Bee Kyal Football News
Відкрити в Telegram
ဘောလုံး အားကစားသတင်းစုံ
Показати більшеКраїна не вказанаКатегорія не вказана
590
Підписники
+224 години
-37 днів
-330 день
Архів дописів
ပရီးမီးယားလိဂ်အသင်း ၆ သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ပါတယ် ။
တကယ်လို့ အက်စတွန်ဗီလာအသင်းသာ အဆင့် ၅ နဲ့ ရာသီကုန်မယ် ။
ယူရိုပါလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်
အဆင့် ၆ နေရာကအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာပါ ။
( ပုံမှာထည့်ထားတဲ့စာက Premier League Official ကဖြစ်ပါတယ် )
ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ ပရီးမီးယားလိဂ်ဟာ UEFA ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အပိုတနေရာကို ရရှိထားလို့ပါပဲ ( လာလီဂါလည်း ၅ နေရာဝင်ခွင့်ရပါတယ် ) ။ ပုံမှန် အဆင့် ၁ ကနေ ၄ အတွင်းနဲ့ နောက်ထပ် တသင်းကို ဝင်ခွင့်ပြုမှာပါ ။ ဒီနေရာမှာ အဆင့် ၅ လို့မပြောထားပါဘူး ။ အပိုဝင်ခွင့်တနေရာလိုပဲ ပြောထားတာပါ ။
ဒါကြောင့် ဗီလာအသင်း အဆင့် ၅ နဲ့ ယူရိုပါလိဂ်ရသွားခဲ့ရင် အဲဒီအပိုတနေရာက အဆင့် ၆ သင်းဆီကို ရောက်ရှိသွားမှာပါ ( ဗီလာက ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်သွားတာကြောင့် ) ။ ဒါကြောင့် ၆ သင်းဝင်နိုင်တယ်လို့ ဆိုကြတာပဲဖြစ်ပါတယ် ။ ဗီလာအသင်း ယူရိုပါလိဂ်မရရင်ဖြစ်စေ ၊ ယူရိုပါလိဂ်ရပေမယ့ အဆင့် ၄ ကို ရောက်နေရင်ဖြစ်စေ ပရီးမီးယားလိဂ်က ၅ သင်းပဲ ဝင်ခွင့်ရရှိမှာပါ ။
ပြန်ပြောရမယ်ဆိုရင် -
ဗီလာအသင်း အဆင့် ၅ ၊ ယူရိုပါလိဂ်ချန်ပီယံ - ပရီးမီးယားလိဂ်ကနေ ၆ သင်းဝင်ခွင့်ရ
ဗီလာအသင်း အဆင့် ၄ ၊ ယူရိုပါလိဂ်ချန်ပီယံ - ၅ သင်းသာဝင်ခွင့်ရ
ဗီလာအသင်း အဆင့် ၅ ၊ ယူရိုပါလိဂ်ဒုတိယ - ၅ သင်းသာဝင်ခွင့်ရရှိမှာဖြစ်ပါတယ် ။
#BeeKyal
ဆော်ဒီမှာ ဖလားနဲ့ ကံမစပ်သေးတဲ့ ရော်နယ်ဒို
မနေ့ညက ကစားသွားတဲ့ AFC ချန်ပီယံလိဂ်၂ ဗိုလ်လုပွဲမှာ ခရစ်တီယာနို ရော်နယ်ဒိုရဲ့ အယ်နာဆာဟာ ဂျပန်ကလပ် ဂမ်ဘာ အိုဆာကာ အသင်းကို ၀-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး၊ ရော်နယ်ဒို တယောက် နောက်ဖလား တလုံးနဲ့ ထပ်လွဲခဲ့ရပြန်ပါပြီ။
ပြီးခဲ့တဲ့ ကြားရက်မှာ ဆော်ဒီပရိုလိဂ် ချန်ပီယံ ဖြစ်ဖို့ တမိနစ်ပဲ လိုတော့တဲ့အချိန်မှာ ချေပဂိုးပေးခဲ့ပြီး ချန်ပီယံ မဖြစ်သေးတဲ့ ခံစားချက်က အယ်နာဆာ ကစားသမားတွေကို ဒီဖိုင်နယ် အပေါ် သက်ရောက်မှု တစုံတရာ ရှိခဲ့သလား ဆိုတာကတော့ ကာယကံရှင် ကစားသမားတွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ဘာပဲပြောပြော ရော်နယ်ဒိုဟာ အခုအချိန်အထိတော့ အယ်နာဆာမှာ ဖလားကံမစပ်သေးဘူးလို့ ဆိုရမှာ ဖြစ်ပေမယ့်၊ ဆော်ဒီချန်ပီယံ ဖြစ်ဖို့တော့ လက်ကျန် ၂ပွဲမှာ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိပါသေးတယ်။
#BeeKyal
BREAKING NEWS!
FA Cup ချန်ပီယံဖြစ်လာတဲ့ မန်စီးတီးအသင်း
Chelsea 0-1 Man City
အန်တိုနီ ဆီမီညိုရဲ့ လှပတဲ့သွင်းဂိုးနဲ့ မန်စီးတီးတို့ ချဲလ်ဆီးကို အနိုင်ရပြီး FA Cup ကို ၈ ကြိမ်မြောက် ရယူဆွတ်ခူးသွားနိုင်ခဲ့ပါပြီ ။ ဒီရာသီမှာ မန်စီးတီးတို့ ခါရာဘောင်နဲ့ အက်ဖ်အေဖလားတွေကို ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ် ။
#BeeKyal
ချစ်ကိုတစ်ယောက်ရဲ့ ၁၉ သိန်းအထုတ်လေး
အပြောမဟုတ်ဘူးနော် ဘော်ဒါတို့ တစ်ကယ်လုပ်ပြနေတာပွဲပါးလဲစကေးကောင်းတော့ထုတ်ပြီပေါ့
ချစ်ကိုတစ်ယောက်ကတော့ စကေးပြသွားပြန်ပြီ
စိတ်ချယုံကြည်ရတဲ့ငွေသွင်းငွေထုတ်ဝန်ဆောင်မှု့များနဲ့အတူရှယ်ကြမ်းမယ်ဆိုတဲ့ညီကိုတွေ
🟥🟥🟥🟥🟥🟥🟥ကိုလှမ်းလာခဲ့လိုက်နော်
ဆက်သွယ်ရန်😀😀
📱 - 09-777-652-652
📱 - https://t.me/beekyal23
အက်စတွန်ဗီလာအသင်းကတော့ အိမ်ကွင်းမှာ လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူသွားခဲ့ပါပြီ ။ ဒီရလဒ်ကြောင့် ရာသီကုန်ပွဲစဉ်မှာ လီဗာပူးအသင်းနဲ့ ကစားရမယ့် ဘရန့်ဖိုဒ့်အသင်းဟာ ဘယ်လိုပဲဖြစ်ဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာမဟုတ်တော့ပါဘူး ။ ဗီလာအသင်းက မန်စီးတီးနဲ့ ကစားရမှာဖြစ်တာကြောင့် အဆင့် ၅ နေရာကို ရောက်ရှိဖို့ အလားအလာရှိနေပါသေးတယ် ။ ဗီလာအသင်း အဆင့် ၅ ၊ ယူရိုပါလိဂ်ချန်ပီယံဖြစ် ၊ အဆင့် ၆ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဆိုတဲ့ စိတ်ကူးက အခုထိရှိနေသေးပေမယ့် ဘရန့်ဖိုဒ့်အတွက်တော့ စိတ်မကောင်းစရာပဲလို့ဆိုရတော့မှာပါ ။
#BeeKyal
ရိုနယ်လ်ဒိုနဲ့ ဒဟဲယားတို့ကိုကျော်သွားတဲ့ ဘရူနို
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ အခုနှစ်ဘောလုံးရာသီအတွက် မန်ယူအသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆု ( ဆာ မတ်ဘတ်စ်ဘီဆု ) နဲ့ ကစားသမားအချင်းချင်းရွေးချယ်တဲ့ Players' Player of the Year ဆုတွေကို ရရှိသွားခဲ့ပါတယ် ။ ဘရူနိုဟာ မန်ယူအသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်ရရှိခဲ့တာဖြစ်သလို စုစုပေါင်း ၅ ကြိမ်နဲ့ ခရစ္စတီယာနို ရိုနယ်ဒို ၊ ဒါးဗစ် ဒဟဲယားတို့ကိုကျော်ကာ အများဆုံးရရှိသူအဖြစ် စံချိန်သစ် ရယူသွားနိုင်ခဲ့ပါတယ် ။
#BeeKyal
ဗီနီ နဲ့ အလွန်ဆိုပြီးတော့ ဘာပေ နဲ့ အာဘီလိုအာတို့အလှည့်လား
"ကျွန်တော် ဒီနေ့ဘာလို့ပွဲထွက်လူစာရင်းမှာ မပါရလဲဆိုတာလား . . . နည်းပြက ကျွန်တော့ကိုပြောတယ် ၊ မင်းက စတုတ္ထဦးစားပေးတဲ့ ၊ မတ်စတန်တူနို ၊ ဗီနီ နဲ့ ဂွန်ဇာလိုတို့နောက်မှာဆိုပြီးတော့လေ ။ ဒါကြောင့် ကျွန်တော် အရန်ခုံကနေဝင်ကစားရတာပါ ။ ကျွန်တော့ဘက်ကတော့ ကစားဖို့အဆင်သင့်ပါပဲ ။ ဘယ်သူ့ကိုကစားခိုင်းမယ် ဘယ်သူကအရန်ခုံထိုင်ရမယ်ဆိုတာ နည်းပြက ရွေးချယ်ရတာပါ ။ ပြီးတော့ ကျွန်တော် အမြဲပဲ နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးစားပါတယ် ။ အာဘီလိုအာနဲ့ ကျွန်တော် ဘာပြဿနာမှမရှိပါဘူး ။ သူပြောတာကို လက်ခံတယ် ၊ ပြီးတော့ ဗီနီတို့ ဂွန်ဇာလိုတို့ထက် ပိုကောင်းအောင် ကျွန်တော်ကြိုးစားရမယ်လေ"
Mbappe
"ဒီလိုမျိုး ကျွန်တော်လုံးဝမပြောခဲ့ပါဘူး ။ ဘာပေက အသင်းမှာ စတုတ္ထဦးစားပေးဆိုပြီးတော့လေ ။ ကျွန်တော့အထင်တော့ သူနားလည်မှုလွဲသွားတာဖြစ်မယ်ထင်ပါတယ် ။ နောက်ပြီး လွန်ခဲ့တဲ့ ၄ ရက် ( ဘာစီလိုနာနဲ့ပွဲ ) မှာ အရန်ခုံတောင်မထိုင်နိုင်တဲ့ကစားသမားတယောက်ကို ပွဲထွက်စာရင်းမှာ မထည့်သင့်သေးတာကလည်း တကယ်မှန်တဲ့ကိစ္စပဲလေ"
#BeeKyal
+1
နည်းနည်းလောင်းများများနိုင်မဟုတ်ဘူးနော်များများထည့်ပြီးများများထုတ်ကြတာဗျ
ဒီညနေမှာချစ်ကိုတစ်ယောက်ရဲ့ သိန်း ၂၀ အဖြည့်လေး
ချစ်ကိုတစ်ယောက်ရဲ့ ၁၉ သိန်းအထုတ်လေး
စိတ်ချယုံကြည်ရတဲ့ငွေသွင်းငွေထုတ်ဝန်ဆောင်မှု့များနဲ့အတူရှယ်ကြမ်းမယ်ဆိုတဲ့ညီကိုတွေ
🟥🟥🟥🟥🟥🟥🟥ကိုလှမ်းလာခဲ့လိုက်နော်
ဆက်သွယ်ရန်😀😀
📱 - 09-777-652-652
📱 - https://t.me/beekyal23
အာဆင်နယ်အသင်းဟာ နောက်ဆုံး ၁၀ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို မန်ချက်စတာယူနိုက်တက် ၊ တော့တင်ဟမ်ဟော့စပါးအသင်းတွေထက် ပါဝင်ခွင့်ရရှိမှုပိုနည်းပေမယ့် ဗိုလ်လုပွဲအဆင့်ကို ၁ ကြိမ် ၊ ဆီမီးဖိုင်နယ်အဆင့်ကို ၁ ကြိမ်တက်ရောက်ထားနိုင်ခဲ့ပါပြီ ။ ဒီနှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာနိုင်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံ ၁ ကြိမ် ၊ ဒုတိယ ၁ ကြိမ်နဲ့ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို လိုက်မီသွားနိုင်တော့မှာပါ ။
#BeeKyal
ယူနိုက်တက်အတွက် ကားရစ်က အမြဲတမ်းနည်းပြဖြစ်ပြီဆိုတော့ နောက်ရာသီကျရင် ယူနိုက်တက်ကလဲ သတိထားရမဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာမှာပါ
အဲ့တော့ လက်ရှိမှာ ယူနိုက်တက်ကို အထင်အမြင်သေးနေတာတွေက နောက်ရာသီကျရင် ဘာမှအသုံးဝင်တော့မှာမဟုတ်ပါဘူး
ဘာလို့လဲဆိုတော့ ယူနိုက်တက်တို့က တော်တော်ကိုပြင်ဆင်နေတာကြောင့်ပါ
ကျွန်တော်က ယူန်ိုက်တက်ဖန်တစ်ဦးမဟုတ်ပေမဲ့ အခုချိန်မှာ ယူနိုက်တက်ဟာ ကားရစ်လက်အောက်မှာ ကြီး (၆) ကြီးစလုံးကို အနိုင်ယူပြထားပြီးပြီဖြစ်ပါတယ်
အဲ့တော့ အသင်းကြီးတွေကိုနိုင်တာနဲ့တင် ကျေနပ်ဖို့ကောင်းနေတဲ့ယူနိုက်တက်ရဲ့ အခြေနေက နောက်ရာသီမှာဆိုရင် ဒီထက်ပိုကြောက်စရာကောင်းလာမှာအသေအချာပါပဲ
နောက်ပြီး ယူနိုက်တက်တို့ဝင်ကန်မဲ့ ချန်ပီယံလိဂ်ပွဲကြောင့် နောက်ရာသီ UCL ပြိုင်ပွဲကြီးကလဲ ဒီ့ထက်အဆပေါင်းများစွာ ပိုမြ်ိုင်လာတော့မှာဖြစ်ပါတယ်
အဲ့တော့ယူနိုက်တက်ကို လျှော့တွက်နေတာတွေက နောက်ရာသီကျရင် ပြန်လက်စားချေခံရမှာဖြစ်ပါတယ်
#BeeKyal
OFFICIAL!
ပြင်သစ်အသင်းနည်းပြကြီး ဒက်ချမ့်စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ခေါ်ဆောင်သွားမယ့်ကစားသမား ၂၆ ယောက်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါပြီ ။
အမ်ဘာပေ ၊ ဒမ်ဘီလီတို့ ဦးဆောင်လာတဲ့ဒီလူစာရင်းမှာ မာဆေးလ်အသင်းကစားသမား တယောက်မှ မပါဝင်လာခဲ့သလို ရီးရဲကွင်းလယ်လူ ကာမာဗင်ဂါ ကျန်ရစ်ခဲ့ပါတယ် ။ ခရစ္စတယ်ပဲလေ့စ်ဂိုးသွင်းရှင် မာတေတာကတော့ သူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ပါဝင်ကစားခွင့်ရရှိတော့မှာပါ ။ ပြင်သစ်အသင်းရဲ့ ဒီလူစာရင်းဟာ ကနဦးကစားသမားစာရင်းမဟုတ်တာကြောင့် အကြောင်းတစုံတရာမရှိခဲ့ဘူးဆိုရင် ( injury စသည် ) နောက်ထပ် အပြောင်းအလဲရှိလာမှာမဟုတ်ပါဘူး ။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်ပြင်သစ်အသင်းရဲ့လူစာရင်း
ဂိုးသမား - မစ်ဂ်နန် ၊ ရစ်ဆာ ၊ ဆမ်ဘာ
နောက်တန်း - လူးကပ်စ်ဒင်း ၊ သီယိုဟာနန်ဒက်စ် ၊ လူးကပ်စ် ဟာနန်ဒက်စ် ၊ ကိုနာတေး ၊ ခွန်ဒေး ၊ ဂူစတို ၊ မက်ဆန့် လရူးဝါ့စ် ၊ ဆလီဘာ ၊ အပ်ပါမီကာနို
အလယ်တန်း - အန်ဂိုလို ကန်တီ ၊ ရာဘီယော ၊ ကိုနေး ၊ ချူအာမာနီ ၊ အမ်မရီ
ရှေ့တန်း - အကလျူချီ ၊ ဘာကိုလာ ၊ ချာကီ ၊ ဒမ်ဘီလီ ၊ ဒိုရေး ၊ မာတေတာ ၊ ဘာပေ ၊ အိုလိစ် ၊ သူရမ်
ဒီကစားသမားတွေနဲ့ပြင်သစ်အသင်း ဘယ်အဆင့်အထိရောက်ရှိနိုင်မလဲ . . .
#BeeKyal
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
