Bee Kyal Football News
Відкрити в Telegram
ဘောလုံး အားကစားသတင်းစုံ
Показати більшеКраїна не вказанаКатегорія не вказана
593
Підписники
+124 години
Немає даних7 днів
Немає даних30 день
Архів дописів
တူရကီတို့ အိမ်ပြန်ပြီ။ ✈️🇹🇷
ကမ္ဘာ့ဖလားမှာ ၂ ပွဲဆက်ရှုံးနိမ့်မှုနဲ့အတူ တူရကီအသင်းကတော့ အုပ်စုအဆင့်မှာပဲထွက်ခွါခဲ့ရပါပြီ။
- ဩစတြေးလျကို ရှုံး
- တစ်ယောက်လျော့ ပါရာဂွေကို ရှုံး
#BeeKyal
အမေရိကန်အသင်းကစားတာ တကယ်ကောင်းပါတယ် ။ ပူလီဆစ် injury ကြောင့် မပါဝင်နိုင်တာတောင်မှ အသင်းလိုက်ကစားပုံက အရင်အတိုင်းပဲ ကောင်းနေခဲ့တာပါ ။ အထူးသဖြင့် ဘာလိုဂန်ကို သြစတြေးလျနောက်တန်းတွေ ခက်ခက်ခဲခဲထိန်းခဲ့ရပါတယ် ။ အဖွင့်ဂိုးကလည်း ဘာလိုဂန်ရဲ့ ဖန်တီးပေးမှုကနေ သြစတြေးလျနောက်ခံလူ own goal သွင်းယူမိခဲ့တာပါ ။
သြစတြေးလျအသင်းလည်း ချေပဂိုးပြန်ရဖို့ တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့် အမေရိကန်အသင်းအတွက် အနိုင်ရလဒ်က ထိုက်တန်နေခဲ့တာပါ ။ အခုဆိုရင် အုပ်စုပထမလား ဒုတိယလားဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ ။ တော့တင်ဟမ်ဟော့စပါးအသင်းကို ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတသင်းဖြစ်လာစေခဲ့တဲ့ ပိုချက်တီနိုဟာ အမေရိကန်အသင်းကိုလည်း လျော့တွက်လို့မရတဲ့အသင်းဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပြန်ပါပြီ ။
#BeeKyal
အဝါကတ်ပြသခံရမှုတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အသင်းတသင်း တကယ်ရှိခဲ့ဖူးပါတယ် ။ အဲဒီအသင်းကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက ဆီနီဂေါအသင်းပါ ။ ဂျပန် ၊ ပိုလန် ၊ ကိုလံဘီယာအသင်းတွေနဲ့အတူ Group H မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဆီနီဂေါအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကိုလံဘီယာအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ။
ဒီလိုရှုံးနိမ့်ခဲ့တာကြောင့် ဆီနီဂေါနဲ့ ဂျပန်အသင်းတို့ဟာ ရမှတ် ၄ မှတ်စီတူညီသွားခဲ့ကြပြီး သူတို့ ၂ သင်းဆုံတွေ့မှုမှာလည်း သရေရလဒ်ထွက်ပေါ်ခဲ့သလို ၂ သင်းစလုံး သွင်းဂိုးရော ပေးဂိုးပါတူညီနေခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျောက် ပထမဆုံးအကြိမ်အဖြစ် အဝါကတ် အနီကတ်စည်းမျဉ်းကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ရပါတယ် ။
ဒီနေရာမှာတော့ ဆီနီဂေါအသင်းဟာ ဂျပန်အသင်းထက် အဝါကတ်ပြသခံရမှုပိုမိုများပြားခဲ့တာကြောင့် စည်းကမ်းပိုင်းဆိုင်ရာရမှတ်အရ ဂျပန်အသင်းက ရှုံးထွက်အဆင့်ကို တက်ရောက်ပြီး ဆာဒီယို မာနေးတို့အဖွဲ့ကတော့ အိမ်ပြန်စောခဲ့ရပါတယ် ။
ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသင်းတွေရမှတ်တူညီနေမယ်ဆိုရင် -
တွေ့ဆုံမှုရလဒ်
ဂိုးကွာခြားချက်
သွင်းဂိုး
အဝါကတ်အနီကတ်စည်းမျဉ်း
ဖီဖာအဆင့်ရပ်တည်မှု စတာတွေကို အစဉ်လိုက်ကြည့်ရှုနှိုင်းယှဉ်ပြီး ဆုံးဖြတ်ပေးသွားမှာပဲဖြစ်ပါတယ် ။
#BeeKyal
ဗီနီးရှပ် ၂ ပွဲဆက်ဂိုးသွင်းတယ် ၊ ကွန်ညာလည်း ဒီပွဲမှာ ၂ ဂိုးသွင်းတယ် ၊ အန်းဒရစ်လည်း ပွဲကစားခွင့်ရခဲ့ပြီ ၊ ဂိုးပြတ်အနိုင်ရခဲ့သလို ပေးဂိုးလည်မရှိခဲ့ပါဘူး ။ ရာဖင်ညာ injury ရသွားတာကလွဲရင် ကျန်တာအားလုံးက ဘရာဇီးအသင်းအတွက် ကောင်းမွန်တဲ့အရာတွေဖြစ်ခဲ့ပါတယ် ။ ရာဖင်ညာရဲ့ အနေအထားကတော့ ပြင်းထန်ပုံမရပါဘူး ၊ ဒါပေမယ့် စကော့တလန်နဲ့ကစားမယ့်ပွဲကိုတော့ ပါဝင်ဖို့ မရှိနိုင်ဘူးလို့ ခန့်မှန်းရပါတယ် ။ ၄ မှတ်ရရှိထားပြီဖြစ်တာကြောင့် နောက်ဆုံးပွဲစဉ်ကို မရှုံးအောင်ကစားနိုင်မယ်ဆိုရင် အနိမ့်ဆုံးအုပ်စု ဒုတိယနဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်တော့မှာပါ ။
#BeeKyal
“ခရစ်စတီယာနိုရော်နယ်ဒိုဆိုတဲ့ကစားသမားကိုအရံခုံမှာထားလို့မဖြစ်နိုင်ပါဘူး။ ထားလို့လည်းမရပါဘူး.... မော်ရိုကိုအသင်းနဲ့ပွဲမှာ Cristiano Ronaldo ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာဟာ ပေါ်တူဂီဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံး အမှားဖြစ်ခဲ့ပါတယ်။” 🇵🇹🐐
#BeeKyal
🚨🚨💣BREAKING NEWS
Real Madrid သည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း Enzo Fernández နှင့် Michael Olise တို့ကို ခေါ်ယူရန် ဆန္ဒရှိနေသည်။ ⚪️
စပိန်ထိပ်သီးကလပ်အသင်းသည် José Mourinho ၏ ပုံစံအသစ်ဖြင့် တည်ဆောက်နေသော အသင်းကို ပိုမိုအားကောင်းလာစေရန် ကွင်းလယ်ပိုင်းနှင့် တိုက်စစ်ပိုင်း နှစ်ခုစလုံးကို အားဖြည့်ရန် တောက်လျောက်ဆိုသလို ကြိုးပမ်းနေသည်။
#BeeKyal
ယူနိုက်တက်ဟာ Mateus Fernandes နဲ့ Summerville တို့ကို ခေါ်ယူဖို့အတွက် ခြေလှမ်းတွေကို တကယ့်ကို အရှိန်မြှင့်တင်နေပြီလို့ ဆိုရမှာပါ။
Fernandes အတွက်ဆိုရင်တော့ အခြေအနေက တော်တော်လေးကို နီးစပ်နေပြီလို့ သတင်းတွေ ထွက်နေတယ်။ ဒါပေမဲ့ ယူနိုက်တက်ဘက်ကလည်း ပေါင်သန်း (၈၀) ဆိုတဲ့ ဈေးနှုန်းကိုတော့ လွယ်လွယ်နဲ့ ပေးချေမှာ မဟုတ်ဘူး။ ရေရှည်မှာ ဘဏ္ဍာရေးနဲ့ Tactical balance ကိုပါ ထည့်တွက်နေတဲ့ ပုံစံမျိုးပါပဲ။ ဟိုးအရင် ပေါလ်ပေါ့ဘာတို့၊ ဒီမာရီယာတို့ခေတ်တုန်းကလို အလွန်အကျွံ သုံးစွဲခဲ့တဲ့ အမှားမျိုးတွေကို ထပ်မလုပ်တော့ဘူးဆိုတဲ့ သဘောမျိုးပါ။
ဒီဘက်မှာ Summerville ကိုပါ ထပ်ဖြည့်ဖို့ ကြိုးစားနေတာက တကယ်ကို ကြမ်းပါတယ်။ ကစားသမားနှစ်ယောက်အတွက် စုစုပေါင်း ပေါင် (၁၁၀) သန်းလောက် သုံးမယ်ဆိုတာက အခုခေတ်ဈေးကွက်မှာ အရည်အသွေးမြင့်တဲ့ Player တွေကို ရဖို့အတွက် မလွယ်ကူတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ယူနိုက်တက်ရဲ့ High Pressing နဲ့ Transition ကစားကွက်မှာ သူတို့နှစ်ယောက်ရဲ့ ပါဝင်မှုက ဘယ်လောက်ထိ ထိရောက်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
အသင်းရဲ့ အနာဂတ်အတွက် တကယ့်ကို အဓိကကျတဲ့ အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေ အနေနဲ့ကတော့ ဒီနွေရာသီမှာ ရလဒ်ကောင်းတွေ ထွက်လာဖို့ပဲ မျှော်လင့်နေကြမှာပါ။ ဘောလုံးဆိုတာကလည်း ဒီလိုပါပဲ... အသင်းရဲ့ Identity ပြန်ရဖို့ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေက မဖြစ်မနေ လိုအပ်နေတာပဲဗျာ။
#BeeKyal
ကမ္ဘာ့ဖလားရဲ့ ပွဲစဥ်ကောင်းတွေကို အိမ်မှာပဲနေပြီး ဖုန်းလေးတစ်လုံးထဲနဲ့အပိုဝင်ငွေရှာကြမလား ညီကိုတို့..
ဒါဆိုရင် ငွေသွင်း/ငွေထုတ်စိတ်ချသေချာရပြီး 2️⃣4️⃣ နာရီ ဝန်ဆောင်မှု့ပေးနေတဲ့ကျွန်တော်တို့ဆီမှာ...
🎆မောင်းပဲတွဲတွဲ
🎆ဘော်ဒီပဲတီးတီး
စုံစုံလင်လင်နဲ့ ရှယ်တီးချင်တယ်ဆိုရင်
🔠🔠🔠🔠🔠🔠🔠 ကိုလှမ်းခဲ့ပါ။
ယုံကြည်မှု့နဲ့အလုပ်လုပ်တာဖြစ်လို့ ညီကိုတို့ရဲ့ငွေကြေးတစ်ပြားတစ်ချပ်မှ ဆုံးရှုံးနစ်နာမှု့မရှိစေရပါဘူး..
ဆက်သွယ်ရန်
📱 - 09777652652
📱 - @beekyal23
ကနေဒါအသင်း ရှုံးထွက်အဆင့်ကိုတက်ရောက်ပြီလို့တောင် ပြောရမှာပါ ။ နောက်ဆုံးပွဲစဉ်မှာ ဘော့စနီးယားအသင်းကို ဂိုးပြတ်ရှုံးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ ။ ဆွစ်ဇာလန်အသင်းကလည်း ကာတာအသင်းကို အနိုင်ကစားနိုင်မှာပါ ။ ဘယ်အသင်းက အုပ်စုပထမရမလဲဆိုတာကိုသာ စောင့်ကြည့်ရတော့မှာဖြစ်ပြီး ဒီအုပ်စုကနေ အကောင်းဆုံးတတိယအသင်းပေါ်ထွက်လာဖို့ အလားအလာနည်းသွားပါပြီ ။
Group B က ပထမရတဲ့အသင်းဟာ ၃၂ သင်းအဆင့်မှာ Group C, E, F, H, I က တတိယရတဲ့အသင်းတသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုဒုတိယအသင်းကတော့ Group A က ဒုတိယရတဲ့အသင်း နဲ့ ဆုံတွေ့ကြမှာပါ ။
#BeeKyal
ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ( ၁ ) ပြီးသွားချိန်မှာတော့ လီယွန်နယ်မက်ဆီ ၊ ဟယ်ရီကိန်း နဲ့ ဂျာမနီအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့သက်ဆိုင်တဲ့ စံချိန်ကောင်းတွေကို ရရှိခဲ့ကြပါတယ် ။
အယ်လ်ဂျီးရီးယားအသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျောက် ဂိုးသွင်းအများဆုံးစံချိန်ရှင် ကလိုဆေးရဲ့ ၁၆ ဂိုးကိုလိုက်မီခဲ့ပြီး အများဆုံးအဖြစ် ပူးတွဲရပ်တည်သွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် မက်ဆီဟာ ကမ္ဘာ့ဖလားနိုင်ပွဲအများဆုံးရရှိတဲ့ကစားသမားအဖြစ်လည်း ကလိုဆေးနဲ့အတူ စံချိန်ရရှိသွားခဲ့ပါတယ် ။
ဟယ်ရီကိန်းကတော့ ပင်နယ်တီစံချိန်ပါ ။ ခရိုအေးရှားနဲ့ပွဲက ပင်နယ်တီသွင်းဂိုးကြောင့် ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပင်နယ်တီသွင်းဂိုး ၅ ဂိုးပြည့်အောင်သွင်းယူနိုင်တဲ့ ပထဆုံးကစားသမားဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ အများဆုံးစံချိန်ရှင်အဖြစ် ရပ်တည်သွားခဲ့ပါတယ် ။
ဂျာမနီအသင်းရရှိခဲ့တဲ့စံချိန်ကတော့ ကမ္ဘာ့ဖလားသမိုင်းတလျောက် သွင်းဂိုးအများဆုံးအသင်းဆိုတဲ့စံချိန်ပါပဲ ။ ကူရာဆာအိုနဲ့ပွဲမှာ ၇ ဂိုးသွင်းခဲ့တဲ့ ဂျာမနီအသင်းဟာ ဘရာဇီးအသင်းရဲ့ ၂၃၈ ဂိုးကို ၂၃၉ ဂိုးနဲ့ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စံချိန်သစ်ပိုင်ရှင် ဖြစ်လာခဲ့ရပါတယ် ။
#BeeKyal
ပွဲရလဒ်ထက်ပိုပြီး စိတ်ကျေနပ်စရာဖြစ်စေခဲ့တာက အသင်း ၂ သင်းရဲ့ အားကစားစိတ်ဓါတ်တွေပါ ။ ကွင်းထဲမှာ tackle တွေလုပ်မိတယ် ၊ ထိမိပြီးလဲကျတာတွေရှိတယ် ၊ ချက်ချင်းပြန်ထတယ် ၊ ဘောလုံးကိုပဲ ဦးတည်ကစားခဲ့ကြတယ် ၊ ပြိုင်ဘက်ကစားသမားကို အဝါကတ်ပြခံရအောင်ဆိုပြီး ဟန်ဆောင်လူးလှိမ့်နေတာမျိုးတွေ မရှိခဲ့ပါဘူး ။ ဒီလိုအသင်းမျိုးတွေများများရှိရင် ကျွန်တော်တို့ချစ်တဲ့ ဘောလုံးအားကစားဟာ ဒီထက်ပိုပြီး လှပနေမှာပါ ။
ကစားပုံအကြောင်းပြောရရင် တောင်ကိုရီးယားအသင်းက ပိုကောင်းခဲ့ပါတယ် ။ အထူးသဖြင့် ဆွန်ဟောင်မင်တို့ကို လူစားလဲပြီးတဲ့နောက်ပိုင်းမှာ တောင်ကိုရီးယားအသင်းရဲ့ ချိတ်ဆက်ကစားပုံတွေက အတော်ကို ကောင်းလာခဲ့တာပါ ။ ချေပဂိုးပြန်ရနိုင်လောက်တဲ့ အခွင့်အရေးတွေ တကြိမ်ပြီးတကြိမ်ရခဲ့ပါတယ် ။ ဂိုးမဖြစ်ခဲ့တာကတော့ သူတို့ကံမကောင်းခဲ့တာပေါ့ ။ မက္ကဆီကိုအသင်းကလည်း မထင်မှတ်တဲ့အနေအထားတွေကနေ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ် ။ ဂိုးသမားလက်ကလွတ်ကျသွားတဲ့ဘောလုံးကနေ မထင်မှတ်ဘဲဂိုးပေးလိုက်ရတာက တောင်ကိုရီးယားအသင်းအတွက် နစ်နာစေခဲ့တာပါ ။
မက္ကဆီကိုအသင်းကတော့ ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်သွားခဲ့ပါပြီ ။ တောင်ကိုရီးယားအသင်းကလည်း နောက်ဆုံးပွဲစဉ်မှာ တောင်အာဖရိကအသင်းကို အနိုင်ကစားနိုင်ချေရှိပါတယ် ၊ ဒါပေမယ့် အုပ်စုဒုတိယနေရာကိုပဲ မျှော်မှန်းနိုင်တော့မှာပါ ။ တကယ်ကြည့်ကောင်းတဲ့ပွဲတပွဲဆိုတာကတော့ ငြင်းလို့မရနိုင်အောင်ပါပဲ ။
#BeeKyal
ကဲဗျာ ပွဲကောင်းတွေကို ရှယ်ဖြုတ်ဖို့ ချစ်ကိုတွေကတော့ ရှယ်ထည့်နေပြီ
ဒီလိုမျိုး ဆယ်ဂဏန်းလား ရာဂဏန်းလား ဘယ်လောက်ပဲဖြစ်ဖြစ်ငွေကြေးအာမခံမှု့ 1️⃣0️⃣0️⃣🔣ရှိလို့🔠🔠🔠🔠🔠🔠🔠မှာစိတ်အေးချမ်းသာစွာ ဆော့ကစားလို့ရပါတယ်။
ဆက်သွယ်ရန်
📱😬09777652652
📱😬@beekyal23
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
