတဲ့အတွက် လေလွင့်သွားတဲ့ဒန်နီတစ်ယောက် ဆမ်ဆိုတဲ့ မျက်မမြင်လူကြီးအိမ်ကို ရောက်သွားပါတော့တယ်။ ဆမ်နဲ့ သူ့မယားပါသမီး ဗစ်တိုးရီးယားတို့ဟာ ဗစ်တိုးရီးယားကျောင်းတက်ဖို့ အတွက် မြို့တက်ကြရင်းနဲ့ ဒန်နီကိုတွေ့ပြီး ခင်မင်သွားကြတဲ့အခါ ဒန်နီရဲ့ အရိုင်းဆန်တဲ့စိတ်တွေ တဖြည်းဖြည်းပျောက်လာပါတော့တယ်။ ဒန်နီတစ်ယောက် ဆမ်တိုသားအဖရဲ့ ပြုပြင်မှုနဲ့ လူယဉ်ကျေးဖြစ်နိုင်မလား၊ အရိုင်းဆန်တဲ့ တိုက်ကြက်လိုစိတ်ဓာတ်တွေပဲ ပြန်ပေါ်လာနိုင်မလားဆိုတာ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/352 #Credit

စော်လိုက်နည်းသင်တန်း ဖွင့်ထားတဲ့ ဘဲကြီး H_i-t_c-h 2005 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဥ်းကတော့ - အဲလစ် ဟစ်ခ်ျ ဆိုတဲ့ Dating အသင်ပြ
စော်လိုက်နည်းသင်တန်း ဖွင့်ထားတဲ့ ဘဲကြီး H_i-t_c-h 2005 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဇာတ်လမ်းအကျဥ်းကတော့ - အဲလစ် ဟစ်ခ်ျ ဆိုတဲ့  Dating အသင်ပြ ဆရာတစ်ယောက်ဟာ ယောက်ျားလေးတွေကို စော်လိုက်နည်းတွေ သင်ပေးတဲ့သူတစ်ယောက်ပါ ။ တစ်နေ့မှာတော့ အဲလစ် ဟာ ဆာရာမီးလပ်စ် လို့ခေါ်တဲ့ ဂျာနယ်တိုက်က အတင်းတုတ်တဲ့ ဆောင်းပါးရှင် မိန်းမတစ်ယောက် နဲ့ ကြုံကြိုက်ပါတော့တယ် ။ သူမဟာ ယောက်ျားတွေကို ဖောက်ပြန်တဲ့သူတွေလို့ စိတ်ထဲစွဲထားကာ ချစ်တတ်တဲ့ နှလုံးသား မရှိသူတစ်ယောက်လည်းဖြစ်ပါတယ် ။ အပျိုကြီး မမ နဲ့ စော်လိုက်သင်တန်းဖွင့်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ကြုံကြိုက်စေခဲ့ကာ အချစ်နဲ့ပတ်သက်ပြီး ဘယ်လောက် တတ်ကျွမ်းကြောင်း ပြိုင်ကြတဲ့အခါမှာတော့... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/350 #Credit

သူလျှို M_u-k_h-b_i-r : T_h-e S-t_o-r_y o-f a S-p_y (2-0-2-6) =========================================== "ရန်သူ့နယ်မြေထဲမှာ
သူလျှို M_u-k_h-b_i-r : T_h-e S-t_o-r_y o-f a S-p_y (2-0-2-6) =========================================== "ရန်သူ့နယ်မြေထဲမှာ ခြေတစ်လှမ်းမှားတာနဲ့ အသက်ပါမကျန် စတေးခံရမယ့် အခြေအနေ..." Spy Thriller ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အိန္ဒိယ သူလျှိုကားသစ်ကြီး ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားလေးကတော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ web series ကို Movie အနေနဲ့ ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး ဇာတ်လမ်းတွဲထဲက ဝါရင့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Prakash Raj နဲ့ Adil Hussain တို့ရဲ့ အားပြိုင်မှုတွေအပြင် ခေါင်းဆောင်မင်းသား Zain Khan Durrani ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို ရှုစားရမယ့် ကားပါ။ ဇာတ်လမ်းကတော့ အိန္ဒိယ နဲ့ ပါကစ္စတန် ကြားက စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးရောက်နေတဲ့ အချိန်ကနေ စတင်ထားပါတယ်။ ပါကစ္စတန်ဘက်က အိန္ဒိယကို အကြီးအကျယ် တိုက်ခိုက်ဖို့ လျှို့ဝှက်ကြံစည်နေတဲ့ အချိန်... ဒီသတင်းကို ကြိုတင်သိရှိပြီး တိုင်းပြည်ကို ကယ်တင်ဖို့အတွက် အိန္ဒိယဘက်က "Mukhbir" (သတင်းပေး/သူလျှို) တစ်ယောက်ကို ပါကစ္စတန်မြေပေါ်ကို စေလွှတ်ဖို့ တာဝန်ကျလာပါတော့တယ်။ သာမန်သူလျှိုကားတွေလို သေနတ်တွေပစ်၊ ဗုံးတွေခွဲပြီး ဇွတ်ကြမ်းနေတာမျိုး မဟုတ်ဘဲ၊ ရန်သူ့နယ်မြေထဲမှာ ဘယ်သူ့ကိုမှ ယုံလို့မရဘဲ သတင်းရယူရတဲ့ သူလျှိုတစ်ယောက်ရဲ့ စိတ်ဖိစီးမှုတွေ၊ ဉာဏ်ကစားရမှုတွေကို လက်တွေ့ကျကျ ရိုက်ပြထားတာပါ။ သူလျှိုတစ်ယောက်အနေနဲ့ ပါကစ္စတန်ကို ရောက်သွားတဲ့အခါ... သူ့ရဲ့ ဟန်ဆောင်မှုတွေက ဘယ်လောက်ထိ ခရီးရောက်မလဲ။ ဘယ်အချိန်မှာ လူမိသွားနိုင်မလဲ။ တိုင်းပြည်ကို ကယ်တင်ဖို့ဆိုတဲ့ မစ်ရှင်ကြီးကိုရော သူအောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာပါ။ Action ထက် ဉာဏ်ကစားတဲ့ Spy Drama တွေကို သဘောကျတယ်၊ ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ သွေးအေးအေး ဖြေရှင်းရတဲ့ Thriller ကားကောင်းကို ရှာနေတယ်ဆိုရင်တော့ ၂ နာရီခွဲစာ အချိန်ပေးရကျိုးနပ်မဲ့ ဒီဇာတ်ကားကို အခုပဲ ဒေါင်းကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/348