uk
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Відкрити в Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Показати більше
М'янма32 877Категорія не вказана
313
Підписники
-124 години
-67 днів
-2230 днів
Архів дописів
လူငယ် လူငယ်ဆိုတာ အသက်အရွယ်တစ်ခုရဲ့ အမည်မဟုတ်ဘူး အိပ်မက်တွေကို ထမ်းပိုးထားတဲ့ နှလုံးသားတစ်စုံရဲ့ အမည်ပဲ။ လမ်းတွေက မဖြောင့်ဘူး ခလုတ်တွေက မနည်းဘူး ဒါပေမဲ့ ပြိုလဲမှာကို ကြောက်ပြီး မလျှောက်ဘဲ ရပ်မနေခဲ့ဘူး။ တစ်ခါတလေ အရှုံးတွေကို သင်ခန်းစာလုပ်ရင်း မျက်ရည်တွေကို အားအင်လုပ်ရင်း မနက်ဖြန်ဆီကို ဆက်သွားကြတယ်။ လက်ထဲမှာ ငွေမရှိချင်ရှိမယ် ရင်ထဲမှာ အိပ်မက်တော့ ရှိတယ် ဘဝက ခက်ခဲချင်ခက်ခဲမယ် မျှော်လင့်ချက်ကိုတော့ မလွှတ်ချင်ဘူး။ လူငယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတဲ့အသံတွေကြားက ဖြစ်အောင် လုပ်ပြမယ်လို့ တိတ်တိတ်လေး ဆုံးဖြတ်ထားတဲ့သူတွေပါ။ အနာဂတ်ကို စောင့်နေတာမဟုတ်ဘူး အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်နေတာ။ ဒါကြောင့်... လမ်းမှားခဲ့ရင်တောင် သင်ယူပါ ပြိုလဲခဲ့ရင်တောင် ပြန်ထပါ လူငယ်ဘဝဆိုတာ အိပ်မက်တွေနဲ့ ရှင်သန်ရတဲ့ အလှဆုံး အချိန်တစ်ခုပဲ။ -ကျူး

ဆံပင်တွေရှည်လို့မင်းပဲညှပ်ခိုင်းခဲ့တာမလား ဆေးလိပ်ကိုတစ်လသုံးလိပ်ပဲသောက်ဆိုပြီး ပြောခဲ့တာလဲမင်းမလား ပြန်လာမယ်မလာဘူးကျ ဘာလို့သေချာမပြောနိုင်ခဲ့ရတာလဲ ဒီည‌တစ်ရေးနိုးလာတော့ ၂နာရီထိုးနေပြီ သတိရစိတ်တွေဟာ ကိုယ့်ကိုပြန်မအိပ်စေချင်ဘူး မဖျက်ရက်နိုင်လို့ သိမ်းထားခဲ့တဲ့ပုံလေးတွေကိုပြန်ကြည့်ရင်း ဒါ မင်းနဲ့ပက်သက်လို့ နောက်ဆုံးငိုခြင်းပဲလို့ ဆုံးဖြတ်ချက်ချပြီး အားရပါးရငိုခဲ့တယ် မင်းတို့မိန်းမတွေကအဲ့လိုပဲလား ဆံပင်ရှည်ရင်ညှပ်ခိုင်းမယ် ပြီးရင် ဆေးလိပ်ဖြတ်ခိုင်းမယ် ရှိရှိသမျှသံယောဇဉ်တွေကိုကျ မင်းဘက်ကဘာလို့ဖြတ်ခဲ့တာလဲ ကိုယ့်ကိုယ်ကိုလဲနားမလည်သလို ကမ္ဘာကြီးဘာကြောင့်လည်နေတာလဲနားမလည်နိုင်တော့ဘူး။ အိပ်ရေးဝအောင်အိပ်ချင်ပြီ မျက်ရည်တွေလဲကုန်စေချင်ပြီ။ - နေကြာဖြူ

ဒီလိုပါပဲ ကိုယ့်ဘက်ကသတိရနေပင်မဲ့ သူ့မှာကျ ကိုယ့်ကိုခေါင်းထဲမရှိတဲ့အခါ ရင်နာတယ်မလား -နေကြာဖြူ

လမ်းမပေါ်မှာ ခွေးရူးတွေ များလာတယ်။ ကိုယ်မသိတာကို သိသလို ဟောင်ကြတယ်။ ကိုယ်မမှီတာကို ဖြိုချဖို့ ကြိုးစားကြတယ်။ သူတို့မှာ သွားတွေ ရှိတယ်။ ငါတို့မှာတော့ ခရီးတွေ ရှိတယ်။ ဒါကြောင့် ဟောင်သံကို နားမထောင်ဘူး။ ကိုက်ရာကိုလည်း အမှုမထားဘူး။ ခရီးဆက်ဖို့ပဲ ရွေးချယ်ထားတယ်။ -ကျူး

ဘယ်ဘက်ကအရက်ပုလင်းလေးငှဲ့ပေး ညာဘက်က လက်ဖက်သုပ်လေးခွံ့ကျွေးပြီး ဆရာအလိုရှိရင်ပြောနော်ဆိုတဲ့ ခက်တုံးတုံး ခက်အအ ကောင်တွေ ရှင်းရှင်းပြောရင်တော့ လူ့ငနွားသာသာ နွားကိုသရဖူဆောင်းပေးထားသလို ခွေးအ ကို သံအစွယ်တွေတပ်ပေးထားသလို မြောက်ကြွမြောက်ကြွ ခွေးသားအုပ်မကြီးလို့ပဲမြင်မိတယ်။ -မြစမ်းကြည်

''မှော်ဝင်ည'' စကားတစ်ခွန်းရဲ့ လှည့်စားမှုအောက်မှာ ရင်ခုန်သံတွေ စည်းချက်ဝါးချက်ကျလို့ အိပ်မက်လှလှလေးတွေ မက်ခဲ့ဖူးတယ်။
-ကျော်ကြီး

အသားညိုညိုနဲ့ အပြောချိုသူလေးရယ် မင်းပြောဖူးတဲ့ အပိုစကားတွေ ငါ့ရင်ထဲ စွဲနေတုန်း...။ -အံ့လွန်းပျို

ပူပြင်းမှုတွေ အဆုံးသတ်မယ့် စိုစိုစွတ်စွတ် မိုးဖွဲလေးကျချိန် လျှောက်လမ်းမမှာ ပျက်ခဲ့တဲ့ဖိနပ်လေးကို သတိရတယ် မိုးရာသီရောက်တိုင်း အံ့ဩမှင်သက်မိပါရဲ့ မိုးရွာချိန်နှင့်ဖိနပ်တစ်ရံပေါ့
-ပန်းရိပ်ငြိမ်

ကဗျာရွတ်ကျမယ်

ကဗျာဆရာအသည်းကွဲနေသည် ကဗျာဆရာအသည်းကွဲနေသည် အရက်နှင့်ကုမရ ဆေးလိပ်နှင့်ကုမရ ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာဆရာအသည်းကွဲနေသည် ကဗျာနှ
ကဗျာဆရာအသည်းကွဲနေသည် ကဗျာဆရာအသည်းကွဲနေသည် အရက်နှင့်ကုမရ ဆေးလိပ်နှင့်ကုမရ ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာဆရာအသည်းကွဲနေသည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာဆရာအသည်းကွဲနေသည် မျက်ဝန်းညိုညို မျက်ခုံးထူထူ ဆံနွယ်ရှည်ရှည် အရပ်မြင့်မြင့် ထိုမိန်းကလေးသိပ်ကိုလှသည် ကဗျာဆရာအသည်းကွဲနေသည် နှလုံးအထူးကုလဲ မကုနိုင် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် ကဗျာဆရာအသည်းကွဲနေသည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် နာမည်... လိပ်စာ... အသက်... ဖုန်းနံပါတ်... ကျွန်တော်မသိ ကဗျာဆရာအသည်းကွဲနေသည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် ကဗျာရေးမရ စာဖတ်မရ ကဗျာဆရာအသည်းကွဲနေသည်။ - လိပ်ပြာ ဇွန်လ၊ ၈ရက်၊ ၂၀၂၆ [ ၁၁နာရီ ၃၃မိနစ် ည ]

''ရင်ခုန်သံနဲ့သံယောဇဥ်'' အချစ်ကရင်ခုန်သံနဲ့ စတင်ခဲ့ရင် သံယောဇဉ်ကတော့ နေ့ရက်တွေနဲ့ တည်ဆောက်ခဲ့တာ ရင်ခုန်သံဆိုတာ လျှပ်စီးလို ခဏတာဖြစ်နိုင်ပေမယ့် နေ့ရက်တွေနဲ့ တည်ဆောက်ခဲ့တဲ့ သံယောဇဉ်ကတော့ မိုးကုပ်စက်ဝိုင်းလို အဆုံးအစမရှိ အမြဲတည်တံ့နေမှာပါ။
-ကျော်ကြီး

ကျွန်တော်တို့ပြန်သွားချင်ခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်လား နှစ်နှစ်လား သုံးနှစ်လား မဟုတ်ဘူး အတိကျဆုံးအဖြေက အပူပင်မရှိပဲ အမေခွံ့ကျွေးတာစားခဲ့ရတဲ့ ငယ်ဘဝပဲ။ - နေကြာဖြူ

မပြည့်စုံတဲ့အသိုင်း၀ိုင်းကမွေးဖွားလာတဲ့သူမို့ အားနည်းချက်တွေအများကြီးနဲ့ လူတစ်ယောက်ပါပိုင်ဆိုင်တာဆိုလို့ချစ်ခြင်းမေတ္တာတွေပဲရှိတယ်။ ဘဒ္ဓကမ္ဘာမှာ တွေ့ဆုံပီးရင် ခွဲခွာရမှာပဲ တွေ့ဆုံခြင်း တွေကိုနှစ်သက်ရင် ဝေးကွာခြင်းသဘောကိုလည်း လက်ကိုင်ထားနိုင်ရမှာပဲ ကိုယ့်ဆီမှာ မနေချင်တဲ့လူတစ်ယောက်ကို ဆွဲမထားတော့ဘူး ပျော်ရာသွားခွင့်ပေးတာကလည်းချစ်ခြင်းမေတ္တာပဲမဟုတ်လား။ -ဇေယျာဖြိုး

သူများ‌ကို‌ ပျော်အောင်လုပ်ပေးနိုင်ပင်မဲ့ ကိုယ်ကိုယ်တိုင်ကျ ပြုံးဖို့မနည်းကြိုးစားရတယ် ခက်တယ် သိပ်ခက်တယ်။ ပျော်ရွင်ခဲ့ခြင်းတွေဟာ သောက်နေကျဖက်ကြမ်းရဲ့ အငွေ့လောက်တောင် ထုထည်မကြီးမားတော့ ဘယ်ကြာရှည်ခံပါ့မလဲ။ - မြစမ်းကြည်

ကမ္ဘာကြီးအကြောင်းမသိချင်ဘူး လူတွေအကြောင်းမသိချင်ဘူး နှစ်ယောက်အဆင်ပြေတဲ့အချိန်ဆိုရင်တော့ ကမ္ဘာ့သတင်းတွေနားထောင်မယ် နှစ်ယောက်ရန်ဖြစ်ထားတဲ့ရက်တွေဆို ကပ်ဘေးတွေကြောင်းနားဆွံ့မယ်။ - နေကြာဖြူ

ကော်ဖီတစ်ခွက်။ ဆေးလိပ်တစ်လိပ်။ ညက တိတ်ဆိတ်လွန်းတယ်။ ငါကတော့ ဘာမှမလုပ်ဘဲ မင်းကို ဆုံးရှုံးခဲ့တဲ့အကြောင်း ထိုင်စဉ်းစားနေမိတယ်။ -ကျူး

ရင်ခွင်တစ်စုံဟာ ခိုလှုံသူမဲ့၊ ပခုံးတစ်ဖက်ဟာ မှီခိုသူမဲ့၊ နှလုံးသားတစ်စုံဟာ ပိုင်ရှင်မဲ့..။ ချစ်ရသူရေ ငါစောင့်နေတယ်...။ -အံ့လွန်းပျို

​မင်းဟာကိုယ့်ဘဝရဲ့ အလှပဆုံး ပန်းချီကားတစ်ချပ် မင်းဟာ ကိုယ့်စိတ်ကူးတွေရဲ့ ထာဝရရှင်သန်ရာ လေညှင်းတွေထဲ တိုးတိုးလေးပဲဖြစ်ဖြစ် အော
​မင်းဟာကိုယ့်ဘဝရဲ့ အလှပဆုံး ပန်းချီကားတစ်ချပ် မင်းဟာ ကိုယ့်စိတ်ကူးတွေရဲ့ ထာဝရရှင်သန်ရာ လေညှင်းတွေထဲ တိုးတိုးလေးပဲဖြစ်ဖြစ် အော်ပြီးပဲဖြစ်ဖြစ် အမြဲတမ်း ပြောနေချင်တာက ''ကိုယ်မင်းကိုချစ်တယ်'' ဆက်ပြီးချစ်နေအုံးမယ်။
-ကျော်ကြီး

ကဗျာရွတ်ကျမယ်

" မမ ခင်" နာကျည်းမှုတွေ များလာတိုင်း သံယောဇဉ်တွေ ဖျက်ချပြစ်ရမယ်ဆိုတာ တကယ်တမ်းမလွယ်ကူခဲ့ပါဘူး မမခင်... local brand ဝတ်နိုင်မှ ခေတ်မှီမယ်ဆိုရင် ကျွန်တော် ခေတ်မမှီချင်တော့ပါဘူး I phone ကိုင်နိုင်မှ လူရာဝင်မယ်ဆိုရင် ကျွန်တော် လူရာမဝင်ချင်တော့ပါဘူး။ ကုတင်ပေါ်မှာ ခန္ဓာပေးမှ အချစ်စစ်ဆိုရင် ကျွန်တော် အချစ်စစ်မလိုချင်တော့ပါဘူး သူများကို ‌blame နိုင်မှ မြို့ကြီးသားဆိုရင် ကျွန်တော် တောသားတစ်ယောက်ပဲ ဖြစ်‌ချင်တော့ပါတယ် မမခင်... နောက်ကျခေတ်ကြီးထဲမှာ နေထိုင်မယ် လူရာမဝင်တဲ့ လောကမှာ ဖြတ်သန်းမယ်... တကယ့် အချစ်စစ်ကိုသာရှာမယ် ခေတ်ပျက်ကပ်ပျက်ကြီးထဲ ရှင်သန်မယ်။ ကျွန်တော့်မှာ လက်ဖက်ရည်တစ်ခွက်ရယ် ကဗျာလက်ဆွဲလေး တစ်အုပ်ရယ်.. mevius တစ်လိပ်ရယ် မမခင်ရယ်... အခြားဘာလိုအပ်သေးလို့လဲ ဖြည့်တွေးလိုက်ရင်လည်း အရာရာဟာ နိဗ္ဗာန်ဘုံပါ မမခင်။ -နွေသစ်လွင်