uk
Feedback
Bee Kyal Football News

Bee Kyal Football News

Відкрити в Telegram

ဘောလုံး အားကစားသတင်းစုံ

Показати більше
Країна не вказанаКатегорія не вказана
591
Підписники
-524 години
-57 днів
-530 день
Архів дописів
ညကပွဲရဲ့ အကောင်းဆုံးမင်းသားကတော့ ကိပ်ဗာဒီဂိုးသမားကြီး Vozinha ပါပဲ။ စပိန်ရဲ့ အပိုင်ဂိုးကန်သွင်းမှုတွေကို နံရံကြီးတစ်ခုလို ကာက
ညကပွဲရဲ့ အကောင်းဆုံးမင်းသားကတော့ ကိပ်ဗာဒီဂိုးသမားကြီး Vozinha ပါပဲ။ စပိန်ရဲ့ အပိုင်ဂိုးကန်သွင်းမှုတွေကို နံရံကြီးတစ်ခုလို ကာကွယ်သွားပြီး အံ့မခန်း လက်စွမ်းပြ (၇) ကြိမ်အထိ ကာကွယ်နိုင်ခဲ့လို့ စပိန်တို့ ဂိုးဝင်ဖို့ရာခိုင်နှုန်းတော်တော်နည်းခဲ့ရပါတယ်။ စပိန်အသင်းဟာ ပွဲကို ကြီးစိုးထားပြီး ဘောလုံးပေးပို့မှု ၇၃၄ ကြိမ်အထိ ပြုလုပ်ကာ ဂိုးကန်သွင်းခွင့် ၂၇ ကြိမ်အထိ ရခဲ့ပါတယ်။ ဖာရန် တောရက်စ်ရဲ့ ကန်ချက်ကလည်း ဂိုးဘားတန်းထိထွက်ခဲ့သလို အိုယာဇာဘယ်လ်လည်း ဂိုးရမယ့် အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ပွဲနှောင်းပိုင်း မိနစ် ၇၀ ကျော်မှာ စပိန်တို့ရဲ့ Wonderkid လာမင်း ယာမားလ် ဝင်ရောက်လာပြီး ထိုးဖောက်မှုတွေ လုပ်ခဲ့ပေမယ့် စည်းစနစ်ကျလွန်းတဲ့ ကိပ်ဗာဒီရဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ကွာခြားချက် ၆၅ ဆင့်အထိ ရှိတဲ့ အသင်းနှစ်သင်းကြားက အကြီးမားဆုံး အလှည့်အပြောင်း ရလဒ်တွေထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ။ ကိပ်ဗာဒီအတွက်တော့ နိုင်ပွဲထက်မက တန်ဖိုးရှိတဲ့ သမိုင်းဝင် ညတစ်ညပါပဲ။ ဘယ်လောက်ကြီးပဲအဆင့်တွေကွာခြားပါစေ အသင်းကြီးတွေအနေနဲ့ အထင်သေးလို့မရဘူးဆိုတာ ဒီနှစ်ကမ္ဘာ့ဖလားကပြသနေတာပါ။ #BeeKyal

အီဂျစ်အသင်းရဲ့ ကစားသမားကြီး မိုဟာမက် ဆာလားရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကနေတစ်ဆင့် ပွဲချိန် ၁၉ မိနစ်မှာ အီဂျစ်ကွင်းလယ်လူ Emam
အီဂျစ်အသင်းရဲ့ ကစားသမားကြီး မိုဟာမက် ဆာလားရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကနေတစ်ဆင့် ပွဲချိန် ၁၉ မိနစ်မှာ အီဂျစ်ကွင်းလယ်လူ Emam Ashour က Courtois ကို ကျော်ဖြတ်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အီဂျစ်တို့ ပွဲကို ဦးဆောင်နိုင်တဲ့ ဒုတိယမြောက် ပွဲစဉ်ဖြစ်လာခဲ့ပြီး ပထမပိုင်းမှာ ဘယ်လ်ဂျီယံကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ဒုတိယပိုင်းမှာအလှည့်အပြောင်းဖြစ်လာပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ လူကာကူ လူစားဝင်လာပြီး ၂၃ စက္ကန့်အကြာ ပထမဆုံး အကြိမ် ဘောလုံးထိတွေ့ဖို့ ကြိုးစားမှုကနေတစ်ဆင့် အီဂျစ်နောက်ခံလူ Mohamed Hany ရဲ့ Own Goal (ကိုယ့်ဂိုးကိုယ်သွင်းမိခြင်း) ဖြစ်သွားစေခဲ့ပြီး ဘယ်လ်ဂျီယံအတွက် အဖိုးတန် ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ပိုင်ဆိုင်မှု ပိုရခဲ့ပေမယ့် ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနားရဲ့ ကန်ချက် တိုင်ထိခဲ့တာကလွဲရင် အသင်းလိုက် ကစားဟန်က အရမ်းလေးလံနေခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ဘဲ ပျာယာခတ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ ဆုဖလားမျှော်မှန်းထားတဲ့ ဘယ်လ်ဂျီယံအတွက် အများကြီး ပြင်ဆင်ရဦးမှာပါ။ #BeeKyal

တောင်ကိုရီးယား ကာတာ သြစတြေးလျ ဂျပန် အခု ဆော်ဒီအာရေဗျ . . . ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေအခုချိန်ထိ ရှုံးပွဲမရှိသေးပါဘူး ။ သရေရလဒ
တောင်ကိုရီးယား ကာတာ သြစတြေးလျ ဂျပန် အခု ဆော်ဒီအာရေဗျ . . . ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေအခုချိန်ထိ ရှုံးပွဲမရှိသေးပါဘူး ။ သရေရလဒ် ၃ ပွဲ ၊ အနိုင်ရလဒ် ၂ ပွဲရှိခဲ့ပါတယ် ။ နယ်သာလန် ၊ ချက်ရီပါ့ဘလစ် ၊ တူရကီ ၊ ဆွစ်ဇာလန် ၊ Uruguay တို့လိုအသင်းတွေနဲ့ ကစားခဲ့ရတာပါ ။ ဒါပေမယ့် ဘယ်အသင်းမှာ အခုထိ အာရှကိုယ်စားပြုအသင်းတွေကို ရှုံးနိမ့်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး ။ အာရှအသင်းတွေအခုလို ရလဒ်ကောင်းတွေယူဆောင်လာနိုင်တာ တကယ်ကျေနပ်စရာပါ ။ ကစားပုံတွေကောင်းလာသလို စိတ်ဓါတ်ပိုင်းမှာလည်း အများကြီးတိုးတက်လာကြပါပြီ ။ ယုံကြည်မှုတွေကလည်း နောက်ကနေလိုက်ပါလာတာပါ ။ ဒီနှစ်ပြိုင်ပွဲမှာ အာရှအသင်းတသင်းတသင်းက မထင်မှတ်ထားတဲ့အဆင့်အထိ တက်ရောက်နိုင်မယ်လို့ တဖြည်းဖြည်း ယုံကြည်စပြုလာပြီလို့ ဆိုရတော့မှာပါ ။ #BeeKyal

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားတွေအတွက် ဂုဏ်ပြုမှုအဖြစ် ထည့်သွင်းထားတဲ့အရာ ၂ ခုရှိပါတယ် ။ ပထမတခုကတော့ ပြိုင
လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားတွေအတွက် ဂုဏ်ပြုမှုအဖြစ် ထည့်သွင်းထားတဲ့အရာ ၂ ခုရှိပါတယ် ။ ပထမတခုကတော့ ပြိုင်ပွဲမစတင်ခင်တုန်းက ကြေညာအသိပေးထားတဲ့ World Cup 'debut' patch ပါပဲ ။ အခုနှစ်ပြိုင်ပွဲမှ ကမ္ဘာ့ဖလားကို စတင်ပါဝင်ကစားခဲ့သူတွေအတွက် ဖီဖာက ကြိုဆိုတဲ့အနေနဲ့ ထည့်သွင်းပေးထားတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ဟာမဲလ် ၊ အာမက်ဒီယာလို ၊ ယော်ကာရက်စ်တို့ပါအဝင် ကစားသမားအများအပြားဟာ ဂျာစီလက်မောင်းမှာ ထည့်သွင်းဝတ်ဆင်ကြပါတယ် ။ ဒုတိယတခုကတော့ ဝါရင့်ကစားသမားကြီးတွေအတွက် ထည့်သွင်းပေးထားတဲ့ 'Legacy' patch ပါ ။ ဒီအမှတ်တံဆိပ်ကိုတော့ ကစားသမားတိုင်း မရရှိကြပါဘူး ။ ကမ္ဘာ့ဖလားမှာ အနည်းဆုံး ၅ ကြိမ် ပါဝင်ကစားထားခဲ့တဲ့ ကစားသမားကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာဖြစ်ပြီး မက်ဆီ ၊ ရိုနယ်ဒို ၊ မိုဒရစ်တို့ မကစားရသေးခင်မှာတော့ ဂျာမနီဂိုးသမားကြီး နော်ယာ တယောက်သာ လက်ရှိကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အဆိုပါတံဆိပ်ကို ဝတ်ဆင်ကစားထားရပါသေးတယ် ။ #BeeKyal

ကိပ်ဗာဒီအသင်းအတွက် တကယ့်ကိုကြီးမားတဲ့ အောင်မြင်မှုပါပဲ ။ ကမ္ဘာ့ဖလားကို ပထမဆုံးပါဝင်ကစားခွင့်ရတဲ့ပြိုင်ပွဲမှာ စပိန်လိုအသင်းကြီ
ကိပ်ဗာဒီအသင်းအတွက် တကယ့်ကိုကြီးမားတဲ့ အောင်မြင်မှုပါပဲ ။ ကမ္ဘာ့ဖလားကို ပထမဆုံးပါဝင်ကစားခွင့်ရတဲ့ပြိုင်ပွဲမှာ စပိန်လိုအသင်းကြီးကို ဂိုးမပေးရဘဲ သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာ တကယ်ချီးကျူးရမှာပါ ။ အထူးသဖြင့် စပိန်အသင်းရဲ့ ဂိုးသွင်းမှုတွေကို အထူးလက်စွမ်းပြသွားခဲ့တဲ့ ကိပ်ဗာဒီဂိုးသမားကြီးကိုပေါ့ ။ စပိန်ကတော့ လက်ကျန် ၂ ပွဲကို အနိုင်ကစားမှ အဆင့် ၁ နေရာအတွက် စိတ်အေးရမှာပါ ။ ဒါပေမယ့် ဒါတွေ ခဏထားလိုက်ပါဦး ။ ဒီညက ကိပ်ဗာဒီအသင်းရဲ့ညပါ ၊ သူတို့ပျော်ဖို့ အောင်ပွဲခံဖို့ ထိုက်တန်လွန်းခဲ့ပါတယ် ။ #BeeKyal

အသင်းသစ်တွေကိုင်တွယ်ရတော့မယ့်နည်းပြ ၂ ယောက်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ ကမ္ဘာ့ဖလားပွဲတွေ ကစားနေပေမယ့် အပြောင်းအရွှေ
အသင်းသစ်တွေကိုင်တွယ်ရတော့မယ့်နည်းပြ ၂ ယောက်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ ကမ္ဘာ့ဖလားပွဲတွေ ကစားနေပေမယ့် အပြောင်းအရွှေ့တွေကလည်း အမြဲဖြစ်ပေါ်နေပါတယ် ။ ဒါကြောင့် ဒီကနေ့ ကြားသိရသမျှ အပြောင်းအရွှေ့သတင်းတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ် ။ တော့တင်ဟမ်ဟော့စပါးကစားသမား ပက်ဒရို ပေါ်ရိုကတော့ အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ် ။ စပါးအသင်းဟာ ပက်ဒရို ပေါ်ရိုကို ၂၀၃၂ အထိ စာချုပ်ထပ်တိုးခွင့်လည်း ရရှိထားပါတယ် ။ ရီးရဲမက်ဒရစ်နည်းပြဟောင်း အာဘီလိုအာကတော့ ဖူလ်ဟမ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပြီလို့ ကြားသိရပါတယ် ။ မန်ယူနည်းပြဟောင်း ရူဘန် အမော်ရင်ဟာ အေစီမီလန်အသင်းနည်းပြသစ်ဖြစ်လာဖို့ ဆန္ဒရှိနေပြီး အီတလီကလပ်ဘက်က အချက်အလက်အားလုံးကို လက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ် ။ ဘိုင်ယန်မြူးနစ်အသင်းကတော့ အန်တိုနီ ဂေါ်ဒွန်ကို မခေါ်ယူနိုင်တဲ့နောက်မှာ PSV စတား ဆိုင်ဘာရီကို ခေါ်ယူဖို့ ချဉ်းကပ်မှုပြုလုပ်နေပြီလို့ သတင်းရရှိထားပါတယ် ။ ဘိုင်ယန်ကနေ စာချုပ်ပြည့်လို့ထွက်ခွာမယ့် ကွင်းလယ်ကစားသမားကြီး ဂေါ်ရက်ဇ်ကာ ကတော့ မေဂျာလိဂ်က ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် European club တွေဆီကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ် ။ အီတလီနဲ့ မန်စီးတီးနည်းပြဟောင်း ရော်ဘတ်တို မန်စီနီဟာ ကာတာကလပ် အယ်လ်ဆတ်အသင်းနဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ် ။ မန်စီနီဟာ အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ လက်ရွေးစင်အသင်းနည်းပြအတွက် စိတ်ဝင်စားနေသူတွေထဲမှာ ပါဝင်နေပါတယ် ။ လီယွန်နယ်မက်ဆီ ၊ ဂိုးသမားကြီး မာတီနက်ဇ် နဲ့ နောက်ခံလူ ရိုမဲရိုးတို့ရဲ့ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အလားအလာကောင်းနေတယ်လို့ အာဂျင်တီးနားနည်းပြကြီး စကာလိုနီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ် ။ အာနီစလော့ ထွက်ခွာအပြီးမှာ ကိုဒီဂတ်ပိုဟာလည်း လီဗာပူးအသင်းကနေ ထွက်ခွာဖို့ စိတ်ကူးထားပြီလို့ သတင်းထွက်လာခဲ့ပါတယ် ။ အဲဗာတန်အသင်းကတော့ သူတို့ရဲ့ အင်္ဂလန်နောက်ခံလူ ဂျားရတ် ဘရန့်သဝိတ်ကို ခေါ်ယူချင်တဲ့ ဘယ်အသင်းမဆို ပေါင် သန်း ၇၀ အနည်းဆုံးကမ်းလှမ်းမှသာ စဉ်းစားသွားမယ်လို့ အသိပေးထားပါတယ် ။ ချဲလ်ဆီးအသင်းဟာ ဂါနာချိုကို ရောင်းထုတ်နိုင်ခဲ့ပါက မန်ယူတောင်ပံကစားသမား ရက်ရှ်ဖိုဒ့်ကို အငှားခေါ်ယူသွားဖို့ စိတ်ကူးနေတယ်လို့လည်း ကောလဟာလသတင်းတခု ထွက်ပေါ်လာခဲ့ပါတယ် ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+2
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏

💥ညကတော့ ဟုတ်မလိုလိုနဲ့လွဲချော်သွားခဲ့ပြီ ဒီညမှာအရှုံးကြွေးတွေပြန်ဆပ်ကြမယ်ဗျာ😀🔳

🔥ယနေ့ညအတွက်Tips🔥 🎆စပိန် - ဂိုးပေါ်✔️ 🎆ဥရုဂွေး - ဘော်ဒီ✔️ 🎆ဘယ်လ်ဂျီယံ - ဘော်ဒီ✔️ အကြိုက်တူရင်လိုက်ကစားလို့ရပါတယ်။ ဝါသနာပါ
🔥ယနေ့ညအတွက်Tips🔥 🎆စပိန် - ဂိုးပေါ်✔️ 🎆ဥရုဂွေး - ဘော်ဒီ✔️ 🎆ဘယ်လ်ဂျီယံ - ဘော်ဒီ✔️ အကြိုက်တူရင်လိုက်ကစားလို့ရပါတယ်။ ဝါသနာပါလို့ ကစားချင်တယ်ဆို BeeKyal ကိုဆက်သွယ်လိုက်ပါ 24 hour service နဲ့အကောင့်သစ်10%တို့နဲ့အတူစောင့်ကြိုနေပါတယ်။ 📱 - 09777652652 📱 - @beekyal23

ညနေခင်းကြေးလေးပါ 😍😍
ညနေခင်းကြေးလေးပါ 😍😍

မြတ်ခင်းစိမ်းပေါ်က အလှည့်အပြောင်းနဲ့ရလဒ်တွေကို ကိုယ်ရဲ့ဝါသနာနဲ့ပေါင်းစပ်ဖို့အချိန်တန်ပြီနော်ညီကိုတို့... အရင်းနဲနဲနဲ့ အမြတ်မျ
မြတ်ခင်းစိမ်းပေါ်က အလှည့်အပြောင်းနဲ့ရလဒ်တွေကို ကိုယ်ရဲ့ဝါသနာနဲ့ပေါင်းစပ်ဖို့အချိန်တန်ပြီနော်ညီကိုတို့... အရင်းနဲနဲနဲ့ အမြတ်များများ ရအောင် မောင်းလောင်းရင်း သူဌေး ဖြစ်ဖို့ မြန်မာစတိုင်မြန်မာကြေးနဲ့ ကစားမလားဒါမှမဟုတ်ပွဲပါးလည်း အမြဲကစားလို့ရတဲ့ IBet789ပဲကစား မလား ဘာပဲလိုလို 🟥🟥🟥🟥🟥🟥🟥ကိုသတိရလိုက်နော် 🟥🟥🟥🟥ကျပ်ကစပြီး လက်ကြီး/လက်သေး မရွေးအကောင့်ဖွင့်ကစားနိုင်ပါတယ်။ မန်ဘာသစ်တွေအတွက် 🟥🟥🟥 🟥🟥🟥🟥🟥အပြင်အခြား သော Bonus တွေလည်းရှိသေးတာမို့  သိချင်ရင်တော့ ကိုယ်တိုင်သာလှမ်းလာခဲ့လိုက်နော်။ ❤️✍️🧎👇👇 📱😬 09777652652 📱😬 @beekyal23

ကိုယ့်ထက် အင်အားကြီးတဲ့ အသင်းရဲ့ ၂ ကြိမ်တိုင်တိုင် ဦးဆောင်ခံရပေမယ့် ဂျပန်ဟာ ပြာတောက်သွားတာမျိုး မရှိဘဲ နည်းစနစ်ကျနစွာပဲ တုန်
ကိုယ့်ထက် အင်အားကြီးတဲ့ အသင်းရဲ့ ၂ ကြိမ်တိုင်တိုင် ဦးဆောင်ခံရပေမယ့် ဂျပန်ဟာ ပြာတောက်သွားတာမျိုး မရှိဘဲ နည်းစနစ်ကျနစွာပဲ တုန့်ပြန်ကစားရင် ချေပဂိုးတွေ ပြန်ရှာဖွေသွားခဲ့ပါတယ် ။ ခံစစ်ကို အဓိက အားပြုတယ် ဆိုပေမယ့် ဘောလုံးရချိန်မှာ ဂျပန်ဟာ ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပြီး ကြုံသလို ကန် ၊ ဖြစ်သလို ပေးသွားတာ မဟုတ်ဘဲ စနစ်တစ်ခု အောက်မှာ အတိအကျ ကစားပြခဲ့တာပါ ။ ဒီတော့ ကမ္ဘာ့ဖလား အဆင့် ၈ နေရာက နယ်သာလန် ဆီကနေ အမှတ်ခွဲယူနိုင်ခဲ့ပြီ ဖြစ်ပြီး လာမယ့် တူနီးရှား ၊ ဆွီဒင် တို့က ကိုယ့်ထက် ကမ္ဘာ့အဆင့် နိမ့်ပေမယ့် အတွေ့အကြုံ ရှိ အသင်းတွေမို့ မပေါ့မဆဘဲ ကစားရင်ဖြင့် ဂျပန်တို့ ရှုံးထွက် ရောက်နိုင်မှာ သေချာနေပါတယ် ။ #BeeKyal

BREAKING NEWS! ရီးရဲမက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ စပိန်နောက်ခံလူ ကူကူရီယာကို ခေါ်ယူဖို့ နှုတ်သဘောတူညီမှု ရရှိသွားခဲ့ပါပြီ ။
BREAKING NEWS! ရီးရဲမက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ စပိန်နောက်ခံလူ ကူကူရီယာကို ခေါ်ယူဖို့ နှုတ်သဘောတူညီမှု ရရှိသွားခဲ့ပါပြီ ။ #BeeKyal

၂၀၂၆ ကမ္ဘာ့ဖလားပွဲတွေကို ညကနေ နောက်တနေ့ နေ့လည်လောက်အထိ ၃ ရက်လောက် တောက်လျောက်အားပေးလာအပြီးမှာတော့ မကြည့်ရင်လည်းရလောက်တဲ့ပွဲစဉ
၂၀၂၆ ကမ္ဘာ့ဖလားပွဲတွေကို ညကနေ နောက်တနေ့ နေ့လည်လောက်အထိ ၃ ရက်လောက် တောက်လျောက်အားပေးလာအပြီးမှာတော့ မကြည့်ရင်လည်းရလောက်တဲ့ပွဲစဉ်တချို့ ပါဝင်လာခဲ့ပါပြီ ။ ဒါပေမယ့် မနက်ဖြန်မနက်ရဲ့ ပထမဆုံးပွဲစဉ် ( အီဂျစ်နဲ့ ဘယ်လ်ဂျီယံ ) ကတော့ မဖြစ်မနေစောင့်ကြည့်သင့်တဲ့ပွဲမျိုးပါ ။ မိုဆာလာ နဲ့ ကယ်ဗင် ဒီဘရိုင်းနားတို့ ကမ္ဘာ့ဖလားမှာ နောက်တကြိမ်အားပြိုင်တာကို မြင်ရနိုင်ဖို့ မလွယ်ကူတော့လို့ပါပဲ ။ ၂၀၁၈ တုန်းက တတိယရခဲ့တဲ့အသင်းက ကစားသမားအတော်များများ အနားယူသွားတာ ၊ ၂၀၂၂ ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေထွက်ရတာ ၊ ယူရို ၂၀၂၄ မှာ ဘာမှမလုပ်ပြနိုင်တာတွေကြောင့် ဘယ်လ်ဂျီယံအသင်းအပေါ်မှာ သိပ်ပြီး စိတ်ဝင်စားမှုမရှိခဲ့ကြပါဘူး ။ ဒါပေမယ့် ဇွန်လထဲကစားခဲ့တဲ့ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွေမှာ ခရိုအေးရှားနဲ့ တူနီးရှားအသင်းတွေကို ပေးဂိုးလုံးဝမရှိ ၊ နှစ်ပွဲပေါင်း ၇ ဂိုးအထိသွင်းယူကာ အနိုင်ကစားအပြီးမှာတော့ ဘယ်လ်ဂျီယံတွေကို ပြန်လည် စိတ်ဝင်စားလာမိပါတယ် ။ ၂၀၁၈ တုန်းကလိုအနေအထားမျိုးမဟုတ်တော့ပေမယ့် ဘယ်လ်ဂျီယံအသင်းမှာ ကစားသမားကောင်းတွေ ရှိနေပါသေးတယ် ။ အထူးသဖြင့် ဒီဘရိုင်းနား ၊ တီလေမန်းစ် ၊ အိုနာနာတို့ရဲ့ ကွင်းလယ် ၊ ဒိုကူနဲ့ ထရော့ဆတ်တို့ရဲ့တောင်ပံတွေက ဘယ်လ်ဂျီယံအသင်းအတွက် အဓိကအားထားရမယ့်နေရာတွေပါ ။ ဂိုးသမားနေရာမှာလည်း ဝါရင့်ဂိုးသမားကြီး ကော်တွာက စိတ်ချရပါတယ် ။ အီဂျစ်အသင်းကတော့ မိုဆာလာ ၊ အိုမာ မာမွတ်ရှ်တို့ကို အဓိကထားပြီး အီဂျစ်ထိပ်သီးကလပ် အယ်လ်အာလီအသင်းက ကစားသမားတွေနဲ့ ပွဲထွက်လာမှာပါ ။ အသင်းလိုက်ကစားပုံ မဆိုးနိုင်ပါဘူး ။ ဒါပေမယ့် ( အီဂျစ်အသင်းကိုလျော့တွက်ထားတယ်ပဲဆိုဆို ) ဒီတပွဲမှာတော့ ဘယ်လ်ဂျီယံအသင်းဘက်မှာပဲ နေကြည့်ချင်ပါတယ် ။ ဖော်လန် ၊ ဆွာရက်ဇ် ၊ ကာဗာနီတို့နဲ့ ကမ္ဘာ့ဖလားမှာ စတုတ္ထရပြီး ကိုပါအမေရိကမှာ ချန်ပိယံဖြစ်ခဲ့တာတွေက ကျွန်တော်တို့ မီလိုက်တဲ့ Uruguay အသင်းရဲ့ အကောင်းဆုံးအချိန်တွေလို့ ပြောရမှာပါ ။ ကမ္ဘာ့ဖလားရဲ့ ချန်ပီယံဟောင်းတသင်းဆိုပေမယ့် ဒီအနေအထားကို ပြန်ရောက်တော့မယ်မထင်ပါဘူး ။ ဒီတခေါက်ပြိုင်ပွဲမှာ ဗယ်ဗာဒီ ၊ ဒါဝင်နူညက်ဇ်တို့လို ကစားသမားတွေ ပါဝင်လာပေမယ့် Uruguay အသင်းကို ဘယ်သူမှ မျှော်လင့်မထားကြဘူးဖြစ်နေပါတယ် ။ ဆော်ဒီအသင်းကတော့ ဆော်ဒီလိဂ်ကကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားမှာပါ ။ ဆော်ဒီလိဂ်ကို အဆင့်မြှင့်တင်အပြီးမှာ ကစားသမားတွေလည်း တိုးတက်လာပါတယ် ။ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားကို အနိုင်ကစားပြီး အားလုံးကို အံ့အားသင့်နိုင်ခဲ့သလို ဒီနှစ်ပြိုင်ပွဲမှာလည်း ဆော်ဒီအသင်း ဘာလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေမှာပါ ။ ကိပ်ဗာဒီလိုအသင်းမျိုး ပါဝင်နေတာကြောင့် ဒီပွဲကိုနိုင်တဲ့အသင်းက နောက်တဆင့်တက်နိုင်ဖို့ အခွင့်အရေးအများကြီး ရှိသွားနိုင်ပါတယ် ။ အဲဒီအခွင့်အရေးကို ရယူမယ့်အသင်းက ဘယ်အသင်းဖြစ်လာမလဲ . . . ကျွန်တော်ကတော့ အာရှအသင်းတွေကို လျော့မတွက်ချင်တော့တာကြောင့် ဆော်ဒီအသင်းကိုပဲ အားပေးဖြစ်မှာပါ ။ အီရန်အသင်းနဲ့ နယူးဇီလန်အသင်းတို့ရဲ့ပွဲစဉ်ကတော့ ကမ္ဘာ့ဖလားပွဲစဉ် ( ၁ ) ရဲ့ စိတ်ဝင်စားမှုအနည်းဆုံးပွဲ ဖြစ်လာနိုင်ပါတယ် ။ အီရန်က qualifier မှာ အဆင့် ၁ နေရာကနေ ထိုက်တန်စွာ ဝင်ခွင့်ရရှိခဲ့ပေမယ့် လက်ရှိအခြေအနေတွေအရ ခက်ခက်ခဲခဲအနေအထားကနေ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကစားနေတာပါ ။ ဒါကြောင့် သူတို့ရဲ့ အကောင်းဆုံးပုံစံကို အပြည့်အ၀ ရရှိနိုင်မယ်လို့ မထင်ပါဘူး ။ နယူးဇီလန်ကတော့ သမုဒ္ဒရာပိုင်းဇုန်မှာ ပြိုင်ဘက်ကင်းအနေအထားနဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့တာပါ ။ ပြိုင်ပွဲအကြိုခြေစမ်းပွဲတွေမှာတော့ ဟေတီအသင်းကို ၄-၀ နဲ့ ရှုံးတဲ့အထိ ဖြစ်ခဲ့ပါတယ် ။ အခုပွဲလည်း အီရန်အသင်းက ပုံစံအပြည့်အ၀ မရရှိနိုင်ပေမယ့် နယူးဇီလန်ကိုတော့ အသာရယူနိုင်မယ်လို့ ထင်မိပါတယ် ။ ဒါ့အပြင် အခုညကစားမယ့် စပိန် နဲ့ ကိပ်ဗာဒီတို့ရဲ့ပွဲ ( မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ ) ကိုလည်း မမေ့ကြပါနဲ့ဦးနော် . . . ။ #BeeKyal

ဂျာမနီအသင်းကတော့ လူဦးရေ ၁ သိန်းခွဲသာရှိတဲ့ နိုင်ငံငယ်လေးရဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလားပွဲထွက်ပွဲမှာတင် လေ့ကျင့်ရေးဆင်းနေသလားထင်ရလော
ဂျာမနီအသင်းကတော့ လူဦးရေ ၁ သိန်းခွဲသာရှိတဲ့ နိုင်ငံငယ်လေးရဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလားပွဲထွက်ပွဲမှာတင် လေ့ကျင့်ရေးဆင်းနေသလားထင်ရလောက်အောင်ကို ဂိုးပြတ်သွင်းထည့်လိုက်ပါတယ် ကူရာဆောင်းအသင်းအနေနဲ့ ၁ ဂိုးပြန်သွင်းပြတာကိုပဲ ချီးကျူးရမှာ ဖြစ်ပြီး ကူရာဆောင်း ပရိသတ်တွေကတော့ ဘယ်လောက်ပဲ ဂိုးပြတ်ရှုံးရှုံး ကွင်းထဲမှာ အောင်ပွဲခံနေကြဆဲ ဖြစ်ပါတယ် သူတို့နိုင်ငံရဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂုဏ်ယူမဆုံး အောင်ပွဲခံနေကြတာပဲ ဖြစ်ပါတယ် #BeeKyal

တကယ်တော့ နယ်သာလန်က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါ ။ တပွဲလုံး ရှေ့လယ်နောက် ဟန်ချက်ညီညီကစားနိုင်ခဲ့တယ် ၊ ချေပဂိုးပြန်ပေးရပေမယ့်လ
တကယ်တော့ နယ်သာလန်က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါ ။ တပွဲလုံး ရှေ့လယ်နောက် ဟန်ချက်ညီညီကစားနိုင်ခဲ့တယ် ၊ ချေပဂိုးပြန်ပေးရပေမယ့်လည်း ဦးဆောင်ဂိုးကို ထပ်ပြီးသွင်းယူနိုင်ခဲ့တယ် ၊ ဂျပန်လိုအသင်းကောင်းတသင်းကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အာရှအသင်းတွေရဲ့ အလျော့မပေးတတ်တဲ့ စိတ်ဓါတ်က ဂျပန်အသင်းကို ဒုတိယချေပဂိုး ရရှိစေခဲ့တာပါ ။ မိနစ် ၈၀ နောက်ပိုင်းမှာ နယ်သာလန်အသင်း ကစားပုံကျသွားပြီး အနိုင်ရလဒ်ကို ထိန်းဖို့ကြိုးစားရာကနေ ဂျပန်အသင်း အခွင့်အရေးတွေ ရလာခဲ့ပါတယ် ။ ထောင့်ကန်ဘောကနေ နယ်သာလန်ကစားသမားတွေကို အသာရယူပြီး ဂိုးသွင်းနိုင်ခဲ့တာကတော့ ဂျပန်အသင်းကို ချီးကျူးရမှာပါပဲ ။ တကယ်ကြည့်ကောင်းတဲ့ပွဲတပွဲဖြစ်ခဲ့ပါတယ် ။ စတားပလေယာတွေအပေါ် မီခိုတဲ့အသင်းမဟုတ်ဘူးဆိုတာကိုလည်း ဂျပန်အသင်းက ထပ်ပြီးပြသနိုင်ခဲ့ပြန်ပါတယ် ။ ဒီပွဲကနေ သိလိုက်ရတာက နယ်သာလန်အသင်းကို ဒီနှစ်ပြိုင်ပွဲမှာ စောင့်ကြည့်သင့်ပြီဆိုတာပါပဲ ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+2
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏