သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 060
Підписники
-124 години
-77 днів
-5330 днів
Архів дописів
1 060
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြု တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတကြီး၏ ပြောကြားချက်များမှ ကောက်နှုတ်ချက်
1 060
ရန်ကုန်တွင် Night Market များ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေပြီး ဗိုလ်တထောင်ကမ်းနားကို Pilot Project အဖြစ် စတင်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံဖြိုးရေးနှင့် ပြည်သူများအတွက် အပန်းဖြေစရာနေရာများ ပိုမိုရရှိစေရန် Night Market များ တိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဗိုလ်တထောင်ကမ်းနားနေရာကို Pilot Project အဖြစ် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဩဂုတ် ၂၆ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ မင်္ဂလာတောင်ညွန့်မြိုနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံပိုင်က ရန်ကုန်တိုင်းအတွင်း ခရီးသွားလုပ်ငန်းဈေးကွက်ရှိပြီးသား နေရာများကို ဦးစားပေး၍ အဆင့်မြှင့်တင်ကာ Night Market များ တိုးချဲ့ဖော်ဆောင်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
1 060
နိုင်ငံ့စီးပွားဖွံ့ဖြိုးဖို့ MSME အားပေးစို့ | အပိုင်း(၁)
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် တွေ့ဆုံမေးမြန်းမှု
1 060
တရုတ်ဇနီးမယားအဖြစ် ပိုဆောင်ရောင်းစားရန် စည်းရုံးခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်နှင့် ၁၅ နှစ်စီ ချမှတ်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟕》
အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို ဇနီးမယားအဖြစ် ပိုဆောင်ရောင်းစားရန် စည်းရုံးဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြိုနယ်၊ ရေပုတ်ကျေးရွာနေ အမျိုးသမီးတစ်ဦးအား မျိုးမင်းဟိန်း (ခ) မျိုးကျော် (ခ) ဟိန်းကိုနှင့် ဇနီးဖြစ်သူ မေသင်္ကြန်မိုး (ခ) သင်္ကြန်တိုက တရုတ်နိုင်ငံတွင် ဇနီးမယားအဖြစ် သွားရောက်နေထိုင်ပါက တစ်နှစ်လျှင် ငွေကျပ်သိန်း ၇၀ ရရှိမည်၊ ခရီးစရိတ်များ ကျခံပေးမည်၊ ဆက်သွယ်ရန်ဖုန်း ဝယ်ပေးမည်ဟု လိမ်လည်စည်းရုံးခဲ့ကြောင်း သိရသည်။
1 060
မူဆယ်မြိုတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ ၃၁ ဦး ဖမ်းဆီးရမိ၊ ဖုန်း ၄၂၂ လုံးနှင့် ကွန်ပျူတာပစ္စည်းများ သိမ်းဆည်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြိုအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သည့် ပူးပေါင်းအဖွဲက သတင်းအချက်အလက်များအပေါ် အခြေခံ၍ ရှာဖွေဖမ်းဆီးခဲ့ရာ လူ ၃၁ ဦးနှင့် လုပ်ငန်းသုံးပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုကို ဩဂုတ် ၂၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်မြို၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေ၊ မြိုရှောင်လမ်းရှိ နေအိမ်တစ်လုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများတွင် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်ကြောင်း သိရသည်။
ထိုအပြင် ၎င်းတိုထံမှ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၄၂၂ လုံး၊ All In One ကွန်ပျူတာ ၁၈ လုံး၊ Desktop ကွန်ပျူတာ ၂၀ လုံး၊ Star Link ၂ လုံး၊ Wifi စက် ၂ လုံး၊ တရုတ်ငွေ ၂၄,၅၀၀ ယွမ်၊ Lexus အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ Crown အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ်မျိုးစုံ ၃ စီးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
1 060
ယနေ့ သြဂုတ် ၂၇ ရက်မှစတင်၍ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေအာဏာတည်
ယနေ့ သြဂုတ် ၂၇ ရက်မှစတင်၍ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေအာဏာတည်သည်ဟု နိုင်ငံ တော်သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၁၁၈ / ၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၅ /၂၀၂၆)သည် ယနေ့မှစတင် ၍ အာဏာတည်စေရမည်ဟု ယင်း ဥပဒေပုဒ်မ ၂ အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမိန့်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
1 060
+5
မြန်မာ - ထိုင်း လုံခြုံရေးဆိုင်ရာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး
နေပြည်တော်၊ ဩဂုတ် ၂၇
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေးခဲ့ကြ
သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နှင့်အတူ ဒုတိယအတွင်းရေးမှူးချုပ်၊ ထိုင်းဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် နှင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများတက် ရောက်ကြသည်။
1 060
၂၀၂၆ ခုနှစ် တိုင်းနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ မွန်ပြည်နယ်အသင်းက ပထမရွှေတံဆိပ်ဆု ဆွတ်ခူး
နေပြည်တော်၊ သြဂုတ် ၂၇
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အမျိုးသားနှင့် အမျိုးသမီး (၂)ယောက်တွဲ အဖွဲလိုက်ပြိုင်ပွဲများတွင် မွန်ပြည်နယ်အသင်းက ပထမရွှေတံဆိပ်ဆုနှစ်ခုစလုံးကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုဖွံဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲချုပ်တို ပူးပေါင်းကာ ယင်းပြိုင်ပွဲကို နေပြည် တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အား ကစားရုံ(A)၌ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
1 060
CIA ဒါရိုက်တာနဲ့ မော်စကိုမှာ တွေ့ဆုံခဲ့ကြောင်း ရုရှား SVR အကြီးအကဲ အတည်ပြု
ရုရှား နိုင်ငံခြားထောက်လှမ်းရေးအဖွဲ (SVR) ရဲ့ အကြီးအကဲ Sergey Naryshkin က CIA အကြီးအကဲ John Ratcliffe မော်စကိုမြိုကို လာရောက်ခဲ့တုန်းက သူနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။
"ဒီတွေ့ဆုံမှုက တကယ် ဖြစ်ခဲ့တာပါ။ ထူးထူးခြားခြား ဆန်းပြားတာလည်း ဘာမှ မရှိပါဘူး" လို Naryshkin က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
1 060
ပြည်ပသို လေးလအတွင်း မြန်မာ့ပုစွန်တန်ချိန် ၃,၀၀၀ နီးပါး တင်ပိုမှုမှ ဒေါ်လာ ၉ သန်းကျော် ရရှိ
ရန်ကုန်၊ ဩဂုတ် ၂၆
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမလေးလတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို ပုစွန်မက်ထရစ်တန် ၃,၀၀၀ နီးပါး တင်ပိုနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ပုစွန်မက်ထရစ်တန် ၂,၉၅၆.၆၃၆ တန် တင်ပိုခဲ့ရာမှ အမေရိကန်ဒေါ်လာ ၉.၃၄၄ သန်း ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
ယင်းပုစွန်တင်ပိုမှုများအနက် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန် ၂,၈၂၀.၃၀၁ တန် တင်ပိုခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၅၈၈ သန်း ရရှိခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန် ၁၃၆.၃၃၅ တန် တင်ပိုခဲ့ပြီး အမေရိကန်ဒေါ်လာ ၀.၇၅၆ သန်း ရရှိခဲ့ကြောင်း သိရသည်။
1 060
အမေရိကန်၏ ပိတ်ဆိုမှုများသည် အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ဟု အီရန်သမ္မတပြောကြား
အမေရိကန်၏ ပိတ်ဆိုအရေးယူမှုအစီအစဉ်များသည် အောင်မြင်မှုရရှိလိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အီရန်စစ်ပွဲစတင်ခဲ့သည်မှာ ၆ လနီးပါးရှိလာချိန်တွင် အီရန်က အဓိကကျသော ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆိုထားဆဲ ဖြစ်သလို အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့်ဆက်လက်ပိတ်ဆိုထားသည်။
ထိုနောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်အပေါ် ပိတ်ဆိုအရေးယူမှုများကို တိုးမြှင့်ခဲ့ပြီး ပိတ်ဆိုမှုများတွင် ပူးပေါင်းပါဝင်ခြင်းမရှိသည့် နိုင်ငံများကိုလည်း အကျိုးဆက်များ ခံစားရမည်ဟု သတိပေးခဲ့သည်။
1 060
ရေဘေးသင့် နီပေါနိုင်ငံသို နိုင်ငံတကာအကူအညီများ စတင်ပေးပို
ခတ္တမန္ဒူ၊ ဩဂုတ် ၂၇
နီပေါနိုင်ငံတွင် လူပေါင်း ၁၆၀ ကျော် သေဆုံးပြီး ရာပေါင်းများစွာ ပျေ-ာက်ဆုံးနေသည့် ပြင်းထန်သော ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲအစည်းများက ငွေကြေး၊ ကယ်ဆယ်ရေးပစ္စည်းနှင့် အရေးပေါ်အထောက်အပံ့များ စတင်ပေးပိုလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေကြေးအကူအညီများ နီပေါနိုင်ငံသို ပေးအပ်နိုင်ရေး ညှိနှိင်းဆောင်ရွက်ခဲ့ကြောင်း နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက X လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ (EU) အနေဖြင့်လည်း နီပေါနိုင်ငံအတွက် ဥရောပဘက်မှ အကူအညီများ ထပ်မံစုစည်းပေးအပ်ရန် အသင့်ရှိကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗန်ဒါလီယန်က ပြောကြားထားသည်။
အိန္ဒိယနိုင်ငံက ယာယီအမိုးအကာများ၊ စောင်များ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များနှင့် ဆေးဝါးများအပါအဝင် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း မက်ထရစ်တန် ၁၀ တန်ကို ပေးပိုခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
1 060
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်မှုများ မြင့်တက်နေချိန်တွင် ယူဂန်ဒါနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း WHO ပြောကြား
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်မှုများ မြင့်တက်နေချိန်တွင် ယူဂန်ဒါနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) က ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယူဂန်ဒါနိုင်ငံတွင် Bundibugyo အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူ ၂၀ ဦးရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့သည်။ ယခု WHO ၏ ထုတ်ပြန်ချက်မထွက်ပေါ်မီ ယူဂန်ဒါအစိုးရသည် ဇူလိုင် ၂၈ ရက်ကတည်းက နိုင်ငံအတွင်း အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်သည်။
1 060
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် စတင်ခေါ်ယူ၊ GCE A Level နှင့် IB Diploma ရရှိသူများပါ လျှောက်ထားနိုင်
ရေဆင်း၊ ဩဂုတ် ၂၇
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်များ စတင်ခေါ်ယူနေပြီဖြစ်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအပြင် GCE A Level နှင့် IB Diploma ရရှိထားသူများပါ လျှောက်ထားနိုင်ကြောင်း သိရသည်။
တက္ကသိုလ်တွင် တိရစ္ဆာန်ဆေးပညာဘွဲ (DVM) ၅ နှစ်သင်တန်းနှင့် မွေးမြူရေးပညာဘွဲ (BASc) ၄ နှစ်သင်တန်းတို ဖွင့်လှစ်ထားပြီး ယခုနှစ်တွင် သင်တန်းတစ်ခုလျှင် အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၇၅ ဦးစီဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၀၀ လက်ခံသွားမည်ဖြစ်သည်။
ဝင်ခွင့်အရည်အချင်းအနေဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS (1) ဘာသာတွဲဖြင့် DVM သင်တန်းအတွက် စုစုပေါင်း ၄၁၀ မှတ်နှင့် BASc သင်တန်းအတွက် ၃၅၀ မှတ် ရရှိထားရမည်ဖြစ်သည်။ ထိုပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် မွေးမြူရေးအတတ်ပညာကို Grade A ဖြင့် အောင်မြင်ထားသူများလည်း လျှောက်ထားနိုင်သည်။
1 060
နီပေါနှင့် တိဘက်နယ်စပ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်သွားရန် တရုတ်သမ္မတရှီကျင်းပင် တိုက်တွန်း
သြဂုတ် ၂၆ ရက်က နီပေါနှင့်တိဘက် နယ်စပ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်သွားရန် တရုတ် သမ္မတရှီကျင်းပင်က တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နှင့် နီပေါ နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု ကြောင့် သေဆုံးသူ ၁၆ဝကျော်ရှိလာခဲ့ပြီး နိုင်ငံခြားသား ၃၀၀ အပါအဝင် လူပေါင်း ၁၃၀၀ ကျော်ပျောက်ဆုံးနေကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။
အရှိန်အဟုန်ပြင်းထန်သည့် ရေလှိင်း ကြီးများသည် ကျေးရွာများကို နစ်မြုပ်စေခဲ့ပြီး တံတားများလည်း ကျိုးသွားခဲ့သည့် ဗီဒီယိုမှတ် တမ်းများကို တွေ့ရသည်။
1 060
MFF Charity Shield 2026 မှ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၁,၀၀၀ လှူဒါန်း
ဩဂုတ် ၂၅ ရက်က သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့သည့် MFF Charity Shield 2026 မှ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်း ငွေကျပ်သိန်း ၁,၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ အသင်းများ၊ ကစားသမားဟောင်းများနှင့် ပရိသတ်များ၏ ထည့်ဝင်မှုများအပြင် ကွင်းဝင်ကြေးများမှ ရရှိငွေများကိုပါ ပေါင်းစပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
1 060
+4
FIFAe Football (Mobile) အာရှအဆင့်ပတ်လည်ပွဲစဉ်များ၌ မြန်မာအသင်းအဆင့်(၇)နေရာ၌ ရပ်တည်
27 August 2026
■ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFAe Football (Mobile) အာရှအဆင့် ပတ်လည်ပွဲစဉ်များအား တက်ရောက် ကစားခွင့်ရရှိခဲ့သည့် မြန်မာအသင်းသည် ပွဲစဉ်များအားလုံးအပြီးတွင် အဆင့်(၇)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
■ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၁၉ ရက်ကကျင်းပခဲ့သည့် FIFAe World Cup 2026™ ft. eFootball™ Mobile ပြိုင်ပွဲရဲ့ Continental Championship - Asia အဆင့်မှာ မြန်မာက ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဥဇဘတ်ကစ္စတန်၊ ဂျော်ဒန်၊ မလေးရှား၊ အိန္ဒိယ တို့နှင့်ယှဉ်ပြိုင်ခဲ့ရပြီး ထိုင်းကို အနိုင်၊ ဥဇဘတ်ကစ္စတန်နှင့်ဂျော်ဒန် တို့ကိုသရေ၊ ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယတို့ကိုအရေးနိမ့်ခဲ့ကြောင်းသိရသည်။
1 060
+4
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှာလည်း ဦးပိုင်ထုတ်ပေးနေပြီနော်
(ဦးပိုင် ထုတ်ပြီး ပျော်နေတဲ့ ဒေါ်ပိုင်တွေပါးစပ် နားရွက်တပ်ချိတ်တော့မယ်)
