သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 065
Підписники
Немає даних24 години
-367 днів
-7530 днів
Архів дописів
1 065
ထိုင်းနိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများ သိုမဟုတ် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်သော နိုင်ငံခြားသားများကို ထိုင်းဝန်ကြီးချုပ် အနူတင်က ပြင်းပြင်းထန်ထန် သတိပေး
ထိုင်းနိုင်ငံ၏ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော သိုမဟုတ် ထိုင်းပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်သော နိုင်ငံခြားသားများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်က ပြင်းထန်သော စကားလုံးများ သုံးနှုန်းပြောကြားခဲ့ကြောင်း Khaosod English သတင်းတွင် ဖော်ပြထားသည်။
1 065
ထိုင်းနိုင်ငံတွင် iPhone 18 စီးရီးသစ်ကို စက်တင်ဘာ ၁၈ ရက်၌ စတင်ရောင်းချမည်
အမေရိကန်နည်းပညာကုမ္ပဏီ Apple ၏ အသစ်ထွက်ရှိလာသည့် iPhone 18 Pro ကို ဝယ်ယူရန်အတွက် ထိုင်းနိုင်ငံက အရှေ့တောင်အာရှတွင် မလေးရှားပြီးလျှင် ဒုတိယဈေးအသက်သာဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် iPhone 18 စီးရီးသစ် မော်ဒယ်များအတွက် ကြိုတင်မှာယူမှုကို စက်တင်ဘာ ၁၂ ရက်တွင် စတင်လက်ခံခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် တရားဝင်ရောင်းချမည်ဖြစ်သည်။
1 065
မင်္ဂလာဒုံမြိုနယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး
မင်္ဂလာဒုံမြိုနယ်တွင် YBS စောင့်နေသည့် အမျိုးသမီးထံမှ လက်ကိုင်အိတ်လုယက်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲမှ သိရသည်။
1 065
သားဖြစ်သူကိုသတ်ချင်ကြောင်း ChatGPT ကိုပြောခဲ့တဲ့ဖခင် ဖမ်းဆီးခံရ
သတိပေးချက် - ဒီသတင်းမှာ အကြမ်းဖက်မှုနဲ့ သေကြောင်းကြံမှုနဲ့ဆက်နွှယ်တဲ့အကြောင်းတွေ ပါပါတယ်။
"ကျွန်တော်နဲ့ ကျွန်တော့်သားကိုပါ သတ်ဖို သူ့ကို ဒေါ်လာ ၅၀,၀၀၀ ပေးမယ်လို ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ ကလေးပါနေလို သူက မလုပ်ဘူး။"
"လူတွေကို သတ်ချင်စိတ်က ဘယ်ကနေ ဖြစ်လာတာလဲဆိုတာ သိချင်ခဲ့တယ်။ တခြားလူတစ်ယောက် ဒုက္ခခံနေရတဲ့ခံစားချက်ကို ကျွန်တော် သဘောကျတယ်။"
ဒီစာသားတွေက ဘရာဇီးနိုင်ငံက လယ်သမားတစ်ဦး နှစ်လနီးပါးကြာအောင် ChatGPT နဲ့ အပါအဝင် စာတွေ အပြန်အလှန်ပေးပိုခဲ့ပါတယ်။ ရဲတပ်ဖွဲရဲ့ ပြောကြားချက်အရ အဲဒီစာတွေထဲမှာ အသက်ရှစ်နှစ်အရွယ် သူ့သားကို သတ်ဖို၊ တခြားလူတွေကို တိုက်ခိုက်ဖိုနဲ့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။
Noted: AI ပဲဆိုပြီး အိတ်သွန်ဖာမောက်လျှောက်ပြောလို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ AI ဟာနောက်ပိုင်းမှာ ထိန်းမနိုင် သိမ်းမရတိုးတက်လာရင် သူ့ကို Control လုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေကြိုပြင်ထားဖို့ လိုပါ့မယ်။
1 065
မြန်မာနဲ့ အိန္ဒိယ တပ်မတော်နှစ်ရပ်ကြား လဝက်ခန့်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်
(နိုင်ငံတကာ) စက်တင်ဘာ ၁၇
မြန်မာတပ်တော်နဲ့ အိန္ဒိယတပ်မတော် နှစ်ရပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး လေ့ကျင့်မှုကို လဝက်ခန့်ကြာ ပြုလုပ်နေတာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်ပါတယ်။
၅ ကြိမ်မြောက် အိန္ဒိယ-မြန်မာတပ်မတော် ပူးတွဲစစ်ရေးလေ့ကျင့်မှု India–Myanmar Bilateral Army Exercise (IMBAX) ကို အိန္ဒိယနိုင်ငံ၊ မေဃာလယပြည်နယ်၊ အုမ်ရွိုင်းမြို့က ပူးတွဲလေ့ကျင့်ရေးစခန်းမှာ ပြုလုပ်နေကြတာဖြစ်တယ်လို့ အိန္ဒိယတပ်မတော်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
1 065
၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲ နိုဝင်ဘာ ၁၈ ရက်တွင် စတင်မည်
တောင်ကြီး၊ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရိုးရာမီးပုံးပျံပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၁၈ ရက်မှ စတင်မည်ဖြစ်သည်။
ပွဲတော်ကို တောင်ကြီးမြို့၊ အဝေရာမီးပုံပျံကွင်း၌ နိုဝင်ဘာ ၁၈ မှ ၂၄ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီမှ သတင်းထုတ်ပြန်သည်။
အဆိုပါ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်မီးပုံးပျံ စာရင်းများကို ယနေ့ (စက်တင်ဘာ ၁၇ ရက်) မှစတင်၍ အဝေရာမီးပုံးပျံကွင်းတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက်နှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ပွဲရက်များ တိုးမြှင့်ကျင်းပသွားဖွယ်ရှိကြောင်း သတင်းနှင့် ပြန်ကြားရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြိုင်ပွဲအပြီး ထူးချွန်ဆုရရှိသည့် မီးပုံးပျံများအတွက် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။
1 065
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
စက်တင်ဘာ ၁၇
ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင်၊ ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအတွင်း စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် KIA SELTOS အနက်ရောင် SUV ယာဉ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၃ ဦး လိုက်ပါလာပြီး ယာဉ်ရပ်နားစခန်းမှ ပြန်လည်ထွက်ခွာစဉ် ယာဉ်မောင်းအမျိုးသားမှာ ရုတ်တရက် အတက်ရောဂါဖောက်ကာ လီဗာကို မတော်တဆ ဖိနင်းမိသဖြင့် ယာဉ်အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းအုတ်ခုံကို ကျော်တက်ကာ သွပ်မိုးအဆောက်အဦးနှင့် ပန်းအုတ်ခုံတို့ကို ဝင်တိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
1 065
နိုင်ငံတော်ဝဇီရာ ကဇာတ်ရုံကြီး မှာ အောင်ဇမ္ဗူဇာတ်သဘင် ဖျော်ဖြေခဲ့
နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ "ဝဇီရာ ကဇာတ်ရုံကြီး" ထဲက "အောင်ဇမ္ဗူဇာတ်သဘင်" ကပြခဲ့တဲ့ည။ စက်တင်ဘာလ (၁၃) ရက်နေ့၊ တနင်္ဂနွေနေ့ညနေမှာ ကျင်းပခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သမိုင်းဝင် "ဝဇီရာ ကဇာတ်ရုံကြီး" မှ "အောင်ဇမ္ဗူဇာတ်သဘင်" ပွဲပုံရိပ်တွေပဲဖြစ်ပါတယ်။
ဒီလို ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တဲ့ နောက်ကွယ်မှာ ချစ်စွာသော ပရိသတ်တစ်ဦးချင်းစီရဲ့ တခဲနက် လာရောက် အားပေးဝန်းရံမှုတွေကြောင့်လိုလည်း ပြောနိုင်ပါတယ်။
1 065
ကျိုက်ထိုမြိုနယ်အ.မ.က-ကျိုက်ပိ(၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်
ကျိုက်ထို၊ စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ကျိုက်ထိုမြိုနယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၁၇)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို၊ ကျိုက်ပိကျေးရွာရှိ အ.မ.က-ကျိုက်ပိ(၂) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကိုဆောင်ရွက်ခဲ့ကြသည်။
1 065
ပေါင်မြိုနယ် ကျွဲခြံကျေးရွာ၌ ကျေးလက်ဒေသဖွံဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်
ပေါင်၊ စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ ပေါင်မြိုနယ်တွင် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို ပူးပေါင်း၍ “ကျေးလက်ဒေသဖွံဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျွဲခြံကျေးရွာ မွန်ရွှေကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။
1 065
ဖားအောက်ကျေးရွာ၌ ရေဂါလန် ၅,၀၀၀ ဆံ့ အုတ်ရေကန်နှင့် စက်ရေတွင်း တည်ဆောက်ပြီးစီး
မော်လမြိုင်၊ စက်တင်ဘာ ၁၇
မော်လမြိုင်မြိုနယ် ဖားအောက်ကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေဂါလန် ၅,၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို စက်တင်ဘာ ၁၆ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
1 065
❝ရန်ကုန်မြိုရှိ လူစည်ကားရာနေရာများတွင် ခါးပိုက်နှိက်သူ ၁၈၆ ဦးကို (၆) လအတွင်း ဖမ်းဆီးအရေးယူနိုင်ခဲ့❞
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်များ၊ ယာဉ်မှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် အုပ်စုဖွဲခါးပိုက်နှိက်မှုများ လျော့နည်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ (၆) လတာကာလအတွင်း ခါးပိုက်နှိက်မှု ၂၀၆ မှုနှင့် ဆက်စပ်သည့် တရားခံ ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲသတင်းမှတ်တမ်းများအရ သိရသည်။
1 065
ကနေဒါသာ EU ရဲ့ တွဲဖက်အဖွဲဝင် ဖြစ်လာရင် EUနိုင်ငံတွေနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းပစ်နိုင်ဟု ထရမ့်ဆို
ကနေဒါနိုင်ငံသာ ဥရောပသမဂ္ဂ (EU) ရဲ့ တွဲဖက်အဖွဲဝင်(Associate Member) ဖြစ်လာခဲ့ရင် အမေရိကန်အနေနဲ့ ဥရောပနိုင်ငံတွေနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းပစ်နိုင်တယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
"ဒါကိုသာ ရန်လိုတဲ့လုပ်ရပ်လို ကျွန်တော် ယူဆရင်တော့ ဥရောပအပေါ် အတော်လေး ပြင်းထန်တဲ့ စည်းကြပ်ခွန်တွေ စည်းကြပ်သွားမယ်၊ ဒါမှမဟုတ် ကုန်ပစ္စည်း တော်တော်များများမှာ ဥရောပနဲ့ ကုန်သွယ်နေတာကို ရပ်ပစ်မယ်" လို မြောက်ကာရိုလိုင်းနားမှာ သတင်းထောက်တွေကို ထရမ့်က ပြောခဲ့တာပါ။
Noted: ဒီဖြစ်ရပ်ကိုပဲ ကြည့်ပါ။ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဗိုလ်ကျပြီး ဖျက်လို့ဖျက်စီးလုပ်နေတာ ကာယကံရှင်နိုင်ငံဆို ဘယ်လောက်ရင်ခံမလဲ။ တစ်ခါတစ်ခါကျ စဉ်းစားမိတယ် မြောက်ကိုရီးယားလိုခက်မိုက်မိုက်နေမှ နိုင်ငံတကာကလည်း ရမဲ့အနေအထား။ ဒီအချိန်မှာ ကိုယ်တွေနိုင်ငံကလည်း စည်းလုံးရမှာကို အကွဲကွဲ အပြဲပြဲ။
1 065
ဘန်ကောက်မြိုရှိ ကျားဖျန့်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲ ဝင်ရောက်စီးနင်းခဲ့ချိန်တွင် မြန်မာနိုင်ငံသားများအပါအဝင် သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးရမိ
ထိုင်းနိုင်ငံ ဘန်ကောက်မြိုရှိ ကျားဖျန့်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲက စက်တင်ဘာ ၁၆ ရက်တွင်ဝင်ရောက်စီးနင်းခဲ့ချိန်တွင် မြန်မာနိုင်ငံသားများအပါအဝင် သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း Thai Enquirer သတင်းတွင် ဖော်ပြထားသည်။
1 065
❝ Facebook ပေါ်က လေယာဥ်မှူးအမျိုးသားကို အသက် ၆၆ နှစ်အရွယ်အမျိုးသမီးက ချစ်စိတ်ဝင်ကာ လမ်ပန်းမှ ချင်းမိုင်အထိ လာတွေ့မှ AI ဖြင့်ဖန်တီးထားသည့် လေယာဉ်မှူးဖြစ်နေမှန်း သိလိုက်ရ❞
ထိုင်းနိုင်ငံ လမ်ပန်းပြည်နယ်မှ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် Facebook ပေါ်တွင်တွေ့ရှိခဲ့သည့် လေယာဥ်မှူးဆိုသူအမျိုးသားကို ချစ်စိတ်ဝင်ကာ တွေ့ဆုံရန် မိသားစုကို အသိမပေးဘဲ လမ်ပန်းမှ ချင်းမိုင်အထိ တစ်ဦးတည်း ခရီးထွက်လာခဲ့ပြီး ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်မှ အဆိုပါ လေယာဥ်မှူးဆိုသူမှာ AI ဖြင့်ဖန်တီးထားသော အမျိုးသားတစ်ဦး၏ပုံဖြစ်မှန်း သိရှိသွားသည့် ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၁၆ ရက်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
1 065
TikTok တည်ထောင်သူ ကျန်းယိမင် အိန္ဒိယဘီလျံနာ ဂေါ်တမ်အဒါနီကိုကျော်တက်ကာ အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ
TikTok ဖန်တီးခဲ့သည့် ByteDance ကုမ္ပဏီ၏တည်ထောင်သူ ကျန်းယိမင်သည် အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ပထမဆုံးအကြိမ် ရပ်တည်လာပြီဖြစ်ကြောင်း Bloomberg Billionaires Index ၏ အချက်အလက်များအရ သိရသည်။
1 065
လက်နက်ကိုင်အဖွဲများအနေဖြင့် ပြည်တွင်းပဋိပက္ခဖြစ်ပွားနေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများ၊ လက်နက်/ ခဲယမ်းများ ဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား
လက်နက်ကိုင်အဖွဲများအနေဖြင့် ပြည်တွင်းပဋိပက္ခဖြစ်ပွားနေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများအပြင် လက်နက်/ ခဲယမ်းများ ဝယ်ယူခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားသည်။
စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ အစည်းအဝေး (၁/၂၀၂၆) တွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။
1 065
ထိုင်းဘုရင် ကိုယ်တိုင်လေယာဉ်မောင်းနှင်ကာ ဗီယက်နမ်သို နိုင်ငံတော်ခရီးစဉ် သွားရောက်
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် မိဖုရားဆုသီဒါတိုသည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကိုယ်တိုင်လေယာဉ်မောင်းနှင်ကာ ဗီယက်နမ်နိုင်ငံ ၊ မြိုတော်ဟနွိင်းသို ရောက်ရှိခဲ့ပြီး နိုင်ငံတော်ခရီးစဉ်ကို စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတတိုလမ်နှင့် ဇနီးတို၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၆ ရက်အထိ ကြာမြင့်ခဲ့သည်။
ထိုင်းဘုရင်နှင့်အတူ ထိုင်းဝန်ကြီးချုပ် အနုတင်က ခရီးစဉ်အတွင်း ဘုရင့်အနီးကပ် တာဝန်ရှိဝန်ကြီးအဖြစ် လိုက်ပါခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး အူရာဝဒီ ဆရီဖီရွမ်ယာနှင့် အခြားအဆင့်မြင့် အစိုးရအရာရှိများလည်း လိုက်ပါသွားကြသည်။
1 065
ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သီးခြားစီမိတ်ဆက်တွေ့ဆုံ၊ သံရုံးများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
ဘရူနိုင်း၊ စက်တင်ဘာ ၁၇
ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးသက်နောင်သည် စက်တင်ဘာ ၈ ရက်မှ ၁၆ ရက်အတွင်း ဘရူနိုင်းနိုင်ငံဆိုင်ရာ အာဆီယံအဖွဲဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သီးခြားစီ မိတ်ဆက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
1 065
ဖိလစ်ပိုင်တွင် လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တောင်ကိုရီးယား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်က ဒရုန်းကိုတွယ်စီးပြီး အကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်း
ဖိလစ်ပိုင်နိုင်ငံတွင် လူသတ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တောင်ကိုရီးယား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဒရုန်းကိုတွယ်စီးပြီး အကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းခဲ့သော်လည်း ၄င်းနှင့်အတူ ပူးပေါင်းကြံစည်သူက ရိုက်ကူးခဲ့သည့် အစမ်းလေ့ကျင့်မှုဗီဒီယို ပေါက်ကြားသွားခဲ့သဖြင့် ထွက်ပြေးမည့်အစီအစဥ် မအောင်မြင်ခဲ့ကြောင်း ဘန်ကောက်ပိုစ်သတင်းတွင် ဖော်ပြခဲ့သည်။
