uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

ဖိုးမှန်

ဖိုးမှန်

Відкрити в Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Показати більше
Країна не вказанаКатегорія не вказана
4 521
Підписники
-4224 години
-1267 днів
-38630 днів
Архів дописів
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုမည် ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို လာရော
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုမည် ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်တိုင်သွားရောက်ကြိုဆိုရန် စီစဉ်ထားကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုသို လာရောက်မည်ဖြစ်ပြီး ရှီကျင့်ဖျင်နှင့် ထရမ့်တိုသည် စက်တင်ဘာ ၂၄ ရက်တွင် ဝါရှင်တန်၌ တွေ့ဆုံရန် စီစဉ်ထားသည်။

❝အနုပညာရှင်အချို သွားရောက်လောင်းကစားလေ့ရှိသည့် ညောင်တုန်းကြက်ဝိုင်းကို မြိုနယ်ရဲမှူး၏ ဖမ်းဆီးခွင့်ဖြင့် ဝင်ဖမ်း❞ 𝙎𝙀𝙋~𝟏𝟗
❝အနုပညာရှင်အချို သွားရောက်လောင်းကစားလေ့ရှိသည့် ညောင်တုန်းကြက်ဝိုင်းကို မြိုနယ်ရဲမှူး၏ ဖမ်းဆီးခွင့်ဖြင့် ဝင်ဖမ်း❞ 𝙎𝙀𝙋~𝟏𝟗 လူ (၂၀) ဦးကို သက်သေခံ တန်ဖိုးငွေကျပ် သိန်း (၅) ထောင်ကျော်နှင့်အတူ ဖမ်းမိခဲ့တယ်လို့သိရပါတယ်။ နာမည်ကျော် အနုပညာရှင်အချို သွားရောက်လောင်းကစားလေ့ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်မှ နာမည်ကြီးကြက်ဝိုင်းကို ညောင်တုန်းမြိုနယ်ရဲမှူးထုတ်ပေးသော လောင်းကစားနေအိမ် ဝင်ရောက်ရှာဖွေဖမ်းဆီးခွင့်(၇/၂၀၂၆) ဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက စက်တင်ဘာ ၁၈ ရက်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂ
ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို ပါဝင်ဖျော်ဖြေမည် မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြိုရှိ မ
မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတို ပါဝင်ဖျော်ဖြေမည် မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြိုရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဖိုးချစ်၊ စမ်းရေမိုး၊ အောင်ဇမ္ဗူတိုအပါအဝင် နာမည်ကြီးဇာတ်အဖွဲများ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

သူတောင်းစားများ ကောင်းစားပြီး PDF ငတုံးများကတော့ ပွဲပျက်နေပြီ
သူတောင်းစားများ ကောင်းစားပြီး PDF ငတုံးများကတော့ ပွဲပျက်နေပြီ

ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြိုနယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ်တိုက်မှု ဖြစ်ပွား စ
ရန်ကုန်-မော်လမြိုင်ရထားလမ်း သထုံမြိုနယ် ဆင်ဖြူကျေးရွာအနီး ရထားသံလမ်းကူးနေရာတွင် ရထားနှင့် Light Truck ယာဉ်တိုက်မှု ဖြစ်ပွား စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဘီးလင်းဘူတာမှ သထုံဘူတာသို ခုတ်မောင်းလာသည့် (၈၁) အဆန် ရန်ကုန်-မော်လမြိုင်အမြန်ရထားနှင့် ဆင်ဖြူကျေးရွာဘက်မှ ပေါ်တော်မူကျေးရွာဘက်သို မျိုးမင်းထိုက် ‌ဆိုသူမောင်းနှင်လာသည့် Light Trunk ယာဉ်တို ရထားသံလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆိုအရေးယူမှု တိုးချဲ့သည့် ဥပဒေကို သမ္မတထရမ့် လက်မှတ်ရေးထိုး ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပ
ရုရှားနှင့် အီရန်အပေါ် ပိတ်ဆိုအရေးယူမှု တိုးချဲ့သည့် ဥပဒေကို သမ္မတထရမ့် လက်မှတ်ရေးထိုး ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆိုအရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆိုအရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၈ ရက်တွင် လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို မြန်မာ U-17 အသင်း နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျ
ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို မြန်မာ U-17 အသင်း နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မြန်မာ U-17 အသင်းက FIFA U-17 World Cup ဝင်ခွင့်ရ နယူးဇီလန် U-17 အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အီရန်တွင် အစ္စရေး Mossad အတွက် သူလျှိလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဟိုဆိန် ပီဒါရန်ကို သေဒဏ်စီရင် 𝙎𝙀𝙋~𝟏𝟗 အီရန်နိုင်ငံတွင်
အီရန်တွင် အစ္စရေး Mossad အတွက် သူလျှိလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဟိုဆိန် ပီဒါရန်ကို သေဒဏ်စီရင် 𝙎𝙀𝙋~𝟏𝟗 အီရန်နိုင်ငံတွင် အစ္စရေးထောက်လှမ်းရေးအဖွဲ Mossad အတွက် သူလျှိလုပ်ခဲ့ပြီး အစ္စဖာဟန်ပြည်နယ်ရှိ စစ်ဘက်နှင့် ဒုံးကျည်ဆိုင်ရာ နေရာများ၏ အချက်အလက်များကို ပေးပိုခဲ့သည်ဟု စွပ်စွဲခံထားရသူ ဟိုဆိန် ပီဒါရန် (Hossein Pedaran) ကို သေဒဏ်စီရင်လိုက်ကြောင်း အီရန်တရားစီရင်ရေးအာဏာပိုင်များက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို အဓိကတင်ပို ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်
ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို အဓိကတင်ပို ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို အဓိကတင်ပိုရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ
UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဂျိုရှုဝါဗန်နှင့် ပန်တိုဂျာ မနက်ဖြန် မကျေပွဲထိုးသ-တ်မည် ရန်ကုန်၊ စက်တင်ဘာ ၁၉ ယူအက်ဖ်စီ (UFC) ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ မြန်မာဖိုက်တာ ဂျိုရှုဝါဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို၏ မကျေပွဲ (Rematch) ကို မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

အာရှဂိမ်း တောင်ကိုရီးယား ဟော်ကီပွဲစဉ်၌ မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားဖွင့်မိသဖြင့် ကျင်းပရေးကော်မတီ ပြန်လည် တောင်းပန်
အာရှဂိမ်း တောင်ကိုရီးယား ဟော်ကီပွဲစဉ်၌ မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားဖွင့်မိသဖြင့် ကျင်းပရေးကော်မတီ ပြန်လည် တောင်းပန် ဂျပန်နိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၆ အာရှဂိမ်းပြိုင်ပွဲ၌ တောင်ကိုရီးယားအမျိုးသားဟော်ကီအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မတိုင်မီ တောင်ကိုရီးယားနိုင်ငံတော်သီချင်းအစား မြောက်ကိုရီးယားနိုင်ငံတော်သီချင်း မှားယွင်းဖွင့်ခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။

🎖 “အဖေစစ်သား သားစစ်သား” သို့မဟုတ် တပ်ကြပ်ထက်ရဲနောင်နှင့် နိုင်ငံ့သားကောင်း စစ်မှုထမ်းများရဲ့ ဂုဏ်ယူဖွယ်အိမ်အပြန်ခရီး ▪️ မနေ့
🎖 “အဖေစစ်သား သားစစ်သား” သို့မဟုတ် တပ်ကြပ်ထက်ရဲနောင်နှင့် နိုင်ငံ့သားကောင်း စစ်မှုထမ်းများရဲ့ ဂုဏ်ယူဖွယ်အိမ်အပြန်ခရီး ▪️ မနေ့က နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို နိုင်ငံ့သားကောင်းပီပီ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြပြီး သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် အမှတ်စဉ် (၅) မှ စစ်မှုထမ်းများနှင့် ကာလလျှော့ပေါ့ခွင့်ရရှိခဲ့သည့် အမှတ်စဉ် (၁၃) မှာ စစ်မှုထမ်းတို့အား တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ဂုဏ်ပြုတံဆိပ်များ၊ မှတ်တမ်းလွှာများနှင့် ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။ ▪️ အဲဒီထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏သားဖြစ်သူ တပ်ကြပ်ထက်ရဲနောင်ကလည်း ဥပဒေပါ ပြည်သူ့စစ်မှုထမ်းတာဝန်ကို မိမိဆန္ဒအလျောက် ဝင်ရောက်ထမ်းဆောင်ခဲ့ပြီး ယခုအခါ တာဝန်ကျေပွန်စွာနဲ့ ပြီးမြောက်ခဲ့ပြီမို့ အိမ်ပြန်ခရီးစတင်နေပြီလို့ သိရပါတယ်။ ▪️ နိုင်ငံတော်အပေါ် သစ္စာရှိရှိနှင့် ကိုယ်ကျိုးစွန့်တာဝန်ထမ်းဆောင်နေကြသည့် “အဖေစစ်သား သားစစ်သား” တို့၏ စံနမူနာပြ လုပ်ရပ်များမှာ လေးစား၊ ဂုဏ်ယူစရာ ကောင်းလှတာမို့ အများသိအောင် ဂုဏ်ယူစွာ ရေးသားဖော်ပြပေးလိုက်ပါတယ်။ #Myanmar #NationalDuty #PublicService #Military #News

ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြိုနယ်နှင့် သထုံမြိုနယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူ
ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြိုနယ်နှင့် သထုံမြိုနယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူးများ ပိတ်သိမ်းရန် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညွှန်ကြား ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ သိမ်ဇရပ် - မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြိုနယ်နှင့်သထုံမြိုနယ်အတွင်းရှိ တရားမဝင်ရထားလမ်းကူးများ ပိတ်သိမ်းရန် မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာ့ဝန်ချ ပျံလွန်တော်မူ ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စ
ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာ့ဝန်ချ ပျံလွန်တော်မူ ရန်ကုန်၊ စက်တင်ဘာ ၁၉ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် သက်တော် ၉၈ နှစ်အရွယ်၌ ခန္ဓာ့ဝန်ချ ပျံလွန်တော်မူခဲ့ကြောင်း ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆရာတော်ဘုရားကြီးသည် ရန်ကုန်မြိုရှိ Grand Hantha International Hospital ၌ ငြိမ်းချမ်းစွာ ခန္ဓာ့ဝန်ချ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးကို ၁၉၂၈ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဖွားမြင်ခဲ့ပြီး ဘဝတစ်လျှောက်လုံး မြတ်စွာဘုရားရှင်၏ အဆုံးအမတော်များကို အခြေခံကာ ဝိပဿနာတရားတော်များ ပြသဟောကြားခြင်းနှင့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲ့သည်။

ထောပတ်သီးများ လှိင်လှိင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလ
ထောပတ်သီးများ လှိင်လှိင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်သို ထောပတ်သီးများ လှိင်လှိင်ဝင်ရောက်လာသဖြင့် ဈေးနှုန်းများ သက်သာလျက်ရှိကာ စားသုံးသူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း ထောပတ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ
စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို ဆိုနေကြပါတယ်။ ဒင်ဗာ(Denver) မြိုအနားမှာရှိတဲ့ စိန့်မေရီ ရေခဲပြင်လို လူသိများတဲ့ ဒီအမြဲတမ်းရေခဲပြင်ကြီးဟာ နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာတောင် နှင်းတွေတွေ့နိုင်တဲ့ တစ်နှစ်ပတ်လုံးအတွက် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အိုအေစစ်တစ်ခုလို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆောင်းရာသီမှာ နှင်းကျတာ အားနည်းလာသလို နွေရာသီမှာလည်း စံချိန်တင်ပူပြင်းခဲ့လာတာကြောင့် ပေ ၁၁၀၀၀ အမြင့်ရှိတဲ့ ဒီအထင်ကရနေရာကြီးဟာ ခုဆိုရင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက် နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တ
လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက် နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဆော်ဒီအာရေဗျသို အမေရိကန်၏ F-35 တိုက်လေယာဉ်များ ရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေး ပြောကြား အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေဗ
ဆော်ဒီအာရေဗျသို အမေရိကန်၏ F-35 တိုက်လေယာဉ်များ ရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေး ပြောကြား အမေရိကန်ပြည်ထောင်စုက ဆော်ဒီအာရေဗျသို F-35 တိုက်လေယာဉ် ၄၈ စင်းကို ဒေါ်လာ ၂၄ ဒသမ ၃ ဘီလျံဖြင့် ရောင်းချရန် အတည် ပြုလိုက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပြီး အဆိုပါရောင်းချမှုကို စိုးရိမ်သည်ဟု အစ္စရေးကပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN ၊ MS NOW နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲနှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN ၊ MS NOW နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲနှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်သို ဝင်ရောက်ခွင့် ပိတ်ပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN၊ MS NOW နှင့် Politico သတင်းဌာနများကို အစိုးရအဖွဲနှင့် ပတ်သက်ပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေသည်ဟု စွပ်စွဲကာ အိမ်ဖြူတော်သို ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။