uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Відкрити в Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Показати більше
286
Підписники
Немає даних24 години
+37 днів
-530 днів
Архів дописів
+4
ပြည်သူ့စစ်မှုထမ်းများ ကြိုဆိုအားပေးမှုများ ခံယူနေဆဲ ပြည်သူ့စစ်မှုထမ်းများ၏ စွန့်စားမှုများကို အများစုက ချီးမွမ်းကြည်ညိုမှု ဖြစ်ပေါ်စေရုံမျှမက အားပေးမှုများ လည်း ခံယူနေရသည်။ စစ်မှုထမ်းများ၏ ကြိုးပမ်းမှုများ အားပေးမှု ခံယူရခြင်းသည် နိုင်ငံတော် အကျိုးရှိ ကိစ္စရပ်များ ဖြစ်ထွန်းလာစေရန် အရေးပါသော အချက် တစ်ရပ် ဖြစ်ပေသည်။ သက်ထား

ကရင်ပြည်နယ် မြဝတီမြို့တွင် ဓာတ်ဆီလှယ်ရာမှ မီးလောင်ပြီး ၂လသား ကလေးငယ် သေဆုံး ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ချစ်က
+3
ကရင်ပြည်နယ် မြဝတီမြို့တွင် ဓာတ်ဆီလှယ်ရာမှ မီးလောင်ပြီး ၂လသား ကလေးငယ် သေဆုံး ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းပိုင်းတွင် ဇူလိုင် (၁) ရက် ညနေ (၅) နာရီ (၁၅) မိနစ်ခန့်တွင် ပုံးထဲမှ ဓာတ်ဆီကို ဘူးထဲ လှယ်ထည့်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ထိုအတွင်း (၂) လသား ကလေးငယ် တစ်ဦး သေဆုံးခဲ့သည်။ ဓာတ်ဆီ လှယ်ထည့်နေစဉ် ဓာတ်ဆီ ပုံးနားတွင် ထွန်းထားသော ဆနွင်းမှိုင်း ခြင်ဆေးမှ မီးဟပ်၍ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် ခြံစောင်းတဲ မီးလောင် ပျက်စီးခဲ့သည်။ (၂) လသား ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်၏ ဖခင် ဖြစ်သူ မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။ မီးလောင်မှု ကို မြဝတီ ခရိုင် မီးသတ် စခန်း မှ မီး ငြှိမ်း သတ် ယာဉ် (၁) စီး၊ ရေ သယ် ယာဉ် (၂) စီး ဖြင့် ငြှိမ်း သတ် ခဲ့ ရ ပြီး ညနေ (၅) နာရီ ခွဲ တွင် မီး ငြိမ်း သွား ခဲ့ သည်။ သက်ထား

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကာလပြီးဆုံးပါက နိုင်ငံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည် ဒေါ်အောင်ဆန်းစုကြည
ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကာလပြီးဆုံးပါက နိုင်ငံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည် ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိပြစ်ဒဏ်ကာလပြီးဆုံးပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်များကို ကျခံပြီးပါက နိုင်ငံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံသားတစ်ဦးအဖြစ် မည်သည့်အခက်အခဲ၊ အတားအဆီးမျှ မရှိဘဲ ပါဝင်ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယင်းသည် ဇွန် ၃၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။ သက်ထား

ပနားမားသမ္မတ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအတွက် လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင် ဆောက်လုပ်ရန် အမိန့် ပနားမားနိုင်ငံတွင် အကျဉ်းသ
+2
ပနားမားသမ္မတ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအတွက် လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင် ဆောက်လုပ်ရန် အမိန့် ပနားမားနိုင်ငံတွင် အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်မှုများ မြင့်တက်လာပြီးနောက် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအတွက် လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တစ်ခု ဆောက်လုပ်ရန် ပနားမားသမ္မတ ဟိုဆေး ရာအူးလ် မူလီနိုက ဇူလိုင် ၁ ရက်တွင် ကြေညာခဲ့သည်။ ၂၀၂၂ ခုနှစ်ကတည်းက လူပေါင်း ၉၂၀၀၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး လမ်းပေါ်မှ လူမိုက်ဂိုဏ်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းနေသည့် အယ်ဆာဗေးဒိုးသမ္မတ နာယစ် ဘွတ်ကီလီ၏ အကျဉ်းထောင်ဆောက်လုပ်ရေးပုံစံကို လက်တင်အမေရိကနိုင်ငံ အများအပြားက အတုယူလုပ်ဆောင်ရန် ကြိုးပမ်းလာကြသည်။ ထောင်တွင်းမှ ဂိုဏ်းခေါင်းဆောင်များ ညွှန်ကြားမှုများကို တားဆီးရန် အကျဉ်းထောင်စည်းကမ်းများ ပိုမိုတင်းကျပ်စေမည်ဟု ကြေညာထားသည်။ သက်ထား

ဘုရားတန်ခိုးရှိသည်ဟု ယုံကြည်ခဲ့သော ဟိန္ဒူဘုန်းတော်ကြီး ပျံသန်းပွဲအခမ်းအနားတွင် ကမ်းပါးမှ ပြုတ်ကျသေဆုံး အိန္ဒိယနိုင်ငံ အန္ဓြာပရဒေက်ရှ်ပြည်နယ်တွင် ဘုရားတန်ခိုးရှိသည်ဟု ယုံကြည်ခဲ့သော ဟိန္ဒူဘုန်းတော်ကြီးတစ်ပါး ပျံသန်းနိုင်သည်ဟု ကြေညာခဲ့ပြီး အခမ်းအနားတွင် ပျံသန်းပြရန် ကြိုးစားခဲ့သည်။ သို့သော် ဘုန်းတော်ကြီးသည် ကမ်းပါးပေါ်မှ လိမ့်ကျပြီး သေဆုံးခဲ့ရသည်။ ဤဖြစ်ရပ်သည် ဘာသာရေး ယုံကြည်မှုနှင့် အန္တရာယ်ကို ရောယှက်ခဲ့မိသည့် အမှုတစ်ခု ဖြစ်ပြီး လူများအကြား စိုးရိမ်မှုနှင့် ဝမ်းနည်းမှုများ ဖြစ်ပွားစေခဲ့သည်။ သက်ထား

EAO အားလုံး ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ လာဆွေးနွေးနိုင်တယ် 'EAO အားလုံးကို ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ လာဆွေးနွေးနိုင်တယ်’ ဆိုတဲ့စကား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရအစည်းအဝေးမှာပြောခဲ့ပါတယ်။ လူတော်တော်များများက ဒီစကားကို သာမန်ဖိတ်ခေါ်တာလို့ မြင်ကြမယ်။ နက်နက်ရှိုင်းရှိုင်းတွေးကြည့်ရင် တန်ဖိုးရှိတဲ့စကားပါ။ 'ကြိုတင်သတ်မှတ်ချက် မရှိဘူး' လို့ ဘာကြောင့် ထည့်ပြောရတာလဲ။ ဒီမက်ဆေ့ချ်က EAO တွေကို ဖိတ်ခေါ်တာတင် မကပဲ ပိုလေးနက်တဲ့ အဓိပ္ပါယ်တွေနဲ့ ပြောခဲ့တယ်ထင်တာပဲ။ သူ့ဘက်ကတော့ စကားကုန်နေပြီ။ ငြိမ်းချမ်းရေးလိုချင်တယ် ပြောတာလည်း နေရာတကာမှာ၊ အကြိမ်ကြိမ်ပဲ။
EAO တွေအနေနဲ့ 'လာမဆွေးနွေးရင် တာဝန်က ဘယ်သူ့ဘက်မှာရှိမလဲ' ဆိုတဲ့ နိုင်ငံရေးပုံရိပ်ကိုလည်း ထည့်သွင်းစဉ်းစားစရာဖြစ်ပါတယ်။
တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့တောင် လာလို့ရတယ်လို့ ပြောတယ်။ အဲဒါက ဘာကိုပြလဲ? အစိုးရဘက်ကတော့ 'တံခါးဖွင့်ထားတယ်' ဆိုတဲ့ မက်ဆေ့ချ်ကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားကိုပေးနေတာပါ။ အဲတော့ ဒီသတင်းက ဒီမှာတင် မှေးမှိန်မသွားသင့်ပါဘူး။ EAO တွေဘာလဲ ဘယ်လဲ ဆိုတာ ပြည်သူတွေမေးရမယ့်မေးခွန်းပါ။
ငြိမ်းချမ်းချင်တယ်ပြောနေကြတာ လူတိုင်းအဖွဲ့တိုင်းပါ။ စကားလှအောင်ပြောနေလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။
ခုလိုအစိုးရက ခုဆွေးနွေးချင်လား ခုလာခဲ့လို့ ဖိတ်ခေါ်နေတဲ့ချိန်မှာ မဆွေးနွေးချင်တဲ့အဖွဲ့တွေက အကန်တွေပြောလာကြပြီ။ သူတို့လိုချင်တာ ငြိမ်းချမ်းရေးမဟုတ်ဘူးလား ဟုတ်လားဆိုတာ အဖြေပေါ်တော့မှာပါ။ EAO တွေ ဘယ်လိုတုံ့ပြန်မလဲပေါ့လေ။ ဘယ်သူကကျား ဘယ်သူကနွားဆိုတာ သိရမှာပေါ့။ ဖိုးမောင်

မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် မစ္စဂျူလီဘီးရှော့ ပြောကြားချက် မြေပြင်နှင့် ကင်းကွာ https://vt.tiktok.com/ZSC9SFTVN/ ဖိုးမောင်

Repost from MWD News
ဓာတ်သတ္ထုရွှေ ရည်ညွှန်းဈေးနှုန်း ။ ရန်ကုန် ၊ ဇူလိုင်လ - ၂ ရက်။

ညီမလေးတွေသိစေချင်တယ်
"လစာတစ်လ သိန်း ၃၀၊ ပညာအရည်အချင်း မလိုဘူး၊ နိုင်ငံခြားကို အခမဲ့ပို့ပေးမယ်... ဒီလိုစာတွေ့ဖူးလား? မယုံလိုက်ပါနဲ့!"
"ကျားဖြန့်အဖွဲ့တွေက မိန်းကလေးငယ်တွေကို အလုပ်အကိုင်၊ ချစ်ရေး၊ မော်ဒယ်အလုပ်၊ အွန်လိုင်းဝင်ငွေဆိုပြီး လှည့်ဖြားခေါ်ဆောင်တတ်ပါတယ်။" ပထမတော့ အလုပ်ကောင်းတစ်ခုလို ထင်ရပေမယ့်... တကယ်ရောက်သွားတဲ့အခါ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးရတာ၊ ဖုန်းသိမ်းခံရတာ၊ မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားတာ၊ အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တော်တော်များများသိနေကြပါပြီ။ မိန်းကလေးငယ်တွေ သိစေချင်တယ်။ ဒါကြောင့် သတိထားရမယ့် အချက် (၃) ချက်ကို သတိပေးချင်ပါတယ်။ ပထမ... လစာအရမ်းမြင့်ပြီး အရည်အချင်းမလိုဘူးဆိုတဲ့ အလုပ်ကြော်ငြာတွေကို အလွယ်တကူ မယုံပါနဲ့။ ဒုတိယ... Facebook၊ TikTok၊ Telegram ကနေ သိတဲ့သူကို မှတ်ပုံတင်၊ Passport နဲ့ ကိုယ်ရေးအချက်အလက်တွေ မပို့ပါနဲ့။ တတိယ...ဘယ်မှာပဲအလုပ်သွားလုပ်လုပ် တရားဝင်လမ်းကြောင်းကပဲ သွားပါ။ မိသားစုကို အသိပေးပါ။ စုံစမ်းပြီးမှ ဆုံးဖြတ်ပါ။
သတိရပါ... လွယ်လွယ်နဲ့ ငွေအများကြီးရမယ်ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ အန္တရာယ်ကြီးကြီးတစ်ခု ဝှက်ထားနိုင်ပါတယ်။
ကိုယ့်ရဲ့ အနာဂတ်က တန်ဖိုးရှိပါတယ်။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ သက်ထား

မင်္ဂလာနံနက်ခင်းပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ 🙏🙏🙏 မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။
မင်္ဂလာနံနက်ခင်းပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ 🙏🙏🙏 မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။

News Update 1-7-2026 **"နိုင်ငံတော်ဘက်မှ ငြိမ်းချမ်းရေးအတွက် သဘောထားကြီးစွာ ကမ်းလှမ်းထားပေမယ့်..  သူတို့က ငြိမ်းချမ်းရေး မလိုချင်ဘဲ အချိန်တွေဆွဲဆန့်တာမျိုးလုပ်နေရင်ရော နိုင်ငံတော်ဘက်မှ သဘောထားက ဘယ်လိုတွေ ရှိပါသလဲ "** နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးမှ မေးမြန်းခဲ့ခြင်း။ သက်ထား

ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၃ က ညီငယ်တစ်ယောက်၏ အိမ်ပြန်ခရီး စတင် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၃ မှ ညီငယ်တစ်ဦး၏ အိမ်ပြန်ခရီး စတင်
+3
ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၃ က ညီငယ်တစ်ယောက်၏ အိမ်ပြန်ခရီး စတင် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၃ မှ ညီငယ်တစ်ဦး၏ အိမ်ပြန်ခရီး စတင်မှုကို ရည်ညွှန်း၍ မှိုင်းဝေ တွင် အထိမ်းအမှတ် အခမ်းအနား နှင့် ပြည်သူများ၏ လှိုက်လဲချီးမွမ်းမှု ခံရသည်။ ဤသို့ အိမ်ပြန်ခရီး စတင်မှု သည် ပြည်သူများ၏ စည်းလုံးမှု နှင့် ညီညွတ်မှု ကို ဖော်ပြလျက် ရှိသည်။ သက်ထား

ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ယူမယ့် Burnham ကာကွယ်ရေးဘတ်ဂျက်အခက်အခဲနှင့် ကြုံရမည် ဗြိတိန်နိုင်ငံမှာ အနာဂတ်ဝန်ကြီးချုပ်အဖြစ် တာဝန
ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ယူမယ့် Burnham ကာကွယ်ရေးဘတ်ဂျက်အခက်အခဲနှင့် ကြုံရမည် ဗြိတိန်နိုင်ငံမှာ အနာဂတ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနိုင်ဖွယ်ရှိနေတဲ့ Andy Burnham ရှေ့မှာ အစိုးရဘဏ္ဍာရေးအကျပ်အတည်းကြီးတစ်ခု စောင့်ကြိုနေပါတယ်။ - အကြောင်းကတော့ ကာကွယ်ရေးစီမံကိန်းအသစ်အတွက် လိုအပ်နေတဲ့ ရန်ပုံငွေ ပေါင် ၄.၇ ဘီလီယံကျော်ကို ချက်ချင်းဖြည့်ဆည်းရမယ့် ဖိအားပါပဲ။ လက်ရှိဝန်ကြီးချုပ် Keir Starmer က စစ်တပ်ကို အားကောင်းအောင်ပြန်လည်တည်ဆောက်ဖို စီမံကိန်းကြီးတစ်ခုချထားပေမယ့် ဘတ်ဂျက်ထဲမှာတော့ အပြည့်အဝ မပါဝင်သေးဘူးလို သိရပါတယ်။ - ကျွမ်းကျင်သူတွေကတော့ ၂၀၃၅ ခုနှစ်အထိ NATO စံနှုန်းတွေပြည့်မီအောင် သွားမယ်ဆိုရင် ဗြိတိန်အနေနဲ့ နှစ်စဉ် ဘီလီယံပေါင်းများစွာ ထပ်တိုးသုံးစွဲရမယ့် အခြေအနေရှိနေတယ်လို သတိပေးထားပါတယ်။ - အာဏာပြောင်းလဲမှုမတိုင်ခင်ကတည်းကပဲ ဗြိတိန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ပြဿနာဟာ နောက်လာမယ့်အစိုးရအတွက် ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်နေပါပြီ။ သက်ထား

ကော်သူးလေ သံဓားမတော့ ငိုနေပြီ 😁😁 မှိုင်းဝေ
+1
ကော်သူးလေ သံဓားမတော့ ငိုနေပြီ 😁😁 မှိုင်းဝေ

တပ်မတော်မှ ရွှေကူမြို့နယ် ကိုင်းရွာအနီးတွင် အကြမ်းဖက်အဖွဲ့ဝင်များကို ချေမှုန်းရှင်းလင်းနိုင်ခြင်း ရွှေကူမြို့နယ် ကိုင်းရွာအနီ
+3
တပ်မတော်မှ ရွှေကူမြို့နယ် ကိုင်းရွာအနီးတွင် အကြမ်းဖက်အဖွဲ့ဝင်များကို ချေမှုန်းရှင်းလင်းနိုင်ခြင်း ရွှေကူမြို့နယ် ကိုင်းရွာအနီးတွင် ပြည်သူများကို ဆက်ကြေးကောက်နေသော KIA+PDF အကြမ်းဖက်အဖွဲ့ဝင်များကို တပ်မတော်မှ ချေမှုန်းရှင်းလင်းနိုင်ခဲ့သည်။ ထိုအကြမ်းဖက်အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ သက်ထား

News Update **ရုရှား–တရုတ် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုများကြောင့် ဥရောပတွင် စိုးရိမ်မှုမြင့်တက်** ၂၀၂၅ ခုနှစ်အတွင်း ရုရှားနှင
News Update **ရုရှား–တရုတ် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုများကြောင့် ဥရောပတွင် စိုးရိမ်မှုမြင့်တက်** ၂၀၂၅ ခုနှစ်အတွင်း ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ရေဒီယိုသတ္တိကြွ၊ ဇီဝနှင့် ဓာတုဗေဒစစ်ဆင်ရေးဆိုင်ရာ လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်လာသည်။ - အဆိုပါ လေ့ကျင့်မှုများကို ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘယ်လူဆော့ဖ်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်စစ်ဘက်အရာရှိများ ပါဝင်ခဲ့ကြောင်း သိရသည်။ - ဤလှုပ်ရှားမှုကြောင့် ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်ပြီး ဥရောပနိုင်ငံများအတွင်း စိုးရိမ်မှုများ မြင့်တက်လာနေချိန်တွင် တရုတ်ဘက်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုကာ ကြားနေရပ်တည်မှုကို ထပ်မံအတည်ပြုထားကြောင်း သိရသည်။ [**KT July 1**](https://t.me/kothetjournalist) သက်ထား

Game Over ကတိုင်တိဒေသ၊ဝက်သိုးခိုရွာအနီးတွင် မိုင်းထောင်နေတဲ့ အကြမ်းဖက် KNU+ PDF တွေကို တပ်မတော်က ချေမှုန်းသုတ်သင်ခဲ့ပါတယ်။ ​
+3
Game Over ကတိုင်တိဒေသ၊ဝက်သိုးခိုရွာအနီးတွင် မိုင်းထောင်နေတဲ့ အကြမ်းဖက် KNU+ PDF တွေကို တပ်မတော်က ချေမှုန်းသုတ်သင်ခဲ့ပါတယ်။ ​ -အကြမ်းဖက် အလောင်း၂ လောင်း -အမ်-၁၆ သေနတ် ၁ လက်။ -အေကေ-၄၇ သေနတ်၁ လက်။ - ဆွဲမိုင်း၅ လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိ။ သက်ထား

News Update **အမေရိကန်၏ ပြည်နှင်မူဝါဒအောက်တွင် ပထမဆုံး ရွှေ့ပြောင်းသူ Palau သို့ ပို့ဆောင်ခံရ** အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တ
News Update **အမေရိကန်၏ ပြည်နှင်မူဝါဒအောက်တွင် ပထမဆုံး ရွှေ့ပြောင်းသူ Palau သို့ ပို့ဆောင်ခံရ** အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးရေးမူဝါဒအရ ပထမဆုံးတစ်ဦးကို ပစိဖိတ်ကျွန်းနိုင်ငံ Palau သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ - Palau အစိုးရနှင့် အမေရိကန်တို့အကြား သဘောတူညီချက်အရ ရွှေ့ပြောင်းသူ ၇၅ ဦးအထိ လက်ခံရန်အတွက် အမေရိကန်ဒေါ်လာ ၇.၅ သန်းရရှိထားသည်။ သို့သော် ပထမဆုံးရောက်ရှိလာသူသည် Palau တွင် နှစ်ပတ်ခန့်သာ နေထိုင်ပြီးနောက် ထွက်ခွာသွားခဲ့ပြီး လက်ရှိနေရာကို မထုတ်ပြန်သေးပေ။ - ဤအစီအစဉ်အပေါ် Palau အတွင်းတွင် ဝေဖန်မှုများထွက်ပေါ်နေပြီး အချို့လွှတ်တော်အမတ်များက ကျွန်းနိုင်ငံကို **“မလိုလားအပ်သူများပို့ရာနေရာ” **အဖြစ် အသုံးပြုနေသည်ဟု စွပ်စွဲထားကြောင်း သိရသည်။ [**KT July 1**](https://t.me/kothetjournalist) သက်ထား

News Update အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ======================= မကွေးတိုင်းဒ
+9
News Update အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ======================= မကွေးတိုင်းဒေသကြီး မင်းတုန်းမြိုနယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုများနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပန်းတောင်းမြိုအခြေစိုက် အမှတ်(၉၂) ခြေလျင်တပ်ရင်းမှ အောင်ပွဲရ တပ်မတော်သားများအား ဒေသကွပ်မှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိန်ပြည်ဦး၊ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။ အခမ်းအနားတွင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိန်ပြည်ဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ သက်ထား