uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဖိုးမှန်

ဖိုးမှန်

Відкрити в Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Показати більше
Країна не вказанаКатегорія не вказана
4 659
Підписники
-1624 години
-407 днів
-30030 днів
Архів дописів
ပြည်တွင်းစက်သုံးဆီဈေး တစ်ပတ်အတွင်း သိသိသာသာမြင့်တက်၊ 92 ဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ် ၆၄၀ ကျပ် တက် ရန်ကုန်တွင် 92 ဓာတ်ဆီ တစ်လီတာ
ပြည်တွင်းစက်သုံးဆီဈေး တစ်ပတ်အတွင်း သိသိသာသာမြင့်တက်၊ 92 ဓာတ်ဆီ ၆၂၅ ကျပ်နှင့် ဒီဇယ် ၆၄၀ ကျပ် တက် ရန်ကုန်တွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်၊ ဒီဇယ် ၄,၇၉၀ ကျပ်အထိ ရောက်ရှိ ရန်ကုန်၊ စက်တင်ဘာ ၂၅ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ယခုတစ်ပတ်အတွင်း သိသိသာသာ ပြန်လည်မြင့်တက်လာပြီး ရန်ကုန်မြိုတွင် 92 ဓာတ်ဆီ တစ်လီတာ ၄,၄၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄,၇၉၀ ကျပ်အထိ ရောက်ရှိလာကြောင်း စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ရန်ကုန်မြိုတွင် 92 Ron တစ်လီတာ ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာ ၄,၆၀၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄,၇၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၅,၇၉၅ ကျပ်အထိ ရှိလာသည်။ ယခင်တစ်ပတ်နှင့် နှိင်းယှဉ်ပါက 92 Ron တစ်လီတာ ၆၂၅ ကျပ်၊ 95 Ron တစ်လီတာ ၆၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၆၄၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၇၄၅ ကျပ်အထိ အသီးသီး ဈေးမြင့်တက်လာခြင်းဖြစ်သည်။

နေတန်ယာဟု က ကုလသမဂ္ဂညီလာခံမှာ ပွဲကြမ်းလို ကိုယ်စားလှယ်တွေ နားမထောင်ဘဲ ထွက်ခွာသွား စက်တင်ဘာ - ၂၅ ( သောကြာနေ့ ) အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတာယာဟု ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပေဂျာ (ဖုန်းခေါ်ရင်အသံမြည်တဲ့ပစ္စည်း) တစ်လုံးကို ထုတ်ပြခဲ့ပါတယ်။ ဒါဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ထောင်ပေါင်းများစွာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ပြီး သေဆုံးခဲ့ရတဲ့၊ လီဘနွန်နိုင်ငံရှိ ဟဇ်ဘိုလာ အဖွဲကို ပစ်မှတ်ထားခဲ့တဲ့ ၂၀၂၄ ခုနှစ်က သေကျေပျက်စီးမှု များပြားခဲ့တဲ့ လျှိဝှက် ဖောက်ခွဲဖျက်ဆီးရေး စစ်ဆင်ရေးကို ပြန်လည် အမှတ်ရစေခဲ့တာပါ။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့မှာ လီဘနွန်တစ်ဝှမ်းလုံးမှာရှိတဲ့ ဟဇ်ဘိုလာ အဖွဲဝင်တွေ ကိုင်ဆောင်ထားတဲ့ ပေဂျာ ထောင်ပေါင်းများစွာ စတင် ပေါက်ကွဲခဲ့ပြီး၊ နောက်တစ်နေ့မှာတော့ ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ စကားပြောစက်(ဝေါ်ကီတော်ကီ) ရာပေါင်းများစွာ ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အနီးအနားမှာရှိနေတဲ့ အရပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူတိုရဲ့ မိသားစုဝင်တွေ အပါအဝင် လူပေါင်း ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီစစ်ဆင်ရေးဟာ သူတိုလက်ချက်ဖြစ်ကြောင်း အစ္စရေးဘက်က ဝန်ခံခဲ့ပါတယ်။

photo content

စမွတ်ပရာကန်မှာ မြန်မာလုပ်သားချင်း ရန်ဖြစ်ရာမှ ဓားထိုးမှုကြောင့် ၁ ဦးသေဆုံး 𝙎𝙀𝙋~𝟐𝟓 ထိုင်းနိုင်ငံ ဘန်ကောက်မြိုတောင်ဘက်ရှိ
စမွတ်ပရာကန်မှာ မြန်မာလုပ်သားချင်း ရန်ဖြစ်ရာမှ ဓားထိုးမှုကြောင့် ၁ ဦးသေဆုံး 𝙎𝙀𝙋~𝟐𝟓 ထိုင်းနိုင်ငံ ဘန်ကောက်မြိုတောင်ဘက်ရှိ စမွတ်ပရာကန်ခရိုင်၊ စမွတ်ပရာကန်မြိုတွင် စက်တင်ဘာ ၂၄ ရက် ညပိုင်းက မြန်မာလုပ်သားအချင်းချင်း ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ် - ရေး ကားလမ်းတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲတစ်ဖွဲ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနာက် ပြန်လည်လွတ်မြောက် သံဖြူဇရပ် - ရေးကားလမ်းတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲတစ်ဖွဲ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနာက် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ (၂) နာရီခန့်က သံဖြူဇရပ် - ရေးကားလမ်း သံဖြူဇရပ်မြိုနယ် ရွာသာအေးကျေးရွာအနီး ဇမြွန်းပင်လမ်းဆုံတွင် လက်နက်ကိုင်အဖွဲတစ်ဖွဲမှ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ရပ်တန့်စေပြီး တပ်မတော်သားများနှင့် ဝန်ထမ်းများ ပါရှိလာမှု ရှိ/မရှိ စစ်ဆေးနေစဉ် သံဖြူဇရပ်မြိုမှ ရေးမြိုဘက်သို ဆိုင်ကယ်ဖြင့် မောင်းနှင်သွားသည့် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ အသက် (၂၉) နှစ်အရွယ် သံဖြူဇရပ် - ရေးကားလမ်း ဦးမျိုးသီဟမှာ ထိုလက်နက်ကိုင်အဖွဲ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ၎င်းကဆက်လက်ပြီး “ဦးမျိုးသီဟ ကိုင်ဆောင်တဲ့ ဖုန်းကို လက်နက်ကိုင်အဖွဲက စစ်ဆေးတဲ့အခါမှာ စားသုံးသူရေးရာဦးစီးဌာနရဲ့ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဓါတ်ပုံတွေ တွေ့ရှိခဲ့လို ဖမ်းဆီးသွားတလို သိရပါတယ်” ဟု ပြောကြားသည်။ ဦးမျိုးသီဟအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သံဖြူဇရပ်မြိုနယ် အောင်သပြေကျေးရွာရှိ နေအိမ်တစ်လုံးတွင် ချုပ်နှောင်ထားခဲ့ကြောင်းနှင့် စက်တင်ဘာလ (၂၃) ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် ၎င်းအား ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။

photo content

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ် 𝙎𝙀𝙋~𝟐𝟓 အကြမ်းဖက်ဖြစ်စဉ်များ
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ် 𝙎𝙀𝙋~𝟐𝟓 အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာ ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်း ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဖလမ်းမြိုရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်တာဝန်ခံတိုက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေး စကားပြောမယ်လို အီရန်ဘက်က ပြောပြီ စက်တင်ဘာ - ၂၅ ( သောကြာနေ့ ) အီရန်ဟာ လအတော်ကြာ ဖြ
ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေး စကားပြောမယ်လို အီရန်ဘက်က ပြောပြီ စက်တင်ဘာ - ၂၅ ( သောကြာနေ့ ) အီရန်ဟာ လအတော်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမေရိကန်တွေရဲ့ နိုဝင်ဘာ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ အဆုံးသတ်နိုင်ဖို အမေရိကန်ကို သဘောတူညီချက် အသစ်တစ်ခု ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ အီရန်ဘက်က သဘောတူညီချက်ရဖိုအတွက် ရွေးကောက်ပွဲ ပြီးတဲ့အထိ တမင်စောင့်ဆိုင်းနေတာပါဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို တိုက်ရိုက် စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။

NSPNC နှင့် MNTJP/MNDAA တိုတွေ့ဆုံပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နယ်စပ်ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲပါဝင်ရေး ကိစ္စမျာ
NSPNC နှင့် MNTJP/MNDAA တိုတွေ့ဆုံပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နယ်စပ်ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲပါဝင်ရေး ကိစ္စများ ဆွေးနွေး 𝙎𝙀𝙋~𝟐𝟓 အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ(NSPNC) နှင့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA) တိုသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ တွေ့ဆုံပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာကိစ္စများ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ဒေသဖြတ်သန်းစီမံကိန်းများ၊ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးတိုကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယာယီနေရပ်စွန့်ခွာသူများ၏ဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မည်သိုအစီအမံများ ထားရှိထားသည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း ဦးသက်နိုင်ဦး မေးမြန်း မိမိတို၏ လွှတ်တော်မေးခွန်းများသည် နိုင်ငံတော်အစိုးရအား အကြပ်ရိုက်စေလိုသည့် ရည်ရွယ်ချက် မပါဘဲ နိုင်ငံတော်အစိုးရနှင့်ပြည်သူအကြား ယုံကြည်မှုပိုမိုခိုင်မာ အားကောင်းလာစေရန် သာဖြစ်ကြောင်း၊ မေးခွန်းဆိုသော်လည်း အပြုသဘောအကြံပြုချက်သာဖြစ်ပါကြောင်း၊ ၂၀၂၁-၂၀၂၅ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလ၌ လူမှုစီးပွားဘဝများ အိုးအိမ်တိုက်တာ နေရာထိုင်ခင်းများ ပျက်စီးဆုံးရှုးခဲ့ကြရသော ယာယီနေရပ်စွန့်ခွာ မိဘပြည်သူများ၏ ဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မည်သို အစီအမံများ ထားရှိသည်ကို သိရှိလိုသည့် မေးခွန်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု တိတိ ကျကျ ပြဋ္ဌာန်းထားသော်လည်း နိုင်ငံတော်သည် နိုင်ငံသူနိုင်ငံသား မိဘပြည်သူတို၏ အသက် အိုးအိမ်စည်းစိမ်ချမ်းသာတိုကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ကို မတွေ့ရပါကြောင်း၊ ဘာကိုညွှန်းသလဲဆိုလျှင် ဒီနိုင်ငံမှာ လူသည် သစ်ပင်တစ်ပင်လောက် တန်ဖိုး ထားမခံရ၊ စာဖွဲမခံရဘူးဆိုသည့် အနက်အဓိပ္ပာယ်အထိ ရောက်သွားသည်ကို သတိပြုကြရန် ဖြစ်ပါကြောင်း၊

photo content

လက်ရှိတွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သား၊ သမီးများ စစ်မှုထမ်းနေကြသည့်အတွက် မိမိတိုနိုင်ငံတွင် အကျုံးဝင်သည့် အနုပညာရှ
လက်ရှိတွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သား၊ သမီးများ စစ်မှုထမ်းနေကြသည့်အတွက် မိမိတိုနိုင်ငံတွင် အကျုံးဝင်သည့် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ၄င်းတို၏ သားသမီးများကိုပါ စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ် ရှိ၊ မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်း ■ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ နည်းဥပဒေ၊ ဥပဒေများ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အမျိုးသားတိုင်း အလှည့်ကျသည့်အချိန်တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား လက်ရှိတွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ သား၊ သမီးများ စစ်မှုထမ်းနေကြသည့်အတွက် မိမိတိုနိုင်ငံတွင် အကျုံးဝင်သည့် အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ၄င်းတို၏ သားသမီးများကိုပါ စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ် ရှိ၊ မရှိ ဗိုလ်တထောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက် က လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

⛽️ ယနေ့စက်သုံးဆီဈေးနှုန်း⛽️ #ဖိုးမှန် သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇 https://t.me/phoehmann007 ကို Join
⛽️ ယနေ့စက်သုံးဆီဈေးနှုန်း⛽️ #ဖိုးမှန် သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇 https://t.me/phoehmann007  ကို Join ထားပေးပါ။

+5
၂၅-၉-၂၀၂၆ ရက်နေ့ထုတ် သတင်းစာများ #ဖိုးမှန် သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇 https://t.me/phoehmann007  ကို Join ထားပေးပါ။

(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ ဂျပန်နိုင်ငံသိုထွက်ခွာ ဂျပန်န
(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ ဂျပန်နိုင်ငံသိုထွက်ခွာ ဂျပန်နိုင်ငံ၊ နာဂိုရာမြိုတွင်ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျေည်ခြင်းအဖွဲသည် ယနေ့ စက်တင်ဘာ ၂၄ ရက်ည ၇ နာရီက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသိုထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် အားထုတ်နေမှုများရှိနေ မြစိမ်းရောင်
မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် အားထုတ်နေမှုများရှိနေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအမည်အား အသုံးပြု၍ Social Media များမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် အားထုတ်နေမှုများရှိနေသည်ဟုသမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ က တီမော ကို ၂-၀ ဖြင့် နိုင် #News
မြန်မာ က တီမော ကို ၂-၀ ဖြင့် နိုင် #News

အားကောင်းသောမုန်တိုင်းငယ် အိန္ဒိယကုန်းတွင်းပိုင်းသို ဆက်လက်ရွေ့လျား၊ တဖြည်းဖြည်း အားလျော့မည်ဟု မိုး/ဇလ အသိပေး ရန်ကုန်၊ စက်တင်
အားကောင်းသောမုန်တိုင်းငယ် အိန္ဒိယကုန်းတွင်းပိုင်းသို ဆက်လက်ရွေ့လျား၊ တဖြည်းဖြည်း အားလျော့မည်ဟု မိုး/ဇလ အသိပေး ရန်ကုန်၊ စက်တင်ဘာ ၂၄ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေဒေသများကို ဖြတ်ကျော်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် လက်ရှိတွင် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို ဆက်လက်ရွေ့လျားနေပြီး တဖြည်းဖြည်း အားလျော့သွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၂၄ ရက်တွင် အသိပေးထုတ်ပြန်သည်။

ကျိုက်ထိုပြည်သူ့ဆေးရုံကို ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် လတ်တလော အစီအစဉ်မရှိသေး နေပြည်တော်၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ်၊
ကျိုက်ထိုပြည်သူ့ဆေးရုံကို ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် လတ်တလော အစီအစဉ်မရှိသေး နေပြည်တော်၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို ပြည်သူ့ဆေးရုံတွင် သုံးနှစ်တာ ပျမ်းမျှအချက်အလက်များအရ တစ်ရက်လျှင် အတွင်းလူနာ ၃၃ ဦးခန့်သာရှိပြီး ခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်း ပြည့်မီရန် လိုအပ်နေသေးသဖြင့် လတ်တလောတွင် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ်မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ တရုတ်ပြ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာ နိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာကြောင်း ဆင်ဟွာတွင် သတင်းဖော်ပြထားသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် ရန်ကုန်ဆိပ်ကမ်းသို စက်တင်ဘာ ၂၄ ရက်တွင် ရောက်ရှိခဲ့ပြီး ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။