A poem that is not a poet's poem
Відкрити в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Показати більшеМ'янма32 877Категорія не вказана
313
Підписники
-124 години
-67 днів
-2230 днів
Архів дописів
အဲ့ဒိနေ့တွေတုန်းက
ကိုယ့်ကိုယ်ကိုဖိအားပေးနေမိတာ
သူဘာလုပ်နေမလဲ
သူချစ်နေရဲ့လား
သူနေမှကောင်းရဲ့လား
အဲ့လိုမရေရာတဲ့
စိတ်ပူမှုမျိုးတွေနဲ့
ကိုယ့်ကိုယ်ကိုရော
သူကိုရောပါချုပ်နှောင်မိခဲ့တယ်။
- နေကြာဖြူ
"ကြည်"
ကြည် တဲ့...
နာမည်ကတော့ တစ်လုံးပါပဲ
ဒါပေမဲ့ နန်းဆန်မှုက ပြည့်စုံတယ်
ဂန္တဝင်ဆန်မှုက ခမ်းနားလွန်းတယ်
သူ့အလှကြောင်းပြောရင် ပန်းတွေညှိုးကုန်မယ်
သူ့ဂုဏ်အကြောင်းဖော်ပြရင် ကြယ်တွေမှိတ်ကုန်မယ်
သူ့ သိက္ခာကို ကျွန်တော်ဂုဏ်ပြုတယ်...
သို့ပေမဲ့...
ကြည့် ကို ကျွန်တော်ချစ်တယ်။
သိပ္ပံမိတ်ကပ်အလှကုန်ထက် ကြည့် ပါးပြင်ထက်က
သနပ်ခါးကို ပိုမိုမက်မောမိပါတယ်
ကြည့် ရဲ့ဆံနွယ်တွေကို
တယုတယ ဖြီးပေးချင်တယ်
ကြည့် ရဲ့ လက်မောင်းသားပေါ်မှာ ခိုတွဲချင်တယ်
ကြည့် ရဲ့ နှုတ်ခမ်းပါးလေးကို
တယုတယ နမ်းချင်တယ်
ကြည့် ရဲ့ ရင်ခွင်မှာ
ကလေးတစ်ယောက်လို ဆိုးကြည့်ချင်တယ်...
ကြည့် ရဲ့ ပေါင်တံစင်းစင်းလေးပေါ်
ခေါင်းလေးအုံးပြီး အိပ်မယ်
ဒါဟာ...
ကျွန်တော့်ရဲ့ ယောကျာ်းဆန္ဒပါ ကြည်
ရာသီဥတုတွေကို အကြောင်းပြုပြီး ကြည့် ကိုလွမ်းမယ်
ကျန်းမာရေးကိုအကြောင်းပြုပြီး
ကြည့် ကို စကားတွေပြောမယ်
အမှတ်တမဲ့လေးတွေကိုပေါင်းပြီး အမှတ်တရတွေဖြစ်အောင်လုပ်မယ်
အမှတ်တရတွေစုပေါင်းပြီး ကြည့် ကို လွမ်းမယ်
အခုလိုအဖြစ်အပျက်နဲ့တင်
ကျွန်တော်ဟာ ကလေးဆန်နေပါပြီ ကြည်
သို့ပေမဲ့...
ကြည့် ကို ကျွန်တော်ချစ်တယ်။
-နွေသစ်လွင်
ဘုရားပေါ်အရောက်
နိဗ္ဗာန်ကုန် အရောင်းဆိုင်ဆိုလို့
ခင်ဗျားအပြုံးတွေ ရောင်းမလား
ဝင်ကြည့်ခဲ့သေးတယ်။
-မြတ်နွယ်
စကားတွေအများကြီးဖောင်ဖွဲ့
တစ်ယောက်အကြောင်းတစ်ယောက်သိပြီးမှ
စိမ်းကားသွားတဲ့သူစိမ်းတွေကို
ဘယ်လိုအမည်မျိုးတပ်မလဲ
မယ်မယ်ရရရောဂါရှာမရသလို
တစ်ယောက်နဲ့တစ်ယောက်လွမ်းနေရတာဟာလဲ
ကားတိုက်မိလို့
အသက်ငင်နေတဲ့ခွေးပေါက်စလိုပဲ။
အဖြေတော့မရခဲ့ပါဘူး
အာဘွားတော့ရခဲ့ပါတယ်။
- နေကြာဖြူ
အချစ်နဲ့ပက်သက်ရင်
ဘယ်သူကဘယ်လောက်ပဲကောင်းကောင်း
ဘယ်သူ့ကိုမှမယုံချင်တော့ဘူး
အမြဲစီးဆင်းနေတဲ့မြစ်တွေလိုပဲ
လူတွေရဲ့စိတ်ကလဲ
အမြဲပြောင်းလဲနိုင်တယ်။
- နေကြာဖြူ
အများကြီးမမျှော်လင့်ပါဘူး...
ကိုယ်ကိုစိတ်ရင်းနဲ့ပေါင်းတဲ့သူငယ်ချင်းတွေနဲ့တော့ ဘဝမီးစာမကုန်ခင်
ခရီးအတူတူသွားချင်ပါသေးတယ်။။
-နွေဦး
အချစ်ရဲ့ဆိတ်လက်ဖက်ထောင်းနဲ့
ဆေးပေါင်းခခဲ့တယ်ဆို
ယုံမလားပဲ
အသီးစုံနဲ့လဲ
စကားတွေပြောမကုန်အောင်
ဖြစ်ခဲ့ရတယ်
ကော့တေးရဲ့ မင်းအနမ်းနဲ့
ကိုယ့်မှာအမောပြေခဲ့တယ်။
- နေကြာဖြူ
သူမက တကယ်ကို ကတိတည်တတ်တဲ့သူပါ။
ဒါပေမဲ့ သူကအရမ်းလည်းမေ့တတ်တယ်။
အခုလည်း သူနဲ့ကျွန်တော်ပေးထားတဲ့ ကတိတွေကို သူမေ့နေလို့နေမှာပါ။
သူ သတိပြန်ရရင် သူကျွန်တော်ဆီပြန်လာပါလိမ့်မယ်။
-နွေသစ်လွင်
အမုန်းတွေကို
အပြုံးတွေဖြစ်လာအောင်
ငါမလုပ်နိုင်ခဲ့တာဟာ
ငါ့အမှားပါလို့ မှတ်ယူပြီး
မင်းအနားက ထွက်လာခဲ့တယ်။
- လိပ်ပြာ
အက်မင်တွေအတွက်စည်းကမ်း
အဲ့တာကတော့ရှင်းပါတယ်
ကဗျာတင်ရင်နာရီဝက်ခြားပြီးတင်ပေးရုံပါပဲ
ဘယ်သူကဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ
တင်ချင်တဲ့အချိန်တင်လို့မရပါဘူး
အုံနာလဲတင်ချင်ရင်နာရီဝက်စောင့်ရပါတယ်။
ကိုယ့်ထမင်းကိုယ်စားတာမို့
ဘယ်သူ့ကိုမှမြောက်ပင့်မထားပါဘူး
-မြစမ်းကြည်
ဖြစ်နိုင်မယ်ဆိုရင် အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို
ငါ ပုန်ကန်ချင်တယ်။
လူသေရင်သေကွာ။
အနည်းဆုံးတော့ စိတ် မသေဘူး။
-မြတ်နွယ်
၂၁နှစ်တာစုဆောင်းမှုများ
အမေပေးတဲ့မျက်ခုန်းထူထူနဲ့
ဘဝကပေးတဲ့ဒဏ်ရာများများစားစားရယ်
မိန်းမတချို့ဆီကကူးလာတဲ့
သူတို့ရဲ့အပူတွေရယ်
အရက်ဘီယာစသောက်တုန်းက
သင်ပေးခဲ့တဲ့သူငယ်ချင်းတွေကို
ကျေးဇူးတင်လှပါတယ်
မဟုတ်ရင်
ငါကချစ်တတ်အောင်အရင်သင်မိမှာ
နောက်ပြီးဒဏ်ရာတွေယူတတ်အောင်သင်ပေးခဲ့တဲ့
တချို့တချို့အမျိုးသမီးကောင်းလေးတွေကို
ကျေးဇူးတင်တယ်
မဟုတ်ရင်
ငါလဲလိင်ဆက်ဆံတာကိုအရင်သင်မိမှာ။
အမေသင်ပေးခဲ့တဲ့စကားတွေထဲမှာ
မှားနေတဲ့အချက်တွေရှိတယ်
အဲ့တာသိလားအမေ
"နင့်အဖေလိုလူမျိုးကိုအတုယူ"တဲ့
အမေမှားတယ်အမေ
အခုအမေပဲကျန်ခဲ့ရတာမလား
ကျွန်တော့ရဲ့မွေးရာပါစောက်ကျင့်က
စိတ်နာတတ်တာပဲအမေ
အမေ့ဆီကအမွေရတာဆိုပိုမှန်မယ်
အမေ့အကြီးကောင်ရော
လူလိုသိတတ်ပြီလား
လေးငါးခြောက်သောင်းလောက်နဲ့
အိမ်မှာဘုရာနေရာယူတဲ့ပြီး
ကျွေးသမျှထိုင်စားနေရင်တော့
အဆင်မပြေဘူးအမေ။
အခုခေတ်နိုင်ငံကိုက
တစ်မိသားစုလုံးအလုပ်ထွက်လုပ်မှ
အနေအစားသက်သာတဲ့ခေတ်လေအမေ
အမေလေနဲ့ပို့တဲ့နိုင်ငံတွေထဲက
တစ်နိုင်ငံကိုတော့ရောက်ဖြစ်မှာပါ။
- နေကြာဖြူ(စိတ်အသေနေ့စွဲများ)
မင်းကို အပြစ်မတင်တော့ဘူး… မချစ်တဲ့ နှလုံးသားကို အတင်းဆုပ်ကိုင်ထားခဲ့တဲ့ ငါ့လက်တွေပဲ မှားခဲ့တာ။
-ကျူး
-နောက်ဆုံး
မိုးအေးအေးနဲ့ ညတစ်ည...ကော်ဖီခါးခါးတစ်ခွက်၊ စာအုပ်လေးတစ်အုပ်။
ဆူညံသံတွေကို မေ့ထားပြီး စာမျက်နှာတွေကြားမှာ ပျော်ဝင်နေတဲ့ အချိန်လေးဟာ ဒီဘဝမှာ ကျွန်တော် အနှစ်သက်ဆုံး ပျော်ရွှင်မှုတစ်ခုပဲ။
Little May
၂၀၀၅-၄-၁၇
နေကြာဖြူတစ်ကောင်မွေးလာတယ်
ဒါဟာအမေ့ရဲ့ပထမဆုံးမွေးဖွားခြင်းတော့မဟုတ်ခဲ့ဘူး
အကိုကတော့
အိမ်မှာကျန်ခဲ့တယ်
အိမ်ပေါ်ကဆင်းသွားတဲ့အဖေဟာ
အဲ့တုန်းကသေခါနီးမွေးကင်းစလေးကို
ဘုရားတပြီးစောင့်မျှော်နေခဲ့တယ်။
အငယ်ဆုံးသားဆိုပင်မဲ့
မွေးရာပါအားနည်းချက်တွေရှိခဲ့တယ်။
မွေးရာပါအဆုပ်ပြွန်ကျဉ်းတဲ့ရောဂါလေးရယ်
မွေးရာပါမွေးနေ့ကိတ်မခွဲဖူးတာလေးရယ်
မွေးရာပါအနှိမ်ခံရတာလေးရယ်ပေါ့။
ဆရာဝန်တွေကပြောတယ်
ဒီကလေးကအသက်ကြာကြာမရှင်နိုင်ဘူးတဲ့လေ
အခုလိုအရွယ်ရောက်မှာသိတာက
ငါအဲ့တည်းကသေလိုက်ရမှာဆိုပြီးတော့ပေါ့။
အမေ....
သူငယ်ချင်းမွေးနေ့တွေဆို
ကျွန်တော်မသွားချင်ဘူးအမေ
သူတို့မိသားစုစုံစုံလင်လင်နဲ့
ကိတ်မုန့်ခွဲရင်
သားအားကျမိမှာဆိုးလို့အမေ။
-နေကြာဖြူ
11.11
ငါပြိုလဲသွားတဲ့
နေ့ရက်တွေတိုင်းမှာ
တစ်ခါပြန်ပြီး အသက်ရှူနိုင်တာ
မင်းတစ်ယောက်တည်းကြောင့်ပဲ..
ခွေးလောက်ပဲသိပြီး
ကျားလိုတော့မဟိန်းချင်နဲ့ပေါ့ကွာ
ကျားလိုဂုဏ်ရှိချင်ရင်
ကျားဖြစ်အောင်အရင်လုပ်ပေါ့။
-နွေဦး
