သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 060
Підписники
-124 години
-237 днів
-7030 днів
Архів дописів
1 060
ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း ကျုံပျော်မြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ၈ ပေ ၁ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၇ ပေ ၁ လက်မခန့်သာ ကျန်ရှိသဖြင့် ၁ ပေခန့် ကျဆင်းသွားကြောင်း၊ ကျောင်းကုန်းမြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ၇ ပေ ၁ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၆ ပေ ၄ လက်မခန့်သာ ကျန်ရှိသဖြင့် ၉ လက်မခန့်ကျဆင်းသွားခဲ့ကြောင်း၊ ငသိုင်းချောင်းမြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်တွင် ၁၀ ပေ ၉ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၈ ပေ ၁ လက်မခန့်သာကျန်ရှိသဖြင့် ၂ ပေ ၈ လက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများအသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
1 060
ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
1 060
လေးမျက်နှာမြိုနယ်မှ ရေဘေးသင့်သူများအတွက် ကြက်ခြေနီအသင်းက သောက်သုံးရေများစတင်ဖြန့်ဝေ
ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်မှ ရေဘေးသင့်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲက ယမန်နေ့ စက်တင်ဘာ ၅ ရက်မှစတင်၍ သောက်သုံးရေများကိုဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ စက်တင်ဘာ ၅ ရက်တွင် သောက်သုံးရေလိုအပ်သောနေရာများသို သောက်သုံးရေလီတာ(၁,၀၀၀)ကျော်ကိုဖြန့်ဝေပေးခဲ့ပြီး မြိုနယ်အတွင်း သောက်သုံးရေလိုအပ်သော ရပ်ကွက်/ကျေး ရွာများကိုလည်း ဆက်လက်ဖြန့်ဝေပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
1 060
အီရန် ရေနံတင်သင်္ဘော ၃ စင်းကို အမေရိကန်တွေက တိုက်ခိုက်ဖျက်ဆီး
စက်တင်ဘာ - ၆ ( တနင်္ဂနွေနေ့ )
အမေရိကန်စစ်ဌာချုပ် (CENTCOM) ရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ အမေရိကန် စစ်သင်္ဘော (လေယာဉ်တင် သင်္ဘောနဲ့ ဖျက်သင်္ဘော) တွေကို အီရန်ဘက်က အကြောင်းမရှိ ရန်စ လာရောက်တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၃ စီးကို တိုက်ခိုက်ဖျက်စီးခဲ့တယ်လို သိရပါတယ်။
ဒီတစ်ပတ်အစောပိုင်းမှာ အမေရိကန်နဲ့ အီရန်တိုကြား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကတော့ အီရန်ဘက်က ကုန်သွယ်ရေး သင်္ဘောတွေနဲ့ အမေရိကန် စစ်တပ်တွေကို ပစ်မှတ်ထားဖို ကြိုးပမ်းလာတာ ကြောင့်ဆိုပြီး အင်္ဂါနေ့မှာ တိုက်ခိုက်မှုတွေကို ပြန်စခဲ့တာပါ။ အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသမှာရှိတဲ့ အမေရိကန် စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဒလစပ် ပစ်ခတ် လက်တုန့်ပြန်ခဲ့ပါတယ်။
1 060
စက်သုံးဆီသယ်ယူပိုဆောင်သည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပိုဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြတ်သန်းသွားလာ၍ စက်သုံးဆီသယ်ယူပိုဆောင်ကြသည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပိုဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြိုနယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အောင်ငြိမ်းစေ စက်သုံးဆီအရောင်းဆိုင်ရှေ့၊ ရန်ကုန်-မန္တလေး (မြိုရှောင်လမ်း)၊ မိုင်တိုင်အမှတ် ၂၁၇/၇ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
1 060
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံ
မန္တလေး၊ စက်တင်ဘာ ၆
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လွှတ်တော်များပင်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျ ခိုင်မာအားကောင်းစေရေးနှင့် လွှတ်တော်ကဏ္ဍဖွံဖြိုး တိုးတက်စေရေးတိုကို လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေများကို ကျကျနနသိရှိအောင် လေ့လာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တိုက်တွန်းပြောကြားခဲ့သည်။
1 060
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြင်ဦးလွင်မြိုနယ်အတွင်းရှိ သမဝါယမစနစ် မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
နေပြည်တော်၊ စက်တင်ဘာ ၅
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် ပြင်ဦးလွင်မြိုနယ်၊ နောင်ဝယ်ကျေးရွာတွင် ကောင်းမြန်မာနိုစားနွားမွေးမြူရေးသမဝါယမလီမိတက်၏ နိုစားနွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုရာ အသင်းတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတိုဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်ဖြင့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အစုအဖွဲ သမဝါယမ စနစ်ဆောင်ရွက်နေသော လုပ်ငန်း များကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုအပ်သည်များ ညှိနှိင်းပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးပါသည်။
1 060
ဒုတိယသမ္မတ ဦးညိုစော (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
နေပြည်တော် စက်တင်ဘာ ၅
ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယသမ္မတ ဦးဆောင်သည့် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဒုတိယဝန်ကြီးများလည်း ပြန်လည်လိုက်ပါလာကြသည်။
1 060
ခုတော့ အသံတွေထွက်နေပီ🤌
ပြောပါတယ် အချိန်ပေးတုန်းက ပြန်အာခံနေတာကိုးး
အခုမှတော့ ဘာစွသံမှ မထွက်နဲ့လေတော့ ကိုယ့်အဖြစ်နဲ့ကိုယ်သာ လည်စင်းခံပေတော့
အမျိုးယုတ် မုဒိမ်းကောင်တို့စုဝေးရာ အာရက္ခတပ်တော် AA တို့ရေ အမျှ အမျှ အမျှပါ 💣💣💣🎆🎇
1 060
ကုလသမဂ္ဂက အာဖရိက၏အရွယ်အစား အစစ်ကို ထင်ဟပ်စေရန် ကမ္ဘာ့မြေပုံသစ် အသုံးပြုရေးကို မဲခွဲအတည်ပြု
ကုလသမဂ္ဂအထွေထွေညီလာခံက အာဖရိက၏ အရွယ်အစားကို ပိုမိုတိကျစွာ ထင်ဟပ်သော မြေပုံဖြင့် အစဉ်အလာ ကမ္ဘာ့မြေပုံကို အစားထိုးရန် မဲခွဲခဲ့သည်။
တိုဂို နိုင်ငံက ကမကထပြုပြီး အာဖရိကသမဂ္ဂ(AU)က ထောက်ခံသော "မြေပုံကို အမှန်ပြင်ရေး"ဟူသောဆုံးဖြတ်ချက်သည် ပြင်သစ်၊ယူကေတိုအပါအဝင် ၁၆၄ နိုင်ငံ၏ ထောက်ခံမှုဖြင့်အတည်ဖြစ်ခဲ့သည်။ အမေရိကန်ကယင်းဆုံးဖြတ်ချက်ကိုကန့်ကွက်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့ပြီး ခြောက်နိုင်ငံက မဲမပေးခဲ့ပေ။
1 060
စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတွင် လှုပ်ခတ်လာနိုင်ခြေရှိသည့် မြေငလျင်အန္တရာယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်ကို ခြိမ်းခြောက်နေကြောင်း ကျွမ်းကျင်သူများ သတိပေး
မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတစ်လျှောက် ဖြစ်လာနိုင်ခြေရှိသည့် အကြီးစား ငလျင်လှုပ်ခတ်မှုတစ်ခုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်ကို ခြိမ်းခြောက်လာနိုင်ကြောင်း ထိုင်းနိုင်ငံ၏ အင်ဂျင်နီယာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးခဲ့သည်။စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းသည် နှစ် ၁၀၀ လျှင် အလွန်အင်အားပြင်းထန်သည့် ငလျင်တစ်ကြိမ် လှုပ်ခတ်လေ့ရှိသည်ဟု ခန့်မှန်းထားသဖြင့် လက်ရှိတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ နှစ်ပေါင်း ၁၀၀ ပြည့်ရန် နီးကပ်လာချိန်တွင် အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
1 060
+1
ငမိုးရိပ်ရေလှောင်တမံနှင့် ရေထိန်းတံခါးတို့ကိုအမြဲမ ပြတ်စောင့်ကြည့်စစ်ဆေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လယ်ဆည်ဝန်ကြီးမှာကြား
မိုးရာသီ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ငမိုးရိပ်ရေလှောင်တမံနှင့် ရေထိန်းတံခါးတို့ကိုအမြဲမ ပြတ်စောင့်ကြည့်စစ်ဆေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက်တာထူးမောင် ကမှာကြားသည်။
စက်တင်ဘာ ၄ ရက်က လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ မူလငမိုးရိပ်ရေလှောင်တမံနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)လမ်းမကြီးရှိ ငမိုးရိပ်ရေထိန်းတံခါးတို့ကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
မူလငမိုးရိပ်ရေလှောင်တမံတွင် တမံအတွင်းရေဝင်ရောက်မှုနှင့် စိုးရိမ်ရေမှတ်အခြေအနေ၊ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုနှင့် တမံကြံ့ခိုင်မှု၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ရေတံခါးများ ဖွင့်/ပိတ်ပင်ဆောင်ရွက်ထားမှု၊ ရေ စီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
1 060
+2
ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည်တည်ဆောက်မည်
ကလော၊စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
1 060
တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ဈေးကွက်တည်ငြိမ်မှုအတွက် အထောက်အကူပြုကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြောကြား
ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၅
ပြောင်းလဲနေသော နိုင်ငံတကာအခင်းအကျင်းနှင့် မကြာခဏဖြစ်ပွားနေသော ပထဝီနိုင်ငံရေးပဋိပက္ခများကြားတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတိုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်တိုးချဲ့ခြင်းဖြင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တည်ငြိမ်မှုကို မြှင့်တင်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှရှန်က စက်တင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။
1 060
သမ္မတကို ခြိမ်းခြောက်မှုဖြင့် ဒုတိယသမ္မတ ဆာရာဒူတာတေးကို ဖိလစ်ပိုင်တရားရုံး ဖမ်းဝရမ်းထုတ်
မနီလာ၊ စက်တင်ဘာ ၅
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ် ဂျူနီယာ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်းတိုကို ခြိမ်းခြောက်ခဲ့သည်ဆိုသည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များဖြင့် ဒုတိယသမ္မတ ဆာရာဒူတာတေးကို ဖမ်းဆီးရန် ဖိလစ်ပိုင်တရားရုံးတစ်ရုံးက စက်တင်ဘာ ၄ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် အမှုများအတွက် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး အမှုတစ်မှုလျှင် အာမခံကြေး ပီဆို ၁၂၀,၀၀၀ (စင်ကာပူဒေါ်လာ ၂,၄၀၀ ခန့်) သတ်မှတ်ထားကြောင်း တရားရုံးအမိန့်တွင် ဖော်ပြထားသည်။
ဒူတာတေးအနေဖြင့် ဥပဒေကို ရှောင်လွှရန် ရည်ရွယ်ချက်မရှိဘဲ ဥပဒေအရ ရရှိနိုင်သည့် ကုစားခွင့်အားလုံးကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
1 060
နမ့်လတ်ချောင်းရေမြင့်တက်၍ နမ်းစန်မြိုတွင် ရေကြီးရေလျှံ ချောင်းဘေးနေထိုင်သည့် ရေဘေးသင့်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေး
ရှမ်းပြည်နယ်၊ နမ့်စန်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာ ၅ ရက်နံနက် ၈ နာရီခန့်မှစ တင်ကာ နမ့်လတ်ချောင်းရေမြင့်တက်ခဲ့ကြောင်း သိရသည်။
ထိုသို နမ့်လတ်ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေးရှိ အမှတ်(၁)၊ (၃)၊ (၄)ရပ်ကွက်တိုရှိနေအိမ်များအတွင်းသို ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲဝင်များနှင့် သက်ဆိုင်ရာအဖွဲအစည်းများက ရေဘေးလွတ်ကင်းရာသိုကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
1 060
နီပေါသဘာဝဘေးဖြစ်ပွားပြီး ၁၀ ရက်အကြာ ဥမင်လိုဏ်ခေါင်းအတွင်းမှ တရုတ်နိုင်ငံသားတစ်ဦးကို အသက်ရှင်လျက် ထပ်မံကယ်ထုတ်
ခတ္တမန္ဒူ၊ စက်တင်ဘာ ၅
နီပေါနိုင်ငံ၌ ပြင်းထန်သည့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီး ၁၀ ရက်အကြာတွင် ထရီရှူလီ (Trishuli) မြစ်ကြောင်းပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း ပိတ်မိနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၅ ရက်တွင် အသက်ရှင်လျက် ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း နီပေါစစ်တပ်က ပြောကြားသည်။
1 060
သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ( ၅၇ ) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ ဖွင့်လှစ်ကုသရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရ
" သီပေါသီတဂူစက္ခုဒါနဆေးရုံရဲ့ ၅၇-ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို စက်တင်ဘာ ၁၄-ရက်နေ့စပါမယ်၊ မျက်စိလူနာတွေ များလို လူနာဆောင်မဆန့်ရင် ထားနိုင်အောင် တရားခန်းမဆောင်နဲ့ ကိုရင်တွေရဲ့ စာသင်ခန်းမကို သန့်ရှင်းရေးလုပ်နေပါတယ် ။ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ် ကုသမှု ခံယူနိုင်ပါပြီ။ ရပ်ဝေး လူနာများအနေနဲ့ စက်တင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး အရောက်လာခဲ့ကြပါ " ဟု သီပေါမဟာမုနိဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။
1 060
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတိုက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော်၊ စက်တင်ဘာ - ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို ရောက်ရှိနေသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတိုက ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
