uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Відкрити в Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Показати більше
285
Підписники
Немає даних24 години
-17 днів
-630 днів
Архів дописів
မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က အလုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးမည် မြန်မာပိုက်ကျော်ခြင
မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က အလုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးမည် မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို တရုတ်နိုင် ငံ၊ ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်အပြည့်အဝထောက်ပံ့မည့်အစီအစဉ်ဖြင့် တက္ကသိုလ်တက်ရောက်နိုင်ရန် အလုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးအပ်မည်ဖြစ် ကြောင်း သိရသည်။ လျှောက်ထားလိုသည့် မြန်မာပိုက်ကျော်ခြင်းကစားသမားများအနေဖြင့် G-12 အောင်မြင်ကြောင်း လက်မှတ်/အထောက်အထားရှိရမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအား ကစားကလပ်တစ်ခုခုတွင် လက်ရှိ ပါဝင်ကစားနေသူ ဖြစ်ရမည်ဖြစ်ကာ ပိုက်ကျော်ခြင်းအားကစားကို ကျွမ်းကျင်စွာကစားနိုင်သူဖြစ်ရမည်ကြောင်း သိရသည်။ ပညာသင်ဆုရရှိသူများအား တရုတ်နိုင်ငံတွင် ပညာသင်ကြားနိုင်ရန် တရုတ်ဘာသာစကားကို အဓိကထား ၍ အခြေခံမှစပြီးစနစ်တကျသင်ကြားပေးမည်ဖြစ်ကာ စိတ်ပါဝင်စားသည့်အခြားဘာသာရပ်များကိုလည်း စိတ်ကြိုက်ရွေးချယ်သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မြန်မာပိုက်ကျော်ခြင်းက/

ဥက္ကံမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ် နေအိမ်(၁) လုံးပြိုကျပြီး (၁၁)လုံးအမိုးလန် ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်၌ ယနေ့ ဇူလိုင် ၄
ဥက္ကံမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ် နေအိမ်(၁) လုံးပြိုကျပြီး (၁၁)လုံးအမိုးလန် ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်၌ ယနေ့ ဇူလိုင် ၄ ရက်ညနေ ၅ နာရီကျော်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။ ဥက္ကံမြို့နယ်၊ ဖိုးတီကုန်းကျေးရွာတွင် လေဆင်နှာ မောင်းတိုက်ခတ်၍ နေအိမ်(၁)လုံးပြိုကျကာ နေအိမ် (၁၁)လုံးအမိုးလန်မှုပျက်စီးခဲ့သဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

+5
ဇူလိုင်_၅_မြဝတီသတင်းစာ_1.pdf8.36 MB

5.7.2026 ရက်နေ့ သတင်းစာများ

ကမ္ဘာ့ဖလားကတော့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ရောက်ရှိနေပါပြီ ပွဲကြီးပွဲကောင်း ပေါ်တူဂီ VS စပိန်: သမိုင်းကြောင်းရှိတဲ့ အ
ကမ္ဘာ့ဖလားကတော့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ရောက်ရှိနေပါပြီ ပွဲကြီးပွဲကောင်း ပေါ်တူဂီ VS စပိန်: သမိုင်းကြောင်းရှိတဲ့ အင်အားကြီးနှစ်သင်း စောစောစီးစီး ထိပ်တိုက်တွေ့တဲ့ အကြိတ်အနယ်အဖြစ်ဆုံး ပွဲစဉ်။ အိမ်ရှင် ၃ သင်းရဲ့ အခြေအနေ အမေရိကန် (VS ဘယ်လ်ဂျီယံ): ဝါရင့်ဘယ်လ်ဂျီယံကို ကစားရမှာဖြစ်လို့ အိမ်ရှင်အတွက် ခက်ခဲနိုင်။ မက္ကဆီကို (VS အင်္ဂလန်): အင်္ဂလန်လို တစ်ကျော့ပြန် အားကောင်းနေတဲ့ အသင်းကြီးနဲ့မို့ ရုန်းကန်ရနိုင်။ ကနေဒါ (VS မော်ရိုကို): ပြီးခဲ့တဲ့ကမ္ဘာ့ဖလား အောင်မြင်မှုရှိထားတဲ့ မော်ရိုကိုနဲ့ အကြိတ်အနယ် ဖြစ်မှာပါ။ အခြားရေပန်းစားတဲ့အသင်းများ ပြင်သစ် (VS ပါရာဂွေး)၊ ဘရာဇီး (VS နော်ဝေ)၊ အာဂျင်တီးနား (VS အီဂျစ်): ဒီအသင်းကြီး ၃ သင်းလုံးကတော့ ကွာတားဖိုင်နယ်တက်ဖို့ အခွင့်အရေး များနေ။ ဆွစ်ဇာလန် VS ကိုလံဘီယာ: ခြေရည်တူပြီး ဘယ်သူတက်မလဲ ခန့်မှန်းရခက်တဲ့ ပွဲစဉ်ပါ။
အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့မှု နည်းပေမယ့် ပေါ်တူဂီ-စပိန် ပွဲလို ပွဲကြီးတစ်ပွဲ ပါဝင်နေပြီး အိမ်ရှင်တွေအတွက်တော့ နောက်တစ်ဆင့်တက်ဖို့ စိန်ခေါ်မှုတွေ ရှိနေ
ဘယ်အသင်းတွေကို နောက်တစ်ဆင့်တက်လှမ်းသွားပြီး ဘယ်အသင်း ဖလားရသွားမလဲ ဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး #ဖိုးမှန်

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများ ယာယီစိုးမိုးထားသည့် မဲဇာကျေးရွာနှင့် နန့်သဲကျေးရွာတိုအား ပြန်
+9
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများ ယာယီစိုးမိုးထားသည့် မဲဇာကျေးရွာနှင့် နန့်သဲကျေးရွာတိုအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်။

မင်္ဂလာနံနက်ခင်းပါရှင်။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ။ သာယာချမ်းမြေ့လို့ ဘေးဘယာဝေးကွာကြပါစေ။ 🙏🙏🙏
မင်္ဂလာနံနက်ခင်းပါရှင်။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ။ သာယာချမ်းမြေ့လို့ ဘေးဘယာဝေးကွာကြပါစေ။ 🙏🙏🙏

“တရုတ်က မြန်မာနိုင်ငံကို ဘာကြောင့် မဟာဗျူဟာအရအရေးပေးနေရသလဲ” မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသထဲမှာသာမက အာရှတစ်ခွင်လုံးရဲ့ မဟာဗျူဟာရေးရာ (geopolitics) အတွက် အရေးကြီးတဲ့နေရာတစ်ခုအဖြစ် ရှိနေပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအတွက် မြန်မာဟာ “အိမ်နီးချင်းနိုင်ငံတစ်ခု” ထက်ပိုပြီး စီးပွားရေး၊ စွမ်းအင်နဲ့ လုံခြုံရေးအရ အရေးပါတဲ့ ချိတ်ဆက်ဒေသတစ်ခု ဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိက စိန်ခေါ်မှုတစ်ခုက ပင်လယ်ထွက်လမ်းလုံခြုံရေးပါ။ တရုတ်ကုန်ပစ္စည်းအများစုဟာ ပင်လယ်လမ်းကြောင်းကို အားကိုးပြီး ကမ္ဘာ့စျေးကွက်ကို ရောက်ရှိနေပါတယ်။ ဒါပေမယ့် South China Sea လမ်းကြောင်းဟာ နိုင်ငံရေးတင်းမာမှုတွေကြောင့် အန္တရာယ်များနေပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံက အရေးကြီးလာပါတယ်။ မြန်မာအနောက်ဘက် ရခိုင်ပြည်နယ်က Kyaukphyu ဆိပ်ကမ်းကို အသုံးပြုပြီး တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာဘက်ကို တိုက်ရိုက်ထွက်နိုင်တဲ့ လမ်းကြောင်းတစ်ခုကို ရရှိနိုင်ပါတယ်။ ဒါဟာ တရုတ်အတွက် “ဒုတိယပင်လယ်လမ်းကြောင်း” တစ်ခုလို အရေးကြီးပါတယ်။ တရုတ်ရဲ့ Belt and Road Initiative (BRI) အောက်မှာ မြန်မာဟာ အရေးပါတဲ့ ချိတ်ဆက်ဒေသတစ်ခုအဖြစ် ပါဝင်နေပါတယ်။ China–Myanmar Economic Corridor (CMEC) ဟာ တရုတ်နိုင်ငံ Yunnan ပြည်နယ်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထိ ချိတ်ဆက်မယ့် စီးပွားရေးလမ်းကြောင်းအဖြစ် စီမံထားတာပါ။ ဒီစီမံကိန်းအောင်မြင်လာရင် ကုန်စည်သယ်ယူမှုမြန်ဆန်လာမယ်၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုတိုးတက်လာမယ်၊ တရုတ်အနောက်ပိုင်းဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ တရုတ်နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးဟာ အရေးအကြီးဆုံးအချက်တစ်ခုပါ။ အရှေ့အလယ်ပိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တင်သွင်းရာမှာ လမ်းကြောင်းအန္တရာယ်များတဲ့အတွက် တရုတ်ဟာ ပိုလုံခြုံတဲ့လမ်းကြောင်းတွေကို ရှာဖွေနေပါတယ်။ မြန်မာနိုင်ငံကိုဖြတ်သန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေက ဒီလိုအရေးကို ဖြေရှင်းပေးနေပြီး၊ တရုတ်အနောက်တောင်ပိုင်းဒေသကို တိုက်ရိုက်စွမ်းအင်ထောက်ပံ့ပေးနေပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယကြားက “buffer zone” တစ်ခုလိုလည်း ဖြစ်နေပါတယ်။ ဒီအနေအထားကြောင့် တရုတ်အတွက် မြန်မာဟာ အိန္ဒိယရဲ့ လွှမ်းမိုးမှုကို တန်ပြန်နိုင်တဲ့ နေရာတစ်ခုအဖြစ်လည်း အရေးပါပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်က အထူးအာရုံစိုက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ Yunnan ပြည်နယ်နဲ့ မြန်မာနယ်စပ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေက တရုတ်အတွက် တိုက်ရိုက်လုံခြုံရေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မြန်မာနယ်စပ်တည်ငြိမ်ရေးဟာ တရုတ်အတွက် နိုင်ငံတွင်းလုံခြုံရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ အကျဉ်းချုပ်ပြောရရင် တရုတ်က မြန်မာကို strategic အရေးပေးနေရတာက— အိန္ဒိယသမုဒ္ဒရာထွက်လမ်းရရှိရေး၊ စီးပွားရေးလမ်းကြောင်း (BRI/CMEC) တည်ဆောက်ရေး၊ စွမ်းအင်လုံခြုံရေး၊ ဒေသတွင်း မဟာဗျူဟာပြိုင်ဆိုင်မှု၊ နယ်စပ်လုံခြုံရေး ဒီအချက်တွေကြောင့် ဖြစ်ပါတယ်။ မြန်မာဟာ သာမန်အိမ်နီးချင်းနိုင်ငံတစ်ခုမဟုတ်ဘဲ အာရှရဲ့ geopolitics ထဲမှာ “အလယ်ဗဟိုချိတ်ဆက်ဒေသ” တစ်ခုအဖြစ် အရေးပါနေဆဲဖြစ်ကြောင်း သုံးသပ်မိပါတယ်။ ဖိုးမောင်

မင်းဘူးမြိုနယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြိုနယ်တွင်
+2
မင်းဘူးမြိုနယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြိုနယ်တွင် ဧရာဝတီမြစ်ရေအမှတ် တဖြည်းဖြည်း မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းကျေးရွာများ၏ ရွာဘေးသို ဧရာဝတီမြစ်ရေများ စတင်ဝင်ရောက်လာခြင်း တွေ့ရှိရသည်။ မိုးဇလအရ ဇူလိုင် ၄ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ဧရာဝတီမြစ်ရေအမှတ် မင်းဘူးမြို၌ (၁,၃၉၃) စင်တီမီတာသို ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ရောက်ရှိရန် (၃၀၇) စင်တီမီတာ ကျန်ရှိသေးသည်။ လက်ရှိ အချိန်၌ မြစ်ရေ ဝင်ရောက်မှုမှာ စိုးရိမ်ဖွယ် မရှိသေးသော်လည်း ဧရာဝတီမြစ် ကမ်းဘေးတစ်လျောက် နေထိုင်သူများ အနေဖြင့် မိုးတွင်းကာလ ဖြစ်ပွားတတ်သော မြစ်ရေ ကြီးခြင်း နှင့် ကမ်းပြို ဘေး အန္တရာယ် တိုကို သတိ ပြု သွား လာ ကြ ရ န် မြို တာဝန် ရှိ သူ များ က သတိ ပေး ထား ကြ သည်။ မြိုနယ် အတွင်း ရေ ဘေး အန္တရာယ် နှင့် သဘာဝ ဘေး အန္တရာယ် ကြို တင် ကာ ကွယ် ရေး အတွက် အသိ ပညာ ပေး ခြင်း နှင့် ရေ ဘေး သဏ္ဍန် တူ ဇာတ် တို က် လေ့ ကျင့် ခြင်း များ ကို လည်း သက် ဆိုင် ရာ ဌာန များ က ပရဟိတ အသင်း များ နှင့် အတူ လေ့ ကျင့် လျက် ရ ကြ သည်။ သက်ထား

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် မ
+6
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သား အရာရှိများအား တွေ့ဆုံ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သား အရာရှိများအား တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် မြန်မာ သံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သား အရာရှိများအား လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သားအရာရှိများအား တွ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် ပညာသင် တပ်မတော်သားအရာရှိများအား တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ ဇူလိုင် ၄ ရက် ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြိုရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းများနှင့် လာအိုနိုင်ငံတွင် ပညာသင်ကြားနေသည့် တပ်မတော်သားအရာရှိများအား တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို သွားရောက်လေ့လာ လာအိုနိုင်ငံသိ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို သွားရောက်လေ့လာ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြိုရှိ လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံဖြစ်သော Patuxai (Victory Gate) သို သွားရောက်လေ့လာခဲ့သည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်အား လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ဂါရဝပြု လာရောက်တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်အား လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ဂါရဝပြု လာရောက်တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇူလိုင် ၄ ရက်တွင် ဗီယင်ကျန်းမြို၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ သက်ထား

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို သွားရောက်ဖူးမျှော် လာအိုနိုင်ငံသို နိုင်ငံ
လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို သွားရောက်ဖူးမျှော် လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ အထင်ကရ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနိကအမွေအနှစ်ဖြစ်သည့် ထက်လုံဘုရား (Pha That Luang) သို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ သက်ထား

လာအိုဗုဒ္ဓဘာသာအသင်းဗဟို ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီးတိုအား နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်
+9
လာအိုဗုဒ္ဓဘာသာအသင်းဗဟို ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီးတိုအား နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်နှင့်ဇနီးဖူးမြှော်ကြည်ညို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက ထက်လုံဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမ၌ လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Manenai နှင့် လာအိုနိုင်ငံမှ သက်တော် (၁၀၆)နှစ်ရှိ ဘုန်းတော်ကြီး Most Ven. Noi Sangvalo တိုအားဖူးမြော်ကြည်ညိုခဲ့သည်။ ထိုနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးတိုသည် ဆရာတော်ကြီး(၂)ပါးအား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ သက်ထား

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+8
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲသည် ဗီယင်ကျန်းမြိုရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းသိုသွားရောက်လေ့လာ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယင်ကျန်းမြိုရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း Phontong Handicrafts Cooperation and Cama Crafts သို သွားရောက်လေ့လာသည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို န
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညို   လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြိုရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညိုခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဒေါ်ကြူကြူလှ တိုသည် ထက်လွမ်ဘုရား အနောက်ဖက်မုဒ်ဦးမှတစ်ဆင့် ဝင်ရောက်၍ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ထက်လွမ်ဘုရား၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ ၃-၆-၂၀၂၆ လာအိ
+5
နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ ၃-၆-၂၀၂၆ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် ဇနီးတို့က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ သက်ထား