သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 058
Підписники
Немає даних24 години
-67 днів
-5330 днів
Архів дописів
1 058
+2
မန္တလေးပြည်သူ့ဆေးရုံကြီးသိုအစာအဆိပ်သင့် သံဃာအပါး (၃၀) လာရောက်ဆေးဝါးကုသမှုခံယူရ
၂၀၂၆ ခုနစ် သြဂုတ်လ ၂၆ ရက် ၀၉၀၀ အချိန် ပုသိမ်ကြီးမြိုနယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ပေါက်စိမ်းသာမဏေစာသင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေသရ ဦးစီးပြီး စာသင်ဆရာတော် ရဟန်း ၇ ပါး၊ ကိုရင် ၁၅၈ ပါး၊ ပေါင်း( ၁၆၅) ပါးရှိရာ ၀၇၀၀ အချိန်တွင် အာရုံဆွမ်း ဘုန်းပေးသည့် လ္ဘတ်ထမင်း၊ ငါးဖယ်သုတ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို ဘုဉ်းပေးစားသောက်ရာတွင် သံဃာ အပါး (၇၀) ခန့် အစာအဆိပ်သင့် ဖြစ်ပွားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ရှင်သိက္ခနန္ဒ ပါ သံဃာ အပါး (၃၀) ခန့် လာရောက်ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရပါသည်။
1 058
စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း စင်ကာပူဒေါ်လာ ၇၀,၀၀၀ ထောက်ပံ့ကြေး ရမည်
စင်ကာပူနိုင်ငံသား ကလေးငယ်တိုင်း အသက် ၁၇ နှစ် မပြည့်မီအထိ စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး ကို ဘဏ္ဍာရေးထောက်ပံ့မှု ရရှိမှာ ဖြစ်တယ်လို CNA သတင်းမှာ ဖော်ပြထားပါတယ်။ စင်ကာပူဝန်ကြီးချုပ် လောရန့်ဝမ် က ဩဂုတ်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားနေ့ မိန့်ခွန်းမှာ “SG Child Support Package” လို ခေါ်ဆိုတဲ့ ကလေးသူငယ်တွေ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။ အခုထောက်ပံ့ရေးအစီအစဉ်ဟာ မွေးဖွားမှု အစီအစဉ်အပေါ် မူတည်တာ မရှိဘဲ ကလေးတိုင်း တန်းတူ ထောက်ပံ့ကြေး ရရှိသွားမှာ ဖြစ်ပါတယ်။
မိဘတွေ တရားဝင် အိမ်ထောင်ပြုထားတာ ရှိ၊ မရှိ ဒါမှမဟုတ် မိဘတစ်ယောက်တည်း ရှိတဲ့ မိသားစုတွေ (Single parents) ကလေးတွေပါ မကျန် ကလေးတိုင်း ကြီးပြင်း ဖွံဖြိုးမှုအတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အရင်က အသက် ၁၂ နှစ် အထိသာ ထောက်ပံ့ရာကနေ အခု အသက် ၁၇ နှစ်အထိ တိုးမြှင့် ထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို သိရပါတယ်။
1 058
+3
ပါကစ္စတန်နိုင်ငံ၏ မြိုတော်အစ္စလမ္မာဘတ်မြိုရှိ ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစ ကလေးငယ် ၁၅ ဦး သေဆုံး
၂၆.၈.၂၀၂၆
ပါကစ္စတန်နိုင်ငံ၊ အစ္စလမ္မာဘတ်မြိုမှ ဆေးရုံတစ်ခု၏ တတိယထပ်ရှိ မီးဖွားဆောင်တွင် မီးလောင်ကျွမ်းမှုတစ်ခု ယနေ့ သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၁၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အစ္စလမ္မာဘတ်မြိုရှိ PIMS ဆေးရုံ၏ တတိယထပ်ရှိ သာဖွားမီးယပ်ဆောင်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် လေအေးပေးစက်တစ်လုံး ပေါက်ကွဲသွားချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။
ထိုအချိန်တွင် မွေးကင်းစကလေးငယ် ၁၆ ဦး ဆေးရုံတွင် ရှိနေခဲ့ပြီး ကလေးငယ်တစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
1 058
+4
မိုးသည်းထန်စွာရွာသွန်းမှုများနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားနေပြီး ကျိုက်မရောမြိုအပါအဝင် မြစ်ကမ်းဘေးကျေးရွာတချိုရေဝင်ရောက်မှုများရှိနေ
1 058
ယာခင်းတွေအပြည့်ဖြန့်လှမ်းထားတဲ့ခရမ်းချဥ်သီးတွေ
တူရကီတောင်ပိုင်းမှာ နိုင်ငံခြားပိုဖို ခရမ်းချဥ်သီးတွေကို အခြောက်ခံဖို ကွင်းအပြည့် ဖြန့်လှမ်းထားတာကို ဒရုန်းကနေ တမျှော်တခေါ်ကြီးမြင်ရတာပါ။ ဒီယာဘာကီယာပြည်နယ်က ယာသမားတွေက ဒီခရမ်းချဥ်သီးတွေကို အခြောက်လှမ်းပြီး ဥရောပကိုပိုကြပါတယ်။
ဥရောပမှာတော့ ပီဇာနဲ့တခြားဟင်းလျာတွေမှာသုံးတဲ့ ခရမ်းချဥ်သီးဆော့စ်လုပ်ကြပါတယ်။ ဒီအချိန်ဆိုရင် ယာလုပ်သားတွေဟာ ဒီဂရီ ၄၀ ကျော်တဲ့အပူချိန်အောက်မှာ ခရမ်းချဥ်သီးတွေ ဖြန့်ခင်းတဲ့အလုပ်ကို တစ်နေကုန်အောင် လုပ်ကြရပါတယ်။
အပြည့်အစုံကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ။
1 058
Repost from Gyar Nuu (ဂျာနူး)✍️
ငဝန်တာ၏နိမ့်ကျမှုဖြစ်ပွားခဲ့သည့် တာတမံအား ကာရံပိတ်ဆိုနိုင်ရန် Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းခြင်းလုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးစေရေး ဆောင်ရွက်လျက်ရှိ
1 058
အောင်မြေသာစံမြိုနယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနိဘုရားတိုအား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းလျက်ရှိ
1 058
YMBA ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို ဖမ်းဆီးရမိ
(မှုခင်း) ဩဂုတ် ၂၆
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဗဟိုအတွင်းရေးမှူးအား ဝိုင်းဝန်းရိုက်နှက် ရမ်းကားခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲက အချိန်တိုအတွင်း စုံစမ်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ YMBA ဗဟိုအတွင်းရေးမှူးဖြစ်သူအား ကြိုးသုတ် ဝိုင်းဝန်းရိုက်နှက် ရမ်းကားမှု ပြုလုပ်ခဲ့သူများကို အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်များက တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သဲလွန်စများ ရှာဖွေစုံစမ်းခြင်းနှင့် နယ်မြေရှင်းလင်း စုံစမ်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို အနီးကပ် စုံစမ်းဖော်ထုတ်မှုများကြောင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးစလုံးကို သက်ဆိုင်ရာ နယ်မြေအတွင်း အချိန်တိုအတွင်း ရှာဖွေဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ ၄ ဦးအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် တရားစွဲဆို တင်ပိုနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း....
1 058
+6
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် အမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်။
1 058
+2
ညစစ်ဆင်ရေးဖြင့်
တိုက်ခိုက်ချေမှုန်း ခံရသော အကြမ်းဖက် AAရဲ့ ရှင်းလက်ဝဌာနခ မှာ AA နဲ့ ခိုင်းဖက် မာရာငပိန်းတို့ (၂၀၀)ကျော်
တပျော်တပါးဂိန်ခဲ့ကြခြင်း👍👍👍
1 058
ဧရာဝတီ ပါဝင်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ စက်တင်ဘာ ၃ ရက် ကျင်းပမည်
ရန်ကုန်၊ ဩဂုတ် ၂၆
မြန်မာကလပ် ဧရာဝတီအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၀၂၇ ရာသီ AFC အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲပွဲကို လာမည့် စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲချုပ် (AFC) က ထုတ်ပြန်ထားသည်။
အဆိုပါပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ပြီး အုပ်စု (A) မှ East Bengal FC (အိန္ဒိယ)၊ အုပ်စု (B) မှ Kaya FC-Iloilo (ဖိလစ်ပိုင်)၊ အုပ်စု (C) မှ PFC Nasaf (ဥဇဘက်ကစ္စတန်)၊ အုပ်စု (D) မှ 4.25 SC (မြောက်ကိုရီးယား)၊ အုပ်စု (E) မှ Bam Khatoon FC (အီရန်) နှင့် အုပ်စု (F) မှ Ayeyawady FC (မြန်မာ) တို အုပ်စုဗိုလ်များအဖြစ် အုပ်စုအဆင့်သို တက်ရောက်ခွင့်ရရှိခဲ့ကြသည်။
ယင်းခြောက်သင်းသည် လက်ရှိချန်ပီယံ Naegohyang Women’s FC (မြောက်ကိုရီးယား)၊ Melbourne City FC (ဩစတြေးလျ)၊ Hwacheon KSPO WFC (တောင်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်)၊ Beijing Jingtan Football Club (တရုတ်) နှင့် Ho Chi Minh City Women’s FC (ဗီယက်နမ်) တိုနှင့်အတူ အုပ်စုအဆင့်တွင် စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
1 058
ပါလက်စတိုင်းတွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို အစ္စရေး အမတ်တစ်ယောက်က သွားရောက် ရိုက်ခွဲ
ဩဂုတ် - ၂၆ ( ဗုဒ္ဓဟူးနေ့ )
အစ္စရေးရဲ့ လက်ယာစွန်း လွှတ်တော်အမတ်တစ်ဦးဟာ အင်္ဂါနေ့တုန်းက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေမှာ ရှိတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း သေဆုံးသွားခဲ့တဲ့ ပါလက်စတိုင်းလူမျိုးတွေအတွက် စိုက်ထူထားတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို သွားရောက်ရိုက်ခွဲခဲ့ပါတယ်။ ဒီလိုပြုလုပ်ရာမှာ အစ္စရေးစစ်တပ် (IDF) ရဲ့ စောင့်ရှောက်မှုနဲ့အတူ သွားရောက်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်အပေါ် အစ္စရေးစစ်တပ်ကိုယ်တိုင်နဲ့ နိုင်ငံရေးသမားတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
1 058
အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို စနစ်တကျလွှပြောင်းပေးခဲ့ပြီးဖြစ်
သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဟု MOFA ပြည်ထောင်စုဝန်ကြီးပြော အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း(၅၀)ကျော်မှ နိုင်ငံခြားသား(၇၂,၀၀၀)ဦးကျော်ကို မူရင်းနိုင်ငံများသို စနစ်တကျလွှပြောင်းပေးခဲ့ပြီးဖြစ်ရာ သံတမန်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တာဝန်ယူမှုရှိသောနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေကပြောသည်။
သြဂုတ် ၂၅ ရက်ကကျင်းပသည့် "နိုင်ငံဖြတ်ကျော်ရာ ဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တားဆီး၊ ကာကွယ်၊ တိုက်ဖျက်ရေးဆိုင်ရာ"အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
1 058
အမေရိကန်သမိုင်းတွင် အကြီးမားဆုံးဖြစ်လာနိုင်သည့် ဗီဇာပယ်ဖျက်မှုအစီအစဉ် – နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၂ သိန်းခန့် ထိခိုက်နိုင်
အမေရိကန်ပြည်ထောင်စုသို့ B1/B2 (စီးပွားရေးနှင့် ခရီးသွား) ဗီဇာများဖြင့် ဝင်ရောက်လာပြီးနောက် နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားထားသူ သို့မဟုတ် လျှောက်ထားဆဲဖြစ်သည့် နိုင်ငံခြားသား ဦးရေ ၂၀၀,၀၀၀ (၂ သိန်း) ခန့်၏ ဗီဇာများကို ရုပ်သိမ်း/ပယ်ဖျက်ရန် အမေရိကန်အစိုးရ (Trump အုပ်ချုပ်ရေးအဖွဲ့) က ပြင်ဆင်နေကြောင်း AP သတင်းဌာနက ဖော်ပြလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရရှိသည့် စာရွက်စာတမ်းများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်များအရ အဆိုပါ အစီအစဉ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း B1 နှင့် B2 ဗီဇာ ထုတ်ပေးခြင်းခံထားရပြီး ခိုလှုံခွင့်လျှောက်ထားသူများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန (State Department) နှင့် ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (Department of Homeland Security) တို့ ပူးပေါင်း၍ လာမည့်သီတင်းပတ်များအတွင်း တရားဝင် ထုတ်ပြန်ကြေညာဖွယ် ရှိနေသည်။
တရားဥပဒေကြောင်းအရ ကန့်ကွက်တရားစွဲဆိုမှုများ သို့မဟုတ် မူဝါဒပြင်ဆင်မှုများ မရှိခဲ့ပါက ဤလုပ်ဆောင်ချက်သည် အမေရိကန်သမိုင်းတွင် တစ်ကြိမ်တည်းဖြင့် အများဆုံး ဗီဇာရုပ်သိမ်းမှု ဖြစ်လာမည်ဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်ကြောင့် လက်ရှိတွင် အမေရိကန်၌ ခိုလှုံခွင့်လျှောက်ထားဆဲဖြစ်သော သို့မဟုတ် လျှောက်ထားခဲ့ဖူးသော လူပေါင်းများစွာအတွက် ဗီဇာအခြေအနေဆိုင်ရာ နောက်ဆက်တွဲ ရိုက်ခတ်မှုများနှင့် တရားဥပဒေဆိုင်ရာ စိန်ခေါ်မှုများစွာ ထွက်ပေါ်လာဖွယ်ရှိနေကြောင်း သုံးသပ်ဖော်ပြထားကြသည်။
သိင်္ခhttps://t.me/theinkha007/2543
1 058
အီရန်ရဲ့ တို-က်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ ဒေါ်လာ ဘီလီယံနဲ့ချီ ပျ-က်စီးဆုံးရှုံး
အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေးစခန်းတွေဟာ အီရန်ရဲ့ တို-က်ခိုက်မှုတွေကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီ ပျ-က်စီးသွားခဲ့တယ်လို သတင်းရင်းမြစ်တွေကို ကိုးကားပြီး NBC News က ဖော်ပြထားပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒီဒေသတွင်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေး စခန်းတွေကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တို-က်ခိုက်ခဲ့တာကြောင့် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေ သမိုင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ အဆိုးရွားဆုံး ပျ-က်စီးဆုံးရှုးမှု ဖြစ်သွားခဲ့တာပါ။ ဒီပျ-က်စီးသွားတာတွေကို ပြန်ပြင်ဖိုအတွက် ဝါရှင်တန်အနေနဲ့ ဒေါ်လာ ဘီလီယံနဲ့ချီ ကုန်ကျမယ်လိုလည်း ဆိုပါတယ်။
ဒါ့အပြင် ဒီတို-က်ခိုက်မှုတွေကြောင့် အမေရိကန် နိုင်ငံခြားရေးဌာန၊ ပန်တဂွန် စစ်ဌာနချုပ်နဲ့ ထောက်လှမ်းရေးအဖွဲတွေဟာ ဒေသတွင်းမှာရှိတဲ့ သူတိုစခန်းတွေကို သေချာ ကာကွယ်ပေးနိုင်လောက်အောင် ပြင်ဆင်မှု ရှိရဲ့လားဆိုတာကိုပါ သံသယဖြစ်စရာဖြစ်လာတယ်လို အဲဒီ ရုပ်သံလိုင်းက ဖော်ပြထားပါတယ်။
1 058
အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထား ခဲဖြင့်ပေါ-က်ခံရ ဖမ်းဆီးရမိရေးဆောင်ရွက်နေ
မြန်မာ့မီးရထား၏ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း တပ်ကုန်းမြိုနယ်အတွင်းပြေးဆွဲနေစဉ် သြဂုတ် ၂၅ ရက်နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ညောင်လွန့်ဘူတာနှင့် မကျီးပင်ဘူတာကြား မိုင်တိုင်အမှတ် ၂၅၈/၂၄ နှင့် ၂၅၈/၂၃ ကြား၌ခဲဖြင့်ပေါ-က်ခံခဲ့ရကြောင်း သိရသည်။
ရထားလမ်းညာဘက်ခြမ်းမှ ခဲဖြင့်ပစ်ပေ-ါက်ခဲ့သဖြင့် ရထားတွဲဆိုင်း (၅)တွဲမြောက် ပထမတန်းတွဲ DEMU F(C) -1006 တွဲ၏ ခုံအမှတ် ၄၃၊ ၄၄၊ ၄၅ နှင့် ၄၆ ကြား ပြတင်းတံခါးမှန်အားထိမှန်ကာ မှန်ကြေမွကွဲအက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ထိုကြောင့် ရထားအားနောက်ပြန်ဆုတ်၍ မကျီးပင်ဘူတာဆိုက်ရောက်ပြီး ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲဝင်များနှင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးနှင့် ရထားပိုဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
1 058
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
နေပြည်တော်၊ ဩဂုတ် ၂၆
၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြိုနယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အဆိုပါအခမ်းအနားသို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံ(ကြည်း၊ရေ၊လေ) ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။
1 058
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ငါးဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို ထပ်မံလွှပြောင်းပေးအပ်
နေပြည်တော်၊ ဩဂုတ် ၂၆
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချိုကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသားသုံးဦးနှင့် မလေးရှားနိုင်ငံသားနှစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ငါးဦးတိုအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှပြောင်းပေးသည်။
