Bee Kyal Football News
Відкрити в Telegram
ဘောလုံး အားကစားသတင်းစုံ
Показати більшеКраїна не вказанаКатегорія не вказана
590
Підписники
+224 години
-37 днів
-330 день
Архів дописів
အီယန်ရိုက် - "တကယ်လို့ အာဆင်နယ်သာ ဒီနှစ်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ၂ ခုစလုံးကို ရယူနိုင်ခဲ့မယ်ဆိုရင် သူတို့က အာဆင်နယ်သမိုင်းတလျောက် အကောင်းဆုံးအသင်းလို့ ကျွန်တော်ပြောချင်တယ်ဗျ"
ပေါလ်မာဆင် - "ကျွန်တော်ကတော့ ဒါကို လက်မခံနိုင်ပါဘူး ။ ရှုံးပွဲမရှိချန်ပီယံ အာဆင်နယ်ထက် သူတို့က ပိုကောင်းတယ်ဆိုတာမျိုးကိုပေါ့ ။ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ကို တရာသီတည်းရယူနိုင်တာက တကယ်ကောင်းပါတယ် ။ ဒါပေမယ့် ပထမဆုံးမဟုတ်ဘူးလေ ။ မန်ချက်စတာယူနိုက်တက် ၊ မန်စီးတီးတို့လည်း ဒါတွေကို လုပ်ပြနိုင်ခဲ့တာပဲ ။ ဒါပေမယ့် ရှုံးပွဲမရှိချန်ပီယံကတော့ အခုထိ ၂၀၀၃-၀၄ အာဆင်နယ်ကလွဲရင် ဘယ်အသင်းမှ မစွမ်းဆောင်ပြထားနိုင်သေးပါဘူး"
#BeeKyal
ပေါ်လိုဒိုင်ဘားလားတယောက် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရရှိတော့ပါဘူး ။ မနေ့ကထုတ်ပြန်ခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားအတွက် ကနဦးလူစာရင်းမှာ ဒိုင်ဘားလား ပါဝင်လာခြင်းမရှိခဲ့တာပါ ။ ဒိုင်ဘားလားဟာ အာဂျင်တီးနားအသင်းနဲ့ ကံမကောင်းခဲ့သူလို့ ဆိုနိုင်ပြီး ကမ္ဘာ့ဖလားနဲ့ ဖိုင်နယ်လီဆီမာဖလားတွေကိုသာ ရယူနိုင်ခဲ့ကာ ကိုပါအမေရိကချန်ပီယံဖြစ်တဲ့ ၂ ကြိမ်စလုံးမှာလည်း မပါဝင်နိုင်ခဲ့ပါဘူး ။ ဒီတခေါက်ကမ္ဘာ့ဖလားမှာလည်း မပါဝင်ခဲ့တာကြောင့် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ကစားသမားကြီးအတွက် အာဂျင်တီးနားကစားသမားဘ၀ ပြီးဆုံးသွားပြီလို့တောင် ပြောဆိုနေကြပါပြီ ။
အာဂျင်တီးနားအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ကနဦးလူစာရင်းထဲမှာ ပါဝင်သွားတဲ့ကစားသမားအချို့ -
ဂါနာချို ( ချဲလ်ဆီး )
အီမီလီယာနို ဘွမ်ဒီယာ ( အက်စတွန်ဗီလာ )
မက်စတန်တူနို ( ရီးရဲမက်ဒရစ် )
သီယာဂို အယ်လ်မေးဒါး ( အက်သလက်တီကိုမက်ဒရစ် )
နီကိုလက်စ် ဂွန်ဇာလက် ( အက်သလက်တီကိုမက်ဒရစ် )
ဂျီယန်လူကာ ဆီမြွန်းနီ ( အက်သလက်တီကိုမက်ဒရစ် )
မက်တီယက်စ် ဆူးလ် ( ရိုးမား )
ပရက်စတီယန်နီ ( ဘင်ဖီကာ )
#BeeKyal
ဖာဘရီဂတ်စ်ကတော့ ကိုမိုအသင်းကို တန်းတက်လာအောင် စွမ်းဆောင်ပေးခဲ့ပြီး ဒုတိယမြောက်ရာသီမှာတော့ European competition ဝင်ခွင့်ကိုပါ ရယူပေးလိုက်ပါပြီ ။ ကိုမိုအသင်းဟာ ရာသီကုန်ဖို့ ၂ ပွဲအလိုမှာ အဆင့် ၆ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင်ံ့ရနိုင်တဲ့ အဆင့် ၄ က အေစီမီလန်နဲ့ ၂ မှတ်သာ ကွာဟပါတယ် ။
ကိုမိုအသင်းအနေနဲ့ အဆင့် ၄ နေရာကို ရယူနိုင်ခဲ့ရင် ချန်ပီယံလိဂ်
အဆင့် ၅ နေရာနဲ့ ရာသီကုန်မယ်ဆိုရင် ယူရိုပါလိဂ်
အဆင့် ၆ နေရာမှာပဲ ဆက်ရှိနေမယ်ဆိုရင်တော့ ယူရိုပါလိဂ် ( သို့ ) ကွန်းဖရင့်စ်လိဂ် ( ကိုပါအီတလီယာဖလားဖိုင်နယ်ရလဒ်အပေါ်မူတည်၍ ) တွေကို ဝင်ရောက်ကစားခွင့်ရရှိမှာပဲဖြစ်ပါတယ် ။
ဘယ်ပြိုင်ပွဲမှာ ကိုမိုအသင်းကို မြင်တွေ့ချင်ကြသလဲဗျာ . . .
#BeeKyal
တော့တင်ဟမ်ဟော့စပါးအသင်းကတော့ မနေ့ညက လိဒ်ယူနိုက်တက်ကို အနိုင်မကစားနိုင်ခဲ့တာကြောင့် တန်းဆင်းရနိုင်ချေရှိနေပါသေးတယ် ။ စပါးအသင်းက ဦးဆောင်ဂိုးရခဲ့ပေမယ့် ဒိုမီနစ် ကယ်လ်ဗက်လီဝင်က ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာပါ ။ အခု ပွဲစဉ် ၃၆ အပြီးမှာတော့ စပါးအသင်းက ၃၈ မှတ် ၊ ဝက်စ်ဟမ်းက ၃၆ မှတ်ရရှိထားကြပါတယ် ။
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ လက်ကျန်ပွဲစဉ်များ -
ချဲလ်ဆီး ( အဝေးကွင်း ) ၊ အဲဗာတန် ( အိမ်ကွင်း )
ဝက်စ်ဟမ်းအသင်းရဲ့ လက်ကျန်ပွဲစဉ်များ
နယူးကာဆယ် ( အဝေးကွင်း ) ၊ လိဒ်ယူနိုက်တက် ( အိမ်ကွင်း )
ဘယ်အသင်းတန်းဆင်းသွားရမယ်ထင်သလဲဗျာ . . .
#BeeKyal
Premier League Play-off
Semi-Final second leg
မီဝေါလ် ဝ-၂ ဟူးလ်စီးတီး
ပထမအကျော့ ဂိုးမရှိသရေကျခဲ့ပေမယ့် ဟူးလ်စီးတီးအသင်းဟာ အဝေးကွင်းမှာ မီဝေါလ်အသင်းကို ၂-၀ နဲ့ အနိုင်ကစားပြီး ပရီးမီးယားလိဂ် Play-off Final ကို တက်ရောက်သွားခဲ့ပါပြီ ။ ဒီနေ့ညမှာကစားမယ့် မစ်ဒယ်ဘရော့ နဲ့ ဆောက်သမ်တန်တို့ပွဲစဉ်က အနိုင်ရရှိလာမယ့်အသင်းနဲ့ ဝင်ဘာလေကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားရတော့မှာပါ ။
ဟူးလ်စီးတီးအသင်းကို ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေ့ရတော့မှာလား . . .
#BeeKyal
ဝက်စ်ဟမ်းကိုအနိုင်ရခဲ့တဲ့ပွဲက အရေးပါတဲ့ save ပြုလုပ်မှုတွေအပြီးမှာတော့ ဒါးဗစ်ရာယာကို တနှစ်တာအကောင်းဆုံးဆုတွေရသင့်တယ်ဆိုတဲ့ ပြောဆိုမှုအချို့ ထွက်ပေါ်လာခဲ့ပါတယ် ။ ရာယာဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်အိပ်မက်ကို ကမ္ဘာ့အဆင့်လက်စွမ်းတွေနဲ့ အကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့ပြီး ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆု ( clean sheet အများဆုံး ) ကိုလည်း ကစားသမားဘ၀ ၃ ကြိမ်မြောက် ( ၃ ကြိမ်ဆက် ) အဖြစ်ရယူထားနိုင်ခဲ့ပါပြီ ။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ အလွန်နီးကပ်နေပြီး ချန်ပီယံဖြစ်လာခဲ့မယ်ဆိုရင် ဒါးဗစ်ရာယာကို ပရီးမီးယားလိဂ်နဲ့ PFA Player of the Year ဆုတွေမှာ ဘရူနို ဖာနန်ဒက်စ် ၊ ဒီကလန်ရိုက်စ်တို့နဲ့အတူ ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆထားကြပါတယ် ။
ပရီးမီးယားလိဂ်သမိုင်းတလျောက်မှာ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်တဲ့ဂိုးသမားတစ်ယောက်တည်းသာ ရှိခဲ့ဖူးပါတယ် ။ ဒါးဗစ်ရာယာက ဒုတိယမြောက်ဂိုးသမားဖြစ်လာနိုင်မလား . . .
#BeeKyal
ချက်နိုင်ငံရဲ့ ပထမတန်းလိဂ်ရဲ့ ဒီတပတ်ပွဲစဉ်မှာ ဆလားဗီးယား ပရာ့ဂ်အသင်းက ဒုတိယနေရာက စပါတာပရာ့ဂ်အသင်းကို အိမ်ကွင်းမှာ ၃-၂ နဲ့ ဦးဆောင်နေပါတယ် ။ ဒီရလဒ်အတိုင်းပြီးသွားမယ်ဆိုရင် ရာသီကုန်ဖို့ ၃ ပွဲအလိုမှာ ဆလားဗီးယားအသင်း အမှတ်ပေးချန်ပီယံဖြစ်လာတော့မှာပါ ။ ဒါပေမယ့် ပွဲပြီးဖို့ ၃ မိနစ်အလိုမှာတော့ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတယ် ။
အိမ်ရှင် ဆလားဗီးယားအသင်းဖန်တွေဟာ ပွဲပြီးတဲ့အထိ မစောင့်နိုင်ကြတော့ဘဲ ကွင်းထဲကိုပြေးဝင်လာကာ အောင်ပွဲခံခဲ့ကြတော့တာပါ ။ သူတို့ရဲ့ အောင်ပွဲခံမှုဟာ ပြင်းထန်လွန်းခဲ့တာကြောင့် ဧည့်သည်အသင်းဖန်အချို့နဲ့ ကစားသမားအချို့ကို injury ဖြစ်စေခဲ့အပြီးမှာတော့ ကွင်းလယ်ဒိုင်က ကစားပွဲကိုရပ်နားလိုက်ရပါတယ် ။ အခုချိန်မှာတော့ ဆလားဗီးယားပရာ့ဂ်အသင်းဟာ ရမှတ်လျော့ချခံရမှု ( သို့မဟုတ် ) ၃-၀ နဲ့ ပွဲကိုအရှုံးပေးမှုထဲက တခုခုနဲ့ ကြုံတွေ့ရဖို့ဖြစ်လာခဲ့ပါပြီ ။
ဒါပေမယ့် ဆလားဗီးယား ပရာ့ဂ်အသင်းနဲ့ စပါတာ ပရာ့ဂ်အသင်းတို့ကြားမှာ အမှတ်ကွာဟမှုကြီးမားနေပြီး ၃-၀ နဲ့ အရှုံးပေးခဲ့ရရင်တောင်မှ ၅ မှတ်ကွာဟနေဦးမှာဖြစ်တာကြောင့် လက်ကျန် ၃ ပွဲမှာ ၆ မှတ်ရရှိမယ်ဆိုရင် ဆလားဗီးယား ပရာ့ဂ်အသင်း ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပဲဖြစ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ၃ မိနစ်လောက်မစောင့်နိုင်ခဲ့သူတွေကြောင့် အောင်ပွဲခံဖို့ပြင်ဆင်ထားတာတွေ ၂ ပတ်လောက်ရွှေ့လိုက်ရပြီလို့ ဆိုရတော့မှာပါ ။
#BeeKyal
+1
ကဲအခုဆိုရင်တော့ ဘောလုံးပွဲစဥ်တွေကလည်းအကြိတ်အနယ်ရှိလာသလို ချစ်ညီကိုတွေကလည်း အကြိတ်အနယ်နဲ့အလှူပေးနေသလိုကိုထုတ်တာဗျို့
ဒီမနက်ပိုင်းမှာ ချစ်ကိုတစ်ယောက်ရဲ့သိန်း 20 အထုတ်လေး
ကဲဒီလိုမျိုးအခွင့်အရေးတွေကိုလက်လွှတ်မခံချင်ရင်တော့အခုပဲလာခဲ့လိုက်တော့နော်
ဆက်သွယ်ရန်😀😀
📱 - 09-777-652-652
📱 - @beekyal23
မိုက်ကယ်ကာရစ်လက်ထက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရလဒ်တွေ အံ့အားသင့်စရာကောင်းအောင် တိုးတက်ပြောင်းလဲလာမှုမှာ ဂိုးသမား ဆာနေးလန်းမန်းစ်ရဲ့ လက်စွမ်းပြမှုတွေက အများကြီးအရေးပါခဲ့ပါတယ် ။ အန်ဒရေ အိုနာနာကြောင့်ရခဲ့တဲ့ မန်ယူဖန်တွေရဲ့ စိတ်သောကတွေဟာ ဆာနေးလန်းမန်းစ်ကို ပွဲထွက်ခွင့်ပေးအပ်ပြီးနောက်ပိုင်းမှာ ပျော်ရွှင်စရာတွေအဖြစ်ကို ပြောင်းလဲသွားခဲ့ရပါတယ် ။
မနေ့ညက ဆန်းဒါးလန်းအသင်းနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲမှာလည်း ဆာနေးလန်းမန်းစ်ရဲ့ လက်စွမ်းပြမှုတွေက မန်ယူအသင်းကို ၁ မှတ်ရရှိစေခဲ့တာပါ ။ နည်းပြ ကာရစ်ကိုယ်တိုင် လန်းမန်းစ်ကြောင့်သာမဟုတ်ရင် မန်ယူအသင်းဟာ ဒီအဆင့်မှာရှိမနေနိုင်ပါဘူးလို့ ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ် ။
ဒီရာသီအတွက် အကောင်းဆုံးခေါ်ယူမှုတွေအကြောင်းပြောကြမယ်ဆိုရင် ဆာနေးလန်းမန်းစ်ရဲ့အမည်ကို ချန်လှပ်ထားလို့မဖြစ်တာ အမှန်ပါပဲ ။
#BeeKyal
အယ်လ်ကလက်စီကိုမှာ ဖွင့်လိုက်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ လှပလွန်းတဲ့ ဖရီးကစ်ဂိုးဟာ ဘာစီလိုနာအတွက် လာလီဂါချန်ပီယံဆုကို လက်တစ်ဖက်နဲ့ စပြီး ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်လိုက်တဲ့ အခိုက်အတန့်ပါပဲ။
#BeeKyal
ဘန်လေအသင်းကို မနိုင်ခဲ့တာကြောင့် အဆင့် ၅ မှာဆက်ရှိနေတဲ့ ဗီလာအသင်း
ဘုန်းမောက် ၊ ဘရန့်ဖိုဒ့် နဲ့ ဘရိုက်တန်အသင်းတွေအတွက်တော့ ဒီရလဒ်ဟာ ကျေနပ်စရာပါ ။ ဗီလာအသင်း အဆင့် ၅ နေရာနဲ့ ရာသီကုန်ပြီး ယူရိုပါလိဂ်ရယူနိုင်မှသာ အဆင့် ၆ နေရာကအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်မှာဖြစ်လို့ပါပဲ ။ လာမယ့်ပွဲစဉ်မှာတော့ အဆင့် ၄ က လီဗာပူးနဲ့ အဆင့် ၅ က အက်စတွန်ဗီလာတို့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ် ။
#BeeKyal
ဒရာမာအပြည့်နဲ့ အာဆင်နယ်ရဲ့နိုင်ပွဲ
ဒါးဗစ်ရာယာက တပွဲလုံးလက်စွမ်းပြခဲ့တယ် ။
ထရော့ဆတ် က ၈၃ မိနစ်မှာ အာဆင်နယ်အတွက်ဂိုးသွင်းခဲ့တယ် ။
နိုင်သွားပြီလို့ ထင်မှတ်ချိန်မှာ ဝက်စ်ဟမ်းက ၉၀+၅ မိနစ်မှာ ချေပဂိုးပြန်သွင်းခဲ့တယ် ။
ဒါပေမယ့် VAR သုံးသပ်မှုအပြီးမှာ ချေပဂိုးကိုမပေးတော့ဘူး ။
အာဆင်နယ်တို့ ၁-၀ နဲ့ အနိုင်ရခဲ့ပြီ ။
ချန်ပီယံဆုအတွက် ဘန်လေနဲ့ ပဲလေ့စ်ပွဲတွေသာကျန်ပါတော့တယ် ။
အာဆင်နယ်ဖန်တွေအတွက်တော့ တကယ်ကို့ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်စေမယ့်ပွဲပါပဲ ။
#BeeKyal
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ၉၂ ရာခိုင်နှုန်းအထိ အခွင့်အရေး သေချာသွားပြီ ဖြစ်ပါတယ်
အကယ်၍သာ ဒီပွဲမှာ အာဆင်နယ် သရေကျခဲ့ရင် မန်စီးတီးအနေနဲ့ ရမှတ်တူ အနေအထားနဲ့ ဇယားထိပ်ဆုံးနေရာကို အလွယ်တကူ ပြန်လည်ရယူနိုင်မယ့် အခွင့်အရေး ရှိခဲ့တာပါ
ဒါပေမဲ့ အခုနိုင်ပွဲကြောင့် မန်စီးတီးအတွက်ကတော့ ကျော်ဖြတ်ရမယ့် တောင်ကြီးဟာ တကယ့်ကို မြင့်မားသွားခဲ့ပြီဖြစ်သလို၊ ဒီရာသီမှာ သူတို့အနေနဲ့ ချန်ပီယံနေရာ ဆီကို လှမ်းတက်နိုင်ဖို့ မသေချာတော့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်
အာဆင်နယ်တို့ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရတဲ့ ဖလားကြီးကို တကယ်ပဲ သိမ်းပိုက်နိုင်တော့မယ့် အချိန်ရောက်လာပါပြီ
#BeeKyal
OFFICIAL!
ဘာစီလိုနာအသင်း လာလီဂါချန်ပီယံဖြစ်ပြီ
မနေ့ညက ရီးရဲမက်ဒရစ်အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ကစားအပြီးမှာတော့ ဘာစီလိုနာအသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် လာလီဂါအမှတ်ပေးချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါပြီ ။ ဘာစီလိုနာအတွက် ၂၉ ကြိမ်မြောက် အမှတ်ပေးဖလားလည်း ဖြစ်လာစေခဲ့တာပါ ။
ဘာစီလိုနာအသင်းအတွက်အဖွင့်ဂိုးကို မားကပ်စ် ရက်ရှ်ဖိုဒ့်က ဖရီးကစ်ကနေ သွင်းယူပေးခဲ့တာဖြစ်ပြီး ဖာရန်တောရက်စ်က ဒုတိယဂိုးကို သွင်းပေးခဲ့ပါတယ် ။ ရက်ရှ်ဖိုဒ့်အတွက်တော့ ကစားသမားဘ၀ ပထမဆုံးအမှတ်ပေးချန်ပီယံဆုဖြစ်လာစေခဲ့တာပါ ။
#BeeKyal
🚨 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 - Bruno Fernandes သည် Football Writers Association Men’s 𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 ဆုကို မဲအရေအတွက် ၄၅% ဖြင့် အနိုင် ရရှိခဲ့သည်! 🏆🇵🇹
Declan Rice နှင့် Erling Haaland တို့ကိုကျော်ဖြတ်ကာရရှိခဲ့တာလည်းဖြစ်ပါတယ်
🥇 Bruno Fernandes
🥈 Declan Rice
🥉 Erling Haaland
သူသည် Wayne Rooney နောက်ပိုင်း အဆိုပါဆုကို ရရှိသည့် ပထမဆုံး မန်ချက်စတာယူနိုက်တက် ကစားသမား ဖြစ်လာခဲ့သည်။ ❤️🔙
Source: FabrizioRomano
#BeeKyal
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
