Nadi Aya Farm
Відкрити в Telegram
မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269
Показати більшеКраїна не вказанаКатегорія не вказана
451
Підписники
+424 години
+597 днів
+6030 день
Архів дописів
ပြင်ကြက်တကောင်တွင်လေ့ကျင့်ခန်းပြင်းထန်စွာလုပ်နေတဲ့ကာလနှင့် တိုက်ဝိုင်းမှရုန်းလာပြီးတဲ့ကြက်များအဖို့ ပိုတက်ဆီယမ်နှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရန်အတွက် မဖြစ်မနေကျွေးမွေးရန်သင့်ပါသည်။
တိုက်ခါနီး ကာလ 3ရက်အလိုမှစပြီးနေ့စဉ်ကျွေးနိုင်ပြီးတိုက်ဝိုင်းဆင်းမည့်နာရီပိုင်းအလို တွင်ငှက်ပျောသီးကျွေးခြင်းသည် တိုက်ကြက်တကောင်အတွက် သဘာဝသကြားဓါတ်နှင့်စွမ်းအင်သိုလှောင်မှုမြှင့်တင်ရန်အတွက်အဓိကအခရာကျသောသဘာဝအစာဖြစ်သောကြောင့်မဖြစ်မနေကျွေးသင့်ပါသည်။
ငှက်ပျောသီးကို ပုံမှန်အားဖြင့်ပြင်ကြက်တကောင်နှင့်သားထိုးကြက်တကောင်အတွက် 2ရက်ခြားတခါကျွးခြင်းကသင့်တင့်မျှတအကျိုးရှိစေပါသည်။
တစ်ခါကျွေးလျင်လက်သည်းခွံလောက်အတုံးလေး
2တုံးလောက်ကျွေးခြင်းကိုအကြိုက်ဆုံးဘဲ။
တိုက်ဝိုင်းဆင်းမည့်နေ့နှင့်တ်ုက်ဝိုင်းဆင်းခါနီးနောက်ဆုံးအစာအဖြစ်ကျွေးမယ့်ပမာဏကတော့ကြက်တကောင်ဇလုပ်ရဲ့ တစ်ဝက်လောက်ပြည့်တဲ့အထိကျွေးခြင်းကိုအကြိုက်ဆုံးဘဲ။
ငှက်ပျောသီးသည် တိုက်ကြက်ကို လျင်မြန်သော စွမ်းအင် နှင့် ကြွက်သားထိန်းသိမ်းမှု အတွက် အထောက်အကူပြုသည့် သဘာဝအားဖြည့်စာ ဖြစ်ပါသည်။ သဘာဝသကြားဓါတ်များပြားစွာပါဝင်သောကြောင့်အလွန်အကျွံများစွာကျွေးမိပါက သကြားဓါတ်များစုပုံလာပြီးတိုက်ကြက်တကောင်အတွက်မလိုလားအပ်တဲ့ကျန်းမာရေးချို့ယွင်းချက်များစွာဖြစ်ပေါ်နိုင်သောကြောင့်သင့်တင့်မျတစွာကျွေးခြင်းသည်သာအကောင်းဆုံးဖြစ်နိုင်ပါလိမ့်မည်။အပေါ်ဝိုင်းမှာဆရာကြီးတွေရောဆရာလေးတွေရော ပညာရှင်တွေရော ပြည်တွင်းသာမက ပြည်ပမှာပါရှယ်ဖြုတ်ရမည့်အခန်းကိုရောက်လာခဲ့မယ်ဆို တိုက်ကြက်တကောင်ရဲ့နေ့စဉ်စွမ်းအင်သိုလှောင်ခြင်းနှင့်ပြန်လည်အသုံးချခြင်းဖြစ်စဉ်တစ်ခုလုံးကိုနားလည်တတ်ကျွမ်းထားမှကိုအဆင်ပြနိုင်မှာပါ။နောင်များအခါအားလျော်စွာတိုက်ကြက်တကောင်ရဲ့စွမ်းအင်သိုလှောင်ပုံနှင့်ပြန်လည်အသုံးချပုံကိုသိသလောက်ပြန်လည်မျှဝေပေးပါဦးမည်။
ဒီဝါသနာကိုအရင်းခံပြီးသိသလောက်တတ်သလောက်လက်တွေ့စမ်းသပ်ပြီးလက်တွေ့ကျင့်သုံးမိသလောက်လေးကို ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။
Nadi Aya Farm
21/11/2025
ပြင်ကြက်တကောင်၏အဟာရဗေဒအနုပညာ (5)
ပြင်ကြက်တကောင်မှာလေ့ကျင့်ခန်းလုပ်၍ အရိုးအဆစ် ကြွက်သားများနှင့်သက်လုံကောင်းအောင်
စွမ်းဆောင်ခြင်းသည်အဓိကဆိုပေမယ့် တိုက်ဝိုင်းဆင်းမည့်ကြက်တကောင်အတွက်ဖြည့်စွက်အစာအဟာရမှာလည်းအရေးပါသည့်အခန်းမှပါဝင်နေသည်။
ယခုpost တွင် မုန်လာဥနီ နှင့်ငှက်ပျောသီးအစရှိသည့် သဘာဝအစားအစာများနှင့်တိုက်ကြက်အပေါ်အကျိုးပြုပုံ ဆိုးကျိုးကောင်းကျိုးများကိုပြန်လည်မျှဝေပါဦးမည်။အစရှိသည့် သဘာဝအစားအစာများနှင့်တိုက်ကြက်အပေါ်အကျိုးပြုပုံ ဆိုးကျိုးကောင်းကျိုးများကိုပြန်လည်မျှဝေပါဦးမည်။
မုန်လာဥနီ
Beta-Carotene (ဘီတာ-ကယ်ရိုတင်း) / ဗီတာမင် A:
မုန်လာဥနီကို လိမ္မော်ရောင်ဖြစ်စေတဲ့ ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲရောက်မှ ဗီတာမင် A အဖြစ်ပြောင်းလဲပါတယ်။
တိုက်ကြက်တကောင်အတွက်မျက်လုံးအမြင်အာရုံကို ကောင်းမွန်စေခြင်း အမွေးအတောင်နှင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း။
Antioxidants (ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ):
Beta-Carotene နှင့် အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကို လျော့ပါးစေခြင်းတို့ကို ကူညီပေးပါတယ်။
Dietary Fiber (အမျှင်ဓာတ်):
အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ (သို့သော် လွန်ကဲပါက ဝမ်းချုပ်ခြင်း သို့မဟုတ် အစာအိမ်ပိတ်ဆို့ခြင်း ဖြစ်နိုင်သည်)။
Carbohydrates (ကာဗိုဟိုက်ဒရိတ်):
အဓိကအားဖြင့် သကြားဓာတ်နှင့် ကစီဓာတ်ပုံစံဖြင့် ပါဝင်ပြီး စွမ်းအင် (Energy) ရရှိစေပါတယ်။
ဗီတာမင်နှင့် သတ္တုဓာတ်များ:
ဗီတာမင် C, ဗီတာမင် K, ပိုတက်ဆီယမ် (Potassium) စသည်တို့ အနည်းငယ်ပါဝင်ပြီး အလုံးစုံကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်
မုန်လာဥနီသည် အဓိကအစာအစား မဟုတ်ဘဲ၊ ကြက်ပေါက်တွေကြီးထွားရန်အဟာရလိုအပ်တဲ့အချိန်၊ ကြက်ပြင်နေတဲ့အချိန်၊ သားထိုးကာလမှာရောဂါကင်းကင်းနဲ့ကျန်းမာသန်စွမ်းအောင်သားထိုးတဲ့အချိန်ကာလတို့တွင် အားဖြည့်အစာ သို့မဟုတ် ဗီတာမင်ဖြည့်စွက်အစာ အဖြစ်သာ အသုံးပြုသင့်ပါသည်။
မုန်လာဥနီကို အချိန်မှန်မှန်နဲ့ အချိုးအဆမှန်မှန် ကျွေးဖို့ အရေးကြီးပါတယ်။
မုန်လာဥနီသည် အဓိကအားဖြင့် ဗီတာမင်နှင့် အမျှင်ဓာတ်အတွက်ဖြစ်၍တိုက်ဝိုင်းဆင်းမည့်ရက် 4/5ရက်အလိုတွင်ကျွေးမွေးခြင်းကိုရှောင်ရှားသင့်ပါသည်။
ကြက်ပြင်နေစဉ်ကာလများတွင် ကျန်းမာရေးအတွက် ပုံမှန်အနည်းငယ်စီ ကျွေးသင့်သည်။
တိုက်ခါနီး ရက်ပိုင်းအလို (ဥပမာ: ၃ ရက်မှ ၅ ရက်အလို) တွင် ပိုလျှံသော အမျှင်ဓာတ်ကို ရှောင်ရှားရန်နှင့် အစာအိမ်ရှင်းလင်းရန်အတွက် တိုက်ကြက်များအတွက်မုန်လာဥနီကျွေးခြင်းကို ရပ်ဆိုင်းသင့်သည်။
ဝမ်းလျောဝမ်းပျက်ဆိုးရွားစွာဖြစ်နေသောတိုက်ကြက်များတွင်လည်းမုန်လာဥနီမကျွေးးသင့်သေးပါ။
မုန်လာဥနီကိုတိုက်ကြက်တစ်ကောင်အတွက် တစ်နေ့တာအစာထဲတွင် လက်သည်းခွံလောက်အတုံးလေး2တုံးလောက်ကျွေးခြင်းသည်အထိရောက်
အကျိုးရှိဆုံးဖြစ်ပေလိမ့်မည်။
သတိပြုရမှာက ကျွေးမည့်မုန်လာဥနီအရွယ်အစားကြီးမားပါက လည်ချောင်းနာခြင်း/ပိတ်ဆို့ခြင်း များနှင့်အမျှင်ဓါတ်များသောအစာဖြစ်တာကြောင့်အစာချေဖျက်ရန်ခက်ခဲနိုင်တဲအတွက်သင့်တင့်သောအရွယ်အစားကျွေးခြင်းကပိုမိုကောင်းမွန်ပါသည်။
အလွန်အကျွံအကြိမ်များစွာကျွေးမိပါကဝမ်းပုံမှန်မဟုတ်သည့်ပြသနာကြုံတွေ့ရနိုင်ပါသည်။
အနှစ်ချုပ်ဆိုရလျင်ကြက်တကောင်အတွက်အမြင်အာရုံ နှင့် ကိုယ်ခံအားကောင်းစေသောအစာဖြစ်သောကြောင့်တိုက်ကြက်တကောင်အတွက်မုန်လာဥနီကျွေးခြင်းကအကျိုးများစွာဖြစ်ထွန်းမည်မှာအသေအချာခိုင်မာပါသည်။
ငှက်ပျောသီး
ငှက်ပျောသီးဟာ တိုက်ကြက်တစ်ကောင်အတွက် အထူးသဖြင့် စွမ်းအင်နှင့် သတ္တုဓာတ်ဖြည့်တင်းဖို့အတွက် အလွန်ကောင်းမွန်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။
Carbohydrates (ကာဗိုဟိုက်ဒရိတ်):
အဓိကအားဖြင့် သဘာဝသကြားဓာတ် (Glucose, Fructose, Sucrose) များ ပါဝင်ပြီး ချက်ချင်းလိုလို စွမ်းအင်ကို ရရှိစေပါတယ်။ ဒါ့ကြောင့် တိုက်ကြက်များအတွက် အလွန်ကောင်းမွန်တဲ့ စွမ်းအင်ရင်းမြစ် (Quick Energy Source) ဖြစ်ပါတယ်။
Potassium (ပိုတက်ဆီယမ်):
ငှက်ပျောသီးမှာ အဓိကပါဝင်တဲ့ သတ္တုဓာတ်ဖြစ်ပြီး ကြွက်သားလုပ်ဆောင်ချက် (Muscle Function) ကို အထောက်အကူပြုကာ ကြွက်တက်ခြင်း (Cramping) မှ ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းများပြုလုပ်ပြီးနောက် ရေဓာတ်နှင့် ဓာတ်ဆားဓာတ် (Electrolytes) ဖြည့်တင်းရာမှာလည်းအေထာက်အကူများစွာပြုပါတယ်။
Magnesium (မဂ္ဂနီဆီယမ်):
စွမ်းအင်ထုတ်လုပ်ခြင်း (Energy Production) နှင့် အာရုံကြောစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေဖို့ ကူညီပေးပါတယ်။
Vitamins (ဗီတာမင်များ):
ဗီတာမင် B6 နှင့် ဗီတာမင် C အချို့ ပါဝင်ပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးကာ ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးပါတယ်။
Dietary Fiber (အမျှင်ဓာတ်):
အူလမ်းကြောင်းကျန်းမာရေးနှင့် အစာခြေစနစ်ကို ကောင်းမွန်စေရန် အနည်းငယ် ပါဝင်ပါတယ်။
ငှက်ပျောသီးကိုကြက်ပေါက်ဘဝကနေစပြီး ပြင်ကြက် ဝိုင်းဆင်းခါနီးကြက် နှင့် သားထိုးကြက်အထိပုံမှန်ကျွေးမွေးနိုင်လျင်များစွာအကျိုးရှိပါတယ်။
ပြင်ကြက်တကောင်၏အဟာရဗေဒအနုပညာ (4)
တိုက်ကြက်တကောင်အတွက်လိုအပ်တဲ့အစာအဟာရေတွနဲ့ဖြည့်စွက်စာတွေထဲမှာ လတ်ဆတ်သောအသီးအရွက် သစ်ဥသစ်ဖုတွေဆိုတာလည်းအဓိကနေရာကပါဝင်ပါတယ်။
ယခုခေါတ်တိုက်ကြက်လောကအနေအထားအရရော
ခေါတ်ပေါ်ဆေးဝါးဖြည့်စွက်စာတွေအသုံးပြုလာတာများတဲ့အတွက်ကြောင့်အများသူငါတန်းတူ တိုက်ဝိုင်းအတွင်းမှာမိမိကြက်ကိုအဖက်ဖက်ကအသာစီးရနိုင်ကာမှတော်ကာကြပေမည်။
တိုက်ကြက်များအတွက်အကျိုးပြုနိုင်သောအသီးအရွက်သစ်ဥသစ်ဖုများစွာရှိတဲ့အထဲက လွယ်လွယ်ကူကူနုဲ့ရနိုင်တဲ့အသီးအရွက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာတိုက်ကြက်အတွက်အကျိုးပြုမည့်အဓိကဓါတ်များဟာ lycopene နှင့် ဗီတာမင် C တို့သာဖြစ်ပါသည်။
Lycopene သည်ဓါတ်တိုးဆန့်ကျင်
ပစည်း(antioxidant)တွေကို တိုက်ဖျက်ရာမှာအဓိကလုပ်ဆောင်ပေးတဲ့အတွက် ဆဲလ်ပျက်ဆီးမှုတွေကိုကာကွယ်လျော့ချပေးပြီးကျန်းမာနုပျိုမှုကိုထိန်းသိမ်း
ပေးပါသည်။lycopene ဓါတ်သည်တိုက်ကြက်တကောင်၏မျက်လုံးနှင့်ပါတ်သတ်သောဆဲလ်များပျက်စီးခြင်းမှကာကွယ်ပေးတဲ့အတွက်အမြင်အာရုံကိုအထူးကောင်းမွန်စေပါသည်။
ဗီတာမင် C သည်ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီးကျန်းမာရေးကိုအထူးကောင်းမွန်စေကာပြင်ပမှဝင်ရောက်မည့်ရောဂါဒါဏ်ကိုပိုမိုခံနိုင်ရည်ရှိစေ၍
ခုခံအားပိုမိုကောင်းစေပါသည်။
ရေဓါတ်ကိုလည်းအထူးဖြည့်တင်းပေးပါသည်။
အထူးသတိထားကျွေးမွေးရမှာက အချဉ်ဓါတ်များသောအသီးဖြစ်သောကြောင့်တိုက်ကြက်တကောင်အတွက်လိုအပ်တာထက်ပိုမိုများပြားစွာကျွေးပါက
ဝမ်းပျက်ဝမ်းလျောခြင်းများဖြစ်နိုင်ပါသည်။
ကျွန်တော်အကြိုက်ဆုံးခရမ်းချဉ်သီးနေ့စဉ်ကျွေးရမည့်ပမာဏကတော့ ခရမ်းချဉ်သီးအနေတော်အလုံးတလုံးကို (8)စိပ်လှိးလိုက်ပြီး ကြက်တကောင်အတွက်တနေ့တစိပ်ပမာဏကိုနေ့စဉ်ကျွေးတာအကြိုက်ဆုံးပါဘဲ။
ကြက်သွန်နီ
Sulfur ဒြပ်ပေါင်းများ နှင့် ဗီတာမင်C တို့အဓိကပါဝင်ပါသည်။sulfurဓါတ်ပေါင်းများသည် အူလမ်းကြောင်းအတွင်းရှိဘက်တီးရီးယားများကို
သဘာဝအတိုင်းချေမှုန်းပေးနိုင်တဲ့အစွမ်းရှိပါသည်။
အသက်ရှုလမ်းကြောင်းအတွင်းရှိဘက်တီးရီးယားများနှင့်အညစ်အကြေးများကိုသန့်စင်ပေးနိုင်သောကြောင့်အမောလုံစေပါသည်။
သွေးလည်ပါတ်မှုကိုအားကောင်းစေပြီးသွေးကိုကြည်လင်စေသောကြောင့်လှုပ်ရှားမှုကိုပိုမိုသွက်လက်စေပါသည်။
ကြက်သွန်နီသည်အပူများစောအစာဖြစ်သောကြောင့်အလွန်အကျွံကျွေးပါက တိုက်ကြက်အတွက်ကိုယ်အကူချိန်လွန်ကဲခြင်းကိုဖြစ်စေနိုင်ပါသည်။
တိုက်ကြက်တကောင်အတွက်နေ့စဉ်ကျွေးရမယ့်အစာ
ဖြစ်တာကြောင့်နေ့တိုင်းနည်းနည်းနှင့်နေ့စဉ်ကျွေးမွေးခြင်းကပိုမိုအကျိုးရှိပါသည်။
ကျွန်တော်သဘောအကျဆုံးကြက်သွန်နီကျွေးနည်းက ကြက်သွန်နီအနေေတာ်တလုံးကို 12စိပ်စိပ်ပြီး နေ့စဉ် 1စိပ်စီကျွေးခြင်းကိုပိုမိုသဘောကျပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကိုအချို့ အိမ်နီးချင်းနိုင်ငံကကြက်သမားအချို့က သဘာဝသံချဆေးအဖြစ်အသုံးချကြသလိုတိုက်ကြက်တကောင်အတွက်သဘာဝဆေးဝါးအဖြစ်လည်းအသုံးချကြပါသည်။
Sulphur ဓါတ်ပေါင်းများ ဗီတာမင် C နှင့် Allicin တို့ပါဝင်ပါသည်။Antibiotics သဘာဝပဋိဇီဝ တို့များစွာပါဝင်ပါသည့်အတွက် တိုက်ကြက်တကောင်အတွက်
အူးလမ်းကြောင်း အသက်ရှုလမ်းကြောင်း သွေးကြောနှင့်အဆုတ်အတွင်းရှိ ဘက်တီးရီးယားများ နှင့်အညစ်အကြေးများကိုသန့်စင်ရှင်းလင်းနိုင်သောကြောင့်သဘာဝပိုးသတ်ဆေးအဖြစ်အသုံးပြု
ကြပါသည်။
အစာအိမ်နှင့်အူလမ်းကြောင်းအတွင်းရှိ သံကောင်များနှင့်မလိုလားအပ်သောပိုးမွှားများကိုလည်းရှင်းလင်းပေးနိုင်တဲ့အစွမ်းရှိပါသည်။
သွေးများကိုကြည်လင်စေပြီးသွေးလည်ပါတ်မှုအားကောင်းစေပါတယ်။
မျိုးပွားခြင်းဆိုင်ရာလုပ်ငန်းဆောင်တာများမှာလည်းအထူးပံ့ပိုးပေးပါတယ်။
ကြက်သွန်ဖြူသည်အပူများသောအစာဖြစ်သည့်အလျောက်အလွန်အကျွံကျွေးမိပါကအပူလွန်ကဲခြင်း
နှင့်အတူအစာအိမ်အူလမ်းကြောင်းအတွင်းရှိအကျိုးပြုအဏုဇီဝပိုးများကိုပါသေစေနိုင်သောကြောင့်ဝမ်းဓါတ်ပျက်စီးကာဝမ်းပျက်ခြင်းကိုဖြစ်စေနိုင်ပါသည်။
ကျွန်တော်သဘောအကျဆုံးကြက်သွန်ဖြူကျွေးနည်းကတော့ ကြက်သွန်ဖြူအနေတော်အတတ်လေးတစ်ခုကို 3ပိုင်းပိုင်း၍ 2ရက် 1ကြိမ်ကျွေးတာတော့အကြိုက်ဆုံးဘဲ။နောင်အခွင့်ကြုံကြိုက်တဲ့အခါ ကြက်သွန်ဖြူအသုံးပြု၍ သံချ ခြင်းနှင့် အူလမ်းကြောင်းရှင်းနည်းလေးပြန်လည်မျှဝေပေးပါမယ်။
တိုက်ကြက်ဝါသနာရှင်ညီကိုအပေါင်းတို့ကြက်ပြင်တွေကောင်းကြပြီး ကြက်ကောင်းတွေပြင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
Nadi Aya Farm
6/11/2025
ပြင်ကြက်တကောင်၏အဟာရဗေဒအနုပညာ (3)
တိုက်ဝိုင်းဆင်းမည့်ကြက်တကောင်ရဲ့အစာအဟာရထဲမှာ ဆန်စပါးတစ်မျိုးတည်းကျွေးယုံနှင့်မလုံလောက်နိုင်ပါ။ထို့ကြောင့်ဖြည့်စွက်စာများကျွေးမွေးရန်အထူးလိုအပ်ပေသည်။
ပြင်ကြက်တကောင်နှင့် B complex -ဘားပလက် ကျွေးခြင်း၏ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုအချိန်
ဘယ်လိုအခြေအနေမှာဘယ်လိုတိုက်ကျွေးရမလဲဆိုတာတင်ပြပေးခြင်ပါတယ်။
မောင်ရင်ရေ ဘားပလက်တိုက်ရင် ကြက်ခွပ်အီတယ် ဝတယ် အားတွေလိုတာထက်ပိုတယ်ဆိုတဲ့ကြက်ဗေဒင်ဟောပြီးစာဖတ်တဲ့ခေါတ်က ကျန်ခဲ့လောက်ပြီထင်တာဘဲ။
B complex -ဘားပလက် တစ်လုံးမှာ များသောအားဖြင့် ဗီတာမင် 1/2/3/6/9/12တို့ပါဝင်ပါတယ်။
B-Complex ဆေးပြားကို တိုက်ကြက်ကို ကျွေးလို့ရပါတယ်။ တကယ်တော့ B-Complex ဟာ တိုက်ကြက်လေ့ကျင့်ခန်းလုပ်ပြင်ေနတဲ့အချိန်နဲ့ ပြုစုစောင့်ရှောက်မှု ကာလအတွင်းမှာ အသုံးအများဆုံး ဗီတာမင်ဖြည့်စွက်စာတွေထဲက တစ်ခုဖြစ်ပါတယ်။
B-Complex ၏ အားသာချက်နှင့် ကောင်းကျိုးများမှာB-Complex ဗီတာမင်တွေဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်ပြီး ကြက်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်များအတွက် များစွာပံပိုးပေးပါတယ်။
B1 (Thiamine), B2 (Riboflavin), B3 (Niacin) တို့က အစာကို စွမ်းအင်အဖြစ် ပြောင်းလဲရာမှာ အဓိက ကူညီ ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းဆင်းတဲ့ တိုက်ကြက်အတွက် လိုအပ်တဲ့ ခွန်အားနဲ့ သက်လုံ ကို မြှင့်တင်ပေးပါတယ်။
B6 (Pyridoxine) နဲ့ B12 (Cobalamin) တို့ဟာ အာရုံကြောစနစ် ကို ကျန်းမာစေပါတယ်။ ဒါက တိုက်ဝိုင်းအတွင်းမှာ ကြက်ရဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုနဲ့ ခြေထောက်လှုပ်ရှားမှု တွေကို ကောင်းမွန်စေပါတယ်။
B12 နဲ့ Folic Acid (B9) တို့က သွေးနီဥ ထုတ်လုပ်ခြင်း ကို အားပေးပါတယ်။ သွေးအားကောင်းခြင်းက ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် သယ်ပို့မှုကို ကောင်းစေပြီး အမောခံနိုင်ရည် ကို တိုးတက်စေပါတယ်။
B-Complex က အစာချေစနစ်ကိုလည်း ကူညီ ပေးတဲ့အတွက် ကြက်ကို ပုံမှန်အတိုင်း အစာစားချင်စိတ်ရှိစေပြီး အာဟာရပြည့်ဝမှုကို ထိန်းသိမ်းပေးပါတယ်။
ရေကြိတ်မိုးကြိတ်တွေမှာအားကုန်ရုန်းထားတဲ့ကြက်များ ကျန်းမာရေးမကောင်းသောကြက်များ အဟာရချို့တဲ့နေသောကြက်များ ဖွံ့ဖြိုးမှုနှေးကွေးသောကြက်များ တိုက်ဝိုင်းဝင်ရန်အတွက်ပြင်ဆင်နေသောကြက်များ သားထိုးကြက်များနှင့်ကြက်ငယ်များအားလုံးတိုက်ကျွေးနိုင်ပါသည်။
B complex မှာပါဝင်တဲ့ ဗီတာမင်များဟာရေမှာပျော်ဝင်နိုင်ပြီး လိုတာထက်ပိုပါက အညစ်အကြေးနဲ့အတူစွန့်ထုတ်သွားတဲ့အတွက်ကြက်တကောင်လုံးမှာအချို့ဗီတာမင်များလွန်စွာများပြား၍စုပုံကာဘေးထွက်ဆိုးကျိုးဖြစ်ခြင်းနည်းပါးလှပါသည်။
ကျွန်တော်လက်တွေ့အသုံးပြုနေသော B complex တိုက်ကျွေးနည်းမှာ
ကြက်ငယ် 1ပါတ် 1ခါ
ပြင်ကြက် 4 ရက်တစ်ခါ
ကျန်းမာရေးမကောင်းသောကြက် 2ရက်1ခါ
သားထိုးကြက်ဖ -ကြက်မ 1ပါတ် 1ခါ
ဝိုင်းမှတိုက်ပြီးပြန်လာသောကြက် 1ရက်1ခါ 3ရက်ဆက်တိုက်
တိုက်ခါနီး 3ရက်အလို 1ရက်တခါ
တစ်ခါတိုက်ရင် 1လုံးသာတိုက်ကျွေးပါသည်။
သတိထားရမည့်အချက်မှာ ကြက်ကိုယ်တွင်းအပူချိန်
သာမန်ထက်အလွန်မြင့်မားသောအချိန်မျိုးမှာတော့
ဆေးမတိုက်သင့်သေးပါ။
အားနည်းချက်ကတော့အလွန်အကျွံတစ်ခါတည်းတိုက်ကျွေးရင်အပူလွန်ကဲလာပါတယ်။
မည်သို့ပင်ဆိုစေကာမူ ဘားပလက်ရဲ့ ကောင်းကျိုးများစွာမှာ ခုခံအားကောင်း အာရုံကြောအားကောင်း
လန်းဆန်းတတ်ကြွ အမြင်အာရုံကောင်း အစာစားကောင်းစေတာကြောင့်ကျွန်တော်ကတော့လက်တွေ့အမြဲသုံးတယ်။
ကိုယ်ကျွေးတဲ့ဆေး ကိုယ်ကျွေးတဲ့အစာ ကိုယ်တိုက်တဲ့ရေကအစ ဘာကောင်းလို့ဘာကြောင့်တိုက်ကျွေးတာလဲဆိုတာကအစ သိနိုင်တဲ့တိုက်ကြက်ဝါသနာရှင်များဖြစ်နိုင်ကြပါစေ။
Nadi Aya Farm
5/11/2025
💯💯💯
ပြင်ကြက်တကောင်ရဲ့အဟာရေဗဆိုင်ရာအနုပညာ အပိုင်း(2)
တိုက်ကြက်တကောင်ဝိုင်းတတ်ရန်အတွက်မွေးမြူပြင်ဆင်တော့မည်ဆိုလျင်ပထမပိုင်းကပြောခဲ့သလိုစပါးတစ်မျိုးတည်းနှင့်သဘာဝအတိုင်းမွေးမြူ၍ပိုးမွှားပေါက်ပင်တွေစားသောက်နေထိုင်ရုံနဲ့အဟာရပိုင်းဆိုင်ရာမပြည့်စုံနိုင်ပါ။အဘယ်ကြောင့်ဆိုသော်တိုက်ကြက်တွေေရကြိတ်မိုးကြိတ်မှာ ရုန်းနိုင်စွမ်းအားသည် ကြက်တကောင်ရဲ့ကာလရှည်ကြာသိုမှီးထားတဲ့စွမ်းအင်တွေနဲ့လေ့ကျင့်ခန်းတွေမှရရှိသောအလေ့အကျင့်အလုပ်အသားများစွာလိုအပ်ပေသည်။
Fish Oil (ငါးကြီးဆီ) omega 3
ရှေးရိုးစွဲကြက်သမားအများစုက ငါးကြီးဆီကြက်ကိုကျွေးရင်ဝမယ် အဆီတတ်မယ် ကြက်ခွပ်အီမယ်ဆိုတဲ့အယူအဆများစွာယနေ့ထက်တိုင်တွေ့ရှိနေရဆဲပါ။သို့ပေမယ့်ကြက်ယဉ်ကျေးမှုထွန်းကားတဲ့အိမ်နီးချင်းနိုင်ငံတွေက တန်ဘိုးသိန်းထောင်ချီတန်တဲ့ကြက်တွေရဲ့အစာကျွေးမွေးမှုတွင် ငါးကြီးဆီဆိုတာနေ့စဉ်မပါမဖြစ်ဖြည့်စွက်စာဖြစ်နေပါပြီ။
ပြင်နေဆဲနှင့်ဝိုင်းဆင်းခါနီးကြက်တကောင်အတွက်ငါးကြီးဆီဟာထိရောက်စွာကျွေးမွေးမယ်ဆိုအမှန်တကယ်အထောက်အကူပြုတယ်ဆိုတာ ငွေကြေးသန်းချီတိုက်နေတဲ့နိုင်ငံကျော်ကြက်ဝိုင်းတွေကသက်သေအခိုင်အမာပြနေပါတယ်။
ငါးကြီးဆီမှာ omega 3 ပါဝင်တာကြောင့်တိုက်ကြက်တကောင်ရဲ့သွေးကြောထဲမှာရှိတဲ့ ချေဖျက်ရန်ခက်ခဲသောအဆီပိုတွေနှင့် အစိုင်အခဲတွေကိုချေဖျက်နိုင်သောကြောင့်သွေးလည်ပါတ်မှုနှင့်နှလုံးကိုအဓိကအားအောင်းစေကာသက်လုံကောင်းစေပါတယ်။
အဆစ်အမြစ် အကြောနဲ့ ကြွက်သားတွေရောင်ရမ်းခြင်းကိုလျော့ချပေးတဲ့အပြင် ကြွက်သားတွေတည်ဆောက်ပုံကိုအထူးပံပိုးပြုပြင်ပေးနိုင်ပြီး နာလန်ထူခါစတိုက်ကြက်များကိုလည်းအမြန်ဆုံးပြန်လည်ကောင်းမွန်လာအောင်ဆောင်ရွက်နိုင်ပါသေးတယ်။
ထို့ကြောင့် ငါးကြီးဆီကို ကြက်စပြင်ပြီဆိုတာနဲ့တနေ့တစ်လုံးပုံမှန်တိုက်ကြွေးနိုင်ပါသည်။
ဝိုင်းသွားမည့်ရက်လည်းတိုက်ကျွေးနိုင်ပါသည်။
အချုပ်ဆိုရသော် omega 3 (fatty acids )ကတိုက်ကြက်တကောင်သွေးကြောထဲမှာရှိတဲ့အဆီတွေချေဖျက်ပေးပြီးသွေးလည်ပါတ်မှုအားကောင်းမယ်။
နှလုံးနှင့်အသည်းအားကောင်းပြီးသက်လုံပိုကောင်းလာမယ်။ဦးနှောက်အာရုံကြောဆဲလ်တွေကိုနိုးကြားစွာလှုံ့ဆော်ပေးလို့ ညာဏ်ရည်မြင့်မားလာစေမယ်။
ဗီတာမင် A ကြောင့်အမြင်အာရုံ အရေပြား အမှေးပါးတွေနဲ့အမွေးအတောင်ကိုကောင်းမွန်စွာအထူးထောက်ပံ့ပေးပါတယ်။
ဗီတာမင် Dက ကယ်စီယမ်နှင့် အသုံးချနိုင်သောဖော့စဖိတ်ဓါတ်များစုပ်ယူသုံးစွဲရာမှာပံ့ပိုးကူညီသောကြောင့် အရိုးအဆစ်များ နှုတ်သီး ခြေသည်းများ ခြေကြေးများခိုင်မာသန်စွမ်းစေပြီး ခွပ်အားနှင့်
ရုန်းအားကိုလည်းပိုစေပါတယ်။ခုခံအားကောင်းပြီးကြက်ကျန်းမာရေးကောင်းစေပါတယ်။
တစ်ရက်တလုံးပုံမှန်တိုက်ကျွေးခြင်းသည် ကြီးမားသောဘေးထွက်ဆိုးကျိုးများမရှိသော်ငြားလည်း တစ်လုံးထက်ပိုမိုပြီးရေရှည်တိုက်ကျွေးပါက ဗီတာမင် Aနှင့် Dတို့ပါဝင်တာကြောင့်
အပူလွန်ကဲခြင်းကြက်ကိုယ်တွင်းမှာ ဗီတာမင် Aနဲ့Dစုပုံလာ၍ကျောက်ကပ်နှင့်အသည်းပျက်စီးထိခိုက်နိုင်ပါသည်။ထို့အတွက်ကြောင့် တစ်ရက်တလုံးအစာခံရှိတဲ့အချိန် သို့မဟုတ်အစာနဲ့ရော၍ကျွေးမွေးခြင်းသည်သာအကောင်းဆုံးနဲ့အထိရောက်ဆုံးဟုဖော်ပြပေးလိုက်ပါတယ်။
တိုက်ကြက်ဝါသနာရှင်များအားလုံးကြက်ပြင်ကောင်းပြီးတိုက်တိုင်းနိုင်ကြပါစေဗျာ။
Nadi Aya Farm
2/11/2025
ပြင်ကြက်တကောင်၏အဟာရဗေဒအနုပညာ (1)
တိုက်ကြက်ကောင်းတကောင်ဝိုင်းဆင်းနိုင်ရန်အတွက်
အလုပ်ခွင်စဝင်တော့မည်ဆိုလျင်ဦးစွာပထမသင့်ကြက်ရဲ့ လေ့ကျင့်ခန်း အစာကျွေးမွေးပုံနှင့် စနစ်တကျထိန်းသိမ်းဂရုစိုက်မှုတို့ကိုမလွဲမသွေလုပ်ရမည်မှာသေချာပါသည်။
အောက်ဝိုင်းတွေမှာဝါသနာအရသာကျင်လည်နေသူမဟုတ်ဘဲအပေါ်ဝိုင်းတွေမှာမင်းဘာလဲငါဘာလဲဖြုတ်ရမယ့်အခန်းတွေရောက်လာရင်ကျွန်တော်ပြန်လည်မျှဝေသွားမယ့်ဤအစာအဟာရဗေဒဆိုင်ရာ
အချက်အလက်များဟာသင့်အတွက်တထောင့်တနေရာမှအထောက်အကူပြူနေမည်မှာသေချာပါမည်။
သင်သည်မျိုးရိုးဗီဇအင်မတန်ကောင်းမွန်လှသောတန်ဘိုးရှိကြက်ကောင်းတကောင်သာလက်ဝယ်ရှိထားပြီးယခုဖော်ပြမည့်နည်းအတိုင်းသာလိုက်လံဆောင်ရွက်မည်ဆိုပါကအကျိုးယုတ်မည်မဟုတ်ဟုအတပ်ပြောနိုင်ပါသည်။
ခေါတ်ကာလပြောင်းလဲလာသည်နှင့်တိုက်ကြက်လောကတိုးတတ်မှုအနည်းငယ်ပြောင်းလဲလာသည်နှင့်အမျှ အစာအဟာရဖြည့်တင်းကျွေးမွေးမှုသည်လည်းပိုမိုထိရောက်မှုရှိလာခဲ့သည်။
ပြင်ကြက်တွေရဲ့နေ့စဉ်ကျွေးသင့်တဲ့သဘာဝအစားအစာနှင့်ဖြည့်စွက်စာများမှာ
1-စပါး
2-ငါးကြီးဆီ(omega 3)
3-B complex
4-မုန်လာဥနီ
5-ကြက်သွန်ဖြူ
6-ကြက်သွန်နီ
7-ခရမ်းချဉ်သီး
8-သခွားသီး
9-ဆနွင်းတတ်
10-ဂျင်းတတ်
11-ငုံးဥ
12-ကုလားပဲ
13-မွေးဆေး(မိမိကြိုက်နှစ်သက်ရာ)
14-ပျားရည်
15-ငှက်ပျောသီး
16-အမဲသား
တို့ကိုအဆင်ပြေသလိုကြုံရင်ကြုံသလိုကျွေးနေကြတာတွေ့ရပါသည်။ထို့အပြင်အချို့အသားများကိုလည်းထပ်တိုးအနေနဲ့ကျွေးမွေးတတ်ကြသည်။
မှားသည်ဟုဆိုလိုတာမဟုတ်ဘဲစနစ်တကျလေးကျွေးမွေးရင်ပိုအကျိုးဖြစ်ထွန်းနိုင်တဲ့အတွက်ကုန်ကြမ်းတစ်ခုချင်းစီရဲ့တိုက်ကြက်နဲ့သတ်ဆိုင်တဲ့အဟာရဓါတ်အချို့နဲ့အလုပ်လုပ်ပုံ ကိုထပ်မံတင်ပြပါဦးမည်။
1-စပါး
စပါးကိုပြင်ကြက်တွေရဲ့အဓိကအကျဆုံးအစာအဖြစ်ကျွေးမွေးကြပါတယ်။စပါးဆိုသည်မှာတိုက်ကြက်တကောင်အတွက်လှုပ်ရှားသွားလာတိုက်ခိုက်ရန်အတွက်စွမ်းအင်ပေးရန်အဓိကအစာဖြစ်ပါတယ်။စပါး ပြောင်း ဆန်ကွဲ လုံးတီး ကုန်ကြမ်းတွေရှိတဲ့အထဲကမှစပါးကိုအဓိကရွေးချယ်ရခြင်းအကြောင်းက
စပါးအခွံမှာပါရှိတဲ့အမျှင်ဓါတ်တွေကြောင့်အစာချေစနစ်ကိုအထောက်အကူများစွာပြုတဲ့အပြင်ကြက်တကောင်အတွက်လိုအပ်တဲ့လှုပ်ရှားမှုစွမ်းအင်ကိုဖြေးဖြေးချင်းချေဖျက်ထုတ်လွတ်ပေးတဲ့အတွက်ကာဘိုဟိုက်ဒရိတ်ချင်းတူရင်တောင်ပြောင်းကထွက်ရှိတဲ့ကာဘိုဟိုက်ဒရိတ်ထက်ရေရှည်အသုံးစွဲခံခြင်းကြောင့်ဖြစ်သည်။
စပါးမှာ အသားဓါတ် 8%ဝန်းကျင်သာပါရှိသော်လည်းအမျှင်ဓါတ်11%ဝန်းကျင်ကြောင့်သင့်ကြက်ရဲ့ဝမ်းကိုပုံမှန်ရှိသင့်ရှိထိုက်တဲ့အခြေအနေတစ်ခုထိထိမ်းသိမ်းနိုင်တဲ့အပြင်အသားအရေကိုလည်းပိုမိုကျစ်လစ်ခြောက်သွေ့စေပါတယ်။
စပါးကိုအခြောက်အတိုင်းကျွေးသည်ထက် ရေစင်အောင်ဆေး အဖျင်းအမှော်တွေဖယ် ရေ ဝအောင် အနည်းဆုံး3/4နာရီလောက်စိမ်ကျွေးခြင်းက စပါးခွံမှာကပ်နေတဲ့အညစ်အကြေးတွေ မှိုတွေ ထိုက်သင့်သလောက်ကင်းစင်တဲ့အပြင် စပါးခွံမှာပါတဲ့ ဖယောင်းဓါတ်တွေလျော့နည်းစေပြီး အစာချေဖျက်ရာမှာပိုမိုအထောက်အကူပြုစေပါတယ်။
အထူးသတိထားရမှာက တတ်နိုင်သလောက်လိုသလောက်ဘဲသန့်စင်ပြီးရေစိမ်ရေစစ်ကျွေးခြင်းကိုသာပိုသဘောကျတယ်။ဘာကြောင့်ဆို စပါးရေစိုလိုက်ခြောက်လိုက်အနေအထားမှာမှိုစွဲကပ်ဘို့ပိုအခွင့်အရေးရှိသလိုအချဉ်ပေါက်ဖြစ်စဉ်ကြောင့်မလိုလားအပ်တဲ့ပြသနာတွေဖြစ်နိုင်လို့ပါ။
ပြင်ကြက်တကောင်ကိုစပါးတစ်မျိုးတည်းကျွေး၍ဝိုင်းဆင်းရန်လုံလောက်မည်မဟုတ်ပါ။
ဤနည်းအတိုင်းပြင်ကြက်တကောင်ရဲ့အဓိကအစာကိုသင်သာကြက်အတွက်မပျက်မကွက်ဂရုတစိုက်လုပ်ပေးနိုင်ခဲ့လျင် သင့်ကြက်စားသောစပါးတစ်စေ့ခြင်းဆီကသင့်အတွက်ဝင်ငွေတစ်ခုဖြစ်လာပါလိမ့်မည်။
Nadi Aya Farm
30/10/2025
