uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

သိင်္ခ

သိင်္ခ

Відкрити в Telegram

အသိတိုး

Показати більше
Країна не вказанаКатегорія не вказана
1 067
Підписники
Немає даних24 години
-187 днів
-5530 днів
Архів дописів
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်ပြောကြား ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ
ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်ပြောကြား ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါတိုက်ဖျက်ရေးကို ကူညီပေးရန်အတွက် ဒေါ်လာ ၂၆၇ သန်း ထပ်မံထုတ်ပေးမည်ဟု အမေရိကန်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ "ဒီနေ့အချိန်အထိ အမေရိကန်အစိုးရဟာ အီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ဖိုအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၈၈၇ သန်း ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အမေရိကန်သည် ယခုနောက်ဆုံး ကပ်ရောဂါကူးစက်မှုအတွက် အကူအညီ အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မတ ပြောကြား ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မ
ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မတ ပြောကြား ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။ သံတမန်ရေးရာ ဆက်ဆံရေးများ ပြန်လည် ထူထောင်ပေးခဲ့သည့်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ကျေးဇူးတင်ရှိကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

ပင်းတယမြိုနယ် သိမ်ကုန်း-ကြံခင်းမြောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး ပင်းတယ၊ စက်တင်ဘာ ၂၄ ရှမ်းပြည်နယ် (တ
ပင်းတယမြိုနယ် သိမ်ကုန်း-ကြံခင်းမြောင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး ပင်းတယ၊ စက်တင်ဘာ ၂၄ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြိုနယ်ရှိ သိမ်ကုန်း-ကြံခင်းမြောင်လမ်းအား ကတ္တရာခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သိမ်ကုန်း-ကြံခင်းမြောင်လမ်း နှစ်မိုင်အနက် တစ်မိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကျန်တစ်မိုင်ကို ကတ္တရာခင်းခြင်းတိုအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် တရုတ်-မြန်မာ လက်ဖက်ယဉ်ကျေးမှုပြပွဲ ရန်ကုန်တွင် ကျင်းပ 𝙎𝙀𝙋~𝟐𝟒 “လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လ
ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် တရုတ်-မြန်မာ လက်ဖက်ယဉ်ကျေးမှုပြပွဲ ရန်ကုန်တွင် ကျင်းပ 𝙎𝙀𝙋~𝟐𝟒 “လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ခေါင်းစဉ်ဖြင့် ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် တရုတ်-မြန်မာ လက်ဖက်ယဉ်ကျေးမှုပြပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို လှိင်မြိုနယ်ရှိ လှိင်မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီ ပြောကြား တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘ
တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီ ပြောကြား တရုတ်နှင့် အမေရိကန်သည် ပြိုင်ဘက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ရှီသည် စက်တင်ဘာ ၂၃ ရက်ညနေပိုင်းက ၀ါရှင်တန်သိုရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၄င်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုဆိုခဲ့သည်။ ထိုနောက်ရှီက အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက သတင်းဖော်ပြခဲ့သည်။ "ကျွန်တော်တို နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေ ဖြစ်သင့်ပါတယ်။ တရုတ်နဲ့ အမေရိကန် ပြည်သူတွေဟာ ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုတွေကို မွေ့လျော်ခဲ့ကြသလို ကျွန်တော်တိုရဲ့ အကျိုးစီးပွားတွေဟာလည်း နက်နက်ရှိင်းရှိင်း ဆက်နွှယ်နေပါတယ်" ဟု ရှီက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အင်ဒိုနီးရှား ဆွေးနွေး နေပြည်တေ
ဆီအုန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အင်ဒိုနီးရှား ဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ ၂၄ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတိုအကြား ဆီအုန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအပြင် တောင်သူပညာပေးလုပ်ငန်းများနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေးတိုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ H.E. Mr. Novan Ivanhoe Saleh ဦးဆောင်သည့်အဖွဲအား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သုံးရက်တာ အမေရိကန် နိုင်ငံတော်ခရီးစဉ် စတင်၊ သမ္မတ ထရမ့်ပ် လေဆိပ်၌ ကိုယ်တိုင်ကြိုဆို ဝါရှင်တန်၊ စက်တင
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သုံးရက်တာ အမေရိကန် နိုင်ငံတော်ခရီးစဉ် စတင်၊ သမ္မတ ထရမ့်ပ် လေဆိပ်၌ ကိုယ်တိုင်ကြိုဆို ဝါရှင်တန်၊ စက်တင်ဘာ ၂၄ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သုံးရက်တာ နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ရောက်ရှိလာရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Joint Base Andrews လေတပ်အခြေစိုက်စခန်း၌ ကိုယ်တိုင်ကြိုဆိုခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီး ဖုန်လိယွမ်တို ရောက်ရှိလာချိန်တွင် သမ္မတ ထရမ့်ပ်နှင့် သမ္မတကတော် မယ်လနီယာထရမ့်ပ်တိုက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး အမေရိကန်သမ္မတတစ်ဦးက တရုတ်ခေါင်းဆောင်တစ်ဦးကို လေဆိပ်၌ ကိုယ်တိုင်သွားရောက်ကြိုဆိုခြင်းမှာ ဆယ်စုနှစ်များအတွင်း ထူးခြားသည့် သံတမန်ရေးရာ အစီအစဉ်တစ်ရပ်ဖြစ်သည်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်ကျော် ဓာတ်အားပြတ်တောက်ခဲ့သည့် ကျောက်မဲနှင့် သီပေါမြိုနယ်များ၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်ကျော် ဓာတ်အားပြတ်တောက်ခဲ့သည့် ကျောက်မဲနှင့် သီပေါမြိုနယ်များ၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ကျောက်မဲမြိုနယ်နှင့် သီပေါမြိုနယ်များအတွင်း အကြမ်းဖက်များ၏ ဖျက်ဆီးမှုများကြောင့် ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ သုံးရုံ၊ ဖြန့်ဖြူးရေးဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီး၍ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် ကျောက်မဲမြိုနှင့် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်တွင် သီပေါမြိုတို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။ ကျောက်မဲမြိုနယ်နှင့် သီပေါမြိုများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးသွားသည့် ၆၆ ကေဗွီ သီပေါဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ကျောက်မဲ(ပန်းပေါင်း) ဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ကျောက်မဲမြိုနှင့် သီပေါမြိုများရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို ဓာတ်အားလိုင်းများနှင့် ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာများအား ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းများက တာဝန်ယူ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

photo content

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အစဉ်အလာတိုနှင့် အမှန်တကယ်ကိုက်ညီသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်သွားမည် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းကာ ပြည်သူများအတွက် လိုအပ်သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးတိုကို ဖော်ဆောင်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က အမေရိကန်အခြေစိုက် TIME မဂ္ဂဇင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည် ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည်ဟု
ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည် ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိင် က ယနေ့ စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအားတွေ့ဆုံအမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေ ဖွံဖြိုးတိုး တက်ဖိုအတွက် ပူတာအိုဒေသမှာ လူဦးရေအချိုးအစားအရ ဒေသနဲ့ကိုက်ညီတဲ့ ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်ပေးသွားပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို နိုင်ငံတကာအဆင့်မီအောင် အဆင့်မြှင့်တင်ရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး လမ်းညွှန် 𝙎�
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို နိုင်ငံတကာအဆင့်မီအောင် အဆင့်မြှင့်တင်ရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး လမ်းညွှန် 𝙎𝙀𝙋~𝟐𝟒 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြိုနယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယသမ္မတနှင့်အဖွဲသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို ရောက်ရှိပြီး ကပွဲခန်းမ၌ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲတို၏ တေးသီချင်းများ၊ ကရင်ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုနောက် ဖျော်ဖြေခဲ့ကြသူများကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပူတင်နဲ့ ထရမ့် တွေ့ဆုံဖို အဆင်သင့်ရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ
ပူတင်နဲ့ ထရမ့် တွေ့ဆုံဖို အဆင်သင့်ရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို အဆင်သင့်ဖြစ်နေပေမဲ့၊ ဘယ်အချိန် တွေ့မလဲဆိုတာနဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူက "အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ ပတ်သက်လို တိကျတဲ့ သတင်းအချက်အလက်တော့ မရှိသေးပါဘူး။ ရုရှားနဲ့ အမေရိကန် သမ္မတနှစ်ဦး တွေ့ဆုံမယ့်ကိစ္စ ဆိုရင်တော့ သမ္မတဘက်က အဆင်သင့်ပါပဲ" လို ပြောခဲ့ပါတယ်။

Time Magazine ၏ သတင်းထောက် Charlie Campbell ၏ ရေးသားချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိသည့်အတွက် ပြစ်တင်ရှုတ်ချ နေပြည်တော်၊ စက်တင်ဘာ ၂၃ Time Magazine ၏ သတင်းထောက် Charlie Campbell ၏ ရေးသားချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိသည့်အတွက် သတင်းထုတ်ပြန်ရေးအဖွဲမှ ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။ Time မဂ္ဂဇင်းအနေဖြင့် မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်၏ သမိုင်းဝင်အခန်းကဏ္ဍ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အောင်မြင်မှုများကို ယင်းတို၏ မဂ္ဂဇင်းတွင် “the Future of Myanmar” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြရန် အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုလာခဲ့ကြောင်း၊ Time Magazine သည် ဂုဏ်သိက္ခာရှိသော သတင်းဌာနတစ်ခုဖြစ်သည့်အတွက် အဆိုပြုမေတ္တာရပ်ခံချက်အပေါ် အပြုသဘောဆောင် တုံပြန်သည့်အနေဖြင့် သတင်းထောက် Charlie Campbell အား နိုင်ငံတော်သမ္မတက လက်ခံတွေ့ဆုံခဲ့ပြီး မေးမြန်းသည့်မေးခွန်းများကို လက်ခံဖြေကြားခဲ့ကြောင်း၊ သိုသော် ၎င်းသည် Time Magazine Online Media တွင် ဖော်ပြခဲ့ရာ၌ မူလအင်တာဗျူးဆောင်ရွက်ခဲ့သည့် အမေး၊ အဖြေ အင်တာဗျူးပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံဖြင့် ရေးသားဖော်ပြခဲ့သည့်အပြင်၊ အမှန်တကယ် ဖြေကြားခဲ့မှုများကိုလည်း ထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထိုပြင် မလိုလားအပ်သော အပြုသဘောမဆောင်သော ရေးသားချက်များ၊ အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းမှုများနှင့် သုံးသပ်ချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ Time Magazine နှင့် သတင်းထောက်တိုက မီဒီယာကျင့်ဝတ်(Media Ethics)နှင့် မလျော်ညီစွာ ကနဦးဆွေးနွေးသဘောတူညီချက်တွင် မပါဝင်သည့် အကြောင်းအရာများအား အလေးပေးဖော်ပြ၍ နိုင်ငံတကာမှ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားစေမည့် အသုံးအနှုန်းများကိုသုံးနှုန်းကာ ၎င်းတိုစိတ်ကြိုက် ရေးသားဖော်ပြခဲ့ကြောင်း၊ သိုဖြစ်ရာ Time Magazine ၏ သတင်းထောက်ဖြစ်သော Charlie Campbell ၏ ရေးသားချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်း မရှိသည့်အတွက် ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲမှ သတင်းထုတ်ပြန်ထားသည်။

photo content

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဓာတ်တော်၊ အရိုးပြာ ရေမျှောပူဇော်ပွဲ စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည် ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဓာတ်တော်၊ အရိုးပြာ ရေမျှောပူဇော်ပွဲ စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည် ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး၏ ဓာတ်တော်နှင့် အရိုးပြာ ရေမျှောပူဇော်ပွဲ အခမ်းအနားကို လာမည့် စက်တင်ဘာ ၂၆ ရက် (စနေနေ့) နံနက် ၇ နာရီတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပူဇော်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ တပည့်သံဃာတော်များ၊ သီလရှင်များနှင့် ယောဂီ စုစုပေါင်း ၁၀၀ ဦးလိုက်ပါနိုင်ရန် ချမ်းမြေ့ရိပ်သာကျောင်းမှ Mini Bus ၅ စီးဖြင့် စီစဉ်ထားကြောင်း သိရသည်။

အနိမ့်ဆုံးအခကြေးငွေ တိုးမြှင့်ရေး သုံးပွင့်ဆိုင်သဘောတူညီမှုဖြင့် ဆက်လက်ဆောင်ရွက်မည် လက်ရှိ တစ်ရက်လျှင် ကျပ် ၇,၈၀၀ ရရှိနေပြီး
အနိမ့်ဆုံးအခကြေးငွေ တိုးမြှင့်ရေး သုံးပွင့်ဆိုင်သဘောတူညီမှုဖြင့် ဆက်လက်ဆောင်ရွက်မည် လက်ရှိ တစ်ရက်လျှင် ကျပ် ၇,၈၀၀ ရရှိနေပြီး Living Wage စံနှုန်းသို တဖြည်းဖြည်းပြောင်းလဲနိုင်ရေး လွှတ်တော်တွင် မေးမြန်း နေပြည်တော်၊ စက်တင်ဘာ ၂၃ အလုပ်သမားများ၏ အနိမ့်ဆုံးအခကြေးငွေ တိုးမြှင့်သတ်မှတ်ရေးကို အနိမ့်ဆုံးအခကြေးငွေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်သဘောတူညီမှုဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထည့်သွင်းစဉ်းစားကာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၌ Times Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှုများအပေါ် ဖြေကြားချက်

❤️Welcome ပါ ညီငယ် ညီမငယ်များ❤️ PDF ၃၈ ဦး လက်နက် ၁၃ လက်ကျော်ဖြင့်အလင်းဝင်ရောက် ၂၃-၉-၂၀၂၆ ရက်နေ့ယနေ့ အနောက်မြောက်တိုင်းစစ်ဌာနခ
+7
❤️Welcome ပါ ညီငယ် ညီမငယ်များ❤️ PDF  ၃၈ ဦး လက်နက် ၁၃ လက်ကျော်ဖြင့်အလင်းဝင်ရောက် ၂၃-၉-၂၀၂၆ ရက်နေ့ယနေ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုနယ်မြေ စစ်ကိုင်းမြို့တွင် PDF ၃၈ ဦးသည် လက်နက် ( ၁၃ )လက်၊ လက်ပစ်ဗုံးများ ၊ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူအလင်းဝင်ရောက်ခဲ့ပြီး  အလင်းဝင်ရောက်လာတဲ့ PDF လူငယ်များအား ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့။

ကမ္ဘာသိ သတင်းမီဒီယာကြီး တစ်ခု၏ စည်းမရှိမှု မီဒီယာကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုတွေက ရှယ်ဖွယ်အတိပါပဲ ။
ကမ္ဘာသိ သတင်းမီဒီယာကြီး တစ်ခု၏ စည်းမရှိမှု မီဒီယာကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုတွေက ရှယ်ဖွယ်အတိပါပဲ ။