uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Відкрити в Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Показати більше
284
Підписники
Немає даних24 години
-27 днів
-1030 днів
Архів дописів
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတို့တွင်ဆု
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတို့တွင်ဆုရရှိခဲ့ကြသော နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာအားကစားသမားများ၊ အုပ်ချုပ်၊နည်းပြအဖွဲ့ဝင်များအား သြဂုတ်လ ၁ ရက်နံနက်ပိုင်းက ဂုဏ်ပြုချီးမြှင့်ခဲ့ကြတယ်လို့သိရပါတယ်...ရွှေတံဆိပ်ဆုတွေရရှိအောင် အစွမ်းကုန်ကြိုးစားခဲ့ပြီး အမိနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင့်ပေးခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို လေးစားဂုဏ်ပြုအပ်ပါတယ်..

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတို့တွင်ဆု
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံ၌ကျင်းပခဲ့သည့် 2026 Heyball Masters Tour ပြိုင်ပွဲတို့တွင်ဆုရရှိခဲ့ကြသော နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာအားကစားသမားများ၊ အုပ်ချုပ်၊နည်းပြအဖွဲ့ဝင်များအား သြဂုတ်လ ၁ ရက်နံနက်ပိုင်းက ဂုဏ်ပြုချီးမြှင့်ခဲ့ကြတယ်လို့သိရပါတယ်...ရွှေတံဆိပ်ဆုတွေရရှိအောင် အစွမ်းကုန်ကြိုးစားခဲ့ပြီး အမိနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင့်ပေးခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို လေးစားဂုဏ်ပြုအပ်ပါတယ်..

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေး စီစဉ်နေ ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်
အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေး စီစဉ်နေ ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS News က ဖော်ပြထားပါတယ်။ သတင်းရင်းမြစ်တွေ ပြောပြချက်အရ "အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အခုချိန်ထိ အပြင်းထန်ဆုံးဖြစ်လာမယ့် ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဖို့ စီစဉ်နေပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ပိတ်ရက်တစ်လျှောက်လုံးမှာ လုပ်လာနိုင်တယ်" လို့ ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေနံချက်စက်ရုံတွေ အပါအဝင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အဓိကထားပြီး ပစ်မှတ်ထားလာနိုင်တယ်လို့လည်း သတင်းရင်းမြစ် နှစ်ခုက ပြောထားပါတယ်။

Aug-1 ▪️ အောင်ပွဲရ မိုင်းဖြတ်မြို့သားတို့ရဲ့ အိမ်ပြန်ခရီး ၁-၈-၂၀၂၆ စဉ့်ကူးဒေသအတွင်းရှိ အကြမ်းဖက်သမားတွေကိုချေမှုန်းသုတ်သင်ပြီ
Aug-1 ▪️ အောင်ပွဲရ မိုင်းဖြတ်မြို့သားတို့ရဲ့ အိမ်ပြန်ခရီး   ၁-၈-၂၀၂၆   စဉ့်ကူးဒေသအတွင်းရှိ အကြမ်းဖက်သမားတွေကိုချေမှုန်းသုတ်သင်ပြီး အောင်ပွဲနှင့်အတူပြန်လာကြတဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ   မိုင်းဖြတ်မြို့ နယ်မြေခံတပ်ရင်းမှ  အောင်ပွဲရစစ်သည်တော်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တပ်မတော်သားမိသားစုဝင်များက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို     တိုက်ပွဲသတင်းစုံ

မလေးရှား နိုင်ငံရေးသမားများ၏ သမိုင်းဝင် ဗျူဟာဟောင်း မလေးရှားနိုင်ငံတွင် ပြည်တွင်း နိုင်ငံရေး ကြပ်တည်းလာပါက ဘင်္ဂါလီအရေးကို ခု
မလေးရှား နိုင်ငံရေးသမားများ၏ သမိုင်းဝင် ဗျူဟာဟောင်း
မလေးရှားနိုင်ငံတွင် ပြည်တွင်း နိုင်ငံရေး ကြပ်တည်းလာပါက ဘင်္ဂါလီအရေးကို ခုတုံးလုပ်၍ အာရုံလွှဲသည့် ဗျူဟာဟောင်းကို သုံးစွဲလေ့ ရှိသည်-
🔹 ဝန်ကြီးချုပ်ဟောင်း Najib Razak (၂၀၁၆) - ၁ ဘီလီယံဒေါ်လာ အရှုပ်တော်ပုံဖြစ်ပွားချိန်တွင် ပြည်တွင်း ဖိအားကို အာရုံလွှဲရန် "Solidariti Ummah Rohingya" ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်၍ နိုင်ငံရေးအမြတ် ထုတ်ခဲ့သည်။ 🔹 ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad (၂၀၁၈/၂၀၁၉) - ကုလသမဂ္ဂ (UN) တွင် Genocide ဟု သုံးနှုန်းခဲ့သည့်အပြင် တူကီယဲနိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂါလီများအတွက် "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ (Autonomous Region)" သို့မဟုတ် "ကိုယ်ပိုင်လွတ်လပ်သော နိုင်ငံ (Independent State)" ပေးသင့်ကြောင်း မဆင်မခြင် ပြောကြားခဲ့သည်။ 🔹 လက်ရှိ ဝန်ကြီးချုပ် Anwar Ibrahim - ဂျိုဟိုး ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် လာမည့် ၂၀၂၈ ရွေးကောက်ပွဲ မတိုင်မီ ပရိယာယ် ဗျူဟာဟောင်းကို အသုံးပြု၍ မဲဆန္ဒရှင်များကို ပြန်လည် စည်းရုံးရန် ကြိုးပမ်းခြင်း ဖြစ်သည်။ #Myanmar #Malaysia #AnwarIbrahim #FactCheck #FakeNews #Diplomacy #WorldNews #LocalNews ဖိုးမောင်

📌 မလေးရှားရောက် ဘင်္ဂါလီ ၅,၀၀၀ အား မြန်မာမှ ပြန်လည်လက်ခံမည်ဆိုသည်မှာ မလေးရှားဝန်ကြီးချုပ်၏ နိုင်ငံရေး လှည့်ဖြားချက် သတင်းအမှားသာဖြစ်
မလေးရှားနိုင်ငံရောက် ဘင်္ဂါလီ ၅,၀၀၀ ကို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံ ခေါ်ယူတော့မည်ဆိုသည့် သတင်းများ ပံ့ပိုးထွက်ပေါ်နေခြင်းသည် လုံးဝ မမှန်ကန်သည့် သတင်းအမှား (Fake News) သာ ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ မည်သည့် သဘောတူညီချက်မျှ လက်ခံထားခြင်း မရှိဘဲ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ပြည်တွင်း နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် မဟုတ်မမှန် လှည့်ဖြား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
🔹 မြန်မာဘက်မှ အမှန်တကယ် ပြန်လည်လက်ခံနေသည့် အခြေအနေ မြန်မာနိုင်ငံအစိုးရအနေဖြင့် မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်း/ဖမ်းဆီးခြင်း ခံထားရသည့် "တရားဝင် မြန်မာနိုင်ငံသား တိုင်းရင်းသားများ" ကိုသာ စိစစ်၍ ပုံမှန် ပြန်လည်လက်ခံ ခေါ်ယူပေးလျက် ရှိသည်။ မလေးရှားရောက် ဘင်္ဂါလီ ၅,၀၀၀ ကို ပြန်လည်လက်ခံမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာဘက်မှ သဘောတူညီထားခြင်း လုံးဝ (လုံးဝ) မရှိပေ။ 🔹 မလေးရှားဝန်ကြီးချုပ်၏ လိမ်လည် မဲဆွယ်မှုနှင့် ဘင်္ဂလားဒေ့ရှ်၏ ငြင်းဆိုချက် မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim သည် နိုင်ငံအတွင်း ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မဲဆန္ဒရှင် ပြည်သူများ၏ ဝေဖန်မှုများကို ရှောင်လွှဲရန်နှင့် မဲဆွဲစည်းရုံးနိုင်ရေးအတွက် "ဘင်္ဂါလီ ဖဲချပ်" ကို မလိမ့်တစ်ပတ် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ လှည့်ဖြား ပြောဆိုမှု - Anwar Ibrahim က နီဂရီဆမ်ဘီလန်ပြည်နယ် မဲဆွယ်ပွဲ မိန့်ခွန်းတွင် “မလေးရှားရောက် ဘင်္ဂါလီ ၅,၀၀၀ နှင့် ဘင်္ဂလားဒေ့ရှ်ရောက် ၃ သိန်းကို မြန်မာဘက်က ပြန်လည်လက်ခံရန် သဘောတူလိုက်ခြင်းသည် မိမိ၏ သံတမန်ရေးရာ အောင်မြင်မှုဖြစ်သည်” ဟု အခြေအမြစ်မရှိ လှည့်ဖြား ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ ငြင်းဆိုမှု - သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Shama Obaed (Shama Obaed Islam) က ၂၀၂၆ ခုနှစ် ဇူလိုင် ၂ဝ ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် “မြန်မာနိုင်ငံနှင့် ဘင်္ဂါလီ ၃ သိန်း ပြန်လည်လက်ခံရေးအတွက် ညှိနှိုင်းထားခြင်း လုံးဝ မရှိပါ” ဟု အတိအလင်း ပြန်လည် ငြင်းဆိုပစ်ခဲ့သည်။ 💡 သုံးသပ်ချက် ခြုံငုံသုံးသပ်ရပါက မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ၏ ပြောကြားချက်များသည် မြန်မာနိုင်ငံဘက်မှ မည်သည့် သဘောတူညီချက်မျှ ပေးထားခြင်း မရှိဘဲ မလေးရှား ပြည်တွင်း နိုင်ငံရေး မဲဆွယ်ရန်နှင့် မဲဆန္ဒရှင်များအား လှည့်ဖြားရန် တမင်ဖန်တီးထားသည့် သတင်းအမှား (Fake News) သာ ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အခြေအမြစ်မရှိသော နိုင်ငံခြား သတင်းစကားများကို စိစစ်လေ့လာ၍ သတင်းမှန်များကိုသာ လက်ခံယုံကြည်ကြပါရန် တိုက်တွန်းအပ်ပါသည်။ #Myanmar #Malaysia #AnwarIbrahim #FactCheck #FakeNews #Diplomacy #WorldNews #LocalNews https://t.me/phoemg777/51470 ဖိုးမောင်

ချောင်းဦးမြို့နယ် ခင်မွန်ရွာတွင် ဆက်ကြေးကောက် ဓားပြတိုက်နေသည့် PDF အဖွဲ့အား တပ်မတော်မှ သွားရောက်ချေမှုန်း 💚 ချောင်းဦးမြို့နယ
+5
ချောင်းဦးမြို့နယ် ခင်မွန်ရွာတွင် ဆက်ကြေးကောက် ဓားပြတိုက်နေသည့် PDF အဖွဲ့အား တပ်မတော်မှ သွားရောက်ချေမှုန်း 💚 ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာရှိ ပြည်သူများအား PDF အဖွဲ့က ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံ ဓားပြတိုက်နေကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းများက သွားရောက်ချေမှုန်းခဲ့သည်။ 💚 ယင်းသို့ သွားရောက်ရှင်းလင်းခဲ့မှုကြောင့် PDF အဖွဲ့ထံမှ အလောင်း (၃) လောင်း၊ လက်ပစ်ဗုံး (၂) လုံး၊ စကားပြောစက် (၁) လုံး၊ ခဲယမ်းများနှင့် အကြမ်းဖက်အဖွဲ့များထံ ဆက်သွယ်သည့် ဖုန်းများကို သိမ်းဆည်းရမိခဲ့သည်။ သက်ထား

📌 သမ္မတ၏ ရက်(၁၀၀) အခြေပြမိန့်ခွန်းမှ အဓိကအချက်များ
အစိုးရသစ် တာဝန်ယူပြီး ရက်(၁၀၀) ပြည့်မြောက်ချိန်တွင် နိုင်ငံတော်သမ္မတက ပြည်သူများသို့ အခြေပြမိန့်ခွန်း ပြောကြားခဲ့ပြီး အစိုးရ၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒများကို ရှင်းလင်းတင်ပြခဲ့သည်။
🔹သမ္မတ၏ ပြောကြားချက်အရ ရက်(၁၀၀) ကာလသည် အစိုးရသစ်အတွက် အခြေခံအုတ်မြစ်ချနိုင်ခဲ့သည့် ကာလ ဖြစ်ပြီး အဓိက ဦးစားပေးရည်မှန်းချက်များမှာ နိုင်ငံတည်ငြိမ်အေးချမ်းရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်။ 🔹 ငြိမ်းချမ်းရေး "ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားသည်" ဟု ထပ်မံအတည်ပြုခဲ့သည်။ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့် မထိုးရသေးသည့်အဖွဲ့များအားလုံးကို ကြိုတင်ကန့်သတ်ချက်မရှိ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ EAO (၁၃) ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချက်(၄၃)ချက် ကို လွှတ်တော်သို့ တင်ပြထားကြောင်း ပြောကြားခဲ့သည်။ 🔹 လုံခြုံရေး ခေတ်မီ Standard Army တည်ဆောက်ရေး၊ ရဲတပ်ဖွဲ့၏ စွမ်းရည်မြှင့်တင်ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်ရေး တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ 🔹 နိုင်ငံတကာဆက်ဆံရေး သမ္မတသည် အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ နိုင်ငံတော်အဆင့် ခရီးစဉ်များ သွားရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံခရီးစဉ်အတွင်း MoU (၁၈) ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ AI နည်းပညာ၊ Belt and Road Initiative (BRI) နှင့် China–Myanmar Economic Corridor (CMEC) တို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။ အာဆီယံနှင့် ဆက်ဆံရေးကို အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ၍ ပြန်လည်တိုးတက်အောင် ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။ 🔹 စီးပွားရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍတို့ကို အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်ထားပြီး ဆန်တင်ပို့မှုကို ပထမအဆင့် တန်ချိန် (၃) သန်း၊ နောက်ပိုင်း တန်ချိန် (၅) သန်း အထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခု ဖွင့်လှစ်ဆောင်ရွက်နေသည်။ ဝါ၊ ရော်ဘာ၊ မွေးမြူရေး၊ ငါးနှင့် ပုစွန်လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဟု ဆိုသည်။ 🔹 အခြေခံအဆောက်အအုံနှင့် စက်သုံးဆီ လမ်း၊ တံတား၊ ရထားနှင့် လေဆိပ်များကို အဆင့်မြှင့်တင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် နှစ်စဉ် စက်သုံးဆီတင်သွင်းရန် အမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့် သုံးစွဲနေရသဖြင့် စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်ခဲ့ကြောင်း၊ စုံရက်/မရက် ယာဉ်မောင်းစနစ်၊ Work From Home စနစ် တို့ကို အကောင်အထည်ဖော်ခဲ့ရာ တစ်နေ့လျှင် စက်သုံးဆီ ၁.၂ သန်းဂါလံခန့် ချွေတာနိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် သက်သာခဲ့သည် ဟု သမ္မတက ပြောကြားခဲ့သည်။ 🔹 သုံးသပ်ချက် ယေဘုယျအားဖြင့် ကြည့်မည်ဆိုပါက အစိုးရတစ်ရပ်၏ ရက်(၁၀၀) ကာလ သည် မူဝါဒများချမှတ်ခြင်းနှင့် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်သည့် အခြေခံအုတ်မြစ်ချကာလဖြစ်သည်။ သမ္မတ၏ ရက်(၁၀၀) အခြေပြမိန့်ခွန်းအရ အစိုးရသစ်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်အရှိန်မြှင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေး တိုးချဲ့နိုင်ခြင်း၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးမူဝါဒအဖြစ် သတ်မှတ်ခြင်း၊ စက်သုံးဆီချွေတာရေးနှင့် အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေးတို့အတွက် ဦးတည်ချက်များကို ရှင်းလင်းစွာ ဖော်ပြနိုင်ခဲ့သည်ကို တွေ့ရသည်။
ရက်(၁၀၀) သည် အချိန်တိုကာလတစ်ခုဖြစ်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လမ်းကြောင်းတစ်ခု စတင်ဖော်ဆောင်နိုင်ခဲ့သည့် ကာလတစ်ရပ်အဖြစ် သုံးသပ်နိုင်သည်။
ဖိုးမောင်

📌 ပုပ္ပါးဒေသတွင် ပြန်ပေးဆွဲ ငွေတောင်းယူမှုများ မကြာခဏ ဖြစ်ပွားနေ၍ ပြည်သူများ စိုးရိမ်ပူပန်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသအတွင်း ခရီးသွားပြည်သူများနှင့် ဒေသခံများအား ပြန်ပေးဆွဲ၍ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
🔹 ဖြစ်စဉ် - အဆိုပါ ဒေသအတွင်းလှုပ်ရှားနေသည့် PDF အကြမ်းဖက်အဖွဲ့အချို့သည် ဒေသခံပြည်သူများ၊ ငွေကြေးပြည့်စုံသူများကို ပစ်မှတ်ထား၍ ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက် ငွေတောင်းခံခြင်းများ ပြုလုပ်နေသဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံများ သွားလာရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ 🔹ခရီးသွားပြည်သူများကိုလည်း စစ်ဆေး၍ ငွေကြေးပြည့်စုံလျင် ပြည့်စုံသလို အကြောင်းရှာကာ သိန်းသောင်းချီ တောင်းခံငွေညစ်နေကြောင်း သိရှိရသည်။ ဉပမာ- လင်မယားနှစ်ဦးစစ်ဆေးပြီး ငွေကြေးချမ်းသာကြောင်းတွေ့ရလျှင် အမျိုးသားကို ဆက်လက် ဖမ်းဆီထားပြီး အမျိုးသမီးအား ပြန်လွှတ်လိုက်ကာ ငွေကြေးယူ လာပေးမှ ပြန်လွှတ်ပေးကြောင်းသိရသည်။ ကျူးလွန်ခံရသူများမှာလည်း အသက်အန္တရာယ်ကို ချိန်းခြောက်နှုတ်ပိတ်ခံထားရ၍ ရေငုံနှုတ်ပိတ်နေကြရသည်ဟု သိရပါသည်။ 🔹 ယခုကဲ့သို့ ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေအေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဒုစရိုက်လုပ်ရပ်များ လျော့နည်းပပျောက်စေရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများမှ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သုံးသပ်မိပါသည်။ #Myanmar #Popa #Kyaukpadaung #SecurityNews #CrimeNews #LocalNews ဖိုးမောင် https://t.me/phoemg777/51413

📌 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြား
+2
📌 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြား

လျှပ်စစ်မီတာ အသစ်များကို Website မှတစ်ဆင့် ဩဂုတ် (၁၅) ရက်တွင် စတင်လျှောက်ထားနိုင်မည် 💚 လျှပ်စစ်ဓာတ်အား သုံးစွဲလိုသူ မိဘပြည်သ
+1
လျှပ်စစ်မီတာ အသစ်များကို Website မှတစ်ဆင့် ဩဂုတ် (၁၅) ရက်တွင် စတင်လျှောက်ထားနိုင်မည် 💚 လျှပ်စစ်ဓာတ်အား သုံးစွဲလိုသူ မိဘပြည်သူများအတွက် အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ Website မှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 💚 ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ လျှင်မြန်စွာ ရရှိနိုင်ရေး၊ အချိန်နှင့် စရိတ်စက သက်သာစေရေးအတွက် ရုံးချုပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ရန် စီစဉ်ပေးခြင်း ဖြစ်သည်။ 💚 ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း သတ်မှတ်ချက်များနှင့်အညီ စီမံဆောင်ရွက်လျက် ရှိသည်။ သက်ထား

July-30 ■ မော်တော်ယာဉ်များကို စုံနေ့၊ "မ"နေ့သတ်မှတ်ပြီး စက်သုံးဆီဖြန့်ချိနေသောကြောင့် မော်တော်ယဉ်များ သွားလာခွင့်ကို စုံရက်၊
July-30 ■ မော်တော်ယာဉ်များကို စုံနေ့၊ "မ"နေ့သတ်မှတ်ပြီး စက်သုံးဆီဖြန့်ချိနေသောကြောင့် မော်တော်ယဉ်များ သွားလာခွင့်ကို စုံရက်၊ "မ"ရက် သတ်မှတ်ခြင်းမျိုး မလုပ်ဘဲ ဖြေလျော့ပေးရန် ပြည်ထောင်စုအစိုးရကို ထပ်မံတောင်းဆိုထားဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား မော်တော်ယာဉ်များကို စုံနေ့၊ "မ"နေ့သတ်မှတ်ပြီး စက်သုံးဆီဖြန့်ချိနေသောကြောင့် မော်တော်ယဉ်များ သွားလာခွင့်ကို စုံရက်၊ "မ"ရက် သတ်မှတ်ခြင်းမျိုး မလုပ်ဘဲ ဖြေလျော့ပေးရန် ပြည်ထောင်စုအစိုးရကို ထပ်မံတောင်းဆိုထားကြောင်း တောင်းတွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက ပြောကြားသည်။ ဇူလိုင် ၂၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာကျော်ဆွေက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ #မ ော်တော်ယာဉ်များ #စ ုံရက်၊ "မ"ရက် #elevennews

ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဝါဆိုဝါကပ်တော်မူ မြန်မာသက္ကရစ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်
ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဝါဆိုဝါကပ်တော်မူ မြန်မာသက္ကရစ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ ဝါဆိုဝါကပ်တော်မူခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ- Chan Myae Aung FB

📌 မလေးရှားရောက် ဘင်္ဂါလီ ၅,၀၀၀ ကို မြန်မာနိုင်ငံက ပြန်ခေါ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်/ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရဲ့ တမင
📌 မလေးရှားရောက် ဘင်္ဂါလီ ၅,၀၀၀ ကို မြန်မာနိုင်ငံက ပြန်ခေါ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်/ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရဲ့ တမင် လွဲမှား ပြောဆိုမှုမှာ အံ့သြစရာ
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် ဘင်္ဂါလီ ၅,၀၀၀ အား မြန်မာနိုင်ငံက ပြန်လည် လက်ခံခေါ်ယူမည်ဆိုသည့် သတင်းမှာ သတင်းအမှား (Fake News) သာ ဖြစ်ကြောင်း သိရသည်။
🔹 ဖြစ်စဉ် - မလေးရှားနိုင်ငံ၌ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် မလေးရှား ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံသားများ၏ ဝေဖန်မှုကို ရှောင်လွှဲရန်နှင့် မဲရရှိရေးအတွက် နိုင်ငံရေး အမြတ်ထုတ်လိုသည့် ရည်ရွယ်ချက်ဖြင့် မလိမ့်တစ်ပတ် မဟုတ်မမှန် ပြောဆိုမှုများ၊ မီဒီယာအချို့၏ နှပ်ကြောင်းပေး ရေးသားမှုများကြောင့် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ 🔹မြန်မာနိုင်ငံဘက်ကမူ မလေးရှားတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် တရားဝင် မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုသာ အမှန်တကယ် ပြန်လည် ခေါ်ယူပေးနေခြင်း ဖြစ်သည်။ 🔹လူမှုကွန်ရက်ပေါ်ရှိ နိုင်ငံရေး အမြတ်ထုတ် လှုံ့ဆော်မှုနှင့် သတင်းမှားများကို ပြည်သူများအနေဖြင့် အထူး သတိပြုရန် လိုအပ်ကြောင်း သုံးသပ်မိပါသည်။ #Myanmar #Malaysia #FactCheck ဖိုးမောင်

အီရန်အရေး ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ သုံးခုကို နေတန်ယာဟုနဲ့ ထရမ့်တို့ ဆွေးနွေး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရ
အီရန်အရေး ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ သုံးခုကို နေတန်ယာဟုနဲ့ ထရမ့်တို့ ဆွေးနွေး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ အင်္ဂါနေ့တုန်းက တွေ့ဆုံခဲ့ကြပြီး သံတမန်ရေးရာ ကိစ္စတွေ၊ စီးပွားရေးအရ ဖိအားပေးတာတွေအပြင် အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ဘယ်လို ဟန့်တားမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက အစ္စရေး အဆင့်မြင့် အရာရှိတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။ လက်ရှိ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကနေ ထွက်ပေါက်တစ်ခုအနေနဲ့ ညှိနှိုင်းသဘောတူညီမှု ရယူတာ၊ ပိတ်ဆို့မှုတွေနဲ့ စီးပွားရေး ဖိအားပေးတာတွေကို ဆက်လုပ်တာ၊ နောက်ပြီး အကြီးအကျယ် တိုက်ခိုက်တာ စတဲ့ လမ်းကြောင်း သုံးခုကို ထရမ့်က ရှုမြင်ထားပါတယ်။ လောလောဆယ်မှာ အစ္စရေးအနေနဲ့ အီရန်ကို ထပ်ပြီး တိုက်ခိုက်ချင်တယ်လို့ နေတန်ယာဟုက ထရမ့်ကို တိုက်ရိုက် မပြောခဲ့ပေမယ့် တိတိကျကျ မဖော်ပြထားတဲ့ အကြံဉာဏ်သစ် တချို့ကိုတော့ သူ့ဘက်က ထပ်ဖြည့်ပြီး ဆွေးနွေးခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အီရန်အရေး-ဖြေရှင်းဖို့-ဖ/

🔰ငါးအိုးဒေသ ခက်ခုံရွာအနီး ဆက်ကြေးကောက် ဓားပြတိုက်နေသည့် KIA အဖွဲ့အား တပ်မတော်မှ ချေမှုန်းရှင်းလင်းရာ KIA အလောင်း (၁) လောင်း
🔰ငါးအိုးဒေသ ခက်ခုံရွာအနီး ဆက်ကြေးကောက် ဓားပြတိုက်နေသည့် KIA အဖွဲ့အား တပ်မတော်မှ ချေမှုန်းရှင်းလင်းရာ KIA အလောင်း (၁) လောင်း သိမ်းဆည်းရမိ 💚 ဇူလိုင် ၃၀ ရက်နေ့က ငါးအိုးဒေသ ခက်ခုံကျေးရွာအနီးတွင် ပြည်သူများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ဆက်ကြေးကောက်ခံ ဓားပြတိုက်နေသည့် KIA အဖွဲ့အား တပ်မတော်မှ ချေမှုန်းရှင်းလင်းခဲ့ကြောင်း သိရသည်။ 💚 ယင်းသို့ ရှင်းလင်းဆောင်ရွက်ခဲ့မှုကြောင့် အကြမ်းဖက် KIA အဖွဲ့ထံမှ အလောင်း (၁) လောင်းနှင့် လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ သက်ထား

📌 ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ်ချိန်ကိုက်ဗုံး ပေးပို့ခံရသည်ဟု သတင်းအမှားများ ထွက်ပေါ်
+1
📌 ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့ ပါဆယ်ချိန်ကိုက်ဗုံး ပေးပို့ခံရသည်ဟု သတင်းအမှားများ ထွက်ပေါ် 🔹 ကမာရွတ်မြို့နယ်၊ သီရိမင်္ဂလာလမ်းရှိ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ နေအိမ်သို့ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခန့်တွင် ပါဆယ်ဗုံး ရောက်ရှိလာသဖြင့် စစ်တပ်၏ ဗုံးရှင်းလင်းရေးယာဉ်များ ရောက်ရှိလာကာ အသက်မဲ့အောင် ပြုလုပ်ခဲ့ရပြီး သတင်းအမှောင်ချထားသည်ဟု အဆိုပါ ပျံ့နှံ့နေသော သတင်းများတွင် ဖော်ပြထားသည်။ ❌ သတင်းမှားဖြစ်ကြောင်း စိစစ်ချက် အထက်ပါ ဖော်ပြပါရှိသည့် ဖြစ်စဉ်သည် ခိုင်လုံသော စစ်ဆေးချက်များနှင့် တရားဝင် ထုတ်ပြန်ချက်များမရှိဘဲ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုနှင့် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီးထားသည့် သတင်းမှား (Fake News) သာ ဖြစ်ပါသည်။ အဆိုပါ နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်းသာရှိနေပြီး ယင်းကဲ့သို့ ပါဆယ်ချိန်ကိုက်ဗုံး ရောက်ရှိလာခြင်း သို့မဟုတ် ဗုံးရှင်းလင်းရေးယာဉ်များဖြင့် လမ်းပိတ်ဆို့ စစ်ဆေးခဲ့ရခြင်းများ လုံးဝ (လုံးဝ) ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်ဟု သိရှိရပါသည်။ #Myanmar #Kamayut #Yangon #FactCheck #FakeNews #FactCheckMyanmar ဖိုးမောင်