ဖိုးမှန်
Відкрити в Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Показати більшеКраїна не вказанаКатегорія не вказана
4 704
Підписники
-1124 години
-507 днів
-30630 днів
Архів дописів
4 703
၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၉၆ တွဲ ရောင်းချခဲ့ရ
၂၀၂၆ ခုနှစ် ၆၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပပြီး ပုလဲအတွဲပေါင်း ၁၉၆ တွဲ ရောင်းချခဲ့ရကြောင်း သိရသည်။
4 703
ကရင်ပြည်နယ်တွင် ခြောက်လအတွင်း တရားမဝင်ကုန်သွယ်မှု ၁၃၉ မှု ဖမ်းဆီးရမိ၊ ကျပ် ၂၅ ဒသမ ၉၂၇ ဘီလီယံဖိုးရှိ
ကရင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲပေါင်း ၁၃၉ မှု ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၂၅ ဒသမ ၉၂၇ ဘီလီယံခန့်ရှိကြောင်း ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ အချက်အလက်များအရ သိရသည်။
4 703
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံး ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ အမျိုးသားပြတိုက် (နေပြည်တော်) လေ့လာ
နေပြည်တော်၊ အောက်တိုဘာ ၁၁
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံ လုံးဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန် စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် ကြီးကြပ်ကျောင်းအုပ်ဆရာ ဆရာမ သုံးဦး တို့ကို ပြည်တွင်း (နေပြည်တော်)နှင့် ပြည်ပ(ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ)များကို လေ့လာရေး ခရီးစဉ်အဖြစ် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
ပြည်ပခရီးစဉ် ပို့ဆောင်ရေးမတိုင်မီ ပြည်တွင်းခရီးစဉ်အဖြစ် ယမန်နေ့က အမျိုးသားပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
4 703
စစ်ကိုင်းမြို့နယ်ရှိ ရှေးဟောင်းစေတီအပါအဝင်စေတီဘုရားပေါင်း(၂၄)ဆူကိုပြုပြင်ပြီးစီးဟုဆို
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းစေတီအပါအဝင်စေတီဘုရားပေါင်း ၂၄ ဆူကိုပြုပြင်ပြီးစီးပြီလို့ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလင်းအောင်ကပြောပါတယ်။
4 703
ရန်ကုန်မြို့ပြဧရိယာ တိုးချဲ့လာမှုကြောင့် ၂၀၂၁ ခုနှစ်မှစ၍ သစ်တောပြုန်းတီမှုနှုန်းမှာ ယခင်နှစ်များထက် သုံးဆခန့် ပိုမိုမြန်ဆန်လာကြောင်း UNDP ပြောကြား
ရန်ကုန်မြို့ပြဧရိယာ တိုးချဲ့လာမှုကြောင့် ၂၀၂၁ ခုနှစ်မှစ၍ သစ်တောပြုန်းတီမှုနှုန်းမှာ ယခင်နှစ်များထက် သုံးဆခန့် ပိုမိုမြန်ဆန်လာကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ပြောကြားသည်။
UNDP က ထုတ်ပြန်ခဲ့သည့် "တိုးချဲ့လာသည့် ရန်ကုန်မြို့နှင့်အတူ ပျောက်ကွယ်လာရသော သစ်တောများ" ဆောင်းပါးတွင် ယင်းအချက်ကို ထည့်သွင်းရေးသားခဲ့ခြင်းလည်း ဖြစ်သည်။
4 703
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်လာ ကြစေရန်ရည်ရွယ်သည့် ဆွေးနွေးပွဲသို့ နိုင်ငံသားလုပ်ငန်းရှင်များအား
တက်ရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်
++++++++++++++++++
Published 11 October 2026
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်လာ ကြစေရန်ရည်ရွယ်သည့် ဆွေးနွေးပွဲသို့ နိုင်ငံသားလုပ်ငန်းရှင်များအား
တက်ရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ် ထားကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားစနစ်တည်ငြိမ်ရေး၊ ဓာတ်အား တိုးတက်ရရှိရေး၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စွမ်းအင်လေလွင့် ဆုံးရှုံးမှုလျော့ပါးရေးအပါအဝင် နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
4 703
ဆယ်ကျော်သက်အရွယ်မှာ Vape သောက်သုံးခြင်းက နောင်တစ်ချိန်မှာ နီကိုတင်း စွဲလမ်းမှုကို ပိုမိုတွန်းအားပေးနေ
11 October 2026
■ ဆယ်ကျော်သက်အရွယ်မှာ နီကိုတင်းပါတဲ့ Vape သောက်သုံးတာဟာ ရေတိုစွဲလမ်းမှုတစ်ခုတင် မဟုတ်ဘဲ နောင်တစ်ချိန်မှာပါ ပိုပြီး ဒုက္ခပေးနိုင်ကြောင်း သုတေသနအသစ်တစ်ခုမှာ ဖော်ပြလိုက်ပါတယ်။
■ ကြွက်တွေနဲ့ စမ်းသပ်ထားတဲ့ ဒီလေ့လာမှုအရ ငယ်စဉ်အခါက နီကိုတင်းအငွေ့နဲ့ ထိတွေ့ခဲ့ရခြင်းဟာ လူကြီးဖြစ်လာတဲ့အခါ နီကိုတင်းကို ပိုပြီး တောင့်တစွဲလမ်းတဲ့ အပြုအမူတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
■ ဒါဟာ ဆယ်ကျော်သက်တွေကြား Vape သောက်သုံးမှုရဲ့ ရေရှည်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ဖြစ်လာစေပါတယ်။
■ တက္ကဆက်တက္ကသိုလ် က သုတေသီတွေဟာ ဆယ်ကျော်သက်အရွယ် ကြွက်တွေကို နီကိုတင်းနဲ့ ထိတွေ့စေပြီး သူတို့ကြီးပြင်းလာတဲ့အခါ ဘာတွေပြောင်းလဲသွားသလဲဆိုတာကို လေ့လာခဲ့ကြတာပါ။
4 703
လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင် ရာအခွင့်အလမ်းများချပြဆွေးနွေးပွဲကို လာမည့် နိုဝင်ဘာပထမပတ်၌ နေပြည်တော်တွင်ကျင်းပမည်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများချပြဆွေးနွေးပွဲကို လာမည့် နိုဝင်ဘာပထမပတ်၌ နေပြည်တော်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံသားလုပ်ငန်းရှင်များ လျှပ် စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်လာကြစေရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရအနေဖြင့် အားပေးကူညီမည့်အ စီအစဉ်များကို Power Point Presentation များ၊ ရုပ်ပုံကားချပ်များ၊ 3D Model များဖြင့်ချပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
4 703
မမြရေလှောင်တမံမှ ရေများလျှော့ချထုတ်လွှတ်နေသော်လည်း ဒေသခံများနှင့် စိုက်ခင်းများ ထိခိုက်မှုမရှိဟုဆို
𝙊𝘾𝙏~𝟏𝟏
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြိုနယ်ရှိ မမြရေလှောင်တမံမှ အရေးပေါ်ရေပိုလွှတစ်ဆင့် ဆည်ရေများ လျှော့ချထုတ်လွှတ်လျက်ရှိသော်လည်း ရေထုတ်လွှတ်မှုကြောင့် တမံပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့် ကျေးရွာစိုက်ခင်းများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
မမြရေလှောင်တမံတွင် အောက်တိုဘာ ၇ ရက်မှစတင်၍ တမံပေါင်မြေသား နိမ့်ကျမှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၀ ရက် နံနက် ၆ နာရီခွဲခန့်တွင် မြေသားနိမ့်ကျမှု ထပ်မံဖြစ်ပွားခဲ့သဖြင့် သိုလှောင်ရေကို လျှော့ချနိုင်ရန် အရေးပေါ်ရေပိုလွှမှ ရေထုတ်လွှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
4 703
မြန်မာ (ယူ-၁၇) သမီးငယ်လေးတွေကို ကွင်းထဲအရောက် သွားရောက်အားပေးကြပါစို -
ဂူအမ် ကို မြန်မာနဲ့ ဟောင်ကောင် က (၉)ဂိုးပြတ် အနိုင်ယူထားတာ တူညီနေပါတယ်။
ဒီပွဲ နိုင်မှသာ နောက်တစ်ဆင့်ကို တက်လှမ်းခွင့်ရမှာဖြစ်လို သမီးငယ်လေးတွေကို အားပေးဖို
၁၂ယောက်မြောက် ကစားသမားများကို နှိးဆော်လိုက်ရပါတယ်။
MATCHDAY!
AFC U17 Women's Asian Cup (Qualifiers)
……………………………………………………
MYANMAR
🇲🇲
(Vs)
🇭🇰
Hong Kong, China
📍
Date - 11 October 2026
🕒
Time - 4:00 PM
🏟
Venue - Thuwunna Stadium, Yangon
4 703
အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စက်သုံးဆီအရောင်းဆိုင်များမီးလောင်မှုမဖြစ်ပွားစေရေးစစ်ဆေး
ဧရာဝတီတိုင်း၊ ဖျာပုံမြိုနယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် မီး လောင်မှုမဖြစ်ပွားရေးအတွက် ယနေ့ အောက်တိုဘာ ၁၀ ရက်နံနက် ၁၀ နာရီတွင်စစ်ဆေးခဲ့ကြောင်း သိရသည်။
4 703
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပုလဲအတွဲ ၁၉၆ တွဲ ရောင်းချနိုင်ခဲ့
𝙊𝘾𝙏~𝟏𝟎
၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို အောက်တိုဘာ ၁၀ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ပုလဲအတွဲ ၁၉၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
4 703
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်ဦးဇော်နိုင်ဦး သရက်ချောင်းဒေသအတွင်းရှိသဘာဝ ဘေးကြုံတွေ့ခဲ့ရသည့်ပြည်သူများ၊ တပ်နယ်မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
ထားဝယ်၊ အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်တိုသည် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့က ထားဝယ်ခရိုင်၊ သရက်ချောင်းဒေသအတွင်းရှိ သဘာဝဘေးကြုံတွေ့ခဲ့ရသည့်ပြည်သူများနှင့် တပ်နယ်မိသားစု ဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်သည်။
4 703
ရထားလမ်း လမ်းဖြတ်ကူးသည့် သားအမိနှစ်ဦးအား DEMU ရထားဖြင့်တိုက်မိရာမှ မိခင်ဖြစ်သူသေဆုံးပြီး သားဖြစ်သူထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြိုနယ် ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း က ရထားလမ်း လမ်းဖြတ်ကူးသည့် သားအမိနှစ်ဦးအား အမှတ် (၃၁) အဆန် DEMU ရထားဖြင့် တိုက်မိရာမှ မိခင်ဖြစ်သူ သေဆုံးပြီး သားဖြစ်သူ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိကာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
4 703
4926 Operation
၁၀-၁၀-၂၀၂၆
ပေါက်တောဒေသ ငပြီကျွန်းရှိ အလယ်ရွာကို တပ်မတော်က သိမ်းပိုက်လိုက်ပါပြီ...အမျိုးတို့ရေ...
ငပြီကျွန်းရှိ အလယ်ရွာ...Soldout ပါ။
4 703
ရွှေညောင်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ သောင်းကျော် ဖမ်းမိ
========
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုနယ်၊ ရွှေညောင်မြိုတွင် စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
4 703
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲကျင်းပ၊ ငွေလွှဲမှုကို တရားဝင် လမ်းကြောင်းမှ လွှပိုခြင်းဖြင့် နိုင်ငံတော်၏ GDP မြင့်တက်စေနိုင်
ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် အလုပ်သမားဝန်ကြီးဌာနမှကြီးမှူးကာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည်။
