uk
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

Відкрити в Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

Показати більше
Країна не вказанаКатегорія не вказана
232
Підписники
+124 години
+167 днів
+1430 днів
Архів дописів
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲ (၃၀-၆-၂၀၂၆) နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး နှင့် မီဒီယာများမိတ်ဆက်ခြင်း PPIB Links Youtube | Tiktok | Telegram | Website

Repost from N/a
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သွားမည်

မင်္ဂလာရှိသော နံနက်ခင်း​လေးပါ ခင်ဗျာ 🙏🙏🙏 ​ကောင်းစွာ နိုးထလာခြင်း နှင့်အတူ ကံ​ကောင်းခြင်း​တွေနဲ့ ပြည့်စုံတဲ့ နေ့ရက်‌လေးကို
မင်္ဂလာရှိသော နံနက်ခင်း​လေးပါ ခင်ဗျာ 🙏🙏🙏 ​ကောင်းစွာ နိုးထလာခြင်း နှင့်အတူ ကံ​ကောင်းခြင်း​တွေနဲ့ ပြည့်စုံတဲ့ နေ့ရက်‌လေးကို ပိုင်ဆိုင်နိုင်ပါစေ... စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ တနေ့တာလုံး ဖြတ်သန်းနိုင်ကြပါ​စေ... စီးပွား လာဘ်လာဘတွေ ပေါများကြပါစေ... ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ခင်ဗျာ 🙏🙏🙏

Repost from N/a
မနက်ဖြန်ဆို လက်ရှိအစိုးရရဲ့ ရက် (၁၀၀) plan က ရက် (၆၀) ပြည့်ပြီ။ ဘာတွေထိထိရောက်ရောက်လုပ်ပြီးပြီလဲ။ ဘာတွေဆက်လုပ်နေလဲဆိုတာ သတင်းစာရှင်းလင်းပွဲမှာ ချပြဖို့များလိမ့်မယ်။ ပြီးတော့ ခရီးစဉ်နှစ်ခု(အိန္ဒိယ၊ တရုတ်) မှာ ဘာအကျိုးမြတ်တွေ ဖန်တီးနိုင်ခဲ့တယ်ဆိုတာကိုလည်း ပြည်သူတွေသိအောင်ချပြနိုင်ရင် မဆိုးဘူး။ တက်လာကြမယ့် ပြည်တွင်း/ ပြည်ပ မီဒီယာတွေအနေနဲ့လည်း အပုတ်ခက် ဘလိမ်းဖို့ဆိုတာထက် နိုင်ငံတိုးတက်ဖို့အတွက် ဘယ်ကဏ္ဍပိုင်းကနေ ပိုပြီးပံ့ပိုးပေးရမလဲ ဆိုတဲ့အတွေးမျိုးနဲ့ မေးမြန်းကြရင် ပိုပြီးထိရောက်လိမ့်မယ်။ ပြောဖို့ စောနေသေးပေမယ့် Strong government, strong governance ဟုတ်၏ မဟုတ်၏ ဆိုတာကိုတော့ ရက်(၁၀၀) အတွင်းပထမဆုံးလုပ်မယ့် သတင်းစာရှင်းလင်းပွဲက အဖြေထုတ်ပေးပါလိမ့်မယ်။ U Uncle

Repost from N/a
နားထောင်ပြီးတော့ခေါင်းဆောင်ပါ 👉Listen to lead သက်သက်တောင် စနီးနာရတယ် ဆိုတဲ့ အသုံးနှုန်းလေး အရမ်းလှလို့ ဦးတင်ပါတယ် အရှင်ဘုရား

Repost from N/a
စ ခေါ်နေပါပြီ
+2
စ ခေါ်နေပါပြီ

photo content

တစ်နိုင်ငံလုံး ဘာသာတွဲ အလိုက် Top Ten
+2
တစ်နိုင်ငံလုံး ဘာသာတွဲ အလိုက် Top Ten

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖြေဆို/အောင်မြင် ဦးရေပြဇယား
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ဖြေဆို/အောင်မြင် ဦးရေပြဇယား

Repost from N/a
၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မှာထုတ်ပြန်မယ့် တက္ကသိုလ် ဝင်စာမေးပွဲ နှင့် စက်မှု၊ စိုက်၊မွေး တက္ကသိုလ်ဝင်စားမေးပွဲ အောင်စာရင်းတွေကိုဒီ လင့်ကနေ ဝင်ကြည့်လို့ရပါတယ် 👉 https://result.dme.gov.mm

Repost from N/a
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဘယ်လောက်ကုန်ကုန်လုပ်မယ်။ ဒါပေမယ့် ချည်နှောင်ထားတဲ့ ခြေလှမ်းတွေနဲ့ ရှေ့တိုးနေရတယ်။ ဘာကြောင့်လဲ?? ------------------------------------------------------- တကယ်တော့လေ မြန်မာနိုင်ငံက ကမ္ဘာနှင့်မယှဉ်နဲ့အုံး။ ဒေသတွင်းအာဆီယံ နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင်တောင် တော်တော်နောက်ကျကျန်နေခဲ့ပြီ။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းပဋိပက္ခတွေ မငြိမ်းချမ်းနိုင်သေးလိုပဲ။ အပြည့်စုံဖတ်ရန်

ဘဝနှင့်သံသရာ ပဋိစ္စသမုဒ္ပါဒ် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုပြပါဆိုရင် အကြောင်းအကျိုးတရားပဲ ဖြစ်ပါတယ်။ အဲဒီအကြောင်းအကျိုးသဘာဝ ကိုအကျယ်ဆုံးနဲ့အနက်နဲဆုံး ပြဆိုတဲ့တရားကတော့ ပဋိစ္စသမုဒ္ပါဒ်ဒေသနာတော်ပါပဲ။ ပဋိစ္စသမုဒ္ပါဒ်ဆိုတာ အကြောင်းတရားတွေကိုစွဲမှီပြီးတော့အကျိုးတရားတွေ အဆင့်ဆင့်ဖြစ်ပေါ်လာခြင်းလို့ အဓိပ္ပယ်ရပါတယ်။ လောကမှာဘာတစ်ခုမှ အလိုအလျောက်ဖြစ်လာတာ မဟုတ်သလိုဖန်ဆင်းရှင်ကြောင့် ဖြစ်လာတာလည်းမဟုတ်ပါဘူး။ အရာရာဟာ…အကြောင်းရှိလို့ အကျိုးဖြစ်ရတာပါ။ ဥပမာအားဖြင့်… အမှန်တရားကိုမသိတဲ့ အဝိဇ္ဇာကြောင့်ကံတရားတွေ ဖြစ်တဲ့သင်္ခါရကိုပြုလုပ်မိကြ တယ်။ အဲဒီသင်္ခါရကြောင့်ဘဝသစ်မှာ စတင်ပဋိသန္ဓေနေတဲ့ဝိညာဉ် ဖြစ်ရတယ်။ ဝိညာဉ်ကြောင့်ရုပ်နာမ်တရားတွေ ဖြစ်လာရပြန်ရော။ ဒီလိုနဲ့အကြောင်းအကျိုးဟာ ကွင်းဆက်ကြီးတစ်ခုလို တောက်လျှောက်လည်ပတ်နေ တာပေါ့။ မိမိတို့အခုကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေ၊သောကတွေ၊ ငိုကြွေးမှုတွေဆိုတာအစမထင်တဲ့ သံသရာစက်ရဟတ်ကြီးလည် ပါတ်နေလို့ပါပဲ။ အသိဉာဏ်မရှိတဲ့သူကတော့… အဲဒီအကျိုးအကြောင်း ကွင်းဆက်ကြီးကိုမမြင်ဘဲ ငါ ခံစားနေရတယ်၊ ငါ ဖြစ်နေတာဆိုပြီးပူလောင် တက်ကြတယ်။ အသိဉာဏ်ရှိတဲ့သူကတော့… ဪ… ဒါဟာ ရုပ်နဲ့နာမ် အကြောင်းနဲ့အကျိုး သဘောမျှသာပါပဲလားလို့ ယောနိသောမနသိကာရ နဲ့ မှန်မှန်ကန်ကန်ရှုမြင်တက်ကြ ပါတယ်။ အကြောင်းတရားကိုနားလည်ရင် အကျိုးတရားအပေါ်မှာစိတ်အလိုနောက်လိုက်ပြီးတုန်လှုပ်မှုမရှိ တော့ပါဘူး။ ဒါကြောင့်မိမိရဲ့စိတ်ထဲမှာ ပဋိစ္စသမုဒ္ပါဒ်သဘောတရားကို အမြဲဆင်ခြင်ကြည့်ရမယ်။ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ အကြောင်းတရားတွေကို အသိဉာဏ်နဲ့ဖြတ်တောက်နိုင်မှ သာလျှင်အကျိုးတရားဖြစ်တဲ့ သံသရာဝဋ်ဆင်းရဲခြင်း အစုအဝေးကြီးဟာချုပ်ငြိမ်းသွားမှာဖြစ်ပါတယ်။ အကြောင်းတရားကို သတိနဲ့ထိန်းကျောင်းပြီး အကျိုးတရားတွေကို အေးချမ်းအောင်လုပ်နိုင်ကြပါစေ… ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏🙏🙏

လောကဓံ ကြံ့ကြံ့ခံ 🙏🙏🙏🙏 ဥစ္စာဓန-လိုတာရ၊ လာဘ လောကဓံ၊ လိုတာမရ၊ အလာဘ၊ မှတ်ကြ လောကဓံ။ ခြံရံများမူ၊ ယသ-ဟူ၊ မှတ်ယူလောကဓံ။ ခြံရံ-
လောကဓံ ကြံ့ကြံ့ခံ 🙏🙏🙏🙏 ဥစ္စာဓန-လိုတာရ၊ လာဘ လောကဓံ၊ လိုတာမရ၊ အလာဘ၊ မှတ်ကြ လောကဓံ။ ခြံရံများမူ၊ ယသ-ဟူ၊ မှတ်ယူလောကဓံ။ ခြံရံ-ကင်းပ၊ အယသ၊ မှတ်ကြ လောကဓံ။ ချီးမွမ်း ထောမနာ၊ ပသံသာ - မှတ်ပါလောကဓံ၊ ကဲ့ရဲ့တစ်ဖြာ  ကြုံရတာ၊ နိန္ဒာ- လောကဓံ။ ကိုယ်, စိတ်နှစ်ဝ၊ ချမ်းသာရ၊ သုခ - လောကဓံ။ ဆင်းရဲပြန်မူ၊ ဒုက္ခ- ဟူ၊ မှတ်ယူ လောကဓံ။ ကောင်း ဆိုးနှစ်လီ၊ ထိုဤ ကြံပြန်၊ လောကဓံကို၊ သိဉာဏ်ရှေ့ထား၊ မခြောက်ခြားနဲ့၊ ကြိုးစားတွန်းလှန်၊ ကြံ့ကြံ့ခံ ။ 🙏 အရှင်ဒေါက်တာနန္ဒမာလာဘိဝံသ 🙏🙏🙏

အပိုင်းပိုင်းကွဲပြားနေသော အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ သံတမန်ရေးစနစ်အတွင်း အိန္ဒိယသည် အရေးပါသော ချိတ်ဆက်နိုင်ငံတစ်နိုင်ငံအဖြစ်
+1
အပိုင်းပိုင်းကွဲပြားနေသော အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ သံတမန်ရေးစနစ်အတွင်း အိန္ဒိယသည် အရေးပါသော ချိတ်ဆက်နိုင်ငံတစ်နိုင်ငံအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာ 🌏🤝 အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီသည် အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန်ထံမှ တီဟီရန်မြို့တွင် ကျင်းပမည့် အဆင့်မြင့် အခမ်းအနားတစ်ခုသို့ တက်ရောက်ရန် တရားဝင် ဖိတ်ကြားစာ လက်ခံရရှိထားကြောင်း သတင်းထွက်ပေါ်နေသည် 🇮🇳🇮🇷 ဤဖြစ်ရပ်သည် အနောက်အာရှဒေသတွင် နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေပြီး အာဏာအစုအဖွဲ့များ ပြောင်းလဲနေသည့်အခြေအနေတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည် 🌪🏛 ၎င်းသည် ပုံမှန် သံတမန်ရေး လုပ်ထုံးလုပ်နည်းတစ်ခုသာ မဟုတ်ဘဲ အရေးကြီးသော ကမ္ဘာ့အချိန်ကာလတွင် အိန္ဒိယသည် အနောက်နိုင်ငံများ၊ ပင်လယ်ကွေ့မိတ်ဖက်နိုင်ငံများနှင့် အီရန်တို့အကြား ချိန်ညှိပေါင်းစပ်သည့် မဟာဗျူဟာကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နေကြောင်းကို ပြသနေသည် 🌐🕊 ရွှေပြည်သစ် https://t.me/shwepyithit01

📍 တရုတ်–အိန္ဒိယ သံတမန်တွေ့ဆုံမှု ဇွန်လ ၂၄ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြာ
📍 တရုတ်–အိန္ဒိယ သံတမန်တွေ့ဆုံမှု ဇွန်လ ၂၄ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယီသည် နယူးဒေလီမြို့၌ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် နှစ်နိုင်ငံသည် Global South ၏ အရေးပါသော အဖွဲ့ဝင်များအဖြစ် စည်းလုံးညီညွတ်မှု၊ ကိုယ်ပိုင်အားကိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ အထူးသဖြင့် BRICS ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ယုံကြည်မှု တိုးမြှင့်ကာ အကျိုးတူဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။ တရုတ်နိုင်ငံသည် BRICS အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အိန္ဒိယနိုင်ငံ၏ တာဝန်ထမ်းဆောင်မှုကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ပြီး BRICS ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစွာ တိုးတက်စေရန် အိန္ဒိယနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံး၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပူးတွဲ ရှေ့ဆက်တိုးမြှင့်ရန်လည်း အလေးထားပြောကြားခဲ့သည်။

Repost from N/a
သမ္မတကြီးအနေနဲ့ နိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့နှင့် အလုပ်လုပ်ချင်စိတ်ရှိဖို့လိုတယ်လို့ ဘာကြောင့်ပြောရသလဲ ဆိုရင်… မနေ့က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ သမ္မတကြီးပြောသွားတဲ့ နိုင်ငံမှာ မြေပေါ်မြေအောက် သယံဇာတတွေအများကြီးရှိတဲ့အတွက် အလုပ်လုပ်နိုင်ဖို့နှင့် အလုပ်လုပ်ချင်တဲ့စိတ်ရှိဖို့လိုတယ်ဆိုတဲ့ အချက်ကိုတွေ့တော့ လယ်ယာလုပ်ကြတဲ့ တောင်သူတွေကိုပြေးမြင်တယ်။ ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက် လက်ရှိအချိန်ထိ တောင်သူတွေစိတ်ထဲမှာ “လယ်လုပ်ရင် မချမ်းသာနိုင်ပါဘူး” ကွာဆိုတဲ့ Mindset ကိုချိန်းဖို့ အရင်လိုတယ်။ ဘာလို့လဲဆိုတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ပြီး ကမ္ဘာ့ဒုတိယလယ်ယာပို့ကုန်နိုင်ငံ ဖြစ်နေတဲ့ နယ်သာလန် နိုင်ငံဆိုရင် မြန်မာနိုင်ငံရဲ့ (၁၅)ပုံ (၁) ပုံလောက်ပဲ(ပဲခူးလောက်တောင်မရှိဘူး)။ ၁၉၅၀ မှာ ပင်လယ်ရေလွှမ်းမိုးသွားလို့ လယ်ယာလုပ်ငန်းရဲ့ (၆၀) ရာခိုင်နှုန်းစိုက်လို့မရတဲ့အနေထားကနေ လက်ရှိမှာ ကမ္ဘာ့ဒုတိယ လယ်ယာပို့ကုန်နိုင်ငံဖြစ်နေတာဖြစ်တယ်။ အရှေ့တောင်အာရှမှာ ကုန်းမြေတစ်ဆက်တည်းဆိုရင် မြန်မာက အကျယ်ဆုံးဆိုပေမယ့် စိုက်ပျိုးမြေက (၁၉) ရာခိုင်နှုန်းပဲရှိလို့ စိုက်ပျိုးမှုနှုန်းက အနိမ့်ဆုံးအနေထားလို့ပြောရမယ်။ အဓိက ကတော့ “မျိုး၊မြေ၊ရေ၊နည်း” ဆိုတဲ့ အခြေခံ ၄ ချက် လိုအပ်နေသေးလို့ဖြစ်လိမ့်မယ်။ ကိုလိုနီခေတ်တုန်းက မြန်မာဟာ ဆန်စပါး နှစ်စဉ်တန်ချိန်(၃) သန်းထိတင်ပို့နိုင်ခဲ့လို့ ကမ္ဘာ့အများဆုံးဆန်တင်ပို့တဲ့နိုင်ငံ၊ ဆန်လုပ်ငန်းအပေါ်မှာ အဓိက အားထားရတဲ့ တစ်ခုတည်းသော သီးနှံစီးပွားရေး ( Monocrop Economy ) ထိဖြစ်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း အကျပ်တည်းပေါင်း များစွာကြောင့် ပြန်ပြီးထိုးဆင်းသွားခဲ့ရတဲ့အနေထားကိုတွေ့ရတယ်။ စိုက်ပျိုးရေးအောင်မြင်နေတဲ့ နိုင်ငံတွေကိုကြည့်ရင် “မျိုး၊မြေ၊ရေ၊နည်း” ကိုစနစ်တကျနဲ့ သုံးကြတာကိုတွေ့ရတယ်။ အဓိကကတော့ “ စိုက်ပျိုးရေ” ကို စနစ်တကျစီမံကြတာများတယ်။ အစ္စရေးလို (၆၀) ရာခိုင်နှုန်းလောက် သဲကန္တာရ နိုင်ငံတောင် ရေချို “စိုက်ပျိုးရေ” ရဖို့အတွက် ရေငန်တို့၊ ရေဆိုးရေညစ်တွေကိုသန့်စင်(Recycle)ပြီး ခက်ခက်ခဲခဲစိုက်ပျိုးနေကြတဲ့အနေထား၊ ဩစတြေးလျ နှင့် နယူးဇီလန်တို့ဆိုရင် မိုးတွင်းရေကို သံရေစည်ကြီးတွေ ( Water Tanks) တွေနှင့်ခက်ခဲစွာနှင့်စိုက်ပျိုးနေကြရတဲ့အနေထားမျိုးမှာ မိုးလည်းကောင်းတယ်၊ ရေလည်း ပေါပေါသီသီရနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် စိုက်ပျိုးရေ ကိုစနစ်တကျမစီမံနိုင်ရတာလဲပေါ့။ အဲ့တော့အချုပ်ပြောရရင် ဘင်္ဂလားဒေ့ရှ်လို ရေသွင်းစိုက်ပျိုးမှုနှုန်း(၇၀)ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှမှာ အများဆုံး၊ ဗီယက်နမ်ဆိုရင်လည်း (၄၅) ရာခိုင်နှုန်းရေသွင်းစိုက်ပျိုးနေကြတဲ့ အနေထားမျိုးမှာ မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူတွေအနေနဲ့လည်း အရင်းအနှီးနည်းတဲ့ “စိုက်ပျိုးရေ” ကို စနစ်တကျစီမံနိုင်မယ်ဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ သိသိသာသာ တိုးတက်လာလိမ့်မယ်လို့မြင်တယ်။ ဒီအတွက်လည်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(PPP)ပုံစံ စီးပွားဖြစ်လယ်ယာစနစ်ကိုပုံဖော်နိုင်မယ်ဆိုရင်‌ ပိုပြီးတော့ မြန်ဆန်နိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ဦးဆောင်မှုက အရေးအပါဆုံးလို့ သုံးသပ်ချင်ပါတယ်။ U Uncle (၂၄/၆/၂၀၂၆)

မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ကြပါစေ။ ယနေ့မှစ၍ တစ်စုံတစ်ယောက်မျှမထိခိုက်ကြပါစေနဲ့ ဘေးရန်မကျရောက်ပါစေနဲ့ အမျက်ဒေါသတွေ ကင်းဝေးကြ
မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ကြပါစေ။ ယနေ့မှစ၍ တစ်စုံတစ်ယောက်မျှမထိခိုက်ကြပါစေနဲ့ ဘေးရန်မကျရောက်ပါစေနဲ့ အမျက်ဒေါသတွေ ကင်းဝေးကြပါစေ စိုးရိမ်သောကတွေ ကင်းဝေးကြပါစေ အေးချမ်းပျော်ရွှင်သောဘဝတွေ အမြန်ဆုံး ရရှိပိုင်ဆိုင်နိုင်ကြပါစေ🙏

Repost from N/a
မိုဒီပြောထားတဲ့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးခရီးစဉ်တုန်းက နှစ်နိုင်ငံခေါင်းဆောင်ကြီးတွေအနေနဲ့ အဓိက ဆွေးနွေးခဲ့တဲ့အကြောင်းတွေ- (
မိုဒီပြောထားတဲ့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးခရီးစဉ်တုန်းက နှစ်နိုင်ငံခေါင်းဆောင်ကြီးတွေအနေနဲ့ အဓိက ဆွေးနွေးခဲ့တဲ့အကြောင်းတွေ- (၁) ကုန်သွယ်ရေး (၂) မြေရှားကိစ္စ (၃) ကျန်းမာရေးစောင့်ရှောက်မှု (၄) နှစ်နိုင်ငံကြားချိတ်ဆက်နိုင်မှုကိစ္စတွေ (၅) ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနှင့်စွမ်းရည်မြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရေး (၆) ရေကြောင်းလုံခြုံရေး (၇) ဆိုက်ဘာလုံခြုံရေး နှင့် အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေ ဆိုပြီးတော့ ပြောထားတယ်။ ဒီနေရာမှာ မြန်မာဘက်ကတော့ ထုတ်ပြန်သင့်တဲ့ဟာတွေကိုထုတ်ပြန်ထားပေမယ့် မြေရှားနှင့်ပတ်သက်ပြီးတော့ ဘာသံမှမထွက်လာတာကလည်း စိတ်ဝင်စားစရာ မြှုပ်ဇာတ်တစ်ခုဖြစ်နေတယ်။ U Uncle (၂၃/၆/၂၀၂၆)

မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေ။ သတ္တဝါတွေအားလုံး နံနက်ခင်းမှစ၍ တစ်နေ့လုံးတိုင် ကိုယ်စိတ်ချမ်းသာစွာနဲ့ ကောင်းကျိုးများ ဆောင်ရ
မင်္ဂလာရှိသော နံနက်ခင်းဖြစ်ပါစေ။ သတ္တဝါတွေအားလုံး နံနက်ခင်းမှစ၍ တစ်နေ့လုံးတိုင် ကိုယ်စိတ်ချမ်းသာစွာနဲ့ ကောင်းကျိုးများ ဆောင်ရွက်နိုင်ကြပါစေ။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား….။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံ နေပြည်တော်၊ ဇွန် - ၂၂ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး၊ ဘင်းမ်စတက်အဖွဲ့ကြီးကို စတင်ဖွဲ့စည်းခဲ့သည်မှာ လာမည့်နှစ်တွင် နှစ် ၃၀ ပြည့်မြောက်တော့မည်ဖြစ်သည်။ "မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် စတင်ဖွဲ့စည်းသည့် နှစ်မှ စ၍ နှစ် ၃၀ ပြည့်နှစ်တွင် အတွင်းရေးမှူးချုပ်တာဝန်အား လွှဲပြောင်းရယူထမ်းဆောင်ရမည်၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်ချိန်၌ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်သွားမည်။" ရွှေပြည်သစ် https://t.me/shwepyithit01