uk
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Відкрити в Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Показати більше
М'янма33 000Категорія не вказана
313
Підписники
-224 години
-67 днів
-2330 днів
Архів дописів
မိဘတွေက… ကိုယ်ပျောက်သွားတဲ့ နွေဦးတွေပါ၊ သားသမီးရဲ့ ဘဝထဲမှာတော့ ပန်းတွေ မညှိုးအောင် ရာသီပြောင်းပေးခဲ့ကြတယ်။ သားသမီးတွေက… အမြစ်ကို မမြင်ရတဲ့ သစ်ရွက်တွေလို၊ လေထဲမှာ လွတ်လပ်ပျံသန်းရင်း ကိုယ့်အရိပ်ရဲ့ ဇစ်မြစ်ကို မေ့နေတတ်ကြတယ်။ -နွေဦး

"ကိုယ်ပါပဲ" အရမ်းချစ်ခဲ့တာလဲ ကိုယ်ပါပဲ ကျန်ခဲ့ရတာလဲ ကိုယ်ပါပဲ ပြန်‌လာခေါ်မှာကိုစောင့်နေတာလဲ ကိုယ်ပါပဲ အဲ့တုန်းက အင်းလျားကနေမင်းကကိုယ်ပိုင်ကားနဲ့ပြန်ပြီး လိုင်းကားနဲ့ပြန်တာ ကိုယ်ပါပဲ အခုတော့ ကားဆရာက အဲကွန်းဖွင့်ပေးထားပင်မဲ့ မအေးနိုင်တာလဲကိုယ်ပါပဲ။ - နေကြာဖြူ

အတိတ်မှာပိတ်မိနေတဲ့ လူတစ်ယောက်အတွက် လွမ်းနေခြင်းဆိုတဲ့သော့ဂလောက်ကို ကိုယ်တိုင်မဖွင့်နိုင်ဖြစ်ခဲ့တယ်။ - နေကြာဖြူ

''နိုးထဖို့မေ့လျှော့ခြင်း'' မျက်လုံးမှိတ်ထားတဲ့ အချိန်တွေက ငါ့အတွက်တော့ အပျော်ဆုံးပေါ့ နိုးထခြင်းတွေနဲ့ ဝေးရာမှာ မင်းရှိတဲ့ အ
''နိုးထဖို့မေ့လျှော့ခြင်း'' မျက်လုံးမှိတ်ထားတဲ့ အချိန်တွေက ငါ့အတွက်တော့ အပျော်ဆုံးပေါ့ နိုးထခြင်းတွေနဲ့ ဝေးရာမှာ မင်းရှိတဲ့ အိပ်မက်ကမ္ဘာလေးမှာပဲ ငါ့အသက်ရှူသံတွေကို ရပ်တန့်ထားချင်မိရဲ့။
-ကျော်ကြီး(ကျော်ရိပ်ညို)

လမင်းက ပင်လယ်ကို မထိဖူးဘူး။ ဒါပေမဲ့... ဒီရေတိုင်းက သူ့နာမည်နဲ့ပဲ တက်လာတယ်။ -နွေဦး

မင်းက ငါ့ရဲ့ မရောက်နိုင်တဲ့ ကမ်းပါး။ ငါက မင်းဆီ မရောက်နိုင်မှန်း သိလျက်နဲ့ နေ့တိုင်း လှိုင်းဖြစ်နေတဲ့ ပင်လယ်။ -နွေဦး

''သဇင်ရှိရာအရပ်'' ''​သဇင်''ရေ... မင်းမျက်နှာလေး မြင်လိုက်ရုံနဲ့ ကိုယ့်ကမ္ဘာတစ်ခုလုံး လင်းပွင့်သွားတယ် တစ်စက္ကန့်လေးတောင် မင်း
''သဇင်ရှိရာအရပ်'' ''​သဇင်''ရေ... မင်းမျက်နှာလေး မြင်လိုက်ရုံနဲ့ ကိုယ့်ကမ္ဘာတစ်ခုလုံး လင်းပွင့်သွားတယ် တစ်စက္ကန့်လေးတောင် မင်းနဲ့ မလွဲချင်ဘူး ''သဇင်'' ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်အထိ အသက်ရှူချင်တဲ့ အရပ်ဟာ ''သဇင်''ရှိရာအရပ်ပဲ။
-ကျော်ကြီး(ကျော်ရိပ်ညို)

^^လွဲခဲ့သော ဘူတာ^^ ရထားကအချိန်မှန်ရောက်ခဲ့တယ်။ လွဲသွားတာကကိုယ်တို့ပဲ။ မင်းက တံခါးတစ်ဖက်က ဆင်းသွားတယ် ကိုယ်ကပြတင်းပေါက်ကနေ မင်းရဲ့ကျောပြင်ကို အသက်ရှူသလို ငေးနေခဲ့တယ်။ အဲဒီနေ့ကစပြီးဘူတာတိုင်းဟာ ဆုံဖို့နေရာ မဟုတ်တော့ဘူး ခွဲဖို့နေရာပဲ ဖြစ်သွားတယ်။ ကိုယ့်ဘဝမှာ အရှည်ဆုံးခရီးက မင်းမပါတဲ့ နောက်ဘူတာတွေဆီ တစ်ယောက်တည်း သွားနေရခြင်းပဲ။ -ကျူး

အနီးဆုံးဖြစ်ချင်ခဲ့တဲ့လူက အဝေးဆုံးဖြစ်သွားတယ် မချစ်လို့ မဟုတ်ဘူး၊ ချစ်လွန်းလို့ပဲ တစ်ယောက်ကိုတစ်ယောက် မဖျက်ဆီးချင်လို့ မဖြစ်နိုင်တာကို လက်ခံပြီး ဝေးခဲ့ရတာ။ -နွေဦး

မဖြစ်နိုင်တဲ့ အကွာအဝေးကို မုန်းလို့မဟုတ်ဘူး ငါတို့ လေးစားခဲ့တာ။ ချစ်ခြင်းက လက်မလွှတ်ချင်ပေမယ့် ကံကြမ္မာက လက်တွဲခွင့်မပေးခဲ့ဘူး။ ဒါကြောင့် အဆုံးသတ်ဟာ မချစ်လို့မဟုတ်ဘူး မဖြစ်နိုင်လို့ ဝေးခဲ့ရတာပဲ။ -နွေဦး

အချစ်ရေ မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ် သဘာဝတရားကလည်း ကျောက်သားဖွဲ့စည်းလို့ သိပ်သည်းလှချည်ရဲ့ ။ -မောင်ချောနွယ်

အပြုံးတွေကို မယုံတော့ဘူး အပေါ်ယံနွေးထွေးမှုက ဆောင်းဦးနေရောင်လိုပဲ လင်းတယ်၊ ဒါပေမဲ့ မနွေးဘူး။ -နွေဦး

အနီးဆုံးမှာ ရပ်နေသူတိုင်း ကိုယ့်လူ မဟုတ်ဘူး။ တချို့က အရိပ်ယူဖို့သာ ရောက်လာပြီး နေဝင်တာနဲ့ နာမည်တောင် မမှတ်မိတော့တဲ့ လူတွေ။ -နွေဦး

မမခင် ယနေ့မိုးရွာသည် ယနေ့တိမ်ထူသည်။ ဒါဟာ ယေဘုယျဖြစ်စဉ်တစ်ခုပါ မမခင်။ ပြောရရင် တစ်နေ့ထက်တစ်နေ့ ပိုချစ်လာတာပဲ ပြောင်းလဲခဲ့တာပါ။ လူကြီးမင်းများခဗျာ... ကျွန်တော့်ပိုင်ဆိုင်မှုကိုပြပါဆိုရင် မမခင် အဖို့ အချစ်တစ်ခုသာ ကျန်ပါတော့တယ်။ တောင်ပေါ်ဒေသလေးမှာ အခြေချမယ်.. ခြံဝန်းထဲမှာ ပန်းခင်းလေးရှိမယ် မမခင်ရယ် ကျွန်တော်ရယ်။ သားလေးမွေးရင် လင်းဘုန်းပြည့်အောင် သမီးလေးမွေးရင် ချယ်ရီလင်း လို့ နာမည်ပေးမယ်.. ဘဝကိုအေးချမ်းစွာ ဖြတ်သန်းမယ်။ စစ်ကြီး ကင်းဝေးပါစေ ကမ္ဘာကြီး အေးချမ်းပါစေ ချစ်သူတွေသာ အဓွန့်ရှည်ပါစေ။ -နွေသစ်လွင်

ပျော်အောင်နေရင်း ပျော်စရာဆိုတာဘာလဲမေးယူရတယ် "ကိုအောင်ဖေ"ရေ - နေကြာဖြူ

နွေရာသီကို ရောက်ရင် ကံ့ကော်ပန်းတွေ ပွင့်ရင် လိပ်ပြာလေးတွေကို တွေ့မိရင် ထူးအိမ်သင်သီချင်းတွေ ကြားရင် ဆရာမပုညခင်စာအုပ်တွေကို ဖတ
နွေရာသီကို ရောက်ရင် ကံ့ကော်ပန်းတွေ ပွင့်ရင် လိပ်ပြာလေးတွေကို တွေ့မိရင် ထူးအိမ်သင်သီချင်းတွေ ကြားရင် ဆရာမပုညခင်စာအုပ်တွေကို ဖတ်ဖြစ်ရင် ကျွန်တော့်ကို သတိရပေးနိုင်မလား မမ။ - လိပ်ပြာ

တချို့ပန်းတွေက မွှေးဖို့ပွင့်တာ တချို့ပန်းတွေက မနွမ်းဖို့ပွင့်တာ မင်းကတော့ အသက်ရှင်ဖို့ပဲ ပွင့်ခဲ့ရတဲ့ပန်း။ -နွေဦး

ပန်းတစ်ပွင့်ကို ရွှံ့ထဲမှာ တွေ့ရလို့ ပန်းမဟုတ်တော့ဘူးလို့ ဘယ်သူပြောရဲသလဲ... အနံ့ကတော့ ပန်းအတိုင်းပဲ။ -နွေဦး

ရင်ထဲလေးပင်လာတဲ့အခါ လူတစ်ချို့ကိုအရှုံးပေးချင်လာတယ်။ - နေကြာဖြူ

အရာရာ ရင်ဆိုင်ဖို့ အားအင်တွေ ကုန်ခမ်းနေပြီ ​လှိုင်းလေထန်တဲ့ ပင်လယ်ပြင်မှာ ရွက်လွှင့်ရတာ ကြာခဲ့ပြီမို့ လှော်တက်ကို ကိုင်ထားတဲ့ လက်တွေလည်း တုန်ရီလို့ နေပေါ့... ​မျှော်လင့်ချက် ခြေလှမ်းတွေ ကြား ဒဏ်ရာတွေက ဗလပွနဲ့ လျှောက်ခဲ့ရတဲ့ လမ်းခရီးတစ်လျှောက်မှာ ပင်ပန်းလွန်းလို့ အမောဆို့ရပြန်တယ် ​ထပ်ပြီး ရုန်းကန်ဖို့ နေနေသာသာ မျက်တောင်လေး တစ်ချက်ခတ်ဖို့တောင် အားအင်တွေ ခမ်းခြောက်နေရော့သလား... ​ခဏလောက်တော့... အရာရာကို မေ့ထားပြီး ဒီအတိုင်းလေးပဲ မှိန်းနေချင်မိတော့တယ်...။ -ကျူး