သိင်္ခ
Відкрити в Telegram
အသိတိုး
Показати більшеКраїна не вказанаКатегорія не вказана
1 060
Підписники
-224 години
-87 днів
-7230 днів
Архів дописів
1 060
အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်က အီရန်အစိုးရ ပြုတ်ကျရေးပါပဲ လို နေတန်ယာဟုဆို
စက်တင်ဘာ - ၄ ( သောကြာနေ့ )
အစ္စရေး၏ နိုင်ငံခြားရေးမူဝါဒ၏ ပဓာနအကျဆုံး ဦးစားပေးမှာ အီရန်၏ အစိုးရအဖွဲကို ပြောင်းလဲပစ်ရန် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျရောက်မည့် ဂျူးသစ်ဆန်းနှစ်ပွဲတော် မတိုင်မီ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် ၊ စစ်ဦးစီးချုပ် အီယေးလ် ဇာမီယာ တိုအပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံစဉ် နက်တန်ယာဟုက "ဒီခြိမ်းခြောက်မှုကို ကျနော်တို လုံးဝဥဿုံ ဖယ်ရှားပစ်နိုင်စွမ်း ရှိတယ်ဆိုတာ ယုံကြည်ပါတယ်။ ဆိုလိုတာက ဒီအစိုးရ (တီဟီရန် အာဏာပိုင်များ) ကို ဖြုတ်ချပစ်ဖိုပါ။
ဒါဟာ ကျနော်တိုရှေ့မှာ ရှိနေသေးတဲ့ အဓိကတာဝန် ဖြစ်ပေမဲ့လည်း ရောက်ရှိဖို နီးကပ်နေပါပြီ။ မဖြစ်နိုင်တာမဟုတ်ဘဲ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပါတယ်" လို ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
1 060
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို သွားရောက်လေ့လာ
ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုနောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်နေမှုနှင့် ကုမ္ပဏီ၏ လုပ်ငန်းဖွံဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
1 060
ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို UWSA က တပ်မတော်ထံ လွှပြောင်းပေးအပ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြိုနယ် ဟွေအောကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က တပ်မတော်ထံ လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို စက်တင်ဘာ ၄ ရက်တွင် ဟွေအောကျေးရွာခန်းမ၌ ကျင်းပသည့် လွှပြောင်းပေးအပ်ပွဲအခမ်းအနား၌ တပ်မတော် ခြေလျင်တပ်ရင်း (၆၅) ၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းတင်က လက်ခံရယူခဲ့ကြောင်း UWSA ဝပြည်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
1 060
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့သွားရောက်လေ့လာ
ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာ အထူး ဇုန်များမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာပစ္စည်းများ လာရောက် ထုတ်လုပ်နိုင်ပါကြောင်းဆွေးနွေးပြောကြား
ဗီယက်နမ်နိုင်ငံသို့တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
1 060
Repost from Gyar Nuu (ဂျာနူး)✍️
+6
အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF ၁၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံအလင်းဝင်
၄-၉-၂၀၂၆ ရက်နေ့ ယနေ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် PDF အဖွဲ့ဝင် အမျိုးသား( ၁၆)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း ၁၇ ဦးတို့သည် သေနတ် ၉ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့။
အသိတရားရပြီး နောက်ထပ်အလင်းဝင်ချင်သည့် ညီငယ်၊ ညီမငယ်များလည်း နီးစပ်ရာ လုံခြုံရေးအဖွဲ့များနှင့်ချိတ်ဆက်ပြီး အလင်းဝင်ရောက်နိုင်သလို ဖော်ပြပါ Link ရှိ ဖုန်းနံပါတ်များကို ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်ပါတယ်။
1 060
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း
ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတိုကို လေ့လာကြည့်ရှုခဲ့သည်။
နိုင်ငံတော်သမ္မတသည် Vinfast မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ မှ အပြီးသတ်ထုတ်လုပ်ထားသည့် မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ အား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
1 060
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း
ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။
1 060
အမေရိကန်ကြည်းတပ်၏ယာယီဝန်ကြီးအဖြစ် ကြည်းတပ်ဒုတိယဝန်ကြီး အဒမ်တဲလ်ကို သမ္မတဒေါ်နယ်ထရန့်က ခန့်အပ်
သမ္မတဒေါ်နယ်ထရန့်က အမေရိကန်ကြည်းတပ်၏ယာယီဝန်ကြီးအသစ်ကို ခန့်အပ်လိုက်သည်ဟု စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ခေါင်းဆောင်ပိုင်းနှင့် သဘောထားမတိုက်ဆိုင်မှုများရှိခဲ့သည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကြည်းတပ်၏အရပ်သားဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်သွားပြီးနောက် ရက်ပိုင်းအတွင်း သမ္မတက ယာယီကြည်းတပ်ဝန်ကြီးတစ်ဦးကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။
1 060
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ် ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်း VinFast စက်ရုံသို သွားရောက်လေ့လာ
===========================================
ဟနွိင်း၊ စက်တင်ဘာ ၄
■ ဗီယက်နမ်နိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဟိုင်ဖုန်းမြိုရှိ VinFast Hai Phong Manufacturing Complex သို သွားရောက်၍ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။
1 060
သင်္ဘောသားများ PS နိုင်ငံကူးလက်မှတ်ဖြင့် အလည်အပတ်ထွက်ခွာခွင့် ကန့်သတ်၊ ပြည်ပသွားရောက်ပါက PV အမျိုးအစား ပြောင်းလဲကိုင်ဆောင်ရမည်
သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို အလည်အပတ်ထွက်ခွာခြင်းနှင့် ပတ်သက်၍ အလွဲသုံးစားမှုများ ဖြစ်ပေါ်နေသဖြင့် အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ PS အမျိုးအစားဖြင့် အလည်အပတ်ထွက်ခွာခွင့်ပြုတော့မည်မဟုတ်ကြောင်း ရေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေးကြေညာထားသည်။
1 060
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းတည့် ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။
Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတိုမှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် နွေးထွေးစွာ ကြိုဆိုကြသည်။
1 060
တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အောက် အနည်းငယ်ကျဆင်းလာ
စာသင်ကျောင်းများပိတ်ထားရဆဲဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးသွားလာမှု မရသေးကြောင်း သိရသည်။ တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အောက်အနည်းငယ်ကျဆင်းလာပြီးစာသင်ကျောင်းများ ပိတ်ထားရဆဲဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးသွားလာမှု မရသေးကြောင်းသိရသည်။
တနင်္သာရီမြစ်ရေမှာ စက်တင်ဘာ ၄ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ သာမန်ရေမျက်နှာပြင်အထက် ၂၃ ပေ ၇ လက်မတွင်ရှိနေပြီး အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေ အောက်သို ၅ လက်မကျဆင်းလာကြောင်း သိရသည်။
1 060
ရုရှားမှာရှိတဲ့ အမေရိကန်ကုမ္ပဏီတွေက ထွက်ခွာချင်စိတ်မရှိကြဘူး လို ပြော
စက်တင်ဘာ - ၄ ( သောကြာနေ့ )
အမေရိကန်အစိုးရက ပိတ်ပင်ထားပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော်ဟာ ရုရှားမှာ ဆက်လက် စီးပွားရေးလုပ်ကိုင်နေကြပြီး ရုရှားဈေးကွက်ထဲကနေ ထွက်ခွာဖို အစီအစဉ်လည်း မရှိကြပါဘူးလို သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) စည်းရုံးရေးကော်မတီ၏ အလုပ်အမှုဆောင်အတွင်းရေးမှူး အန်တွန် ကိုဘယာကော့ဗ် က EEF ဖိုရမ်ကျင်းပစဉ်အတွင်း TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
"ကျနော်တို ဈေးကွက်ထဲမှာ အမေရိကန်ကုမ္ပဏီ ၃၀၀ ကျော် ဆက်ကျန်နေပါသေးတယ်" လို ကိုဘယာကော့ဗ်က ပြောပါတယ်။ "အမေရိကန်အာဏာပိုင်တွေက ကုမ္ပဏီတွေကို တိုက်ရိုက်ပိတ်ပင်တာ ဒါမှမဟုတ် ရုရှားမှာ မလုပ်ကိုင်ဖို တားမြစ်ထားတာတွေ ရှိနေပေမဲ့လည်း အမေရိကန်ကုမ္ပဏီ ၃၀၀ ဟာ ရုရှားဈေးကွက်ထဲမှာ ဆက်လက် အလုပ်လုပ်နေကြတာပါ"လို ဆိုပါတယ်။
1 060
Repost from Gyar Nuu (ဂျာနူး)✍️
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေး ခရီးစဉ်
1 060
+4
ပြ့ည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ်(Official Visit) စတင်ထွက်ခွာ
နေပြည်တော်၊ စက်တင်ဘာ - ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
လေဆိပ်တွင် ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတိုမှ တာဝန်ရှိသူများက ပိုဆောင်နှုတ်ဆက်ကြသည်။
1 060
+1
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း အခမဲ့ကျောင်းအစားအစာအစီအစဉ်ကြောင့် သုံးရက်အတွင်း ကျောင်းသား နှင့် ဆရာ၊ ဆရာမ ၂,၀၀၀ ကျော် ခန့် အစာအဆိပ်သင့်
၄.၉.၂၀၂၆
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ကျောင်းသားနှင့် ဆရာ၊ ဆရာမ ၂,၀၀၀ ခန့်သည် စက်တင်ဘာလ အစောပိုင်းက အစိုးရ၏ အခမဲ့ကျောင်းနေ့လည်စာအစီအစဉ်နှင့် ဆက်စပ်၍ ပြီးခဲ့သည့် သုံးရက်အတွင်း အစာအဆိပ်သင့်မှုဖြင့် ဖျားနာခဲ့ကြရာ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အခမဲ့ အာဟာရပြည့်ဝသော အစားအစာများ အစီအစဉ်အပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။
အစိုးရမှ ပံ့ပိုးပေးသော အခမဲ့ကျောင်းအစားအစာများကို စားသုံးပြီးနောက် အင်ဒိုနီးရှားတွင် လူပေါင်းထောင်နှင့်ချီ၍ အစာအဆိပ်သင့်ခဲ့ရကြောင်း သတင်းများက ဖေါ်ပြခဲ့သည်။
1 060
ရွှေတြိဂံဒေသ သုံးနိုင်ငံ နယ်စပ်မျဉ်းပေါ်က ထိုင်းနိုင်ငံ ချင်းဆန်းမြိုနယ်အတွင်း အမျိုးသား(၂)ဦးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ခန့်မှန်း (၂.၈) သန်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲက စက်တင်ဘာ (၃) ရက်ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြိုဖြစ်တဲ့ မယ်ဆိုင်မြိုကနေ လန်းပန်းမြိုကိုသွားရောက်ပိုဆောင်ဖိုအတွက် ချင်းဆဲန့်မြိုကို ဖြတ်သန်းသွားတဲ့ ချင်းမိုင်လိုင်စင်နံပါတ်ပါ ကားပေါ်မှာ စိတ်ကြွဆေးပြားတွေ ထည့်သွင်းသယ်ဆောင်လာတဲ့ ဆာလာအိတ်(၁၄)အိတ်နဲ့အတူ တရားခံ(၂)ဦးကို ဖမ်းဆီးရမိတာလို သိရပါတယ်။
1 060
မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်မည်ဟု ဒုတိယသမ္မတ ဦးညိုစော ပြောကြား
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum - EEF) မျက်နှာစုံညီအစည်းအဝေးသို ဒုတိယသမ္မတ ဦးညိုစော တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးကို စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရုရှားအရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်နယ်မြေရှိ အဆောက်အဦ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး RBC TV Channel မှ ကီရီးလ်တာကာရက်ဗ်က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။
1 060
ဖလမ်းရှိ ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံ ၂၀၈ ခု ပြန်လည်ပြုပြင်နေပြီး ကျပ် ၉၆၀၁ သန်းကျော် အသုံးပြုမည်ဟုဆို
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းခရိုင်နှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာ ၃၉ ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အအုံ ၂၀၈ ခုကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ဖလမ်းမြိုတော်ခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားရာတွင် အဆိုပါ အဆောက်အအုံ ၂၀၈ ခု ပြုပြင်ရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၉၆၀၁ ဒသမ ၂၆၈၂၇ သန်း အသုံးပြုမည်ဖြစ်ပြီး ကုမ္ပဏီ ၁၄၈ ခုက ဩဂုတ် ၃ ရက်မှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
