uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Відкрити в Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Показати більше
284
Підписники
+124 години
+17 днів
-730 днів
Архів дописів
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ၂၀၂၆ ခုနှစ်၊ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ =============
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊  ၂၀၂၆ ခုနှစ်၊ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ =========================== ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၆ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆောမြိုနယ်ရှိ အကြမ်းဖက် PDF စခန်းကို တပ်မတော်က ချေမှုန်းသိမ်းပိုက်.. မှိုင်းဝေ
ဆောမြိုနယ်ရှိ အကြမ်းဖက် PDF စခန်းကို တပ်မတော်က ချေမှုန်းသိမ်းပိုက်.. မှိုင်းဝေ

တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျ ချင်းပြည်နယ်၊ တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူ
တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျ ချင်းပြည်နယ်၊ တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင် ၂၄ ရက်နံနက် ၈ နာရီခွဲခန့်တွင် မြေထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်၊ လွန်းနဲလ်လမ်းတွင် မြေထိန်းနံရံပြိုကျခဲ့သဖြင့် တီးတိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ပြိုကျနေသည့်မြေသားများကိုဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဆက်လက်ပြိုကျနိုင်ရန်အလားအလာရှိသော နေရာများ၊ အန္တရာယ်ရှိသော ကျောက်တုံးများကိုလည်း ဖယ်ရှားရှင်းလင်းမှုများဆက်လက်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် နေပြည်တော်၊ ဇူလိုင် - ၂၃   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ်လုံးတော်ပြည့် ရောင်တော်ဖွင့် ဆေးသင်္ကန်းကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အောင်ပွဲ (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည်ညိုသည်။

ကာမိုင်းမြို့၊ ဇီးကျွန်းရွာ ရေဘေးသင့်ပြည်သူများအတွက် ထမင်းဘူးနဲ့ ရေသန့်များ လှူဒါန်း 📦 🍲 ၂၄. ၇. ၂၀၂၆ မိုးသည်းထန်စွာရွာလို့
ကာမိုင်းမြို့၊ ဇီးကျွန်းရွာ ရေဘေးသင့်ပြည်သူများအတွက် ထမင်းဘူးနဲ့ ရေသန့်များ လှူဒါန်း 📦 🍲   ၂၄. ၇. ၂၀၂၆ မိုးသည်းထန်စွာရွာလို့ ရေကြီးနေတဲ့ ကာမိုင်းမြို့၊ ဇီးကျွန်းရွာက မိဘပြည်သူတွေဆီ အမှတ် (၃) ခြေလျင်တပ်မဟာ၊ တပ်မဟာမှူးနဲ့ မိသားစုက ထမင်း၊ ဝက်သားဆီပြန်ဟင်း၊ ကုလားပဲနှပ်၊ အစိမ်းကြော်၊ ငပိကြော်နဲ့ ရေသန့်ဗူးများကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။   ဒုက္ခရောက်နေကြတဲ့ ပြည်သူများ မြန်မြန်ဆန်ဆန် အဆင်ပြေကြပါစေ။   မှိုင်းဝေ

🌏 အာဆီယံ အစည်းအဝေးများတွင် အာဆီယံ ထုတ်ပြန်ချက် (၅)ချက် နှင့်ပတ်သတ်သည့် လွှတ်တော်၏ အရေးကြီးအဆို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ရိုးသားမှုမရှိ တမင် လွဲမှား ပြောကြား
(၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ခေါင်းဆောင်များ ပြန်လည်ပါဝင်ခွင့်ရရှိရေးမှာ လက်ရှိအခြေအနေအရ အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် လိုက်နာမှုအပေါ် မေးခွန်းထုတ်ခဲ့သည်။
🔹 ၂၀၂၆ ခုနှစ်အတွင်းတင်မကဘဲ လာမည့်နှစ် စင်ကာပူနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် ကာလအထိပါ မြန်မာနိုင်ငံ ပြန်လည်ပါဝင်နိုင်ရန် မဖြစ်နိုင်သေးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 🔹 မြန်မာ့လွှတ်တော်က အာဆီယံ၏ ထုတ်ပြန်ချက် (၅) ချက်ကို ပြန်လည်သုံးသပ်ရန် အရေးကြီးအဆို အတည်ပြုခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အဆိုပါဆုံးဖြတ်ချက် ပျက်ပြယ်သွားပြီဟု ပြောဆိုခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။
သို့သော် အလွတ်သဘော အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း လေးစားလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်ဘက်မှ လွဲမှားစွာ ပြောဆိုဖော်ပြခဲ့ခြင်းဖြစ်သည်။
🔹 အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ထားသော လွှတ်တော်၏ အဆိုအတိုင်း အစိုးရက လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇူလိုင် ၂၃ ရက်တွင် ရှင်းလင်း ထုတ်ပြန်ထားသည်။ 🔹 ထို့အပြင် လာမည့် ၂၀၂၆ နှစ်ကုန်ပိုင်းတွင် အာဆီယံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း၍ တိုင်းရင်းသား လက်နက်ကိုင် ဒေသများအထိ လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

မန္တလေးမြို့ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၆ ဦးကို ဖမ်းဆီးရမိ မန္တလေးမြို့၊ မနော်ဟရ
မန္တလေးမြို့ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၆ ဦးကို ဖမ်းဆီးရမိ မန္တလေးမြို့၊ မနော်ဟရီလမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၆ ဦးကို ဇူလိုင်လ၂၃ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ - ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း(၁၁ဝလမ်း) ၊ ၆၂လမ်းနှင့်၆၃လမ်းပေါ်ရှိ မီလျှံနာရွှေဆိုင် ဓါးပြတိုက်ခံရမှု ဇူလိုင်လ၂ဝရက်နေ့ညနေ ၄နာရီခန့်ကဖြစ်ပွားခဲ့ရာ ရွှေချိန် တစ်ပိသာခန့်ပါသွားခဲ့ခြင်းဖြစ်သည်။ KT July 24

ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် The Ant PDF အကြမ်းဖက်အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးရမိပြီး စခန်းလိုက်စဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာ ၄ ဦးစ
ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် The Ant PDF အကြမ်းဖက်အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးရမိပြီး စခန်းလိုက်စဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာ ၄ ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။ တိုက်ပွဲသတင်းစုံ

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည် လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာ
သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည် လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ပြီးစီး၍ စက်စွမ်းအားပြည့် ဓာတ်အားထုတ
ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ ပြန်လည်ပြုပြင်ပြီးစီး၍ စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နေပြီဖြစ် နေပြည်တော်၊ ဇူလိုင် ၂၄ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ လက်ရှိတွင် စက်စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိသည့် အဆိုပါ စက်ရုံသည် တပ်ဆင်စက်အင်အား ၁၄၀ မဂ္ဂါဝပ်ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄၅၄ သန်းကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနေသည့် အဓိက စက်ရုံတစ်ရုံ ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ရာဂီမုန်တိုင်းကြောင့်-ပ/

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၁၉-၇-၂၀၂၆ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုခြင်းနှင့် ပစ္စက္ခကာလတွင် တိုင်းပြ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၁၉-၇-၂၀၂၆ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုခြင်းနှင့် ပစ္စက္ခကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများ ဖြေကြားချက်မှ ကောက်နုတ်ချက်

ပေါင်မြို့နယ်အတွင်း ကြက်ခြံ၊ ဥယျာဉ်ခြံနှင့် ဆပ်ပြာစက်ရုံများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်း ပေါင်၊ဇူလိုင်-၂၄ ဒေသတွင်း က
ပေါင်မြို့နယ်အတွင်း ကြက်ခြံ၊ ဥယျာဉ်ခြံနှင့် ဆပ်ပြာစက်ရုံများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်း ပေါင်၊ဇူလိုင်-၂၄ ဒေသတွင်း ကြက်ဥလိုအပ်ချက် ဖြည့်ဆည်းရေးနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လည်ပတ်မှုကို စစ်ဆေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပေါင်မြို့နယ်အတွင်းရှိ လုပ်ငန်းအချို့သို့ (ဇူလိုင် ၂၃ ရက် )နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာတွင် တည်ဆောက်ရန် လျာထားသည့် အဆင့်မြှင့် အအေးခန်းစနစ်သုံး ဥစားကြက် မွေးမြူရေးခြံ (Evaporative Cooling Systems Layer Farm) မြေနေရာသို့ သွားရောက်ကာ မြေပြင်အခြေအနေ၊ ရေနှင့် လျှပ်စစ်မီး ရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို ကြည့်ရှုခဲ့သည်။ ယင်းစေ့စပ်ဆွေးနွေးမှုတွင် ဒေသတွင်း ကြက်ဥဈေးနှုန်း သက်သာစွာ ဖြန့်ဖြူးနိုင်ရေး စနစ်တကျ အကောင်အထည်ဖော်ရန် မှာကြားခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ပေါင်မြို့နယ်အတွင်း-ကြက/

ဘင်္ဂလားဒေ့ရှ်သမ္မတ ရှဟာဘူဒင် ရာထူးမှနုတ်ထွက်ရန် စီစဉ်နေ ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှဟာဘူဒင်ဟာ ရာထူးသက်တမ်းမကုန်ခင် ရာထူးက
ဘင်္ဂလားဒေ့ရှ်သမ္မတ ရှဟာဘူဒင် ရာထူးမှနုတ်ထွက်ရန် စီစဉ်နေ ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှဟာဘူဒင်ဟာ ရာထူးသက်တမ်းမကုန်ခင် ရာထူးက နုတ်ထွက်ဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ နိုင်ငံပြန်လာပြီး တရားရင်ဆိုင်မယ်လို့ ကြေညာခဲ့ပြီးနောက် မြင့်တက်လာတဲ့ လူထုဖိအားတွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။ - ရှဟာဘူဒင်ဟာ Awami League ပါတီရဲ့ ထောက်ခံမှုနဲ့ သမ္မတဖြစ်လာသူဖြစ်ပြီး၊ နုတ်ထွက်ဖြစ်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန်ဥက္ကဋ္ဌက ယာယီသမ္မတတာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဟာဆီနာနဲ့ နီးစပ်သူတွေကို အစိုးရရာထူးတွေကနေ ဖယ်ရှားဖို့ တောင်းဆိုမှုတွေ ပိုမိုမြင့်တက်နေပါတယ်။ KT July 24

အိန္ဒိယ လူငယ်ဆန္ဒပြခေါင်းဆောင်များ အစိုးရနှင့်ဆွေးနွေးမည်၊ ဆန္ဒပြမှုတော့ မရပ်သေး အိန္ဒိယမှာ စာမေးပွဲမေးခွန်းပေါက်ကြားမှုကို က
အိန္ဒိယ လူငယ်ဆန္ဒပြခေါင်းဆောင်များ အစိုးရနှင့်ဆွေးနွေးမည်၊ ဆန္ဒပြမှုတော့ မရပ်သေး အိန္ဒိယမှာ စာမေးပွဲမေးခွန်းပေါက်ကြားမှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ လူငယ်ခေါင်းဆောင်တွေဟာ ပြဿနာဖြေရှင်းရေးအတွက် အစိုးရနဲ့ ဇူလိုင် ၂၄ ရက်မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတစ်ဝန်း ဆန္ဒပြလှုပ်ရှားမှုတွေကိုတော့ မရပ်ဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အတည်ပြုထားပါတယ်။ - ဆန္ဒပြခေါင်းဆောင်တွေက အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရမချင်း ဖိအားပေးမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။ အစိုးရဘက်ကတော့ မေးခွန်းပေါက်ကြားမှု ကာကွယ်ရေး ဥပဒေတွေကို အမြန်အတည်ပြုမယ်လို့ ကတိပေးထားပြီး၊ ဒေလီမြို့မှာ လုံခြုံရေးအစီအမံတွေကိုလည်း ဆက်လက်တင်းကျပ်ထားပါတယ်။ KT July 24

DEMU ရထားပေါ်၌ စည်းကမ်းမဲ့ပြုမူသူများအား ပုဒ်မ ၈၈(က) ဖြင့် အမှုဖွင့်အရေးယူ ရန်ကုန်-မန္တလေး DEMU ရထားပေါ်တွင် ကျယ်လောင်စွာ စကာ
DEMU ရထားပေါ်၌ စည်းကမ်းမဲ့ပြုမူသူများအား ပုဒ်မ ၈၈(က) ဖြင့် အမှုဖွင့်အရေးယူ   ရန်ကုန်-မန္တလေး DEMU ရထားပေါ်တွင် ကျယ်လောင်စွာ စကားပြောခြင်း၊ ထိုင်ခုံများတွင် ကွမ်း/ထုံး ပေကျံစေခြင်းနှင့် အမှိုက်/ကွမ်းတံတွေးဘူးများ စည်းကမ်းမဲ့ ထားရစ်ခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည့် မခင်မာလွင် ပါ (၄) ဦးအား ပျဉ်းမနားမြို့မရဲစခန်းမှ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ တာဝန်သိ ပြည်သူများ၏ လူမှုကွန်ရက်ပေါ်မှ ထောက်ပြပြောဆိုမှုများကို အလေးထားသောအားဖြင့် အများပြည်သူပိုင် ရထားပေါ်တွင် စည်းကမ်းမဲ့ ပြုမူသူများကို အစဉ်အမြဲ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း ရေးဆွဲတည်ဆောက်လျက်ရှိ နေပြည်တော်၊ ဇူလိုင် ၂၄ ယခင်က ရက်သတ္တပတ်ပေါင
MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း ရေးဆွဲတည်ဆောက်လျက်ရှိ နေပြည်တော်၊ ဇူလိုင် ၂၄ ယခင်က ရက်သတ္တပတ်ပေါင်းများစွာမှ လပေါင်းများစွာအထိ ကြာမြင့်ခဲ့သည့် MSME ချေးငွေ စိစစ်မှုလုပ်ငန်းစဉ်များကို မိနစ်ပိုင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း အချိန်တိုမြန်ဆန်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားလိုက်သည်။ ဇူလိုင် ၂၃ ရက်က နေပြည်တော်တွင် ကျင်းပသည့် MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း (MSME Digital Lending Application) တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/msme-ဒီဂျစ်တယ်ချေးငွေ-လျှော/

ဖလမ်းမြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု
ဖလမ်းမြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမျိုးမြင့် စစ်ဆေး ဖလမ်း၊ ဇူလိုင် ၂၄ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၃ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဖလမ်းမြို့တွင်-နယ်စပ်ဒေ/

အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးမည့် Work Plan ပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရ
အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးမည့် Work Plan ပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး နေပြည်တော်၊ဇူလိုင်-၂၄ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ဇူလိုင် ၂၃ ရက်က အမျိုးသမီးရေးရာဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးမည့် Work Plan ပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနတွင် Help Line ထားရှိနိုင်ရေး၊ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။ အကြမ်းဖက်ခံရသူအမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center-OSWSC)တွင် ဝန်ဆောင်မှုများ ပံ့ပိုးပေးရေးဆိုင်ရာများကို လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများနှင့် UNFPA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။