သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 058
Підписники
Немає даних24 години
-67 днів
-5330 днів
Архів дописів
1 060
အမေရိကန်က အီရန်ကို ထပ်မံတို-က်ခိုက်ဖို အစီအစဉ်မရှိဘဲ တခြားနည်းလမ်းတွေနဲ့သာ ဖိအားပေးရန်ရှိဟုဆို
Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က အခြားနိုင်ငံတွေက ထိပ်တန်းသံတမန်တွေကို ပြောကြားခဲ့ရာမှာတော့ အမေရိကန်အနေနဲ့ လောလောဆယ် အီရန်ကို အသစ်ထပ်မံ တို-က်ခိုက်ဖို အစီအစဉ်မရှိဘူးလို ဆိုပါတယ်။ အဲဒီအစား ပိတ်ဆိုအရေးယူမှုတွေ အပါအဝင် တခြားနည်းလမ်းတွေနဲ့ ဖိအားပေးဖိုကိုပဲ အဓိကထား လုပ်ဆောင်သွားမယ်လို သိရပါတယ်။
"အမေရိကန်အနေနဲ့ အကြီးစားစစ်ဆင်ရေးတွေ ပြန်စဖို အစီအစဉ်မရှိဘူးဆိုတာကို ရူဘီယိုက ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အီရန်ဘက်ကသာ စတင်တို-က်ခိုက်လာရင်တော့ ပြန်လည်တို-က်ခိုက်ဖိုကိုလည်း ချန်လှပ်ထားမှာ မဟုတ်ပါဘူး" လို အင်္ဂါနေ့က သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။ ဒီလို တို-က်ခိုက်မယ့်အစား ဝါရှင်တန်အနေနဲ့ ပိ-တ်ဆိုအရေးယူမှုတွေနဲ့ ရေကြောင်းပိ-တ်ဆိုမှုတွေကနေတဆင့် အီရန်အပေါ် စီးပွားရေးအရ ပိုပြီးဖိအားပေးသွားမှာဖြစ်သလို၊ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတွေကို အရင်ကထက် ပိုမိုတင်ပိုနိုင်အောင် အဓိကထား လုပ်ဆောင်သွားမယ်လို အမေရိကန် တာဝန်ရှိသူတွေက Axios ကို ပြောပြခဲ့ပါတယ်။
Noted: မတိုက်ဘူးဆိုတာလည်း အာမတော့မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ စိတ်ကူးပေါက်ရင် ထလုပ်တက်တာ၊ နိုင့်ထက်စီးနင်းလုပ်တာက ဒီမိုကရေစီဖခင်ကြီးတို့ အကျင့်ဖြစ်နေတာက ခက်တယ်။ မဆီမဆိုင် ဟော်မုဒ်ရေလက်ကြားကို သူကပိုင်ချင်သေးတယ်။ တောရိုင်းသတ္တဝါတွေ ဝါဒကျင့်သုံးနေတော့ နောင်မှာ ဘယ်သူကမှ ယုံကြမှာမဟုတ်တော့ဘူး။
1 060
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
1 060
အသံချဲ့စက် ဖွင့်လှစ်အသုံးပြုသူများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်သုံးလအထိ ချမှတ်နိုင်
ဩဂုတ် ၂၆၊ ၂၀၂၆
အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေများသတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အများဆုံး ထောင်ဒဏ်သုံးလအထိချမှတ်နိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ယနေ့(သြဂုတ် ၂၆) ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းမှုကိုဖြေ
ကြားခဲ့ကြောင်းသိရသည်။
ဆိတ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမှတ် ၂ ဦးဝင်းကျော်ဦးက ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များအပေါ် ၌ အသံချဲ့စက်များ တပ်ဆင်ပြီး အများပြည်သူ ဆိုင်ရာလမ်းမများအပေါ် တွင်အသံကျယ်
လောင်စွာဖွင့်၍ မောင်းနှင်သွားလာနေမှုများကြောင့် အထူးစီမံချက် ဖြင့် ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ ကိုရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တွင် မေးမြန်းခဲ့သည်။
"အသံချဲ့စက်ဖွင့်လှစ်အသုံးပြုသူများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဥပဒေ နည်းဥပဒေတွေကိုသတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေ၊ နည်းဥပဒေနှင့် အညီ လိုက်နာစေဖို့ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေကိုကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ အကယ်၍ အသံချဲ့စက်ဖွင့်လှစ်ပြီး အများပြည်သူရှေ့တွင် ညစ်ညမ်းစွာ ပြုမူခြင်း၊ ဆဲဆိုခြင်းသို့မဟုတ် သီဆိုခြင်းဖြင့်အများသူများ၏ စိတ်ကိုထိခိုက်ငြိုငြင်စေမှုကို ပြုလုပ်ပါက သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ နည်းဥပဒေများကိုချိုးဖောက်ပါက ရာဇသတ်ကြီးပုဒ်မ၂၉၄ အရအများဆုံးထောင်ဒဏ် သုံးလအထိချမှတ်နိုင်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဖြေကြားခဲ့ကြောင်းသိရသည်။
1 060
အသံချဲ့စက် ဖွင့်လှစ်အသုံးပြုသူများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်သုံးလအထိ ချမှတ်နိုင်
1 060
+4
နီပေါနိုင်ငံ၊ ဗာဂ်မာတီပြည်နယ်၊ ရာဆူဝါခရိုင်အတွင်းရှိ ဘိုတေကိုရှီမြစ်နှင့် တြိသုလီမြစ်ဝှမ်းဒေသများတွင် ယနေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်း၌ ရုတ်တရက် မြစ်ရေထုထည် အလုံးအရင်းဖြင့် ထိုးဆင်းလာကာ ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများနဲ့ ပျောက်ဆုံးသူများ များပြားလျက်ရှိကြောင်း သိရသည်။
နီပေါနိုင်ငံ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်များအရ ယခုရေကြီးမှုသည် ရာဆူဝါခရိုင်အတွင်း မိုးရွာသွန်းမှုကြောင့် မဟုတ်ဘဲ နယ်စပ်တစ်ဖက်ခြမ်း ဟိမဝန္တာတောင်တန်း တိဘက်ဒေသအတွင်းမှ ရေထုထည် အလုံးအရင်းဖြင့် ရုတ်တရက် စီးဝင်လာခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ တိဘက်ဘက်ခြမ်းတွင် မြေပြိုမှုကြောင့် မြစ်ရေပိတ်ဆို့ရာမှ ကျိုးပေါက်ခဲ့ခြင်း သို့မဟုတ် တောင်ပေါ်ရေခဲကန် ကျိုးပေါက်မှုကြောင့် ဘိုတေကိုရှီမြစ်အတွင်းသို့ ရေလှိုင်းအမြင့် ၈ မီတာမှ ၁၀ မီတာအထိ အဟုန်ပြင်းစွာ ထိုးဆင်းလာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သုံးသပ်ထားပါတယ်။
1 060
ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား လက်ခံတွေ့ဆုံ
1 060
+7
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်အမှာစကားပြောကြား
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉ )ကြိမ်မြောက် တပ်ဖွဲတွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်ခဲ့ပြီး အမှာစကားပြောကြားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများ၏ ဖြစ်တည်မှုသမိုင်းအစမှတစ်ဆင့် လွတ်လပ်ရေးနှင့်အတူ ပိုင်ဆိုင်ခဲ့သည့် မြန်မာ့သုခုမအနုပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မိမိတိုနိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရာရောက်သည်ကို လေးလေးနက်နက် သိမြင်နားလည်ထားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို သိရပါတယ်။
1 060
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို ဇေယျာသီရိမြိုနယ် အထက (၂)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာသည်။ နေပြည်တော် ဩဂုတ် ၂၆
1 060
ဟေတီနိုင်ငံရှိ အေးချမ်းသည်ဟု ယူဆထားသော ရပ်ကွက်တစ်ခုကို ရာဇဝတ်ဂိုဏ်းများ စီးနင်းတိုက်ခိုက်၊ လူပေါင်း ၄၇ ဦး သေဆုံးပြီး ၅၀ ကျော် ပြန်ပေးဆွဲခံရမှုကြောင့် ပြည်သူများ ထိတ်လန့်
၂၆. ၈. ၂၀၂၆
ဟေတီနိုင်ငံ မြိုတော်အနီးရှိ တစ်ချိန်က အေးချမ်းသည်ဟု ယူဆထားသော လူမှုအသိုင်းအဝိုင်းကို ယခုသီတင်းပတ်အတွင်း ရာဇဝတ်ဂိုဏ်းများမှလက်နက်ကိုင်များက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄၇ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ပြန်ပေးဆွဲခံခဲ့ရကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပိုအိုပရင့်စ် (Port-au-Prince) မြိုတော်ရှိ ကန်စကော့ဖ် (Kenscoff) တောင်ကုန်းများပေါ်တွင် မှီတင်းနေထိုင်ကြသော လူမှုအသိုင်းအဝိုင်းများကို အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုက္ခရောက်နေသော ကာရစ်ဘီယံကျွန်းနိုင်ငံ၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာနေပြီဟူသော ယူဆချက်ကိုလည်း ရိုက်ချိုးလိုက်သကဲ့သို ဖြစ်ခဲ့သည်။
1 060
ခတ္တမန္ဒူ၊ ဩဂုတ် ၂၆
နီပေါနိုင်ငံ ရာဆူဝါ (Rasuwa) ခရိုင်ရှိ ဘိုတေကိုရှီ (Bhotekoshi) မြစ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးမှုကြောင့် သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း နီပေါရဲတပ်ဖွဲ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
နောက်ဆုံးရှာဖွေတွေ့ရှိထားသည့် သေဆုံးသူ ၉၅ ဦးတွင် အမျိုးသမီး ၂၇ ဦး၊ အမျိုးသား ၃၇ ဦး၊ မိန်းကလေးငယ် ၆ ဦး၊ ယောက်ျားလေးငယ် ၅ ဦးနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူ ၂၀ ဦး ပါဝင်ကြောင်း သိရသည်။
ရေကြီးမှုဖြစ်ပွားပြီးနောက် နီပေါတပ်မတော်၊ လက်နက်ကိုင်ရဲတပ်ဖွဲနှင့် နီပေါရဲတပ်ဖွဲတိုကို ရှာဖွေကယ်ဆယ်ရေးအတွက် ဖြန့်ကြက်ထားပြီး တပ်မတော်ရဟတ်ယာဉ်များဖြင့် လူ ၂၅၀ ကျော်ကို ကယ်ဆယ်ထားသည်။ ဒဏ်ရာရသူများကို ခတ္တမန္ဒူသို ပိုဆောင်ကုသပေးနေပြီး Bir Hospital နှင့် National Trauma Center တိုတွင် ကုတင် ၁၀၀ သီးသန့်ပြင်ဆင်ထားသည်။
ရေကြီးမှုကြောင့် Rasuwa၊ Nuwakot၊ Dhading နှင့် Gorkha ခရိုင်များရှိ ဒေသအများအပြား အထူးထိခိုက်ခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သန့်ရှင်းသောသောက်သုံးရေ၊ ဆေးဝါးနှင့် ယာယီခိုလှုရာများ အရေးပေါ်ပံ့ပိုးပေးနေကြောင်း သိရသည်။
နီပေါဝန်ကြီးချုပ် ဘာလင်ဒရာ ရှား (Balendra Shah) က ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့ညတစ်ညလုံး ဆက်လက်လုပ်ဆောင်ရန်နှင့် ပျက်စီးသွားသည့် လမ်း၊ တံတား၊ လျှပ်စစ်နှင့် သောက်သုံးရေပေးဝေရေး အခြေခံအဆောက်အအုံများကို ဦးစားပေး ပြန်လည်တည်ဆောက်ရန် ညွှန်ကြားထားသည်။
ထိုပြင် အစိုးရအနေဖြင့် ဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားကာ လူမှုအဖွဲအစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီပေးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးသူစာရင်းများ ထပ်မံပြောင်းလဲနိုင်ကြောင်း သိရသည်။
1 060
Repost from Gyar Nuu (ဂျာနူး)✍️
+2
နီပေါရေကြီးမှု သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် Balendra Shah ပြော
1 060
+4
ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုများ နှိမ်နင်းမှုတွင် လက်နက်ပေါင်း ၈ ထောင်နီးပါး သိမ်းဆည်းမိဩဂုတ် ၂၆ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုများ နှိမ်နင်းရေးစစ်ဆင်ရေးကို ဩဂုတ် ၁၂ ရက်မှ ၂၆ ရက်အထိ ၁၅ ရက်ကြာ ထိုင်းရဲတပ်ဖွဲက လုပ်ဆောင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် တရားမဝင် လက်နက်ခဲယမ်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် အတုပြုလုပ်ထားသော လက်နက်များကို အွန်လိုင်းနှင့် ပြင်ပတိုတွင် တရားမဝင် ကိုင်ဆောင်ခြင်း၊ ကုန်ကူးခြင်းများကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
1 060
မိမိတို ဝယ်ယူနေထိုင်သော တိုက်ခန်းများအား ပြန်လည်ရောင်းချရာတွင် မြေရှင်အား ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းအား မဖြစ်မနေပေးဆောင်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ယင်းကိစ္စသည် အခွန်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိဟု ရန်ကုန်တိုင်း စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့သည်။
မိမိတို ဝယ်ယူနေထိုင်သော တိုက်ခန်းများအား ပြန်လည်ရောင်းချရာတွင် မြေရှင်အား ရောင်းချရငွေ၏ ၂ ရာခိုင်နှုန်းအား မဖြစ်မနေပေးဆောင်နေရကြောင်း မရမ်းကုန်းမြိုနယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုးက ပြောကြားသည်။
1 060
အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းသိုလာရောက်မှု စစ်ဆင်ရေးအတွက် မဟုတ်ဟု ထိုင်းရေတပ်ဆို
အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများ ထိုင်းနိုင်ငံသို လာရောက်မည်ဆိုခြင်းမှာ ပုံမှန်ဆိပ်ကမ်း ဝင်ရောက်မှုသာဖြစ်ပြီး မည်သည့်နိုင်ငံနှင့်မှ မပတ်သက်ဘဲ စစ်ဆင်ရေးအတွက်လည်း မဟုတ်ကြောင်း ထိုင်းတော်ဝင်ရေတပ်က ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းရေတပ်၏ ထုတ်ပြန်ချက်တွင် စစ်သင်္ဘောများ၏ အမည်များကို တိတိကျကျ ဖော်ပြထားခြင်းမရှိသော်လည်း အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုမှ သင်္ဘောသုံးစင်း ၎င်းတို၏တာဝန်ပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံအရှေ့ပိုင်းသို ခေတ္တဝင်ရောက်ရပ်နားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ရေတပ်ထုတ်ပြန်ချက် မတိုင်မီကတည်းက ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၅၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် USS Abraham Lincoln စက်တင်ဘာအစောပိုင်းတွင် ထိုင်းသို ဆိပ်ကမ်းဝင်ရောက်နိုင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
1 060
အမေရိကန်ကပိတ်ဆိုထားသည့် အီရန်ရေနံတင်သင်္ဘော ၁၁ စင်းကို သီရိလင်္ကာကမ်းလွန်တွင် သီရိလင်္ကာစောင့်ကြည့်နေ
သီရိလင်္ကာ၏တောင်ဘက်ကမ်းလွန်ပင်လယ်ပြင်တွင် ရောက်ရှိနေပြီး အမေရိကန်၏ ပိတ်ဆိုအရေးယူမှုခံထားရသော အီရန် ရေနံတင်သင်္ဘော ၁၁ စင်းပါ၀င်သောရေယာဉ်စုကို သီရိလင်္ကာရေကြောင်းအာဏာပိုင်များက စောင့်ကြည့်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါရေနံတင်သင်္ဘောများကို ဂေါလ် ဆိပ်ကမ်းနှင့် နီးစပ်သည့် ရေပြင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် မတ်လအတွင်းက အဆိုပါ ဆိပ်ကမ်းအနီးတွင် အီရန်စစ်သင်္ဘော 'IRIS Dena' ကို အမေရိကန် ရေငုပ်သင်္ဘောက တိုက်ခိုက်နှစ်မြှုပ်ခဲ့သဖြင့် အီရန်ရေတပ်သား ၁၀၄ ဦး သေဆုံးခဲ့ပြီး ထိုစစ်သင်္ဘောပေါ်မှအီရန်ရေတပ်သား ၃၂ ဦးကို သီရိလင်္ကာ ရေတပ်က ကယ်ဆယ်နိုင်ခဲ့သည်။
အီရန်ရေယာဉ်များသည် အမေရိကန်၏ ပိတ်ဆိုတားဆီးမှုများကြောင့် မိခင်ဆိပ်ကမ်းသို ပြန်လည်မထွက်ခွာနိုင်ဘဲ လမ်းခုလတ်တွင် သောင်တင်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
1 060
ကမ္ဘောဇဘဏ် စနစ်များ ထိုးဖောက်ခံရခြင်းမရှိဟု ထုတ်ပြန်၊ ဆိုင်ဘာလုံခြုံရေး အထူးသတိပြုရန် အသိပေး
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နောက်ဆုံးစစ်ဆေးတွေ့ရှိချက်များအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း သိုမဟုတ် ထိုးဖောက်ဝင်ရောက်ခံရခြင်း လုံးဝမရှိကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ဘဏ်၏ ထုတ်ပြန်ချက်တွင် သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ဖော်ပြထားပြီး၊ သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့် မိမိတို၏ ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာကြရန် နှိးဆော်ထားသည်။
1 060
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် အား ဗီယက်နမ်နိုင်ငံသို တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဗီယက်နမ်နိုင်ငံသမ္မတ ဖိတ်ကြား
နေပြည်တော် ၊ ဩဂုတ် ၂၆
ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ တိုလမ်က အဆွေတော်သမ္မတကြီးအား ဗီယက်နမ်နိုင်ငံသို တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် အဆွေတော်သမ္မတကြီး လာရောက်မည့်ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိမှုကို သတင်းစကားပါးရန် စေလွှတ်ချက်အရ ယခုကဲ့သိုလာရောက် ဂါရဝပြုတွေ့ဆုံခြင်းဖြစ်ပါကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်ထံ ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Le Hoai Trung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
