သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 085
Підписники
-124 години
-227 днів
-5530 днів
Архів дописів
1 085
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ အောက်တိုဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
1 085
အကြမ်းဖက် NUG အဖွဲရဲ့ PRF website အတွင်းထဲက Data တစ်ချိုကို ထပ်မံဖွင့်ချပြလိုက်ပါတယ်..
ပေါက်ကြားနေတဲ့ data တွေက အတုတွေလိုထင်နေတုန်းလား ပါဝင်သူတချိုကို သက်သေတွေနဲ့တကွ ချပြပေးမယ်
ဘယ်နေ့ ဘယ်အချိန်က ဘယ်သူကတော့ဖြင့် ဘယ်လောက်လှုထားခဲ့ပါတယ်ဆိုတဲ့ အချက်အလက်တွေကို ငွေလွဲပြေစာတွေနဲ့တကွ NUG ကစနစ်တကျ ရည်ရွယ်ချက်ရှိရှိသိမ်းထားပြီးတော့ data တွေပေါက်တော့မှ သူတိုရဲ့ အမှားမဟုတ်ပါဘူးဆိုပြီး ခွက်ခေါက်လိုမရမှာစိုးလို အတင်းဖင်ပိတ်ငြင်းနေတာတော့ မြင်မကောင်းပါဘူး။ ပြည်သူတွေကို ဂျင်းထည့်ရာရောက်ပါတယ်။
၂၀၂၂ Kaung for you ကိစ္စ ပေါက်ကြားမှု ကတည်း က ဒီ အဖွဲစည်း မယုံ ရဘူး ဆို တာ သဘောမပေါက်ကြသေးဘူးလား???
NUG ဘယ်လိုတာဝန်ယူမလဲ နဂိုကတည်းက ပြည်သူကို ခွက်ခေါက်လိမ်စားနေတာဆိုတော့ ပြည်သူတွေကို ထပ်ဂျင်းထည့်နေဦးမှာပဲ။
ဒါအကင်းပဲရှိသေးတယ် ဒီ့ထက်ကြမ်းတာတွေ ထပ်လာဦးမယ် ...
crd မှိုင်းဝေ
1 085
BAIC Group က ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်အတွက် EV နှင့် စမတ်နည်းပညာများကို အာရုံစိုက်ပြီး နိုင်ငံတကာတိုးချဲ့ရေး ဆက်လက်အရှိန်မြှင့်
တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် BAIC Group သည် လျှပ်စစ်မော်တော်ယာဉ် (EV) နှင့် intelligent connected vehicle နည်းပညာများ ဖွံဖြိုးတိုးတက်ရေးကို အာရုံစိုက်ကာ နိုင်ငံတကာဈေးကွက်တိုးချဲ့ရေးကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
1 085
ရေပြန်ကျသွားသည့် ရေးမြို မြသီတာစျေးအနီးသန့်ရှင်းရေးပြုလုပ်
မွန်ပြည်နယ်၊ ရေးမြိုတွင် စက်တင်ဘာ ၂၈ ရက်က မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေးမြစ်ရေမြင့်တက်ကာ မြသီတာစျေးအနီးရှိ လမ်းများပေါ်သိုရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို ရေကျော်ခဲ့ရာမှ လက်ရှိအချိန်၌ရေပြန်လည်ကျဆင်းသွားသဖြင့် ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိက်သရိုက်များ၊ နုံးများ၊ ရွံနွံများကို လမ်းသွားလမ်းလာများသွားလာမှုအဆင်ပြေစေရေးအတွက် ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
1 085
အမြန်လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသား(၂)ဦးကို ကားဖြင့်တိုက်မိပြီးထွက်ပြေးသွားသူကိုဖမ်းမိ ပုဒ်မ ၃၀၄(က)ဖြင့်အမှုဖွင့်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ လမ်းဘေးမြေသားလမ်းပေါ်၌ လမ်းလျှောက်နေသည့် အမျိုးသား(၂) ဦးကားတိုက်ခံခဲ့ရမှု စက်တင်ဘာ ၂၉ ရက်ည ၉ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်း သိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။
အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆၈/၄ နှင့် ၆၈/၅ ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သိုမောင်းနှင်လာသော Toyota Noah ကားသည် မြေသားလမ်းပေါ်တွင်လမ်းလျှောက်နေသည့် အမျိုးသား(၂)ဦးကို အနောက်မှဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် လမ်းလျှောက်နေသည့် အမျိုးသား(၂) ဦးမှာသေဆုံးသွားခဲ့ပြီး ယင်း ဖြစ်စဥ်ကို ကားမောင်းသူက အမြန်လမ်းမကြီးရဲတပ်ဖွဲဆက်သွယ်သတင်းပေးပိုခြင်းမရှိဘဲ ကားကိုထား၍ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ကားမောင်းသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
1 085
ရန်ကုန်မြိုတွင်း ယာဉ်ကြောကျပ်တည်းမှုနှင့် လမ်းပိတ်ဆိုမှု မဖြစ်စေရေး
CCTV Camera ၆၆၄ လုံးဖြင့် စောင့်ကြည့်ထိန်းချုပ်ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၃၀
ရန်ကုန်မြိုအတွင်း ယာဉ်ကြောကျပ်တည်းမှုနှင့် လမ်းပိတ်ဆိုမှုများ မဖြစ်ပေါ်စေရေးအတွက် ယာဉ်သွားလာမှု ထိန်းချုပ်ရေးဗဟိုစင်တာ (Traffic Control Center) မှ လမ်းဆုံ ၁၅၄ နေရာတွင် CCTV ကင်မရာ ၆၆၄ လုံး တပ်ဆင်ချိတ်ဆက်၍ စောင့်ကြည့်ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း ပိုဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။
1 085
MLBB ဆီမီးဖိုင်နယ်တွင် မလေးရှားကို ၂-၀ ဖြင့်အနိုင်ယူပြီး Team Zanaka ဗိုလ်လုပွဲတက်
ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာမြိုတွင် ကျင်း ပနေသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ Esports ပြိုင်ပွဲ၏ Mobile Legends Bang Bang (MLBB) ပွဲစဉ်တွင် မြန်မာနိုင်ငံကိုယ်စားပြု Team Zanaka အသင်းက မလေးရှားအသင်းကို ၂-၀ ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲအဆင့်သို တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
1 085
စစ်ပွဲအဆုံးသတ်ရေးအဆိုပြုချက်ကို အမေရိကန်ဘက်မှတုံပြန်မှုအား လက်ခံရရှိသည် ဟု အီရန်ပြောကြား
အီရန်အာဏာပိုင်များက ၎င်းတိုသည် အရှေ့အလယ်ပိုင်းစစ်ပွဲပြီးဆုံးရေးအတွက် ၎င်းတိုအဆိုပြုထားသောကိစ္စနှင့်ပတ်သက်၍ တရားဝင်အမေရိကန်တုံပြန်မှုကို လက်ခံရရှိခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားကြောင်း အီရန်အစိုးရပိုင်မီဒီယာက ဖော်ပြခဲ့သည်။
အီရန်၏အဆိုပြုချက်ကို အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ပယ်ချခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်၏တုံပြန် ချက်ကို လက်ခံရရှိခြင်းဖြစ်သည်ဟု အီရန်က ဆိုသည်။
1 085
ရေတာရှည်မြိုနယ်ဘူတာတွင် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီး အထူးရထား (DEMU) အား ရပ်တန့်ပေးရန် အစီအစဉ်မရှိသေးဘဲ ခရီးသည်စီးနင်းမှုများပြားလာပါက အမြန်ရထားများ ရပ်တန့်ပေးသွားမည်ဟု တိုင်းဒေသကြီးဝန်ကြီး ဖြေကြား
1 085
မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်း ဆောင်ရွက်ရန် ဒေသအလိုက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များမှ စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်ထားဟု ဆို
မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်း ဆောင်ရွက်ရန် ဒေသအလိုက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များမှ စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီမံဆာင်ရွက်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောကြားသည်။
1 085
မြဝတီမြိုတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပြစ်ဒဏ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
မြဝတီ၊ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြိုနယ်ရှိ ကျောင်းသားလူငယ်များ အွန်လိုင်းလိမ်လည်မှုမှ ကင်းဝေးနိုင်ကြစေရန်နှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်ကို သိရှိရှောင်ရှားနိုင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်၌ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပြစ်ဒဏ်များ ဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
1 085
နှစ်ပေါင်း ၂၀ ကျော် ကြာပြီးနောက် အမေရိကန်တပ်များ အီရတ်မှ အပြီးသတ်ဆုတ်ခွာ၊ အီရန်နှင့်မဟာမိတ်များက ဝမ်းသာကြိုဆို
အမေရိကန်တပ်များက အီရတ်နိုင်ငံတွင် နောက်ဆုံးကျန်ရှိနေသည့် စစ်အခြေစိုက်စခန်းများမှ စက်တင်ဘာ ၃၀ ရက်တွင် အပြီးသတ် ထွက်ခွာတော့မည်ဖြစ်သည်။
အမေရိကန်တပ်များ ရုပ်သိမ်းမှုကို အီရန်နှင့် ၎င်း၏မဟာမိတ်များက အောင်ပွဲတစ်ရပ်အဖြစ် ကြိုဆိုနေကြပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်ပွဲကာလအတွင်း အမေရိကန်တပ်ဖွဲဝင် ၄,၅၀၀ သေဆုံးခဲ့သည့် အီရတ်နိုင်ငံတွင် အီရန်နှင့်မဟာမိတ်များ၏ နိုင်ငံရေးနှင့်စစ်ရေး ဩဇာလွှမ်းမိုးမှုမှာ အတော်နက်ရှိင်းနေပြီဖြစ်သည်။
အီရတ်လုံခြုံရေး ကျွမ်းကျင်သူများက အမေရိကန်တပ်များ ရုပ်သိမ်းမှုသည် အီရန်နှင့်မဟာမိတ် အဖွဲများအတွက် အီရတ်နိုင်ငံအတွင်း လွတ်လပ်စွာလှုပ်ရှားနိုင်မည့် အခွင့်အရေး ပိုမိုရရှိစေနိုင်ကာ ၊ IS အပါအဝင် အမေရိကန်၏ အခြားရန်ဘက်အဖွဲများ ပြန်လည်အားကောင်းလာနိုင်သည့် အခြေအနေ ဖြစ်စေနိုင်ကြောင်း သုံးသပ်ကြသည်။
1 085
ထိုင်းအဲဝေးစ် ခရီးစဉ် ၃၇ ခု ထပ်မံဖျက်သိမ်း၊ ရေကြီးမှုနောက်ပိုင်း ဖျက်သိမ်းခရီးစဉ် ၅၉ ခုရှိလာ
(နိုင်ငံတကာ) စက်တင်ဘာ ၃၀
ထိုင်းအဲဝေးစ် အင်တာနေရှင်နယ်လေကြောင်းလိုင်း (THAI) သည် ဆူဝါနာဖွမ်လေဆိပ်တွင် စုပုံနေသည့် ခရီးဆောင်အိတ်အမြောက်အမြားကို ဖြေရှင်းရန် ကြိုးပမ်းနေစဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ပြေးဆွဲရန် စီစဉ်ထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် ၃၇ ခုကို ထပ်မံဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ထိုင်းအဲဝေးစ်၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် THAI Corporate Communications က အင်္ဂါနေ့ည ၇ နာရီ ၂၀ မိနစ်တွင် ဖျက်သိမ်းလိုက်သည့် လေကြောင်းခရီးစဉ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။
1 085
ဘန်ကောက်ရှိ ဧက ၁၁၈ ကျော် Siam Amazing Park ရေကြီးမှုကြောင့် ၆ လ ယာယီပိတ်မည်
(နိုင်ငံတကာ) စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဧက ၁၁၈ ကျော် ကျယ်ဝန်းသော Siam Amazing Park အပန်းဖြေဥယျာဉ်သည် ဥယျာဉ်ဧရိယာတစ်ခုလုံးနီးပါး ရေကြီးရေလျှံမှုကြောင့် ဆိုးရွားစွာပျက်စီးခဲ့ပြီး ငါးရက်ကြာ ရေအောက်တွင် နစ်မြုပ်နေခဲ့သဖြင့် လုပ်ငန်းလည်ပတ်မှုကို ခြောက်လကြာ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
Suansiam ဟုလည်း လူသိများသည့် အဆိုပါ အပန်းဖြေဥယျာဉ်နှင့် ရေပန်းဥယျာဉ်စုပေါင်းသည် စက်တင်ဘာ ၂၆ ရက်မှစ၍ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါရေကြီးမှုအတွင်း အပန်းဖြေစီးနင်းစက်များနှင့် ဥယျာဉ်အတွင်းရှိ အပန်းဖြေစရာနေရာများစွာမှာ ရက်ရှည်ရေအောက်တွင် နစ်မြုပ်ခဲ့သည်။
1 085
ကျိုက်ထီးရိုးသို နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်ခွင့် ကြိုတင်လျှောက်ထားရမည့်ကာလ ၁၀ ရက်သို လျှော့ချ
𝙎𝙀𝙋~𝟑𝟎
ကျိုက်ထီးရိုးစေတီတော်သို နိုင်ငံခြားသားခရီးသွားဧည့်သည်များ ပိုမိုလွယ်ကူစွာ လာရောက်နိုင်ရေးအတွက် ခရီးစဉ်ကြိုတင်ခွင့်ပြုချက် လျှောက်ထားရမည့်ကာလကို ယခင် ၁၄ ရက်မှ ရုံးပိတ်ရက်များမပါဘဲ ၁၀ ရက်ကြိုတင် တင်ပြရန် ဖြေလျှော့ပေးထားကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
1 085
အာရှခြေစစ်ပွဲမတိုင်မီ မြန်မာ U-17 နှင့် အိန္ဒိယ U-17 ရန်ကုန်တွင် ခြေစမ်းပွဲ ၂ ပွဲ ကစားမည်
ရန်ကုန်၊ စက်တင်ဘာ ၃၀
၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မြန်မာ U-17 အမျိုးသားလက်ရွေးစင်အသင်းနှင့် အိန္ဒိယ U-17 အမျိုးသားလက်ရွေးစင်အသင်းတို ရန်ကုန်တွင် ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အဆိုပါခြေစမ်းပွဲများကို အောက်တိုဘာ ၄ ရက်နှင့် ၇ ရက်တိုတွင် ညနေ ၃ နာရီခွဲ၌ သန်လျင်မြိုနယ်ရှိ Star City ကွင်းတွင် ကျင်းပမည်ဖြစ်သည်။
1 085
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မော်လမြိုင်မြိုနယ်အတွင်းရှိ အခြေခံပညာ စံကိုက်ကျောင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
မော်လမြိုင် ၊ စက်တင်ဘာ ၃၀
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား စံကိုက်ကျောင်းများ၏ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
1 085
ငွေဆောင်တွင် ၂၅၀ မဂ္ဂါဝပ် ဆိုလာစီမံကိန်း ဖော်ဆောင်ရန် စီစဉ်၊ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဖြန့်ဖြူးမည်
ပုသိမ်၊ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြိုတွင် လျှပ်စစ်ဓာတ်အား ၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်ကုမ္ပဏီ GCL Green Energy Technology Limited နှင့် မြန်မာနိုင်ငံသားကုမ္ပဏီ Galaxy Red Star တို ပူးပေါင်းအကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲထံမှ သိရသည်။
1 085
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲစွာလုပ်ဆောင်နေရ
တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသည့် ရေကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲစွာလုပ်ဆောင်နေရကြောင်းသိရသည်။
စက်တင်ဘာနောက်ဆုံးအပတ်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းမြိုနယ်များတွင် မြေပြိုမှုများ၊ ရေကြီးများဖြစ်နေကာ ထားဝယ်မြိုနယ်တွင် ကားလမ်းရေကျော်ခြင်းများ၊ မြိတ်ခရိုင်၊ တနင်္သာရီမြိုနယ်တွင် တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်သွားသည့်အတွက် ကျေးရွာများစွာ ရေနစ်မြုပ်ကာ ပြည်ထောင်စုလမ်းမကြီးလည်း သွားလာမရတော့ကြောင်း သိရသည်။
