uk
Feedback
Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Відкрити в Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Показати більше
Країна не вказанаКатегорія не вказана

📈 Аналітичний огляд Telegram-каналу Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ)

Канал Dream World (မြန်မာစာတန်းထိုးဇာတ်ကားများ) (@dreamworld78946) є активним учасником. На даний момент спільнота об'єднує 27 085 підписників, посідаючи місце в категорії Інші.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 27 085 підписників.

За останніми даними від 20 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -5 629, а за останні 24 години на 6 706, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 3.75%. Протягом перших 24 годин після публікації контент зазвичай збирає 4.05% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 012 переглядів. Протягом першої доби публікація в середньому набирає 1 094 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 0.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Завдяки високій частоті оновлень (останні дані отримано 21 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Інші.

27 085
Підписники
+6 70624 години
+3 2837 днів
-5 62930 днів
Архів дописів
The Loved One (2026) ဒီကားက "ဝေးကွာနေတဲ့ ချစ်ခြင်းမေတ္တာ" (Long Distance Love) နဲ့ "စွန့်လွှတ်အနစ်နာခံမှု" အကြောင်းကို အဓိကထာ
The Loved One (2026) ဒီကားက "ဝေးကွာနေတဲ့ ချစ်ခြင်းမေတ္တာ" (Long Distance Love) နဲ့ "စွန့်လွှတ်အနစ်နာခံမှု" အကြောင်းကို အဓိကထား ရိုက်ပြထားတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားနဲ့ မင်းသမီးက ငယ်ချစ်ဦးတွေ ဖြစ်ကြပေမယ့် ဘဝပေးအခြေအနေကြောင့် တစ်ယောက်က ပြည်ပမှာ အလုပ်သွားလုပ်ရပြီး၊ ကျန်ခဲ့တဲ့သူကတော့ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း ဝေးကွာခဲ့ကြသူတွေပေါ့။ နှစ်အတော်ကြာမှ ပြန်ဆုံကြတဲ့အခါမှာတော့ သူတို့ကြားမှာ အရင်လို အချစ်တွေရှိနေသေးပေမယ့် လက်ရှိဘဝရဲ့ အခြေအနေတွေ၊ မိသားစု အကျပ်အတည်းတွေနဲ့ အသစ်ရောက်လာတဲ့ ပတ်ဝန်းကျင်တွေကြောင့် သူတို့ရဲ့အချစ်က ရှေ့ဆက်ဖို့ ခက်ခဲနေတဲ့အကြောင်းကို ရင်နင့်အောင် ရိုက်ပြထားပါတယ်။ ဖိလစ်ပိုင်အချစ်ကားတွေရဲ့ ထုံးစံအတိုင်း စိတ်ကူးယဉ်ဆန်ရုံတင် မဟုတ်ဘဲ တကယ့်ဘဝမှာ ဖြစ်ပျက်နေတဲ့ လူမှုရေးအခက်အခဲတွေကိုပါ ထည့်သွင်းထားလို့ ကြည့်ရတာ တော်တော်လေး ခံစားချက်ပါစေပါတယ်။ အဓိကသရုပ်ဆောင်နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းကို သဘာဝကျပြီး ဖိလစ်ပိုင်ဒရာမာပရိသတ်တွေအတွက်တော့ မျက်ရည်ကျရမယ့် ကားမျိုးပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ လှပတဲ့ ကမ်းခြေဒေသတွေနဲ့ မြို့ပြအလှတွေကို အကောင်းဆုံး ရိုက်ချက်တွေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ "The Loved One" (2026) ကတော့ အချစ်စစ်ဆိုတာ ပိုင်ဆိုင်ရုံတင် မဟုတ်ဘဲ ကိုယ်ချစ်ရတဲ့သူ (The Loved One) အတွက် အကောင်းဆုံး ဖြစ်စေချင်တဲ့စိတ်နဲ့ ဘယ်လိုဆုံးဖြတ်ချက်တွေ ချကြမလဲဆိုတာကို ရိုက်ပြထားတဲ့ အလွန်ကောင်းမွန်တဲ့ ရိုမန်းတစ်ဒရာမာကားလေးတစ်ကား ဖြစ်ပါတယ်။ ဖိလစ်ပိုင် အချစ်ကားတွေကိုမှ စွဲစွဲလန်းလန်း ကြည့်တတ်တဲ့သူဆိုရင်တော့ ဒါက ၂၀၂၆ အတွက် Must-watch စာရင်းထဲမှာ ပါပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/90

ဆယ်စုနှစ်တစ်ခုစာ နာကျည်းချက်နဲ့ သစ္စာဖောက်ကို ရှာဖွေမယ့်... သေမင်းတမန် စနိုက်ပါသမား" ရှယ်ကြမ်းတဲ့ကားလေး G--ho--st S--ni--per
ဆယ်စုနှစ်တစ်ခုစာ နာကျည်းချက်နဲ့ သစ္စာဖောက်ကို ရှာဖွေမယ့်... သေမင်းတမန် စနိုက်ပါသမား" ရှယ်ကြမ်းတဲ့ကားလေး G--ho--st S--ni--per (2023) စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြေးစားတပ်ဖွဲ့တစ်ခု... ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ဟာ ပြန်ပေးသမားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဇီဝလက်နက်ထုတ်လုပ်ရေး ပညာရှင် ပါမောက္ခ စစ်စံကို ကယ်တင်ဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဒီကယ်တင်ရေး လမ်းကြောင်းမှာပဲ အဖွဲ့သားတွေဟာ ပြန်ပေးသမားတွေရဲ့ ထောင်ချောက်အတွင်းကို အငိုက်မိ ဆင်းသက်မိခဲ့ပြီး အဖွဲ့သားအများအပြား သေဆုံးခဲ့ရပါတယ်။ ဒီလို ရက်စက်တဲ့ မြင်ကွင်းတွေကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ အဖွဲ့ထဲက လက်ဖြောင့်စနိုက်ပါသမား Lin Feng အဖို့တော့... " အဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေတာလား? ဘယ်သူက အဖွဲ့သားတွေကို သတ်တာလဲ?" ဆိုတဲ့ အဖြေမရှိတဲ့ မေးခွန်းတွေနဲ့အတူ အရိပ်အယောင်တောင် မမြင်ရတဲ့ ရန်သူကြောင့် စိတ်ထဲမှာ နာကျည်းမှုတွေ၊ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သေဆုံးသွားပြီလို့ အားလုံးက ထင်မှတ်ထားတဲ့ သူတစ်ယောက်ရဲ့ ထူးဆန်းတဲ့ သေနတ်သံတစ်ချက်ကြောင့်... လွန်ခဲ့တဲ့ (၁၀) နှစ်က အဖွဲ့သားတွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးဆီကို Lin Feng တစ်ယောက် ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရပါတယ်။ အဖွဲ့သားတွေရဲ့ ကံကြမ္မာကို ပြန်လည်ကယ်တင်ဖို့ အားခဲထားချိန်မှာပဲ... အဖွဲ့သားတွေကို မကယ်တင်နိုင်ရုံတင်မကဘဲ ဒီလိုရက်စက်မှုတွေရဲ့ နောက်ကွယ်က အမှန်တရားကို အကြိမ်ကြိမ် အဖန်ဖန် ရှာဖွေဖို့ ကြိုးစားလာတဲ့အခါမှာတော့...။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/88

Murder in the Dark (2026) ++++++++++++ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ Murder in the Dark ရုပ်ရှင်ကားက Thriller နဲ့ Drama အမျိုး
Murder in the Dark (2026) ++++++++++++ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ Murder in the Dark ရုပ်ရှင်ကားက Thriller နဲ့ Drama အမျိုးအစားကိုမှ ခံစားချက်အသားပေး ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဆန်းလေးတစ်ခုပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က Ash ဆိုတဲ့ အမျိုးသမီးလေးပါ။ သူက မျက်မမြင်တစ်ယောက်ဖြစ်ပေမယ့် အရမ်းကို စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေသူပေါ့။ သူက "The Blind Pig" လို့ခေါ်တဲ့ (မှောင်မှောင်မည်းမည်းထဲမှာပဲ စားသောက်ရတဲ့) Dark-dining စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ တစ်နေ့မှာတော့ သူအလုပ်လုပ်နေတဲ့ဆိုင်က စားဖိုမှူးချုပ်ကြီး အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ Ash က အနားမှာရှိနေခဲ့ပြီး ဒီလူသတ်မှုကို သိလိုက်ရတဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေ (သို့မဟုတ် အသံကြားခဲ့တဲ့သက်သေ) ဖြစ်လာပါတော့တယ်။ အေးအေးဆေးဆေး ရှိလှတဲ့ သူ့ဘဝဟာ ဒီလူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကြားထဲမှာ ပရမ်းပတာ ဖြစ်ကုန်တာပေါ့။ Cedric လို့ခေါ်တဲ့ စုံထောက်တစ်ယောက်က Ash ကို ကာကွယ်ပေးဖို့နဲ့ ဒီအမှုကို ဖော်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ လူသတ်သမားက အမှောင်ထဲမှာ ပုန်းအကွယ်နေပြီး Ash ကို နောက်ထပ်ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တဲ့အခါမှာတော့ သူ့အနေနဲ့ ဘယ်သူ့ကို ယုံကြည်ရမလဲဆိုတာ ဝေခွဲမရဖြစ်လာပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းအများစုက မှောင်နေတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာမို့လို့ ကြည့်ရှုသူတွေအနေနဲ့ ဇာတ်လိုက်မင်းသမီး ခံစားရသလိုမျိုးပဲ ဘေးနားမှာ ဘာရှိနေမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းအောင် ရိုက်ပြထားပါတယ်။ မျက်စိမမြင်ရတဲ့သူတစ်ယောက်က အမြင်အာရုံကိုပဲ အားကိုးတဲ့ လူသတ်သမားကို ဘယ်လိုဉာဏ်သုံးပြီး ပြန်တိုက်ခိုက်မလဲဆိုတာက ဒီကားရဲ့ အဓိကဆွဲဆောင်မှုပါပဲ။ ဒီကားက "Don't Breathe" လိုကားမျိုး ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ကားမျိုးပါ။ မင်းသမီးရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရမ်းကို သဘာဝကျပြီး ထိမိတယ်လို့ ပြောကြပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2/85 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/86

"ပျားရည်လိုချိုမြိန်တဲ့ အချစ်တွေနောက်က... အမှောင်ဝင်္ကပါ" ============================================ "သာမန် ရိုးရိုးအေးအေး
"ပျားရည်လိုချိုမြိန်တဲ့ အချစ်တွေနောက်က... အမှောင်ဝင်္ကပါ" ============================================ "သာမန် ရိုးရိုးအေးအေး မိန်းမတစ်ယောက်က... ရက်စက်တဲ့ လူသတ်သမား မုဆိုးတစ်ပိုင်း မိန်းမရိုင်းအဖြစ် ရောက်မှန်းမသိ ရောက်လာတဲ့အခါ..." ဒီတစ်ခါတော့ တရုတ်ရုပ်ရှင်တွေထဲကမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရတာ ရင်တမမဖြစ်စေမဲ့ Female Crime Thriller ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ တရုတ်မင်းသမီးကြီး Yuan Quan နဲ့ မင်းသား Geng Le တို့က အဓိကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောရရင်တော့... အပေါ်ယံကြည့်ရင်တော့ သာယာချမ်းမြေ့တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သာမန် အပျိုကြီးမမတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ ဘဝထဲကို မထင်မှတ်ထားတဲ့ ခို့ယီဆိုတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့ဘဝမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ အချစ်ဆိုတဲ့အရာက ဝင်ရောက်လာတဲ့အခါ သာမန်မဟုတ်တဲ့ အဖြစ်အပျက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ လျှို့ဝှက်ချက်တွေပါ အချစ်နဲ့အတူ ဝင်ရောက်လာတဲ့အခါမှာတော့… သူ့ရဲ့ အေးချမ်းတဲ့ဘဝလေးဟာ လုံးဝကို ပြောင်းလဲသွားပါတော့တယ်။ "အကျိုးပြုတဲ့ အင်းဆက်တွေက အဖျက်ပိုးတွေကို စားပစ်တယ်" ဆိုတဲ့ စကားလိုပဲ... သူ့ရဲ့မနာလိုစိတ်နဲ့လောဘက သူ့ကို တမြေ့မြေ့ ဝါးမြိုလာတဲ့အခါ……. Psychological Thriller ဆန်ဆန်နဲ့ Plot Twist တွေ အများကြီးပါဝင်တဲ့အပြင်... မိန်းမတစ်ယောက်ရဲ့ အမုန်းတရားက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို ရိုက်ပြထားတာဖြစ်လို့ တော်တော်လေး ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါပဲ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/84

My Dearest Señorita(2026) ၁၉၇၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အော်စကာဆန်ခါတင်ဝင် စပိန်ဂန္ထဝင်ဇာတ်ကားကို ခေတ်သစ်ပုံစံနဲ့ ပြန်လည်ရိုက်ကူ
My Dearest Señorita(2026) ၁၉၇၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အော်စကာဆန်ခါတင်ဝင် စပိန်ဂန္ထဝင်ဇာတ်ကားကို ခေတ်သစ်ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ Drama / Romance ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေကို စိန်ခေါ်တဲ့ အချစ်ဇာတ်လမ်းကို အနုပညာဆန်ဆန် တင်ဆက်ထားတာပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးအကြောင်းပါ။ သူမဟာ ကိုယ့်ကိုကိုယ် သိထားတဲ့အရာတွေ၊ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ ပုံစံတွေအတိုင်း နေထိုင်လာခဲ့ရာကနေ... တစ်နေ့မှာတော့ ထင်မှတ်မထားတဲ့ ဆေးဘက်ဆိုင်ရာ တွေ့ရှိမှုတစ်ခုကြောင့် သူမရဲ့ ဖြစ်တည်မှုတစ်ခုလုံးဟာ ပြောင်းလဲသွားပါတော့တယ်။ လိင်ကွဲပြားမှု၊ ဖြစ်တည်မှု၊ မိမိကိုယ်ကိုယ် လက်ခံလာနိုင်မှုနဲ့ အချစ်ရဲ့ အဓိပ္ပာယ်တွေကို  အတွေးပွားစေမယ့် ပုံစံမျိုးနဲ့ ရိုက်ပြထားတဲ့ ဒရမ်မာကားလေးဖြစ်ပါတယ် ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/82

M a a r a n [ 2 0 2 2 ] ------------------------------------------- ဆက်သီမိုသီဟာ ရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး
M  a   a  r   a  n  [ 2  0   2 2 ] ------------------------------------------- ဆက်သီမိုသီဟာ ရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့ အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့ အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကို မီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့…။ နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb ရိတ်တင်ကောင်းကောင်းရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေနဲ့ရိုက်ကူးထားတာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/66

The Missing( 2026) ,Action ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/77
The Missing( 2026) ,Action ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/77

ထိတ်လန့်ဝိညာဉ် (民国惊魂录) Republic of China Thriller 2026 ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 ht
ထိတ်လန့်ဝိညာဉ် (民国惊魂录) Republic of China Thriller 2026 ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/59

T_h-e I-n-t-e-r-n_s-h_i-p (2-0 -2-6) =========================== IMDB ⭐️ 4.7/10 အရင်တုန်းက စီအိုင်အေက ဟင်နရီဘန်းဟာ Internship
T_h-e I-n-t-e-r-n_s-h_i-p (2-0 -2-6) =========================== IMDB ⭐️ 4.7/10 အရင်တုန်းက စီအိုင်အေက ဟင်နရီဘန်းဟာ Internship လို့ခေါ်တဲ့ ကလေးတွေကိုငယ်ငယ်ကတည်းက ဖမ်းပြီးလူသတ်လက်နက်ဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ပရိုဂရမ်ကို ဖန်တီးခဲ့ပါတယ် Internship ကလေ့ကျင့်ပေးခံရတဲ့ ကလေးတွေကို အထူးသင်တန်းသားလို့ခေါ်ပြီး သူတို့တွေဟာဟင်နရီဘန်းထဖောက်ပြီး သေဆုံးသွားတဲ့နောက်မှာ  Internship ပရိုဂရမ်နဲ့အတူ သူတို့ပါပျောက်ကွယ်သွားပါတော့တယ် ဇာတ်မြှုပ်နေထိုင်နေတဲ့ ကတ်တလစ်စ်ခေါ်ရီနီဟာ အထူးသင်တန်းသားတစ်ယောက်ဖြစ်ပြီး သူ့လိုအထူးသင်တန်းသားတွေအကြောင်းရေးသားထားတဲ့ စာရင်းကိုခိုးယူခဲ့ပြီး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဆက်သွယ်ကာလူစုလိုက်ပါတော့တယ် ဒီ Internship အစီအစဉ်ကို ရုရှားတွေကလည်း လိုက်လုပ်ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ကျရှုံးသွားတဲ့နောက်မှာ သူတို့တွေဟာလည်း ကျန်ရှိနေတဲ့သင်တန်းသားတွေကို အမေရိကန်တွေအသုံးမချနိုင်အောင် ရီနီကိုသတ်ဖို့ ကြံရွယ်လာပြီး စီအိုင်အေကလည်း သင်တန်းသားတွေကို ထိန်းမနိုင်သိမ်းမရမဖြစ်ခင် ဖမ်းဖို့ကြံလာတဲ့နောက်မှာ ရီနီဦးဆောင်တဲ့သင်တန်းသားအဖွဲ့ဟာ ဘာတွေကြံစည်ပြီး ဘာဆက်လုပ်မလဲဆိုတာကတော့..... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/72

မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း Gangnam Blues (2015) ** ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တိ
မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း Gangnam Blues (2015) ** ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တို့ အချစ်တော်မင်းသား Lee Min Ho, The Doctors နဲ့ Love Story in Havard မင်းသား Kim Rae Won တို့ အဓိကပါဝင်ထားတဲ့ နာမည်ကြီး အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဂန်းနမ်မှာ မြို့ပြဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်းကြောင့် မြေယာဈေးကွက် ဖြစ်ပေါ်လာပြီး စီးပွားရေးသမားတွေနဲ့ လူမိုက်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ ကာလကို အခြေခံထားတာဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်းလေးကတော့ ** ဂင်ဂျုံဒယ် (Lee Min Ho)နဲ့ ဘဲ့ယုံဂီ (Kim Rae Won) တို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူတူ ကြီးပြင်းလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုရင်းနဲ့ ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတဲ့သူတွေပါ။ တစ်ရက်မှာ သူတို့နှစ်ယောက်ရဲ့ တဲစုတ်လေးကို လူမိုက်အဖွဲ့က ဖျက်ဆီးတဲ့အချိန်မှာ ပြန်ခုခံရင်းနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ လူမိုက်အဖွဲ့က နိုင်ငံရေးပါတီတစ်ခုရဲ့ ညီလာခံကို ဖျက်ဆီးဖို့အတွက် လူလိုနေတုန်း ဂျုံဒယ်နဲ့ ယုံဂီကလည်း ပါဝင်အားဖြည့်လိုက်ကြပါတယ်။ ညီလာခံကို ရောက်တဲ့အခါ မထင်မှတ်ထားတဲ့အခြေအနေကြောင့် သူတို့နှစ်ယောက်လည်း လူစုကွဲသွားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဂျုံဒယ်ဟာ မြေအရောင်းအဝယ်ကိစ္စ လုပ်ရင်း မထင်မှတ်ဘဲ ယုံဂီကို ပြိုင်ဘက်လူမိုက်ဂိုဏ်းအဖွဲ့ဝင်အဖြစ် ပြန်တွေ့လိုက်ရပါတယ်။ ဘဝကို ဆင်းရဲစွာ နေလာရလို့ ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်ချင်တဲ့ယုံဂီလိုမျိုး ဂျုံဒယ်ကတော့ ပိုက်ဆံချမ်းချမ်းသာသာနဲ့ နေချင်ခဲ့ပါတယ်။ ဒီတော့ ပြိုင်ဘက်ဂိုဏ်းတွေမှာ ရောက်နေတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဆန္ဒတွေ ပြည့်ဝဖို့အတွက် အဖွဲ့ဝင်တွေ မသိအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ။ နိုင်ငံရဲ့အခြေအနေ မတည်ငြိမ်တဲ့ကာလမှာ စီးပွားရေးသမားတွေရဲ့လောဘတွေ, လှည့်ကွက်တွေ, လူမိုက်ဂိုဏ်းတွေကြားက သစ္စာဖောက်မှုတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးပြသထားတာတွေကို ကြည့်ရှုလိုက်ပါဦးနော် .. ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/71 #Credit

လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ーーーーーーーーーーーーーーー
လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ーーーーーーーーーーーーーーーーー မျက်မမြင်စန္ဒရားပညာရှင်အဖြစ် သရုပ်ဆောင်ထားတဲ့ အာကရှ်ဟာ တစ်နေ့မှာ ဖိတ်ခေါ်ခံရတဲ့အိမ်တစ်အိမ်မှာ သွားရောက်ဖျော်ဖြေရင်း မထင်မှတ်ဘဲ လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် သက်သေခံလိုက်မိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အခက်အခဲက ရဲကို သွားမပြောနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအမှုရဲ့ တရားခံက ရဲချုပ်ကိုယ်တိုင်ဖြစ်နေလို့ပါ။ အဲဒီကနေစပြီး အသက်ရှင်ဖို့အတွက် "မျက်မမြင်"ဆိုတဲ့ အသွင်ကို ဆက်ထိန်းထားရင်း လိမ်လည်မှုတွေ၊ လှည့်ကွက်တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/69

Vaashi (2022) Ebin နဲ့ Madhu ဆိုတဲ့ ရှေ့နေနှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ပြီး အချင်းချင်းလည်း စိတ်ဝင်စားနေကြတဲ့ ချစ်သူတွေပါ။ သူ
Vaashi (2022) Ebin နဲ့ Madhu ဆိုတဲ့ ရှေ့နေနှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ပြီး အချင်းချင်းလည်း စိတ်ဝင်စားနေကြတဲ့ ချစ်သူတွေပါ။ သူတို့နှစ်ယောက်ဟာ တိုက်တိုက်ဆိုင်ဆိုင် အမှုတစ်ခုမှာ တရားလိုရှေ့နေနဲ့ တရားခံရှေ့နေအဖြစ် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြိုင်ဆိုင်ရတဲ့ အခြေအနေကို ရောက်သွားတယ်။ သူတို့ ကိုင်တွယ်ရတဲ့အမှုကလည်း သိပ်မရှင်းလင်းတဲ့ သဘောတူညီမှု (Consent) နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတော့ ပိုရှုပ်ထွေးတာပေါ့။ တရားခွင်ထဲက အနိုင်အရှုံးနဲ့ အားပြိုင်မှုတွေက သူတို့ရဲ့ ပြင်ပက အချစ်ရေးအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိလာတဲ့အခါ... ပရော်ဖက်ရှင်နယ်အလုပ်နဲ့ သံယောဇဉ်ကြားမှာ ဘယ်လိုတွေ ဗျာများမလဲ၊ ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရမှာ ဖြစ်ပါတယ်။ အချစ်ကားဆန်ဆန် ရိုက်ထားပေမဲ့ တရားခွင်ခန်းတွေမှာ အပြန်အလှန် ဥပဒေပုဒ်မတွေနဲ့ ချေပတာတွေကလည်း အတော်လေး မိုက်တယ်လို့ ပြောလို့ရပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/60

1920: Horrors of the Heart (2023) IMDb - 4.8/10 နာမည်ကြီး "1920" Horror Franchise ရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာ က
1920: Horrors of the Heart (2023) IMDb - 4.8/10 နာမည်ကြီး "1920" Horror Franchise ရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာ ကလဲ့စားချေမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်လမ်းမှာတော့ Meghna ဟာ သူမရဲ့ဖခင်ဖြစ်သူကို သေကြောင်းကြံအောင် တွန်းအားပေးခဲ့တဲ့ မိခင်ဖြစ်သူအပေါ် ကလဲ့စားချေဖို့ ကြိုးစားရာကနေ စတင်ထားပါတယ်။ ကလဲ့စားချေဖို့အတွက် သူမဟာ ဝိညာဉ်လောကရဲ့ အကူအညီကိုရယူပြီး မိခင်ဖြစ်သူရဲ့ မိသားစုအသစ်ကို ဒုက္ခပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ကနေတစ်ဆင့် သူမမမျှော်လင့်ထားတဲ့ ထိတ်လန့်စရာ အကျိုးဆက်တွေနဲ့ ကြောက်မက်ဖွယ်ရာ ဝိညာဉ်လောကရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်ရင်ဆိုင်ရပုံကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ သဘာဝလွန် ခြောက်လှန့်မှုတွေအပြင် မိသားစုကြားက လျှို့ဝှက်ချက်တွေနဲ့ ဝမ်းနည်းစရာ သံယောဇဉ်တွေကိုလည်း ပေါင်းစပ်တင်ပြထားပါတယ်။ Horror ကားကြိုက်သူတွေအတွက် တစ်ကားတည်းနဲ့တင် ထိတ်လန့်မှုရော ဒရာမာအရသာပါ ခံစားရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/58

Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်
Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်ရှင်ဟာသရုပ်ရှင်မျိုးကို လွမ်းနေတဲ့သူတွေအတွက် ဒီရုပ်ရှင်ကတော့ အလွမ်းပြေစေနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- 1970 ခုနှစ်ဝန်းကျင်မှာ ဟုန်ရင်းကျန်းဟာ H နိုင်ငံ တရုတ်တန်းက သိုင်းလောကမိသားစု"ဟုန်ဓားဂိုဏ်း"မှာ မွေးဖွားလာခဲ့ပြီး ကြီးပြင်းလာတဲ့တစ်လျှောက် အောင်မြင်မှု တစ်စုံတစ်ရာ မရှိတဲ့အတွက် "အသုံးမကျတဲ့ကောင်" လို့သမုတ်ခံနေရသူ ဖြစ်ပါတယ်။ အခွင့်အရေးတစ်ခုကြောင့် ဟုန်ရင်းကျန်းဟာ သူငယ်ချင်းဟောင်းပေါင်းတျန်နဲ့ ပြန်တွေ့ပြီး "ကျုံးရှောက်ဂိုဏ်း" က အစ်ကိုပေါက်ကို တွေ့ခွင့်ရခဲ့ပြီး အကြံအစည်တစ်ခုထဲ ဝင်ပါမိသွားခဲ့ပါတယ်။ ဒါပေမဲ့ သိုင်းပညာရှင်ကြီး ဝူချန်က ဟုန်ရင်းကျန်းဟာ သိုင်းပညာကျင့်ကြံဖို့ အသင့်တော်ဆုံးလူထူးချွန်တစ်ယောက်ဆိုတာ ရိပ်မိသွားခဲ့ပြီး သူ့ရဲ့ သွေးကြောတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟုန်ရင်းကျန်းဟာ ဝူချန်ရဲ့ အကြံပြုချက်ကြောင့် ငြိမ်းချမ်းရေးရွာကို ရောက်သွားခဲ့ပြီး လူဆိုးကြီး သခင်ကြီးလင်ကို မတော်တဆ ပြစ်မှားမိသွားပါတယ်။ မထင်ထားဘဲ သခင်ကြီးလင်ရဲ့ သားဟာ အစ်ကိုပေါက် ဖြစ်နေတဲ့အခါ...... ဟုန်ရင်းကျန်းနဲ့ အစ်ကိုပေါက်တို့ကြားက ရန်ငြိုးတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/64

Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတော
Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။ သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တောထဲမှာ စခန်းချပြီး နောက်တစ်ရက်မှာတော့ တောထဲမှာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ စပြီး တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုကိစ္စတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/62

Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။ ကိုယ်ခံပညာပေါင်းစုံသုံး
Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။  ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး (MMA) လောကကို အခြေခံရိုက်ကူးထားတဲ့ ၂၀၂၆ ထွက် အက်ရှင်ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဒီကားထဲမှာ နာမည်ကြီး မင်းသားကြီး ရပ်ဆဲလ်ခရိုး (Russell Crowe) ရော ဒန်နီယယ် မက်ဖာဆန် (Daniel MacPherson) ရော ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ပက်တန် ဂျိမ်းစ် ဆိုတာ တစ်ချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ MMA ကစားသမားဟောင်း တစ်ယောက်ပေါ့။ အခုတော့ သူက ပြိုင်ပွဲတွေကနေ အနားယူပြီး အေးအေးဆေးဆေး တံငါသည် အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာပါ။ ဒါပေမဲ့ သူ့ညီဖြစ်သူ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ကယ်တင်ဖို့အတွက် ကြိုးဝိုင်းထဲကို မလွှဲမရှောင်သာ ပြန်ဝင်လာရပါတော့တယ်။ ဒီလိုနဲ့ သူ့ကို အရင်က ပျိုးထောင်ပေးခဲ့တဲ့ နည်းပြဟောင်း ဆမ်မီ နဲ့ ပြန်ပူးပေါင်းပြီး ONE Championship ပြိုင်ပွဲကြီးမှာ နောက်ဆုံးအနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လက်ရှိချန်ပီယံ ဇေဗီယာ ဂရောင်း ဆိုတဲ့ ရက်စက်တဲ့ တိုက်ခိုက်ရေးသမားပါပဲ။ ပက်တန် တစ်ယောက် သူ့ညီကို ကယ်တင်ရင်း သူ့ရဲ့ ဂုဏ်သိက္ခာကိုရော ပြန်လည်ဆယ်တင်နိုင်မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/60

Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ‌ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2467/104

Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ဇာတ်ကားကြညါ့ရန်🔽🔽🔽 https://t.me/dreamworld2467/101

Hallan (2025) IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခ
Hallan (2025) IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပြီး လက်ရှိပြသနေဆဲ Absolute Value of Romance ထဲက မင်းသမီးလေး Kim Hyang-Gi ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အမေဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်း (Kim Hyang-Gi) က သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။ သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်းနဲ့  အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း... သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက  ဘယ်လိုဆက်ဖြစ်မှာလဲ... သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/56

F-y-r-e R-i-s-e-s (2025) ==================== အရင်က ထူးချွန်တဲ့လူသတ်သမားဖြစ်ခဲ့တဲ့ Richard Fyre က အကြမ်းဖက်အလုပ်ကနေထွက်ပြီး ဆ
F-y-r-e R-i-s-e-s (2025) ==================== အရင်က ထူးချွန်တဲ့လူသတ်သမားဖြစ်ခဲ့တဲ့ Richard Fyre က အကြမ်းဖက်အလုပ်ကနေထွက်ပြီး ဆင်းရဲပေမဲ့သူ့ဘဝကို အေးအေးချမ်းချမ်း ရှင်သန်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အာဏာကြီးပြီး လှည့်စားခြယ်လှယ်တတ်တဲ့ သူ့ရဲ့အရင်က ရာဇဝတ်ကောင် ဘော့စ်ဖြစ်တဲ့ P*r*ie*st က F.yr.e ကို သူ့ရဲ့အကြွေးတွေ ကျေဖို့အတွက် နောက်ဆုံးလူသတ်မှုတစ်ခုကို လုပ်ပေးဖို့ ဖိအားပေးလာပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/54