A poem that is not a poet's poem
Відкрити в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Показати більшеМ'янма32 877Категорія не вказана
313
Підписники
-124 години
-67 днів
-2230 днів
Архів дописів
မီးခြစ်ဆံ
မီးခြစ်ဆံတစ်ချောင်းလို
အလင်းအနည်းငယ် ပေးနိုင်ရုံနဲ့
မှောင်မိုက်တဲ့ အရပ်တွေကို ကျော်ဖြတ်နိုင်ပြီ ထင်ခဲ့တယ်။
ကြယ်တွေ အစီအရီ လင်းထိန်နေတဲ့
ညကောင်းကင်ကြီးအောက် ရောက်သွားတဲ့အခါကျတော့လည်း
ငါ့ရဲ့ လမ်းပြကြယ်က ဘယ်ရတနာလဲ ဝေခွဲမရတော့ပြန်ဘူး။
လောကကြီးက...
လင်းလက်စရာတွေ စုံလင်လွန်းလို့ပဲ
ငါ့ခြေလှမ်းတွေ ပိုပြီး တုံ့ဆိုင်းရတယ်။
-နွေဦး
ပြည့်တန်ဆာ
ညရဲ့အမှောင်ကို အဝတ်လိုခြုံရင်း
အပြုံးတစ်ပွင့်နဲ့ ဘဝကို ရောင်းစားခဲ့တယ်
မျက်ရည်တွေကတော့
နှုတ်ခမ်းနီအောက်မှာ တိတ်တိတ်လေး ခိုအောင်းနေဆဲ။
-ကျူး
နွေးထွေးပါစ
ဆုတောင်းပါမည်၊ ဒေါင်းစစ်သည်သို့
ရင်စည်အတွင်း၊ နှလုံးထွင်းလျက်
သင်းပျံ့ပါစေ၊ ရေစင်အေးမြ
ဘဝလှကို၊ ပိုင်ရပါစေ
ကြာဖူးငယ်မျှ၊ ပွင့်ထုံကြွလို့
အများငြိမ်းချမ်း၊ ဆွတ်ယူလှမ်းသူ
တမ်းတမှုနှင့် နွေးပါလေ။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
မဆုံနိုင်တော့တဲ့အကွာအဝေးကို
ချစ်ခြင်းမေတ္တာနဲ့ တိုင်းတာရင်
အနီးဆုံးလူက
မင်းပဲ ဖြစ်နေအုံးမှာပါ
-နွေဦး
ကိုယ်က ကဗျာတစ်ကြောင်း ရေးရင်
မင်းက ပုဒ်မလေးတစ်ခု ချပေးရုံ
ဒါဟာ ကိုယ်တို့ရဲ့ ရိုးရှင်းတဲ့ ဖေးမခြင်းပါပဲ
-နွေဦး
ငါတို့ဟာ လောကအလှတရားတွေကြားမှာ အချစ်တစ်ခုတည်းအတွက်နဲ့
ကမ္ဘာပျက်နေတဲ့ သစ်ရွက်ခြောက်ကလေးတွေပါပဲ။
-နွေဦး
ကမ္ဘာ့အပြင်ဘက် ခုန်ထွက်
မင်းနဲ့ဆိုရင်
လကမ္ဘာထိ သွားချင်တယ်။
-နွေဦး
မွေးနေ့
' မွေးနေ့မှာ ပျော်ရွှင်ပါစေအမေ '
ဒီစကားနဲ့ပဲ ကဗျာကိုဖွင့်ပါရစေ။
ဒီနှစ်တွေ အတွင်းမှာ..
မမြင်ရတဲ့ မျက်နှာလေးကို
မှန်းမျှော်ပြီး မေတ္တာပို့သမိပါတယ်။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
ထောင်ကို အိမ်လိုနေနေရသူအဖို့
ဘယ်လောက်ခက်ခဲမလဲ ဆိုတာ
တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
မမြင်ရတာကြာပြီဖြစ်တဲ့
အပြုံးလေးနဲ့ နှင်းဆီပန်းလေးကိုလဲ
မှန်းမျှော်ပြီး မေတ္တာပို့သမိပါတယ်။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
ကံ့ကော်တွေတော့ နွမ်းပြီအမေ
အမေ့သားသမီးတွေလည်း
အမေ့ကို လွမ်းလှပြီ....
ရာသီစက်ဝန်းဟာ
မြန်ဆန်စွာပဲလည်ပတ်ရင်း
ငါးနှစ်ကျော်ခဲ့ပါပြီ အမေ....
အမေ မရှိတဲ့နေ့က
မနေ့တစ်နေ့ကလိုပါပဲ
သတိရစိတ်နဲ့ အားကိုးချင်စိတ်တို့ဟာ
တစ်ရက်ထက်တစ်ရက်တိုးပါတယ်
တစ်နှစ်ထက်တစ်နှစ်လဲ တိုးပါတယ်။
နှင်းဆီလို အမေ့အတွက်
သမီးတို့ ဆုတောင်းဟာ
ကံ့ကော်တွေဖြစ်မယ် အမေ။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
အိမ်ပြန်လမ်းအတွက်
ကံ့ကော်တွေပျိုးထားမယ်
နှင်းဆီနီနီတွေစိုက်ထားမယ်။
အပြုံးတွေအတွက် စောင့်နေမယ်
ရောင်နီတွေအတွက် စောင့်နေမယ်။
နှင်းဆီလို အမေ့အတွက်
သမီးတို့ ဆုတောင်းဟာ
ကံ့ကော်တွေဖြစ်မယ် အမေ။
ကျန်းမာဖို့ပါပဲ...
ကျန်းမာနေဖို့ပဲလိုတာပါ။
မွေးနေ့မှာ ပျော်ရွှင်ပါစေအမေ။
- လိပ်ပြာ
ကဗျာအမျိုးအစား - မော်ဒန်
ပန်းပေးတာ
အရှုံးပေးတာပဲတဲ့ အချစ်ရဲ့
ငါမင်းကို ပန်းခင်းကြီးတစ်ခင်းလုံး
အပိုင်ပေးထားပါတယ်။
- လိပ်ပြာ
ပန်းတစ်ပွင့်က အရှုံးတစ်ခုနဲ့
ညီမျှခဲ့ရင် ငါဟာ အရှုံးကို
လွယ်လွယ်နဲ့ ပေးတတ်တဲ့
လူညံ့မဟုတ်ဘူး။
မင်းကေသာထက်မှာတော့
ပန်းတွေဝေပါစေ ခင်...။
- အံ့လွန်းပျို
မင်းရဲ့မျက်မှန်ကိုင်းထက်၌
ငါ့ရဲ့အသက်ဝိညာဉ်
စွဲငြိကပ်တွယ်နေပါတယ်။
- ဒေါင်းနက်
''လွမ်းခွင့်သာ ကျန်ရစ်ခဲ့''
တောင်ငူမြို့ ကန်ပတ်လမ်းက
ကုက္ကိုတန်းကြီးရဲ့အလယ်
အပြာရောင်ခုံတန်းလေးရဲ့အောက်မှာ...
တစ်ယောက်ကိုတစ်ယောက်
ခွဲရတော့မယ်ဆိုတဲ့ အသိနဲ့
မျက်ရည်တွေကို
ဆံနွယ်တွေကြားမှာ
ဖွက်ထားခဲ့ဖူးတယ်။
အဲဒီခဏမှာ ကန်ရေပြင်ကို
ဖြတ်သန်းလာတဲ့
လေပြည်လေညှင်းလေးက
ငါ့ရင်ထဲက ဝမ်းနည်းမှုကို
သိနေသလိုပဲ...
မင်းမျက်ဝန်းကို
ငါ ပြန်ကြည့်မိတဲ့အချိန်
အရာအားလုံးဟာ
ငြိမ်သက်သွားခဲ့တယ်။
"အဆင်ပြေသွားမှာပါ" လို့
အပြုံးလေးနဲ့ ပြောခဲ့တဲ့
မင်းစကားကို ယုံချင်ခဲ့ပေမယ့်
မင်းရဲ့ ပင်ပန်းနေတဲ့
မျက်ဝန်းတွေက
အမှန်တရားကို
ဖုံးကွယ်မထားနိုင်ခဲ့ဘူး။
သွေးကင်ဆာဆိုတဲ့
ရက်စက်လွန်းတဲ့ ကံကြမ္မာက
မင်းကို ငါ့ဆီကနေ
တဖြည်းဖြည်း ခေါ်ဆောင်သွားခဲ့တယ်။
ငါကတော့ လက်မလွှတ်ချင်ဘဲ
ဆုပ်ကိုင်ထားခဲ့သမျှ အချိန်တွေဟာ
နောက်ဆုံးမှာ အမှတ်တရတွေပဲ
ဖြစ်သွားခဲ့တယ်။
ဒီနေ့... ကုက္ကိုပင်တန်းကြီးတွေကို
ဖြတ်တိုက်လာတဲ့
လေညှင်းလေးတွေကြားမှာ
မင်းနာမည်ကို
ငါကြားယောင်နေတုန်းပဲ။
အပြာရောင်ခုံတန်းလေးကလည်း
ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို တိတ်တဆိတ် သိမ်းဆည်းထားဆဲ...
မင်းမရှိတော့တဲ့နောက်
ကန်ရေပြင်ဟာ
အရင်လိုပဲ လှနေတယ်။
ဒါပေမယ့် အဲဒီအလှတရားကို
ငါနဲ့အတူ ငေးကြည့်ပေးမယ့် မင်းကတော့ ဘယ်တော့မှ ပြန်မလာတော့ဘူး။
တစ်ခါတလေ
ကောင်းကင်ကို မော့ကြည့်ရင်း
"နာကျင်မှုတွေ မရှိတော့တဲ့နေရာမှာ
ပျော်နေပြီလား ကို..." လို့
တိုးတိုးလေး မေးမိတယ်။
အဖြေမရပေမယ့်
လေညှင်းလေးတွေကတော့
မင်းရဲ့ ကိုယ်စား
ငါ့ပါးပြင်ကို
လာထိတွေ့နေဆဲ...
ကောင်းရာဘုံဘဝမှာ
ငြိမ်းချမ်းပျော်ရွှင်စွာ
စံစားနိုင်ပါစေ။
ငါကတော့...
မင်းကို ချစ်ခဲ့တဲ့
ဒီနှလုံးသားနဲ့ပဲ
မင်းအမှတ်တရတွေကို
တစ်သက်လုံး
လွမ်းဆွတ်နေဦးမယ်။
- Little May
ခွပ်ဒေါင်းမိခင်
ကိုယ်ပိုင်အတောင်ပံတွေကို ရုပ်သိမ်းလို့
တိုင်းပြည်အတွက် အရိပ်ကြီးတဲ့ သစ်ပင်ဖြစ်ပေးခဲ့သူ။
ကြမ်းတမ်းတဲ့ လောကဓံတွေကြားမှာ
အမေ့ရဲ့ အေးချမ်းတဲ့ အပြုံးတစ်ချက်ဟာ
သားတို့သမီးတို့အတွက် အမြဲတမ်း ပိုးသားအိမ်ပါ။
ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်မြတ်ကစလို့
သက်တော်ရာကျော် ရှည်ပါစေ အမေ...
ကျန်းမာခြင်း၊ ဘေးကင်းခြင်းတို့နဲ့အတူ
ပြည်သူ့ရင်ခွင်ဆီ အမြန်ဆုံး ပြန်လည်သက်ဆင်းနိုင်ပါစေ။
-နွေဦး
မင်းမှာပျော်သလောက်
ကိုယ့်အဝေးမှာနေဖို့အခွင့်အရေးရှိတယ်
ကိုယ့်မှာလဲ
အမှတ်ရတိုင်းလွမ်းနေခွင့်တော့
ရှိတယ်မလား။
- နေကြာဖြူ
ဇွန်၁၉
မိုးထိ နေထိ ပျံသန်းနိုင်ပါလျက်
အညတရ ဒီဌာနလေးဆီ
ပြန်လာခဲ့တဲ့ လိပ်ပြာတစ်ကောင်ရဲ့
မွေးနေ့ပေါ့။
ယမ်းခိုးတွေဝေမှိုင်းနေတဲ့
အာကာပြင်ဆီ နေခြည်ကို ပြန်လင်းအောင် ကြိုးစားခဲ့တဲ့လိပ်ပြာ။
အတ္တ လောဘတွေနဲ့
အမှန်တရားနဲ့တရားမှုphobic
ဖြစ်နေတဲ့ခွေးရူးတစ်အုပ်
အစွယ်တမျမျနဲ့ ဒီဌာနကို
အ၀တ်မည်းကြီး ပြန်အုပ်ချေပြီ။
ငါတို့ရဲ့ လိပ်ပြာဟာလည်း
အကျဉ်းစံဘ၀ ကျ ခဲ့ရပြီ။
သို့သော် နေထိပျံနိုင်နေမှတော့
အတ္တမီးကြောင့် အတောင်ကျွမ်းရမလား။
လိပ်ပြာတောင်ပံ ဖယောင်းသားလား
မဟုတ်ဘူး မဟုတ်ဘူး
ငါတို့လိပ်ပြာဟာ သံမဏိလိပ်ပြာ
သံမဏိစိတ်ဓာတ် သံမဏိဇွဲလုံ့
နူးညံ့သော နှလုံး၊
နှစ်လိုဖွယ်အပြုံးနဲ့
သံမဏိလိပ်ပြာ။
ငါတို့ကို နေခြည်ဖြာသော
မနက်ဖြန်ဆီလမ်းပြပြီးပြီ။
အားလုံး။
ဆက်လျှောက်ကြရအောင်။
-နွေဦး
မနက်အစောကြီး
ကြားနေရတဲ့ တရားရွတ်သံမှာ
ငါတရားမရပဲ မင်းကိုသတိရနေမိတယ်
မင်းဟာ ငါ့တရားပဲ
-ကြည်ဇော်အေး
လူ့လောကမှာနေတတ်ရင်
နေပျော်ပါတယ်။
ဖြစ်ချင်တာမှန်သမျှ
ဖြစ်မလာတာကစလို့
မင်းကို မပိုင်ဆိုင်ရတာအဆုံး
ကိုယ့်အတွက် ပျော်စရာပဲ။
-အံ့လွန်းပျို
ကိုယ်ကြိုးစားနေပါတယ်
လမ်းချင်းမတူအောင်
လမ်းချင်းတူရင်တောင်
ပြန်မဆုံနိုင်အောင်
ပြန်ဆုံရင်တောင်
မျက်နှာလွှဲနိုင်အောင်
မျက်လုံးချင်ဆုံရင်တောင်
အရင်ကအကြောင်းတွေမပြောမိအောင်
အရင်ကအကြောင်းတွေပြောမိရင်တောင်
လွမ်းတဲ့အရိပ်အယောင်မရှိအောင်
မင်းလဲသိတဲ့အတိုင်းပဲ
ကိုယ်ကယောက်ျားလေးဆိုပင်မဲ့
ငိုတတ်တယ်ဆိုတာ။
- နေကြာဖြူ
