A poem that is not a poet's poem
Відкрити в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Показати більшеМ'янма33 370Категорія не вказана
315
Підписники
-224 години
-67 днів
-2030 днів
Архів дописів
သတိ!
တစ်ဖက်လူရဲ့အချစ်ကိုကစားဖို့
စောက်ကြီးစောက်ကျယ်စကားတွေမပြောပါနဲ့မိတ်ဆွေ။
- နေကြာဖြူ
"နေထွက်လာတာကိုကြည့်လိုက်စမ်း လှလိုက်တာ"
ကိုယ်မကြည့်ခဲ့ပါဘူး
အလှတရားဆိုရင် မင်းကလွဲပြီးမကြည့်ဘူးလို့ ကိုယ်ကတိပေးခဲ့တာကြောင့်ပါ
"တိမ်တွေဟာ အရမ်းမာယာများတာပဲ"
လို့ပြောတဲ့အခါ
ကိုယ်ပြုံးမိတယ် ဘာလို့ဆို မင်းရဲ့မာယာကိုမှ
မမှီနိုင်တာခုတော့လည်း
ညဘက်တွေ Lord Huron ရဲ့The night we met သီချင်းကိုအမြဲ
နားထောင်မိပါတယ်။
-လင်းသစ်
တစ်ခါတုန်းက အရမ်းနီးစပ်ခဲ့သူတွေ
အခုတော့ အမှတ်တရတွေကိုယ်စီနဲ့
မေ့ပစ်ဖို့ကြိုးစားတိုင်း ပိုပြီးသတိရတာဟာ
ချစ်ခဲ့ဖူးတဲ့ နှလုံးသားရဲ့ အပြစ်လား
-ကျူး
''အဆိပ်သင့်အမှတ်တရ''
အချစ်ကို သင်ပေးတယ်
အမှတ်တရတွေ ပုံပေးတယ်
ပြီးတော့မှ...
"လမ်းခွဲစကား" နဲ့ အဆုံးသတ်ခဲ့တယ်
မင်းကတော့ပေါ့ပေါ့ပါးပါး
ထွက်ခွာသွားပေမဲ့
ငါ့မှာတော့
မင်းချန်ခဲ့တဲ့ အငွေ့အသက်တွေကြား
အသက်ရှူတိုင်း "နာကျင်" နေရဆဲပါ။
-ကျော်ကြီး(ကျော်ရိပ်ညို)
တစ်ဖက်က ထွက်သွားချင်တဲ့အခါ
သူမပြောခင် ကိုယ်ကကြိုပြီး
အလိုက်သိစွာ ထွက်ခွာပေးခြင်းကလည်း
ချစ်ခြင်းမေတ္တာပါပဲ။
- လိပ်ပြာအသက်ရှင်နေရခြင်းမှာ
ဝန်ကင်းချင်တယ်။အများအကျိုး
အတွက်ဆိုရင်တောင် တစ်ခါတစ်လေ
ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ရမယ်။
ငါဟာ ချောက်ကမ်းပါးစွန်းမှာ...။
-အံ့လွန်းပျို
ငယ်ရွယ်မှုက
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့ သူတို့
အရူးအမူး ချစ်ကြပါစေ။
▪️အောင်ချိမ့်
ဘဝကုန်ဈေးနှုန်းမြင့်တဲ့နေရာတွေမှာ လူ့အသက်ဟာ သိပ်တန်ဖိုးမဲ့တာပဲ အမေ မာကြောကြောစိတ်အရေခွံတစ်ခု ကျနော့်ကိုဝယ်ပေးပါ။ ဘဝဆိုတာ ပြတိုက်ထဲက ဈေးကြီးတဲ့ပန်းချီကားတစ်ချပ်လား။ လူတိုင်းဘဝရှိကြရဲ့လား။ လောကကြီးရဲ့ မေတ္တာအာဟာရ ပြတ်လပ်မှုတွေအကြား ပိုင်ရှင်မဲ့အလောင်းတွေနဲ့ အသုဘမဲ့ ဇာတ်သိမ်းခြင်းတွေဟာ ဘုရားကျောင်းတွေကိုလှောင်ရယ်တယ်။ ဘယ်မှာလဲ ဘုရားသခင် ? နို့နပ်မမှန်တဲ့ကလေးနဲ့ အာဟာရမမှန်တဲ့ အမေ ဒါတွေ ဘုရားသခင်မြင်သလား။ မှန်တာပေါ့ ။ မြစ်တွေဟာ မြင့်ရာကနိမ့်ရာပဲစီးတယ် မှန်တာပေါ့ ။ ရေများရာပဲ မိုးရွာတယ် မှန်တာပေါ့ ။ သင်္ချိုင်းဟောင်းကိုပစ်ပြီး ကျောင်းဆောက်သာဓုခေါ် ပိုက်ဆံကြဲတော့ လူထုက သာဓုပါပေါ့။ အမှန်တကယ်ငတ်ပြတ်လို့ ဘဝပျက်ခဲ့ရတဲ့ ပိတ်ကားတွေ လောကထဲမှာ လက်ညှိုးထိုးမလွဲ . . အရှက်ကို အသပြာပြောင်း အသက်ဆက်ခဲ့ရတဲ့ ခါးသက်သက် အပျိုစင်တွေ လူမြင်ကွင်းပေါ်က သိက္ခာတွေကို အရက်ခွက်ထဲမျှောချနေတဲ့ ကြောင်သူတော်စားဖားတွေ ညဟာ လောကအမှောင်ကျရာဆို စက္ကန့်တိုင်းစီးဆင်းနေတဲ့ ဘဝရဲ့ညတွေ ဘယ်ဘုရားသခင်ကများ တာဝန်ယူမှုရှိခဲ့သလဲ။ မချမ်းမယ့်ဆောင်းရယ် မလွမ်းရမယ့် ညတစေ့တစောင်းရယ် ဖိနပ်စုံစုံချွတ်ဖို့ ခြေခုံတစ်ခုရယ် ပြန်တူးမရတော့တဲ့ မေတ္တာအုတ်ဂူရယ် ဘုရားလက်သစ်တွေကြား အကုန်လုံးကိုထီးတင်ဖို့အိမ်ပေါင်ခဲ့ရသူပါ။ ပြန်မရတဲ့အမြတ်တွေအတွက် ဘဝကိုရင်းထားပြီး လောကနဲ့အကြောက်တရားကိုပါ ဆုံးလိုက်ရတယ်။ ဘုရားသခင်ဆီသွားဖို့လမ်းမှာ ဖိနပ်ပျက်တဲ့ကလေးငယ် ဘယ်သူများဆူးခင်းလမ်းကိုရှင်းပေးမလဲ။ ဆူးတဆစ်ဆစ်လမ်းမှာ သွေးတရဲရဲနဲ့ ဘုရားဆီလျှောက်နေဆဲ ဆီးကြိုမယ့်သူ တွေ့ပါစေ။ ပိတ်ကားလှလှ ဖြစ်ပါစေပေါ့ကွယ်။ -မြတ်နွယ်
ကိုကို
(၁)
ကိုယ့်နဖူးကိုဖွင့်မယ့်သေနတ်ကိုကိုယ်တိုင်ထွင်ခဲ့သလို
ကိုကို့ကို ကျွန်မချစ်ခဲ့တယ်။
တစ်မိုင်၊နှစ်မိုင်၊သုံးမိုင် . .
ကိုကို့ကို ချစ်တဲ့စိတ်ကနေဝေးအောင်
ဘယ်လောက်ဆက်လျှောက်ရမလဲ။
ဆူးပဲတားတား၊လှံပဲထောင်ထောင်
သုံးမိုင်နောက်ပြန်လျှောက်ခဲ့မယ်။
-မြတ်နွယ်
