Falcon Esports MM
Відкрити в Telegram
Official Falcon Esports Channel; Esports Team Based on Myanmar
Показати більшеКраїна не вказанаКатегорія не вказана
661
Підписники
Немає даних24 години
-37 днів
-2230 днів
Архів дописів
𝗢𝗻𝗹𝘆 𝘀𝗲𝘃𝗲𝗻 𝗱𝗮𝘆𝘀 𝗹𝗲𝗳𝘁 𝘂𝗻𝘁𝗶𝗹 𝘁𝗵𝗲 𝗙𝗮𝗹𝗰𝗼𝗻𝗱𝗮𝘀𝗶𝗲𝘀 𝗯𝗹𝗼𝗼𝗺 𝗶𝗻 𝗣𝗮𝗿𝗶𝘀
#Falconesports #Aimhighflyhigh #Wearefalcon #Falcondasies
+1
MWI 2026 Edition Jersey ✌🏻
ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် EWC ကို သွားရောက်ယှဉ်ပြိုင်ချိန် ဒေစီပန်းတွေ ဝတ်ဆင်ပြီး ဆော့ကြမယ့် MWI 2026 Edition Jersey ဆိုတော့ MWI အမှတ်တရအငွေ့အသက် တွေကို ခံစားနိုင်မှာဖြစ်လို့ ဒေစီတို့အားလုံးမှာလည်း တစ်ထည်စီတော့ ရှိထားသင့်တယ်နော်။
၁၁၀,၀၀၀ ကျပ်သုံးပြီး Champions အငွေ့အသက်အပြည့်နဲ့ Edition Jersey တစ်ထည်ကိုယ့်စီမှာ ရှိနေစေချင်တယ်ဆိုရင်တော့ Pre Order တင်ပြီး မှာယူရမှာ ဖြစ်ပါတယ် ခင်ဗျာ။ ၁၀ ရက်နေ့အထိပဲ လက်ခံမှာဖြစ်လို့ အချိန်မဆွဲဘဲ Order တင်ထားတာ စိတ်အေးရမယ် နော်။
𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝗶𝗻𝗴 𝘁𝗵𝗲 𝗠𝗪𝗜 𝟮𝟬𝟮𝟲 𝗘𝗱𝗶𝘁𝗶𝗼𝗻 𝗝𝗲𝗿𝘀𝗲𝘆! ⚡
We finally unboxed and revealed our Official MWI 2026 Edition Jersey right in front of our amazing fans at today’s Fan Meet-up! 😍
အားလုံးပဲ စောင့်မျှော်နေကြတဲ့ ကျွန်တော်တို့ရဲ့ Official MWI 2026 Edition Jersey ကို ဒီနေ့ကျင်းပတဲ့ Fan Meet-up မှာ ပထမဆုံးအကြိမ် အဖြစ် တရားဝင် ချပြလိုက်ပါပြီခင်ဗျာ! 😍💯
#FalconEsports #Aimhighflyhigh #Mwi #Falcondasies #Dasiesfanmeetup
𝗢𝗨𝗥 𝗦𝗧𝗔𝗚𝗘 𝗜𝗦 𝗦𝗘𝗧: 𝗪𝗘'𝗥𝗘 𝗜𝗡 𝗚𝗥𝗢𝗨𝗣 𝗕! ⚔️
Group Stage Draw ရလဒ်များအရ ကျွန်တော်တို့ရဲ့ Falcon Daisies အသင်းဟာ MWI 2026 ရဲ့ Group B မှာ ပါဝင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နဲ့အတူ Group B မှာ အင်အားကြီးပြိုင်ဘက်တွေဖြစ်တဲ့ Gen.G Esports, FUT Esports FE, Team Vitality, MIBR.LOS, Natus Vincere, Galaxy Phoenix နဲ့ Falcons Vega MENA တို့ ပါဝင်နေပြီး ပွဲစဉ်တွေကတော့ တကယ့်ကို အကြိတ်အနယ်ရှိမှာ သေချာပါတယ်။
ပထမဆုံးအဖွင့်ပွဲစဉ်ကိုတော့ လာမည့် July 18, 2026 မှာ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်လို့ Daisies တို့ရဲ့ နိုင်ငံတကာစင်မြင့်ထက်က ခြေလှမ်းတွေကို အားပေးဖို့ အဆင်သင့်ပဲလား ပဲလား Falcoonsတို့ ?
"Aim High, Fly High!" 🦅✨
#FalconDaisies #MWI2026 #RoadToEWC #GroupB #MLBB
" jay တစ်ယောက် ဂိမ်းစဆော့ဖြစ်တဲ့အချိန်မှာ ကျောင်းကနေအိမ်ပြန်ရောက်ချိန်တဲ့အချိန် လွယ်အိတ်တန်းချပြီး ထမင်းမေ့ဟင်းမေ့ ဂိမ်းပဲဆော့လို့ အမေဆူခံရတဲ့အထိပါပဲ "
သူမရဲ့ဘ၀ဇာတ်ကြောင်း interview အစီအစဉ်လေး မှာ jayကိုယ်တိုင် ဖြေကြားခဲ့တဲ့စကားသံလေးတစ်ချိူ့ကိုမျှဝေပေးလိုက်တယ်။
ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ရင်းရင်းနှီးနှီး နဲ့ အပြင်မှာ စကားတွေပြောရင်း သိချင်သမျှ မေးခွန်းတွေကို အပြန်အလှန် အမေး အဖြေတွေလုပ် ၊ ဓာတ်ပုံတွေတူတူရိုက်ရင်း အမှတ်တရတွေ ဖန်တီးဖို့ မနက်ဖြန် ညနေ ၅ နာရီ နေ့မှာ ကျင်းပမဲ့ Fan meetup event မှာ Daisies တို့နဲ့ဆုံကြမယ် နော်။ အားလုံးပဲလာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်ဗျာ ။
#FalconEsports #Aimhighflyhigh #Mwi #Falcondasies #Dasiesfanmeetup
Falcon Daisie Fan Meet ကို လာဖို့ Daisies အားလုံး အဆင်သင့်ပဲလား🌸🦅
Player တွေနဲ့အတူ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးမဲ့ Daisies Fan Meet ရက်ကတော့ နီးကပ်လာပါပြီ။ လာမယ့် ၅ ရက်နေ့၊ ညနေ ၅ နာရီအချိန်မှာ ပြင်သစ်ယဉ်ကျေးမှုဌာန (Institut Francais de Birmanie - IFB) မှာ ကျင်းပသွားမှာဖြစ်လို့ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 💕
ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဆုံကြမယ် Daisies တို့ ✌🏻
"ကိုင်တိုင်စွဲစွဲမြဲမြဲဆော့ခဲ့တယ့်ဂိမ်းအကောင့်လေးတစ်ခုကိုရောင်းပြီး ပြိုင်ပွဲ ဆော့ဖို့ အတွက် စရိတ်အဖြစ်သုံးခဲ့ရတယ် "
သူမရဲ့ဘ၀ဇာတ်ကြောင်း အစီအစဉ်မှာ Kiko ကိုယ်တိုင်ဖြေကြားခဲ့တဲ့ စကားသံအချိူ့ကို ပရိတ်သတ်တို့ နားဆင်ခံစားသိရှိစေဖို့ ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။
Falcon Daisies APhoo အောင်မြင်မှုနောက်ကွယ်က ကြိုးစားမှုခရီးစဉ်နဲ့ ခရီးလမ်းတစ်လျှောက် ဘယ်လို အခက်အခဲ တွေရှိခဲ့မလဲ?
သူမရဲ့ဘ၀ဇာတ်ကြောင်း interview အစီအစဉ်လေး မှာ Aphoo ကိုယ်တိုင် ဖြေကြားခဲ့တဲ့စကားသံလေးတစ်ချိူ့ကိုမျှဝေပေးလိုက်တယ်။
ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ရင်းရင်းနှီးနှီး စကားတွေပြောရင်း သိချင်သမျှ မေးခွန်းတွေကို အပြန်အလှန် အမေးအဖြေ (Q&A) လုပ်သွားကြမှာဖြစ်သလို ဓာတ်ပုံတွေတူတူရိုက်ရင်း အမှတ်တရတွေ ဖန်တီးဖို့ July လ ၅ ရက် နေ့မှာ ကျင်းပမဲ့ Fanmeeting event မှာ Daisies တို့နဲ့ဆုံကြမယ် နော်။
Falcondasies fan meet up event ကိုတက်ရောက်ဖို့အတွက်google form မှာ ဖြည့်ပြီး အခမဲ့ စာရင်း ပေးသွင်းထားလို့ရပါပြီခင်ဗျာ။အားလုံးပဲ အခုလာမဲ့ 5ရက်နေ့မှာတွေ့ကြမယ်နော် ♥️
https://t.me/falconesportsmyanmar/75
𝗙𝗔𝗟𝗖𝗢𝗡 𝗗𝗔𝗜𝗦𝗜𝗘𝗦 𝗙𝗔𝗡 𝗠𝗘𝗘𝗧 𝗨𝗣 𝗜𝗡𝗩𝗜𝗧𝗔𝗧𝗜𝗢𝗡 🌸
ပြိုင်ပွဲတစ်လျှောက်လုံး အားတက်သရော အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတုံ့ပြန်ဖို့နဲ့ မမေ့နိုင်မယ့် အမှတ်တရညနေခင်းတစ်ခုကို တူတူဖြတ်သန်းဖို့အတွက် July 5, (Sunday) ည ကျင်းပသွားမဲ့ " Falcon Daisies Fan Meet Up" ပွဲလေးသို့ လာရောက်ပါရန် ဖိတ်ခေါ်လိုက်ရပါတယ်။
Fans vs Player ပျော်စရာ Game အစီအစဉ်တွေ၊ I jersey အပါအဝင် တစ်ခြားလက် ဆောင်ပစ္စည်းအစီအစဉ်တွေအပြင် Fans တွေနဲ့အတူ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးဖို့၊ အမှတ်တရ လက်မှတ်တွေနဲ့ ဓာတ်ပုံတွေ တူတူရိုက်ဖို့အပြင် ရင်ထဲက အနီးကပ်စကားတွေ ပြောကြဖို့အတွက် Falcon Daisies အဖွဲ့သားတွေက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အဆင်သင့်ဖြစ်နေပါပြီနော်။ 🥰
Fan meet up event ကိုတက်ရောက်ဖို့အတွက် form မှာ ဖြည့်ပြီး အခမဲ့ စာရင်း ပေးသွင်းထားလို့ရပါပြီခင်ဗျာ။
📅 နေ့ရက်: July 5, 2026 (Sunday)
🕔 အချိန်: ညနေ ၅:၀၀ နာရီ
📍 နေရာ: ပြင်သစ်ယဉ်ကျေးမှုဌာန (Institut Français de Birmanie - IFB)
🔥 𝗪𝗘 𝗪𝗔𝗡𝗧 𝗧𝗢 𝗛𝗘𝗔𝗥 𝗙𝗥𝗢𝗠 𝗬𝗢𝗨! 🔥
FalconDaisies ရဲ့ ပွဲစဉ်တိုင်းမှာ တစ်ယောက်တစ်မျိုးစီ မတူညီတဲ့ အားသာမှု တွေ၊ ကြိုးစားမှုတွေနဲ့ အသင်းကို အကောင်းဆုံး ပံ့ပိုးပေးနေကြတဲ့ ကျွန်တော်တို့ရဲ့ ကစားသမား ၅ ယောက်လုံးကတော့ ပရိသတ်ကြီး မြင်တွေ့ရတဲ့အတိုင်းပါပဲ။ 😎✨
သူတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ Role တွေ၊ အားသာချက်တွေ ရှိကြတာမို့... ဒီနေ့မှာတော့ ပရိသတ်တစ်ဦးချင်းစီ ကရော မိမိအနှစ်သက်ဆုံးကစားသမားက ဘယ်သူဖြစ်မလဲဆိုတာ Telegram channel pollရဲ့မှာ vote ပေးပေးကြပါဦးခင်ဗျာ။
Falcoons တို့တစ်ယောက်ချင်းစီအတွက် အနှစ်သက်ဆုံးနဲ့ အားပေးချင်စရာအကောင်းဆုံး Player က ဘယ်သူဖြစ်မလဲဆိုတာ သိပါရစေခင်ဗျာ။ 🤔💭
ပြင်သစ်မြေက EWC စင်မြင့်ထက်ဆီ အရောက်လှမ်းဖို့ MWI MM FINAL ရဲ့ ကစားကွက်တိုင်းကို စိတ်ကြိုက်ပုံဖော်ပြီး Paris ကို သွားမယ့် Script ကို Daisies ပန်းတွေ ကိုယ်တိုင်ရေးပြီး ဖြတ်သန်းခဲ့တဲ့ မှတ်တမ်း🔥
🎂 Happy Birthday, Kyi Sin! 🎂
ဒီနေ့ကတော့ Falcon Esports ရဲ့ Analyst ဖြစ်သူ Kyi Sin ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ✨
မွေးနေ့မှစပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနဲ့ အသင်းနဲ့အတူ အောင်မြင်မှုအသစ်တွေကို ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း Falconesports မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ 🦅🎉
