Falcon Esports MM
Відкрити в Telegram
Official Falcon Esports Channel; Esports Team Based on Myanmar
Показати більшеКраїна не вказанаКатегорія не вказана
662
Підписники
-224 години
-27 днів
-2330 днів
Архів дописів
Fly High, Fall Short 🦅
ကြိုးစားခဲ့ပေမယ့်အကောင်းဆုံးပျံသန်းနိုင်ဖို့ လိုအပ်ချက်လေးတွေရှိနေပါသေးတယ်။ နောက်ပွဲတွေမှာ Falcoons တို့အတွက်အနိုင်ပွဲကို ဖန်တီးပေးနိုင်အောင်ပိုကြိုးစားသွားပါမယ်ခင်ဗျာ။
Falcon Esports - 0🦅
Yangon Galacticos - 2👍
𝗧𝗵𝗲 𝗛𝘂𝗻𝘁 𝗼𝗳 𝘁𝗵𝗲 𝗙𝗮𝗹𝗰𝗼𝗻𝘀 🦅
ဒီညနေမှာတော့ ကျွန်တော်တို့ Falcon တွေနဲ့ Yangon Galacticos တို့ဟာ Regular Season Week 1 ရဲ့ အပိတ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားကြရမှာဖြစ်ပါတယ်။
အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတာမလို့ Falcons ပရိသတ်တွေအတွက် ပျင်းစရာ လုံးဝမရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်မှာ သေချာပါတယ်။
7 PM.......🦅
AimHighFlyHigh 🦅
𝗥𝗼𝘆𝗮𝗹 𝗗 𝗠𝗩𝗣 𝗶𝘀 𝗛𝗲𝗿𝗲 🔥
မနေ့ကပွဲအတွက် MVP Player ကတော့ OP ပဲ ဖြစ်ပါတယ်။ အနိုင်နဲ့ စခဲ့တဲ့ ဒီပွဲမှာ ကျွန်တော်တို့ သိန်းငှက် ၅ ကောင်လုံး ရဲ့ ကြိုးစားမှုကလည်း အရေးပါခဲ့ပါတယ်။ Game 3 က OP ရဲ့ Miya ကို အမှတ် ဘယ်လောက် ပေးချင်ကြလဲ။ Falcons တို့ရဲ့ စိတ်ကြိုက် Player ကို ပူးတွဲ MVP ပေးရမယ်ဆိုရင် ဘယ်သူ့ကိုပါ ပေးချင်လဲ Comment မှာ ရေးခဲ့ပေးသွားကြပါဦး👇
Take The Win 🦅
သိန်းငှက်တွေရဲ့ MSL ခရီးအစကတော့လှပခဲ့ပါပြီ။ 2-1 ဆိုတဲ့ရလဒ်တစ်ခုနဲ့ Team Secret ကိုအနိုင်ယူပြီး အမြင့်ကိုပျံသန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲရဲ့MVP ကိုဘယ်သူ့ကိုပေးချင်လဲ ပြောခဲ့ပါဦး Falcoons တို့❤️
𝗧𝗵𝗲 𝗛𝘂𝗻𝘁 𝗼𝗳 𝘁𝗵𝗲 𝗙𝗮𝗹𝗰𝗼𝗻𝘀🦅
ဒီနေ့ညနေ ၇ နာရီမှာ သိန်းငှက်တွေရဲ့ MSL S4 ချန်ပီယံခရီးစဉ် စပြီပဲဖြစ်ပါတယ်။ Team Secret နဲ့ တွေ့ရမှာဖြစ်ပြီး ပထမဆုံးပွဲစဉ်ကို ရလဒ်ကောင်းနဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။
AimHighFlyHigh 🦅
𝗕𝗼𝗿𝗻 𝗥𝗲𝗮𝗱𝘆 𝗳𝗼𝗿 𝗧𝗵𝗶𝘀🔥
MSL MM S4 ရဲ့ ဝေဟင်မှာ အမြင့်ဆုံး ပျံသန်းဖို့ ကျွန်တော်တို့ရဲ့ သိန်းငှက်တွေကတော့ Focus mode မှာရောက်နေပါပြီ။ Season 4 ရဲ့ ဘုရင်အဖြစ် Throne ပေါ်မှာ နားနိုင်ဖို့အတွက် အစဖြစ်တဲ့ Regular Season မှာ ကျွန်တော်တို့ ဆင်နွှဲရမယ့် တိုက်ပွဲတိုင်းကို အကောင်းဆုံး ပုံစံနဲ့ အမဲလိုက်ပြီး အနိုင်ယူသွားဖို့ Mental အပြည့်ပါပဲ။
ကျွန်တော်တို့နဲ့အတူအမြင့်ကိုပျံသန်းလိုက်ရအောင် Falcoons တို့🦅
𝗧𝗛𝗘 𝗥𝗢𝗬𝗔𝗟 𝗙𝗟𝗜𝗚𝗛𝗧 | 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗥𝗼𝘀𝘁𝗲𝗿 𝗩𝗶𝗱𝗲𝗼 🔥
MSL Season 4 ရဲ့ ကောင်းကင်ယံမှာပျံသန်းပြီး ချန်ပီယံဖလားကိုအရယူဖို့ကျွန်တော်တို့ သိန်းငှက်တွေကတော့ အသင့်ဖြစ်နေပါပြီ။ပြောင်းလဲထားတဲ့ Lineup နဲ့အတူ Season 4 ရဲ့ချန်ပီယံဖလားအတွက် တိုက်ပွဲဝင်သွားမှာပါ။ Falcon Esports ကိုအောင်မြင်မှုအသစ်တွေဆီ ခေါ်ဆောင်သွားဖို့ Jina နဲ့အတူ ကစားသမားဘဝမှာအောင်မြင်မှုတွေ များစွာပိုင်ဆိုင်ထားတဲ့ PX7, Royal Milk တို့က ဒီ Player တွေကို ဦးဆောင်ပေးသွားမှာဖြစ်ပါတယ်။ စောင့်ကြည့်ပေးကြပါဦး Falcoons တို့❤️
We're Falcoonnnnnnnn🦅
See you on the next stage, keep chasing greatness 🫡
နေရာသစ်မှာ အကောင်းဆုံးပျံသန်းပြီး အောင်မြင်မှုတွေ ရရှိဖို့
Falcon သိန်းငှက်တွေက ဆုတောင်းပေးလိုက်ပါတယ် ကိုညိုချောရေ
𝐖𝐄 𝐀𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆: 𝐉𝐨𝐢𝐧 𝐅𝐚𝐥𝐜𝐨𝐧 𝐄𝐬𝐩𝐨𝐫𝐭𝐬 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐓𝐞𝐚𝐦! 🦅
For more info
https://www.facebook.com/share/p/1D9PhzjFcF/
𝗡𝗲𝘄 𝗙𝗮𝗰𝗲, 𝗦𝗮𝗺𝗲 𝗚𝗼𝗮𝗹 🦅
အပြောင်းအလဲဆိုတာ သဘာဝတရားရဲ့ နိယာမတစ်ခုပါ။ Falcon Esports ရဲ့ ကောင်းကင်ယံမှာလည်း တောင်ပံခတ်သံတွေ အပြောင်းအလဲရှိခဲ့သလို၊ လက်ရှိအချိန်အထိလည်း အောင်မြင်မှုအသစ်တွေဆီ ခရီးဆက်နေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ အပြောင်းအလဲတိုင်းဟာ မြင့်မားတဲ့ ရည်မှန်းချက်တွေဆီ ပျံသန်းဖို့အတွက်ပဲ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့ Falcon ရဲ့ ကောင်းကင်ထက်ဆီ ပျံသန်းရောက်ရှိလာတဲ့ တောဘုရင်တစ်ပါဖြစ်တဲ့ Lucky ကို Falcon သိန်းငှက်အားလုံးက နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။ 🦅🔥
တောင်ပံသစ်တွေနဲ့အတူ ပန်းတိုင်ဆီ ရှေ့ဆက် ပျံသန်းကြစို့... 💪
#FalconEsports #AimHighFlyHigh #Esports #forfalcoons #FYP
Reloaded & Ready🦅
ဘယ်လမ်း၊ဘယ်ကောင်းကင်ယံမှာပဲ ကျွန်တော်တို့ လျှောက်လှမ်း၊ပျံသန်းနေပါစေ အပြောင်းအလဲတွေကတော့ ရှိလာနေမှာပါပဲ။ ဒီ Esports ရဲ့ကောင်းကင်ယံမှာလည်း ဒါဟာ သဘာဝပါ။
အခုဆိုရင်ကျွန်တော်တို့ Falcon Family ရဲ့ တောင်ပံရိုက်ခတ်သံတွေကြားထဲ OP လည်း ပါဝင်လာခဲ့ပါပြီ။ အပြောင်းအလဲတိုင်းဟာ ပိုမိုမြင့်မားတဲ့ ကောင်းကင်ဆီ ပျံသန်းဖို့ အင်အားသစ်တွေ ဖြစ်လာတာမို့ OP ရောက်ရှိလာမှုနဲ့အတူ ကျွန်တော်တို့ Falcon Family ရဲ့ အတောင်ပံတွေ ပိုပြီးတောင့်တင်းခိုင်မာသွားခဲ့ပါပြီ။
ပိုမြင့်တဲ့ အောင်မြင်မှုအသစ်တွေဆီ သိန်းငှက်တို့ရဲ့ စွမ်းအားအပြည့်နဲ့ အတူပျံသန်းဖို့အတွက်... Ready to Fight 🤜
𝗘𝗻𝘁𝗲𝗿𝗶𝗻𝗴 𝘁𝗵𝗲 𝗡𝗲𝘄 𝗥𝗲𝗮𝗹𝗺 🦅
Portal ရဲ့ အခြားတစ်ဖက်မှာ စောင့်ကြိုနေတဲ့ တိုက်ပွဲသစ်တွေအတွက် Falcon Esports ကReadyပါ ပဲ! 🦅⚡
ဒီ Journey မှာ ကျွန်တော် တို့နဲ့ လိုက်ပါပြီးအတူ ရှိနေဖို့ အဆင်သင့်ပဲလား?
#FalconEsports #GameOn
#Aimhighflyhigh #Wearefalcon
Happy Birthday to Royal Milk! 🥳🎉
ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာအထိ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒတွေအကုန် ပြည့်ဝပါစေ။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါစေကြောင်းနဲ့ ရှေ့ဆက်မယ့် လုပ်ငန်းဆောင်တာ၊ ရည်မှန်းချက်တွေတိုင်းမှာလည်း အောင်မြင်မှုတွေ တသီတတန်းကြီး ရရှိပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်!
Wishing you a wonderful birthday filled with love, laughter, and endless success! Have a blast! 🎂✨
𝗔𝗹𝗹 𝘁𝗵𝗲 𝗯𝗲𝘀𝘁 𝗶𝗻 𝘆𝗼𝘂𝗿 𝗻𝗲𝘅𝘁 𝗺𝗶𝘀𝘀𝗶𝗼𝗻
မမေ့နိုင်စရာ အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်စကားသမား နှစ်ဦးပါ၊ မင်းတို့ရဲ့အတူ ရယူခဲ့ဖူးတဲ့ အောင်မြင်မှုတွေတိုင်းက အခုအချိန်မှာ လွမ်းဆွတ်တမ်းတစရာတွေအဖြစ် ကျန်ရစ်ခဲ့ပါပြီ။
ဘယ်လို အကြောင်းတရားတွေကြောင့် ကာလာအရောင်တွေ ပြောင်းလဲသွားပါစေ “Once a Red, Always a Red” ဖြစ်နေမယ်ဆိုတာ ယုံကြည်နေပါတယ် ။
Thank you for everything.
Best of Luck, Daxx & Beni! Go shine out there! 🦅✊
@falconesportsmyanmar
+1
𝗔𝗹𝗹 𝘁𝗵𝗲 𝗯𝗲𝘀𝘁 𝗶𝗻 𝘆𝗼𝘂𝗿 𝗻𝗲𝘅𝘁 𝗺𝗶𝘀𝘀𝗶𝗼𝗻
မမေ့နိုင်စရာ အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်စကားသမား နှစ်ဦးပါ၊ မင်းတို့ရဲ့အတူ ရယူခဲ့ဖူးတဲ့ အောင်မြင်မှုတွေတိုင်းက အခုအချိန်မှာ လွမ်းဆွတ်တမ်းတစရာတွေအဖြစ် ကျန်ရစ်ခဲ့ပါပြီ။
ဘယ်လို အကြောင်းတရားတွေကြောင့် ကာလာအရောင်တွေ ပြောင်းလဲသွားပါစေ “Once a Red, Always a Red” ဖြစ်နေမယ်ဆိုတာ ယုံကြည်နေပါတယ် ။
Thank you for everything.
Best of Luck, Daxx & Beni! Go shine out there! 🦅✊
@falconesportsmyanmar
စာရင်းပေးသွင်းရန်ကာလ - 23rd July မှ 31st July ထိ
LPA Portal မှတဆင့် စာရင်းပေးသွင်းရန် (Weekly Pass ကံထူးခွင့်ရမည်) - https://bit.ly/4wTlq4y
Google Form မှတဆင့် စာရင်းပေးသွင်းရန် - https://bit.ly/4wj3Bwb
Professional Player ဖြစ်ဖို့ အိပ်မက်ရှိသူတိုင်းအတွက် Atom Lets Play Arena ကနေပြုလုပ်တဲ့
LOC ပြိုင်ပွဲ၊ Prize Pool သိန်း(၂၀၀) နဲ့အတူ MSL S4 အတွက် Direct Invite Slot ကိုရရှိမှာဖြစ်လို့
အိမ်မက်တွေကို အကောင်အထည်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ Comment မှာချထားပေးတဲ့ Link ကနေ Registration လုပ်ပြီးအိပ်မက်အတွက် ခြေတစ်လှမ်းကိုစတင်လိုက်ပါ။
@falconesportsmyanmar
𝗧𝗛𝗔𝗡𝗞 𝗬𝗢𝗨 𝗔𝗡𝗗 𝗢𝗨𝗥 𝗝𝗢𝗨𝗥𝗡𝗘𝗬 𝗘𝗡𝗗𝗦 𝗛𝗘𝗥𝗘. 💔🦁! ❤️
ကျွန်တော်တို့ရဲ့ Falcon Daisies အသင်းဟာ MWI at EWC 2026 ရဲ့ Lower Bracket ရှုံးထွက် ပွဲစဉ်မှာ NAVI PH အသင်းကို အစွမ်းကုန်တိုက်ပွဲဝင် ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ အနိုင်ရလဒ်ကို လက်လွှတ်လိုက်ရပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။🏆
နောက်ဆုံးအချိန်အထိ Daisies တို့နဲ့အတူ အားပေးဝန်းရံပေးခဲ့ကြတဲ့ ချစ်ရတဲ့ ပရိသတ်ကြီးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ဗျာ။
