Bee Kyal Football News
Відкрити в Telegram
ဘောလုံး အားကစားသတင်းစုံ
Показати більшеКраїна не вказанаКатегорія не вказана
593
Підписники
Немає даних24 години
-37 днів
-330 день
Архів дописів
ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးအသင်း တန်းဆင်းရမယ့်အရေးနဲ့ရင်ဆိုင်နေရသလို အခြားလိဂ်တခုက နောက်ထပ်အသင်းကြီးတသင်းဟာလည်း တန်းဆင်းရဖို့ အလားအလာရှိနေပါတယ် ။ အဲဒီအသင်းကတော့ စပိန်လာလီဂါထိပ်သီးကလပ် ဆီဗီးလားပါပဲ ။ ဆီဗီးလားအသင်းဟာ ပွဲစဉ် ၃၁ အပြီးမှာ ၃၄ မှတ်နဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၂ မှတ်သာကွာဟနေပါတယ် ။ လက်ကျန်ပွဲစဉ်တွေထဲမှာ ရီးရဲမက်ဒရစ် ၊ ဗီလာရီးရဲတို့နဲ့ ကစားရဦးမှာဖြစ်သလို ရာသီကုန်ပွဲစဉ်မှာလည်း ယူရိုပါလိဂ်ဝင်ခွင့်အတွက် အမှတ်လျော့လို့မဖြစ်တဲ့ ဆယ်လ်တာဗီဂိုအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပါ ။
တချိန်တုန်းက ယူရိုပါလိဂ်ဘုရင်ကြီးလို့နာမည်ကျော်ခဲ့သလို ချန်ပီယံဆုဖလားကို ၇ ကြိမ်နဲ့ အများဆုံးရယူထားတဲ့ ဆီဗီးလားအသင်း တန်းဆင်းသွားရမယ်ဆိုရင်တော့ ဒါဟာ တော့တင်ဟမ်ဟော့စပါးအသင်း တန်းဆင်းရတာထက် ပိုပြီးအံ့သြစရာကောင်းနေမှာ အမှန်ပါပဲ ။
#BeeKyal
တစ်ခါတလေကျရင် ကျွန်တော်တို့ ပရိသတ်တွေက နည်းပြကိုပဲ အပြစ်တင်တတ်ကြပေမဲ့ တကယ်တော့ ကစားသမားတွေကလည်း ကျွန်တော်တို့ကို စိတ်ပျက်အောင် လုပ်ခဲ့ကြတာပါ။ မနေ့ပွဲမှာ ကိုင်ဟားဗက်ဇ်ဟာ အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်စလုံးကို လွဲချော်ခဲ့တာတောင်မှ ကျွန်တော်တို့က ရှုံးနိမ့်မှုအတွက် အာတီတာကိုပဲ အပြစ်တင်နေကြတုန်းပါပဲ
အာလင်းဟာလန်းဆိုရင် ဟားဗက်ဇ်လောက် အခွင့်အရေး အများကြီးမရခဲ့ပါဘူး။ ဒါပေမဲ့ သူကတော့ ရတဲ့အခွင့်အရေးလေးတစ်ခုကို ဂိုးအဖြစ် အသုံးချသွားနိုင်ခဲ့ပါတယ်။ အခုလို အပိုင်အခွင့်အရေးတွေကို ဆက်တိုက်လွဲချော်နေပြီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာဖို့ မျှော်လင့်နေလို့ မရပါဘူး
ကျွန်တော့်အမြင်မှာတော့ ကိုင်ဟားဗက်ဇ်ကို စမ်းသပ်ကြည့်ပြီးသွားပြီ၊ သူကတော့ အဲဒီစမ်းသပ်မှုကို ကျရှုံးသွားခဲ့တာပါ
ကျန်တဲ့ပွဲတွေမှာ အာတီတာအနေနဲ့ သူ့ကို ပွဲထွက်လူစာရင်းမှာ ဆက်ပြီး ထည့်သွင်းလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်တော့ပါဘူး
ဒီအခွင့်အရေးမျိုးတွေသာဆိုရင် ဂါဘရီယယ်လ်ဂျေးဆုတောင်မှ တစ်ဂိုးတော့ ဝင်အောင် သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်
#BeeKyal
၂၀၂၆ လူငယ် UEFA ချန်ပီယံဆုကို ရီးရဲလ်မက်ဒရစ်က ဆွတ်ခူးသွားခဲ့ပါတယ်။ 👏❤️
တိုနီခရူးစ်အပါအ၀င် အသင်းရဲ့ကစားသမားတွေက ဂု၊ဏ်ပြုပေးခဲ့ကြသလို ဒီထဲကနေ ဘယ်လိုကြယ်ပွင့်တွေပေါ်ထွက်လာမလဲဆိုတာ စိတ်၀င်စားစရာပါပဲ။ 🏆
#BeeKyal
မေဂျာလိဂ်ကလပ် San Jose Earthquakes အသင်းကို ပြောင်းရွှေ့ကစားနေတဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးကစားသမားဟောင်း တီမိုဗာနာဟာ မနေ့တုန်းက စပါးအသင်းဖော်ဟောင်း ဆွန်ဟောင်မင်ပါဝင်တဲ့ LAFC အသင်းနဲ့ဆုံတွေ့ခဲ့ပြီး ၄-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ် ။ တီမိုဗာနာဟာ ဒီပွဲမှာ အကောင်းဆုံးကစားပြခဲ့ပြီး ၁ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးပေးခဲ့ပါတယ် ။ သူ့အတွက် မေဂျာလိဂ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးလည်းဖြစ်စေခဲ့တာပါ ။ ဒီရာသီမှာ တိမိုဗာနာဟာ မေဂျာလိဂ်မှာ ၁ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးပေးထားခဲ့ပါပြီ ။
ရာသီအစတုန်းက ပုံစံကောင်းတွေပြသပြီး ၄-၅ ပွဲဆက် ပေးဂိုးတောင်မရှိခဲ့တဲ့ LAFC အသင်းကတော့ မေဂျာလိဂ် ၂ ပွဲဆက်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့သွားခဲ့ရပါတယ် ။
#BeeKyal
မနေ့ညကပြုလုပ်ခဲ့တဲ့ အားကစားလောကရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ဆုတခုဖြစ်တဲ့ Laureus Award ဆုပေးပွဲမှာ လာမိန်းယာမဲလ် ၊ တိုနီကရူးစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ ဆုတွေရရှိခဲ့ကြပါတယ် ။ ယာမဲလ်ဟာ တနှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကတော့ တနှစ်တာအကောင်းဆုံးအသင်းဆုကို ရရှိခဲ့တာပါ ။ ဘောလုံးကစားတာကနေ အနားယူသွားပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်ကစားသမားဟောင်းကြီး တိုနီကရူးစ်ကတော့ World Sporting Inspiration လို့ခေါ်တဲ့ ဂုဏ်ပြုဆုကို ဆွတ်ခူးရရှိခဲ့ပါတယ် ။
ဒီနာမည်ကျော် Laureus Award ရဲ့ တနှစ်တာအကောင်းဆုံးအားကစားသမားဆုကို ဘောလုံးသမားတွေထဲမှာ လီယွန်နယ်မက်ဆီသာ ရရှိထားဖူးပါတယ် ( ၂ ကြိမ် ) ။ ဒီနှစ်မှာတော့ ကမ္ဘာကျော်တင်းနစ်ကစားသမား ကားလိုစ့် အယ်လ်ကာရက်စ်က တနှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးရယူသွားခဲ့ပါတယ် ။
#BeeKyal
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အားပြိုင်မှုကမပြီးသေးပါဘူး ။ ဒါပေမယ့် ချန်ပီယံဖြစ်ခွင့်ကိုဖန်တီးနိုင်စွမ်းကတော့ မန်စီးတီးအသင်းလက်ထဲကို ရောက်သွားခဲ့ပါပြီ ။ လက်ကျန်ပွဲတွေမှာ အာဆင်နယ်အတွက် ဝက်စ်ဟမ်းနဲ့ပွဲက အခက်ဆုံးဖြစ်နိုင်ပါတယ် ။ မန်စီးတီးအတွက်တော့ ဘုန်းမောက်ကို အဝေးကွင်းမှာသွားကစားရတာက အာဆင်နယ်ကို အီးမရိတ်မှာကစားရတာထက်တောင် ပိုပြီးခက်ခဲဦးမှာပါ ။ ၂ သင်းစလုံး လက်ကျန်ပွဲအားလုံးကို နိုင်ဖို့မလွယ်ကူပါဘူး ။
ရမှတ်တူ ၊ ဂိုးကွာခြားချက်နဲ့ ချန်ပီယံဆုအတွက်ဆုံးဖြတ်ရမယ့်အနေအထားမျိုးမဟုတ်ဘဲ အမှတ်ကွာဟမှုရှိလာဦးမယ်လို့ ခံစားမိနေပါတယ် ။ ဘယ်အသင်းအမှတ်ထပ်လျော့ဦးမလဲဆိုတာကတော့ . . .
#BeeKyal
ဆော်ဒီလိဂ်ရဲ့ ဝါရင့်နည်းပြကြီး Jorge Jesus ရောက်ရှိလာမှပဲ ရိုနယ်ဒိုလည်း အဓိကဆုဖလားတွေကို ရရှိဖို့ နီးစပ်လာခဲ့ပါပြီ ။ အမှတ်ပေးပြိုင်ပွဲမှာ အဆင့် ၁ နေရာကို ရယူထားတဲ့ အယ်လ်နက်ဆာအသင်းဟာ မနေ့ညတုန်းကလည်း Al Wasl အသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ကစားပြီး AFC Cup ( ဒုတိယတန်းချန်ပီယံလိဂ် ) ရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။ ဆီမီးဖိုင်နယ်မှာ ကာတာကလပ် အယ်အာလီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ ဂျပန်ကလပ် ဂမ်ဘာအိုဆာကာအသင်းနဲ့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားရမှာပါ ။
ရိုနယ်ဒိုတယောက် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အမှတ်ပေးဖလားနဲ့ AFC Cup တို့ကို ရယူသွားနိုင်မလား ။
#BeeKyal
မော်ရင်ညိုရဲ့ ဘင်ဖီကာအသင်းကတော့ ပြည်တွင်းလိဂ်ကို ရှုံးပွဲမရှိရာသီကုန်ဖို့ နိးစပ်နေပါပြီ ။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာ စပို့တင်းအသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ကစားပြီး အဆင့် ၂ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ် ။ စပို့တင်းအသင်းတောင် အိမ်ကွင်းမှာ မော်ရင်ညိုရဲ့ ဘင်ဖီကာကို မနိုင်ခဲ့ပါဘူး ။ ဒီရလဒ်ဟာ ပေါ်တိုအသင်းကိုလည်း ပျော်ရွှင်စေခဲ့မှာပါ ။ ရာသီကုန်ဖို့ ၄ ပွဲအလိုမှာ အဆင့် ၂ ကအသင်းကို ၇ မှတ်အသာနဲ့ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်လို့ပါပဲ ။
#BeeKyal
အက်စတွန်ဗီလာအတွက် အိုလီဝက်ကင်းစ်က ပွဲအစ ၄ မိနစ်မှာဂိုးစသွင်းတယ် ၊ ၉ မိနစ်မှာ ဆန်းဒါးလန်းအသင်းက ပြန်ချေပတယ် ၊ အိုလီဝက်ကင်းစ် နောက်တဂိုးထပ်သွင်းတယ် ၊ ဒုတိယပိုင်းအစမှာ မော်ဂန်ရော်ဂျာစ်က တဂိုးသွင်းတယ် ၊ ဗီလာက ၃-၁ နဲ့နိုင်နေတယ် ၊ ပွဲချိန် ၈၆ နဲ့ ၈၇ မိနစ်တွေမှာ ဆန်းဒါးလန်းက ၂ ဂိုးဆက်သွင်းပြီး ၃-၃- ဖြစ်သွားစေတယ် ၊ ဒါပေမယ့် ပွဲကမပြီးသေးဘူး ။ ၉၀+၃ မိနစ်မှာ တမ်မီ အေဘရာဟမ်က အက်တွန်ဗီလာအသင်းကို အနိုင်ရရှိစေမယ့် စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့တယ် ။ ဗီလာတို့ မန်ယူနဲ့ အမှတ်တူသွားပြီး ချဲလ်ဆီးကို ၁၀ မှတ်အထိဖြတ်ထားနိုင်ခဲ့ပါပြီ ။ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကောင်းတပွဲပါပဲ ။
#BeeKyal
ဂိုးသမားက တည်ကန်ဘောရရင် အချိန်ဆွဲတယ်။
လက်ပစ်ဘောရရင် နေရာရွှေ့တယ်၊ စည်းခိုးပြီး ပစ်တယ်။
ဒေါင့်ကန်ဘောဆိုရင် တစ်သင်းလုံးညစ်ကန်တယ်။
ပွဲချိန်ထဲမှာ မနိုင်တော့ဘူးဆို လူချတယ်။
ဒီလိုအသင်းမျိုး လက်ထဲကို ချန်ပီယံဆုဖလား ထည့်ပေးလိုက်စရာလားကွာ။ ရာရာစစ။
#BeeKyal
OFFICIAL!
ဘိုင်ယန်မြူးနစ် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ပြီ
ဒီကနေ့ည ကစားခဲ့တဲ့ပွဲမှာ စတုဂတ်အသင်းကို ဂိုးပြတ်အနိုင်ကစားအပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယနေရာက ဒေါ့မွန်အသင်းကို ရာသီကုန်ဖို့ ၄ ပွဲအလိုမှာ ၁၅ မှတ်အသာရရှိသွားခဲ့တာကြောင့် ဘွန်ဒစ်လီဂါအမှတ်ပေးချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါပြီ ။ ဘိုင်ယန်အတွက်ဂိုးတွေကို ရာဖေး ဂွာရဲရိုး ၊ နီကိုလပ် ဂျက်ဆင် ၊ အယ်ဖွန်ဆို ဒါးဗစ်နဲ့ ဟယ်ရီကိန်းတို့က သွင်းယူပေးခဲ့ကြတာပါ ။
ဒီရာသီဖလား ၃ လုံးအောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိနေတဲ့ ဘိုင်ယန်တို့ အမှတ်ပေးချန်ပီယံဆုကို စတင်ရယူနိင်ခဲ့ပါပြီ ။
#BeeKyal
အီတလီစီးရီးအေကတော့ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာနည်းပါးလာပါပြီ ။ ၂ ပွဲဆက် အမှတ်လျော့တဲ့နာပိုလီကြောင့် အင်တာမီလန်အသင်းက အဆင့် ၁ နေရာကနေ ၁၂ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်လို့ပါပဲ ။ အေစီမီလန်တောင် နာပိုလီကိုကျော်ပြီး အဆင့် ၂ နေရာကို ရောက်လာခဲ့ပါပြီ ။ နာပိုလီနည်းပြ ကွန်တီရဲ့ အနာဂါတ်ကလည်း မရေမရပါ ။ ရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲရဖွယ်ရှိနေပါတယ် ။
ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း ကိုမိုအသင်းရှုံးပွဲတွေ့သွားမှုနဲ့အတူ ပြိုင်ဆိုင်မှုလျော့ကျသွားခဲ့ပါတယ် ။ ဖာဘရီဂတ်စ်ရဲ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ဖို့ထက် ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူဖို့ ရိုးမားအသင်းနဲ့ အဓိကယှဉ်ပြိုင်ရတော့မှာပါ ။ ဖီအိုရင်တီးနားကတော့ တန်းဆင်းဇုန်နဲ့ ၈ မှတ်ကွာသွားပြီဖြစ်တာကြောင့် စိတ်မပူရတော့ပါဘူး ။
လာမယ့်ပွဲစဉ် ၃၄ အပြီးမှာ အင်တာမီလန်အသင်း စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ရယူသွားနိုင်ချေရှိနေပါတယ် ။
#BeeKyal
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
