ဖိုးမှန်
Відкрити в Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Показати більшеКраїна не вказанаКатегорія не вказана
4 357
Підписники
-4824 години
-2827 днів
-56930 днів
Архів дописів
4 347
+6
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨 ပဲခူးမြစ်၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် ငဝန်မြစ်ရေကြီးမှု အခြေအနေ။
🚨 ဧရာဝတီမြစ်ရေ ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အောက် ရောက်ရှိ။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။
🌧 နေရာကွက်၍ မိုးကြီးနိုင်။
https://t.me/phoehmann007
#ဖိုးမှန်
4 347
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။
https://t.me/phoehmann007
#ဖိုးမှန်
4 347
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
https://t.me/phoehmann007
#ဖိုးမှန်
4 347
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့
ပါဠိကာရီတုလွှတ်ကျောင်း၊ ပဓာန နာယကဆရာတော်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ
ဟောကြားတော်မူသော
“ဓမ္မစက္ကပဝတ္တနသုတ်တရားတော်”
🙏🙏🙏
https://t.me/phoehmann007
#ဖိုးမှန်
4 347
တရားဦး လမြတ်ဝါဆို
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သိဒ္ဓတ္ထမင်းသားသည် နေရဉ္ဇရာမြစ်ကမ်းပါးအနီး ဗောဓိပင်ရင်း၌ သဗ္ဗညုတဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို ဟောတော်မူသည်။
‘‘ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။’’ ဟူ၍ လယ်တီဆရာတော်ကြီးက ကြည်ညိုအထူး ညွတ်နူးဖွယ်ရာ ဖွဲ့ဆိုခဲ့သည်။ ပွင့်တော်မူ ဂေါတမမြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်အနီးတွင် သတ္တသတ္တာဟ ခုနစ်ရက် ခုနစ်ဌာန သီတင်းသုံးစံပယ်တော်မူပြီးနောက် ၄၉ ရက်မြောက်သောနေ့တွင် အလွန်တရာနက်နဲလှစွာသော တရားတော်၏သဘောကို ဆင်ခြင်စောကြောကာ လောဘ၊ ဒေါသ၊ မောဟတို့ ထူပြောလှသည့် ပုထုဇဉ်တို့ နားလည်သဘောပေါက်ရန် ခဲယဉ်းလှသည်ကို သိမြင်တော်မူခဲ့သည်။
သဟမ္ပတိဗြဟ္မာက တရားဦးဟောကြားပေးပါရန် ပန်ကြားလျှောက်ထားခြင်းကြောင့် ဘုရားရှင်က မည်သူအား ဟောကြားရမည်ကို ဆင်ခြင်သည့်အခါ ရှေးဦးစွာ အာဠာရရသေ့နှင့် ဥဒကရသေ့ တို့အားမြင်တော်မူသည်။ သို့ရာတွင် ထိုရသေ့နှစ်ပါးတို့ အသီးသီးစုတေကုန်၍ အရူပဘုံသို့ ရောက်ကြသည်ကိုသိတော်မူ၍ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခဲ့စဉ်က အလုပ်အကျွေးပြုဖူးခဲ့ကြသည့် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဟောတော်မူရန် ဆင်ခြင်တော်မူကာ မြောက်ဘက် ၁၈ ယူဇနာကွာဝေးသည့် မိဂဒါဝုန်တောဆီသို့ ခြေကျင်ခရီး ကြွမြန်းတော်မူသည်။
မြတ်ဗုဒ္ဓ၏ ပထမဦးဆုံးသောတရားဖြစ်သည့် ဓမ္မစကြာကို ဟောကြားတော်မူသည့်နေရာသည် ဈာနလာဘီ ယောဂီရသေ့တို့ ကောင်းကင်မှသက်ဆင်းရာဖြစ်၍ ဣသိပတနဟူ၍လည်းကောင်း၊ သမင်တို့အား ဘေးမဲ့ပေးရာအရပ်ဖြစ်၍ မိဂဒါယ ဟူ၍လည်းကောင်း အမည်နာမနှစ်မျိုးရှိသည့် တောဖြစ်သည်။ တရားဦးဓမ္မစကြာ ဟောကြားတော်မူသည့်အချိန်အခါသည် ဝါဆိုလပြည့်နေ့ ဆည်းဆာ အရှေ့ဘက်ကောင်းကင်ယံတွင် လပြည့်ဝန်းနှင့် အနောက်ဘက် ကောင်းကင်တွင် နေဝင်စအခါသမယဖြစ်၍ တရားနာပရိသတ်တို့မှာ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဟူသည့် လူသား ပဉ္စဝဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာပေါင်း တစ်ရာ့ရှစ်ကုဋေတို့ဖြစ်သည်။
ဓမ္မစကြာတရားတော်သည် ရဟန်းတို့ရှောင်ကြဉ်ရမည့် အစွန်းတရားနှစ်ပါးနှင့် ကျင့်ဆောင်ရမည့် မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ကိုညွှန်ပြသည်။ အစွန်းနှစ်ပါးသည် ကာမသုခလ္လိကာနု ယောဂဟူသည့် ကာမဂုဏ်စည်းစိမ်တို့ကို လွန်ကျူးစွာခံစားသည့် အစွန်းတစ်ပါးနှင့် အတ္တကိလမထာနုယောဂဟူသည့် မိမိကိုယ်ကို ညှဉ်းဆဲကာ တရားရှာဖွေသည့် အစွန်းတစ်ပါးတို့ဖြစ်ပြီး အကျိုးမရှိသည့် အယုတ်တရားများအဖြစ် သတ်မှတ်သည်။ ရဟန်းတို့ ကျင့်သုံးရမည့် မဇ္ဈိမပဋိပဒါသည် ရှစ်ခုသောလမ်းစဉ်ဖြစ်သည့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ဖြစ်သည်။ မဇ္ဈိမပဋိပဒါလမ်းစဉ်သည် ဉာဏ်စက္ခုအလင်းကိုရစေသည်။ အသိဉာဏ်ကို တိုးပွားစေသည်။ ကိလေသာတို့ကို ငြိမ်းအေးစေသည်။ သစ္စာလေးပါးကို ပိုင်းခြား ထင်ထင် သိမြင်စေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်စေသည်ဟု ဟောကြားတော်မူသည်။
တရားဦး ဓမ္မစကြာတွင် သစ္စာလေးပါးဖြစ်သော ဆင်းရဲခြင်း အမှန် - ဒုက္ခသစ္စာ၊ ဆင်းရဲခြင်းဖြစ်ကြောင်း အမှန် - သမုဒယသစ္စာ၊ ဆင်းရဲငြိမ်းရာအမှန် - နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာရောက်ကြောင်း အကျင့်ကောင်းအမှန်-မဂ္ဂသစ္စာတို့ကို ဟောကြားတော်မူခဲ့သည်။ အရိယသစ္စာလေးပါးခေါ် စတ္တာရိ အရိယ သစ္စာနိတွင် ဗုဒ္ဓဒေသနာ တော်၏ အဆီအနှစ်တို့ ကိန်းအောင်းတည်ရှိနေသည်ဟု ဆရာတော် သံဃာတော်များက လမ်းညွှန်ဟောကြားတော်မူကြသည်။ အရိယသစ္စာလေးပါးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်ကိစ္စလေးရပ်ရှိရာ ဒုက္ခသစ္စာကို ရှင်းလင်းပြည့်စုံစွာ သိနားလည်ရန်၊ သမုဒယသစ္စာကို စွန့်ပစ်ပယ်ဖျောက် အမြစ်မှနုတ်ပယ်ရန်၊ နိရောဓသစ္စာအတွက် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ဖြစ်၍ မဂ္ဂသစ္စာဟူသည် မည်မျှပင် စုံလင်စွာ သိနားလည်သည်ဖြစ်စေ ကိစ္စမပြီးမြောက်ဘဲ လမ်းစဉ်အတိုင်း ကျင့်ကြံလိုက်နာ အားထုတ်ဆောင်ရွက်ကြရန်ဖြစ်သည်ဟုလည်း ဆုံးမလမ်းညွှန်ထားသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆို လပြည့်နေ့တွင် တရားဦးဓမ္မစကြာ ဟောတော်မူသည်မှ အစပြုကာ သက်တော်ထင်ရှားရှိခဲ့သည့် ၄၅ ဝါပတ်လုံး အမျိုးဇာတိ ရာထူးဂုဏ်သိန် ယောက်ျား မိန်းမ ဆင်းရဲ ချမ်းသာ ခွဲခြားမှုမရှိဘဲ ငြိမ်းအေးရာအမှန် မြတ်သောနိဗ္ဗာန်သို့ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ မဂ္ဂင်ရှစ်ပါး လမ်းရှစ်သွယ် တရားတို့ကို ကျင့်သုံးခြင်းဖြင့် လောကီလောကုတ်နှစ်ဖြာသော အကျိုးတရားတို့ ရရှိနိုင်ကြပါစေကြောင်း။ ။
Crd.
4 347
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ်
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး၏ ဖြေကြားချက်
PPIB
https://t.me/phoehmann007
#ဖိုးမှန်
4 347
+5
⚡️ ဘားအံမြို့တွင် ကရင်ပြည်နယ်၏ ပထမဦးဆုံး EV Charging Hub များ ဖွင့်လှစ်
📌 ဘားအံမြို့၌ ကရင်ပြည်နယ်၏ ပထမဦးဆုံး EV Charging Hub (1) နှင့် Hub (2) တို့ကို ဇူလိုင် ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
Hub (1): စည်ပင်ရန်ပုံငွေ ကျပ် ၁၀၆၅ ဒသမ ၄၇ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး Level-3 အဆင့်ရှိ 60 KW Charger ၅ လုံးနှင့် ထရန်စဖော်မာ ၁ လုံး တပ်ဆင်ကာ EV ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်သည်။
Hub (2): Level-3 အဆင့်ရှိ 60 KW Charger ၄ လုံးနှင့် ထရန်စဖော်မာ ၁ လုံး တပ်ဆင်ထားကာ EV ၈ စီး တစ်ပြိုင်နက် အားသွင်းနိုင်သည်။
🏢 ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အဆောက်အဦ ဖွင့်ပွဲ
📌 ဆက်လက်၍ မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အသိပညာပေးစင်တာနှင့် သိုလှောင်ရုံ RCC (၂) ထပ် အဆောက်အဦဖွင့်ပွဲကိုလည်း ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
#ဖိုးမှန်
#Myanmar #Kayin #HpaAn #EVChargingHub #LocalNews
4 347
+5
ယနေ့ မိုးလေဝသ အခြေအနေ
☁️⛅️🌧☔️⛈🌦
🚨 ဧရာဝတီမြစ်ရေ ဆိပ်သာမြို့၌ စိုးရိမ်ရေမှတ်အောက် ရောက်ရှိ။
☔️ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်။
🌧 နေရာကွက်၍ မိုးကြီးနိုင်။
https://t.me/phoehmann007
#ဖိုးမှန်
4 347
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီ ဂုဏ်ပြုဇာတ်ရုံ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားချက်မှ ကောက်နုတ်ချက်
4 347
🌿"ရေလုံလောက်အောင် သောက်ဖို့ မေ့နေပြီလား? (Stay Hydrated!)"
မင်္ဂလာပါခင်ဗျာ...
🙃 အလုပ်တွေ အရမ်းများပြီး ရေသောက်ဖို့ မေ့နေတတ်တဲ့ အကျင့်လေးများ ရှိနေလား ခင်ဗျာ?
😞 လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ရေဓာတ်ခန်းခြောက်တဲ့အခါ ခေါင်းကိုက်တာ၊ အာရုံစူးစိုက်မှု ကျဆင်းတာနဲ့ အသားအရေ ခြောက်သွေ့တာတွေ ချက်ချင်း ဖြစ်ပေါ်လာတတ်ပါတယ်။
💁♀️ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ (၈) ဖန်ခွက်၊ (၂) လီတာ ခန့် သောက်ဖြစ်အောင် ဖုန်းထဲမှာ Water Reminder လေးတွေ သုံးပြီး အလေ့အကျင့် လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။🕑
နေမကောင်းဖြစ်တာတွေ ကင်းဝေးပြီး ကျန်းမာလန်းဆန်းစေဖို့ ဒီနေ့ပဲ ရေများများ သောက်ကြပါစို့နော်။ အားလုံးပဲ ကျန်းမာရွှင်လန်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။🧘♀️
ချစ်ခင်လေးစားလျက်
https://t.me/phoehmann007
#ဖိုးမှန်
4 347
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု”(Short Video) ပြိုင်ပွဲ
4 347
တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်
📌 မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်း၌ ဇူလိုင် ၂၆ ရက်က မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင်မော်တော်ယာဉ်များဖြင့် လိုက်ပါလာကြသည့် ခရီးသည် ၂ ဦးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လမ်းခုလတ်တွင် တားဆီးကာ ကိုအေးမင်းစိုး (၃၀ နှစ်) နှင့် ဒေါ်အိအိချော (၅၀ နှစ်) တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ၊၊
🔹 အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိ၊၊
⚠️ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်ကာ ခရီးသွားပြည်သူများကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးခြိမ်းခြောက်နေသည့် အကြမ်းဖက်သမားများ၏ လူမဆန်သောလုပ်ရပ်များအပေါ် ပြည်သူလူထုတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချလျက်ရှိ။ 🔹 အပြစ်မဲ့ပြည်သူများ ထပ်မံမထိခိုက်စေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အမြန်ဆုံးနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားကြရန်လိုပါတယ်။#ဖိုးမှန် #Myanmar #Taungtha #PDF #LocalNews
4 347
မိုးလေဝသ သတင်းအကျဉ်းချုပ် (ဇူလိုင် ၂၈ ရက်၊ နံနက် ၇:၀၀ နာရီ)
⛈ မိုးကြီးနိုင်သော ဒေသများ: နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ (နောက် ၂ ရက်တွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် မိုးပိုလာမည်)
🌧 သတိပြုရန် (မိုးတိမ်တောင်): ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း(အောက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၁၀-၁၂ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ အထိ၊ လှိုင်းအမြင့် ၈-၁၀ ပေခန့်ဖြင့် လှိုင်းကြီးမည်။
🏙 မြို့ကြီးများ: နေပြည်တော်နှင့် ရန်ကုန်တွင် မိုး တစ်ကြိမ် (သို့) နှစ်ကြိမ်၊ မန္တလေးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ (ရာနှုန်းပြည့်)
#ဖိုးမှန်
Ref: မိုး/ဇလ
4 347
မုန်တိုင်းငယ် သတင်း (ဇူလိုင် ၂၈ ရက်၊ နံနက် ၇:၀၀ နာရီ) (အမှတ်စဉ် ၀၅/၂၀၂၆)
⛈ မုန်တိုင်းငယ်အခြေအနေနှင့် ခန့်မှန်းချက်: အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကမ်းခြေဒေသများအကြားမှ ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
🌧 သတိပြုရန် (သဘာဝဘေးအန္တရာယ်): မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်/ချောင်းငယ်များအနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေယာဉ်/သင်္ဘောများ ကြိုတင်သတိပြုရန် လိုအပ်ပါသည်။
🌊 မြန်မာ့ပင်လယ်ပြင်အခြေအနေ: မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမည်။ (လေတိုက်နှုန်း တစ်နာရီ ၃၀ မိုင်မှ ၃၅ မိုင်အထိ၊ လှိုင်းအမြင့် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ပါသည်)
#ဖိုးမှန်
Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
