The Legend Of Rosy Clouds(2026)
Відкрити в Telegram
Показати більше
Країна не вказанаКатегорія не вказана
680
Підписники
+324 години
+287 днів
+9730 днів
Архів дописів
Repost from N/a
A*ll Wi*sh*es Co*me Tr*ue (2026)
ဇာတ်လမ်းအကျဉ်း
မတူညီတဲ့ စွမ်းအားနဲ့ နောက်ခံသမိုင်းကြောင်းအသီးသီးရှိကြတဲ့ နတ်သူတော်စင် ၈ ပါဟာ မဟာပင်လယ်ကြီးကို ဖြတ်သန်းပြီး စွန့်စားခန်းထွက်ကြရပါတယ်။ ခရီးစဉ်အတွင်းမှာ မိစ္ဆာအန္တရာယ်များ၊ သဘာဝလွန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး မိမိတို့ရဲ့ ကိုယ်ပိုင် အစွမ်းထက် တန်ခိုးပြိုင်ပစ္စည်း တွေကို အသုံးပြုကာ ညီညွတ်စွာ တိုက်ခိုက်ရင်း ဆုတောင်းများ ပြည့်ဝစေဖို့ ကြိုးပမ်းကြရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။
Repost from N/a
အရမ်းကောင်းတဲ့ဇာတ်ကားပါ
2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူး
မင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါ
သီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲ
Romance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်
ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)
ဇာတ်လမ်းလေးကတော့”လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ””မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ”
“မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ” ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်
အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့
တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါ
#Credit
Repost from N/a
"တစ္ဆေရွာ" (၂၀၂၅)
လူတိုင်းမှာ ယုံကြည်ရာကိုယ်စီရှိကြသလိုပဲ ဒီထရယ့်ရွာကတော့ ဘိုးဘေးသရဲတွေကို သက်ဝင်ယုံကြည်ကြပါတယ်
ထရယ့်ရွာမှာ တစ္ဆေဆိုးတကောင်ဟာ လူကိုယ်ထဲဝင်ပူးပြီး ဘေးပတ်ဝန်းကျင်ကသူတွေကို ဖုတ်သဖွယ် လိုက်လံစားသုံးပါတယ်
ဒါကြောင့် ဖာသာပေါင်လိုက မိစ္ဆာနှင်ဖို့ ဒီရွာကို ရောက်လာပါတော့တယ်
ဒါပေမယ့် မိစ္ဆာက တော်တော်ကိုမှ အကောင်ကြီးနေပါပြီ။ ရွာခံ နတ်ဆရာမ မယ်တော်ဆိုဖာကလည်း သူ့ရဲ့တတ်ကျွမ်းတဲ့ပညာနဲ့ နှင်ဖို့ကြိုးစားနေတာကြောင့် ဖာသာပေါင်လိုနဲ့ မယ်တော်ဆိုဖာတို ပူးပေါင်းမိခဲ့ရာမှာတော့ ဒီမိစ္ဆာဆိုးကြီးကို နှိမ်နင်းနိုင်သွားပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ သရဲကားကောင်းလေး တကားပါ။
Repost from N/a
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ မှုခင်းကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Gumraah"ဆိုတဲ့
အိန္ဒိယဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအစမှာဆိုရင် ရဲအရာရှိတွေကအာကတ်ရှ်ဆာဒါနာဆိုတဲ့ လူငယ်တစ်ယောက်အသတ်ခံရတာကို စုံစမ်းစစ်ဆေးနေတာနဲ့ စတင်ထားပါတယ်
ရဲတပ်ဖွဲ့တွေဟာ အခင်းနေရာနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းပြီးတဲ့နောက်မှာ သေဆုံးသူအာကတ်ရှ်ရဲ့နေအိမ်ဝရံတာမှာ အာဂျွန်ဆေဂယ်ရှိနေတာကို
တွေ့ရှိရတဲ့အတွက် အာဂျွန့်ကိုတရားခံအဖြစ်ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့် တရားခံဖမ်းမိပြီးအမှုပိတ်တော့မယ့်အချိန်မှာပဲ အာဂျွန်ဆေဂယ်နဲ့
တစ်ထေရာတည်းတူတဲ့နောက်ထပ် ဆိုရာ့ဂ်ျရာနာဆိုတဲ့သူကို ထပ်ပြီးဖမ်းမိခဲ့ပါတော့တယ် ဒီလုံးဝကိုချွတ်စွတ်တူနေတဲ့လူနှစ်ယောက်ထဲမှာ
ဘယ်သူကတရားခံအစစ်ဖြစ်မလဲဆိုတာကို ရဲအရာရှိတွေခေါင်းစားရတော့တာပေါ့...
ကဲ...ရုပ်ချင်းခွဲမရအောင်တူနေတဲ့ အာဂျွန်နဲ့ဆိုရာ့ဂ်ျတို့ရဲ့ပတ်သက်မှုက ဘယ်လိုများဖြစ်မလဲ၊ လူသတ်မှုရဲ့ တရားခံအစစ်ကရော ဘယ်သူဖြစ်မလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
#Credit
Repost from N/a
Sanak (2021)
ဗီရွဒ်၊ နီဟား
ဇာတ်လမ်းက ဆေးရုံတစ်ရုံမှာ အဓိကအခြေခံထားပါတယ်။ အကြမ်းဖက်သမားတွေက ဆေးရုံကို ဝင်ရောက်စီးနင်းပြီး လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားချိန်မှာ၊ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီဗန် (Vivaan) ဟာ အဲဒီဆေးရုံထဲမှာ ပိတ်မိနေတဲ့ သူ့ရဲ့ဇနီးသည်နဲ့ တခြားသူတွေကို ကယ်တင်ဖို့ အပြင်ကရဲတွေရဲ့ အကူအညီမပါဘဲ တစ်ယောက်တည်း အသက်စွန့်ပြီး ဘယ်လိုပြန်လည်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ ဟောလိဝုဒ်က Die Hard ဇာတ်ကားစတိုင်မျိုး ဆေးရုံထဲမှာ အကြမ်းဖက်သမားတွေနဲ့ တစ်ယောက်တည်း ချတဲ့ကားမျိုးပါပဲ။
အိန္ဒိယ အက်ရှင်မင်းသား Vidyut Jammwal က ခေါင်းဆောင်ပါဝင်ထားပြီး Rukmini Maitra၊ Neha Dhupia နဲ့ Chandan Roy Sanyal တို့လည်း ပါဝင်ထားပါတယ်။
Repost from N/a
T-h-e I-s-o-l-a-t-e T-h-i-e-f (2026) ရှယ်ကြမ်း ကားသစ်
Repost from N/a
T-h-e I-s-o-l-a-t-e T-h-i-e-f (2026) ရှယ်ကြမ်း ကားသစ်
The Isolate Thief (2026)
IMDb Rating (7.6) / Rotten Tomatoes (67%)
ဒီဇာတ်ကားကတော့ Action, Drama နဲ့ Western Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ John Suits က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Mackenzie Foy, Sean Bean, Odeya Rush, Jack Kesy နဲ့ Ty Simpkins တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အမေရိကန် ပြည်တွင်းစစ် ကာလရဲ့ အလွန်အမင်း အေးစက်လှတဲ့ ဆောင်းရာသီ ရာသီဥတုကြီးထဲမှာ Ada ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သီးခြားခွဲထွက်နေတဲ့ ပြည်ထောင်စု တပ်မတော် စခန်းတစ်ခုမှာ တစ်ယောက်တည်း စခန်းစောင့်အဖြစ် နေထိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။
တစ်နေ့မှာတော့ မထင်မှတ်ဘဲ ခိုးယူခံထားရတဲ့ ရွှေအမြောက်အမြားဟာ သူမရဲ့ စခန်းဆီ မတော်တဆ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီရွှေတွေကို လိုက်လံရှာဖွေနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြဂိုဏ်းတစ်စုဟာ သူမ နေထိုင်ရာ စခန်းကို သိမ်းပိုက်လိုက်ကြပါတော့တယ်။
အကူအညီမဲ့နေတဲ့ ခါးသီးလှတဲ့ ဆောင်းရာသီ ပတ်ဝန်းကျင်ကြီးထဲမှာ Ada ဟာ သူ့ဆီ ရောက်နေတဲ့ ရွှေတွေကို ဓားပြတွေ မသိအောင် ဝှက်ထားရင်း၊ တစ်ချက်မှားတာနဲ့ အသက်ဘေးကြုံနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကြားထဲကနေ ဉာဏ်ဆင်ပြီး ယှဉ်ပြိုင်တိုက်ခိုက်သွားရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးပါပဲ။
ဒီဇာတ်ကားဟာ Old Henry ရုပ်ရှင် ထုတ်လုပ်သူတွေက ဖန်တီးထားတာဖြစ်လို့ Western အငွေ့အသက် အပြည့်နဲ့ ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ မင်းသမီး Mackenzie Foy နဲ့ မင်းသားကြီး Sean Bean တို့ရဲ့ အပြန်အလှန် ဉာဏ်စမ်းကစားမှုတွေနဲ့ အမေရိကန်ပြည်တွင်းစစ်နောက်ခံ ရုပ်ရှင်ကောင်းတစ်ကားပဲဖြစ်ပါတယ်။
Repost from N/a
F-i-r-e-f-l-i-e-s a-t E-l M-o-z-o-t-e (2-0-2-5)
Fireflies at El Mozote (2025)
ဒီဇာတ်ကားက ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဆာဗေးဒိုး (El Salvador) နိုင်ငံမှာ တကယ်ဖြ-စ်ပွားခဲ့တဲ့ "El Mozote Massacre" (အယ်လ်မိုဇိုးတေး လူ-တ်ပွဲ)ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...
အယ်လ်မိုဇိုတေး ဆိုတဲ့ ရွာငယ်လေးဟာ စ-စ်တ-ပ်ရဲ့ ရ-က်စ-က်ကြ-မ်းကြု-တ်စွာ သု-တ်သ-င်ရှ-င်းလ-င်းခြင်းကို ခံခဲ့ရပြီး ခဏတာအတွင်းမှာပဲ
ရွာလုံးကျွ-တ်နီးပါး သွေ-းချော-င်းစီ-းသွားခဲ့ပါတယ်။
ဒီလို င-ရဲ-ခ-န်းဆန်တဲ့ သွေ-းစွ-န်းဖွယ်ရာ ဖြ-စ်ရ-ပ်ဆို-းကြီးထဲကနေ မေတ္တာတရားတွေ၊ မိသားစုတွေကို ဆုံးရှုံးလိုက်ရပြီး ကံကောင်းထောက်မစွာ
က-ပ်လွ-တ်လာခဲ့သူကတော့ ဟိုဆေးဆိုတဲ့ ၁၀ နှစ်အရွယ် ကလေးငယ်လေးပါ။
ကလေးဘဝရဲ့ လှပတဲ့ အိပ်မက်တွေ၊ ပျော်ရွှင်မှုတွေဟာ ထိုညမှာပဲ ပြာ-ကျသွားခဲ့ရပေမဲ့၊ သူ့ရင်ထဲမှာတော့ တ-ရား-မျှ-တမှုအတွက်
တောက်လော-င်နေတဲ့ က-လဲ့-စာ-းချေခြင်း မီ-းပွင့်လေးတွေ အသ-က်ဝင်လာခဲ့ပါတယ်။
အတိတ်ရဲ့ ဝေ-ဒ-နာ-တွေကို ကျောခိုင်းရင်း အမှန်တရားနဲ့ ရင်းနှီးခဲ့ရတဲ့ သွေ-းကြွေ-းအတွက် ပြန်လည်တို-က်-ပွဲဝင်သွားမယ့် ကလေးငယ်တစ်ယောက်ရဲ့ နာ-ကျ-င်ဖွယ်ရာ ခရီးစဉ်ကိုဝမ်းနည်းကြေ-ကွဲ-ဖွယ်ရာ၊ စိ-တ်လှုပ်ရှားဖွယ်ရာ ရိုက်ကူးပုံဖော်ထားပါတယ်....
Repost from N/a
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ်
T*h*e D*e*v*i*l's M*o*u*t*h (2026)
Repost from N/a
The Descent လို ဂူထဲက ပိတ်လှောင်မှုမျိုးခံစားရမယ့် ငါးမန်းရုပ်ရှင်အသစ်
T*h*e D*e*v*i*l's M*o*u*t*h (2026)
ဇူလိုင်လ ၂၉ ရက်နေ့မှာ Amazon Prime Video ကနေ ထွက်ရှိလာတဲ့ Survival Thriller / Shark Horror ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားပြီး Kathryn Newton, Lana Condor, Gavin Casalegno နဲ့ Nico Hiraga တို့လို လူငယ်သရုပ်ဆောင်တွေ အဓိက ပါဝင်ထားပါတယ်။
ကျောင်းပြီးလို့ လူငယ်ဘဝကနေ လူကြီးဘဝကို မကူးပြောင်းခင် နောက်ဆုံးအမှတ်တရ ခရီးစဉ်အဖြစ် ကောလိပ်သူငယ်ချင်း ၅ ယောက် ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြပါတယ်။
အဓိကဇာတ်ဆောင်မလေး Sara (Kathryn Newton) က ဆုံးပါးသွားပြီဖြစ်တဲ့ သူမရဲ့အဖေ ငယ်ငယ်က ရောက်ခဲ့ဖူးတဲ့ ထိုင်းကမ်းရိုးတန်းက မိစ္ဆာခံတွင်း လို့ခေါ်တဲ့ ရေမြုပ်ဂူကြီးထဲကို သူငယ်ချင်းတွေနဲ့အတူ ရေငုပ်လည်ပတ်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။
ဒါပေမဲ့ ပျော်စရာခရီးစဉ်ကနေ ရေအောက်ဂူထဲမှာ ပိတ်မိသွားတဲ့အခါ ငရဲခန်းစတင်ပါတော့တယ်။ ပိုဆိုးတာက ဂူထဲမှာ လတ်ဆတ်တဲ့ရေချိုနဲ့ ရေငန်နှစ်မျိုးလုံးမှာ ကျင်လည်နိုင်ပြီး အလွန်သောင်းကျန်း ကြမ်းတမ်းတဲ့ Bull Shark (ကျွဲငါးမန်း) တစ်ကောင်နဲ့ သွားတိုးမိတာပါပဲ။
အမှောင်ထုထဲမှာ အောက်ဆီဂျင်ကလည်း ကုန်လာ၊ အပြင်ထွက်ပေါက်ကလည်း ပျောက်၊ ဘေးကလည်း ငါးမန်းက အချိန်မရွေး ကိုက်သတ်ဖို့ ချောင်းနေတဲ့အခါ သူတို့အုပ်စုကြားမှာ ကြောက်ရွံ့မှုတွေ စတင်စိမ့်ဝင်လာပါတယ်။
ဘဝဆက်ရှင်သန်ဖို့ ရုန်းကန်ရင်း သူငယ်ချင်းအချင်းချင်းကြားက အရင်က ဖုံးဖိထားခဲ့တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေပါ ပေါက်ကွဲထွက်လာပြီး အသက်ရှင်ကျန်ရစ်ဖို့ အသည်းအသန် ကြိုးစားကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ပုံမှန် ငါးမန်းကားတွေလို ငါးမန်းကိုပဲ အဓိကမထားဘဲ သူငယ်ချင်းတွေကြားက Toxic ဖြစ်နေတဲ့ ဆက်ဆံရေးနဲ့ စိတ္တဇဆန်ဆန် ဖိအားတွေကိုပါ သေချာပုံဖော်ထားတာ တွေ့ရပါတယ်။
ရေအောက်ဂူထဲ ပိတ်မိနေတဲ့ Claustrophobic (နေရာကျဉ်း ကြောက်စိတ်) ခံစားချက်နဲ့ ငါးမန်းရန်ကို ပါပေါင်းလိုက်တော့ ကြည့်ရှုသူတွေကို တောက်လျှောက် ရင်ဖိုစေမှာပါ။ ကြောက်လိုက်ကြပါဦး။
Repost from N/a
Raju Gari Gadhi 2 (2017)
___
ကောလိပ် ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့
အက်ရ်ှဝင်း ကီရှောနဲ့ ပရာဗင်းတို့သုံးယောက်ဟာ
အပန်းဖြေဟော်တယ်၊တည်းခိုခန်း လုပ်ငန်းကို
အတူလုပ်ကိုင်ကြတယ်။
အစပိုင်းမှာ ချောမွေ့နေပေမယ့်
သူတို့ပိုင်ဆိုင်တဲ့ အပန်းဖြေစခန်းမှာ
သဘယဝ နယ်လွန် ဖြစ်ရပ်ဆန်းတွေ ဖြစ်လာတယ်။
သိပ္ပံနည်းကျ အဖြေရှာမရတဲ့ ကိစ္စတွေမို့
အနီးအနား ချက်ကျောင်းက ဖာသာကို ခေါ်ပြီး
အပန်းဖြေစခန်းမှာ ခိုကပ်နေတဲ့
အမှောင့်ပယောဂတွေကို ဖယ်ရှားစေပါတယ်။
ဖာသာလည်း မနိုင်တော့ ပယောဂဆရာလည်းဖြစ်၊
စိတ်ရောဂါကုဆရာဝန်လည်းဖြစ်တဲ့ ရူဒရာ့ကို ခေါ်ပြီး
အဲ့ဒီအိမ်မှာ ခိုကပ်နေတဲ့ ပယောဂကို ရှင်းခိုင်းပါတယ်။
ရူဒရာဆိုတာက ဝိညာဉ်တွေကို ခေါ်ပြီး
ဆက်သွယ် စကားပြောဆိုနိုင်တဲ့
အစွမ်းရှိရုံတင်မက မုသားဖော်ပေးတဲ့သူအဖြစ်
ရဲဌာနကိုပါ အကျိုးပြုနေတဲ့သူပါ။
တကယ့် အဖြေကို ရှာလိုက်တော့
အပန်းဖြေစခန်းမှာ အမ်ရူသာဆိုတဲ့
ဝိညာဉ်ချောချောလေး ရှိနေတာပါ။
သူသေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို
သိချင်နေတဲ့ အမ်ရူသာ့ကို ရူဒရာ ကူညီဖို့
ဆုံးဖြတ်လိုက်တဲ့နောက်တော့. . .
အမ်ရူသာဟာ ဘယ်လိုမိန်းကလေးမျိုးလဲ. . .
ဘယ်လိုခါးသီးတဲ့ အတိတ်ကြောင့်
သေဆုံးသွားခဲ့ပြီး အပန်းဖြေစခန်းမှာ
ခိုကိုးရာမဲ့ ကပ်တွယ်နေရတာလဲ.
#Crd
Joinရန်လင့်🔽🔽
https://t.me/wwcha124
Zကားလင့်🔽🔽
https://t.me/wwcha124/388
Repost from N/a
S-u_z-z_a-n_n-a: W_i-t_c-h_c-r_a-f_t (2026)
အမုန်းတရားနဲ့ ပညာပြိုင်ပွဲSuzzanna: Witchcraft (2026) IMDb Rating (6.7) ဆူဇန်းနားဟာ ကျောင်းဆရာဖခင်ဆီက ဆင်းသက်လာပြီး ရိုးသားအေးချမ်းတဲ့ မိန်းမငယ်တစ်ယောက်ပါ။ ဒါပေမယ့်တစ်ရွာလုံးကိုနည်းမျိုးစုနဲ့အနိုင်ကျင့်နေပြီး ရွာကိုစိတ်ကြိုက်ခြယ်လှယ်ခွင့်ရအောင် ရွာသူကြီးနေရာအထိ မှန်းထားတဲ့ ဘစ်စမန်ဆိုတဲ့ လူယုတ်မာတစ်ယောက်က သူ့ဖခင်ကိုသတ်ပြီး တစ်မိသားစုလုံးကိုဖျက်ဆီးခဲ့ချိန်မှာတော့ စိတ်အနာကြီးနာသွားတဲ့ ဆူဇန်းနားဟာ အမုန်းတရားနဲ့လက်စားချေလိုစိတ်တွေရဲ့လောင်မြိုက်မှုနဲ့အတူ စုန်းအတတ်ကိုစတင်သင်ယူပါတော့တယ်။ ငရဲပြည်တွင်းဆုံးထိ ဆင်းရဲဖို့သတ္တိရှိမှ ဒီအတတ်ကိုသင်ယူလို့ရမယ်ဆိုတဲ့ သူ့ဆရာမရဲ့စကားအတိုင်း ဒီလမ်းကိုမိုက်ရူးရဲရွေးချယ်ခဲ့မိပေမယ့် တစ်ဖက်ရန်သူဟာလည်း ခေသူ ဟုတ်မနေတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် အကြီးအကျယ် ပညာချင်းယှဉ်ပြိုင်ပွဲကြီးဖြစ်ပေါ်လာပါတော့တယ်။ Jump scare တွေခြောက်ခြားစရာပုံရိပ်တွေကို အဓိကမထားပဲ အလင်းအမှောင်၊ အိုမင်းဟောင်းနွမ်းနေတဲ့၊ နေရာပျက်ကြီးတွေ၊ စုန်းအတတ် နတ်ပူဇော်ပွဲပုံရိပ်တွေနဲ့ နောက်ကျောမလုံဖြစ်စေတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်အောင်ဖန်တီးထားတာ တော်တော်မိုက်ပါတယ်။ ခေါင်းဆောင်မင်းသမီး Luna Maya ကလည်း ဝါရင့်တစ်ယောက်ပီပီ ဂန္ဓဝင်ဇာတ်ကောင် ဆူဇန်နာကိုအကောင်းဆုံးပုံဖော်ပေးထားပြီး အဓိပ္ပါယ်အသစ်ပါ ပေးနိုင်အောင်ကြိုးစားထားပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့မြင်နေကျ ဇာတ်ကားတွေနဲ့ကွဲပြားအောင် အားထုတ်ထားတဲ့ တန်းမြင့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။
Repost from The Last Duel ( ဟံသာဝတီစီးချင်းပွဲ)
ရန်သူ့နယ်မြေမှ လွတ်မြောက်ရေး [၂၀၂၆] တိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်သစ်ကြီး
