A poem that is not a poet's poem
Відкрити в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
Показати більшеМ'янма33 370Категорія не вказана
315
Підписники
-224 години
-67 днів
-2030 днів
Архів дописів
အခုတောင်အုံနာအတင်းပြောနေတာ
မောင်မောင့်မျက်နှာလေးမြင်ချင်လို့တဲ့
အလုပ်လုပ်နေတာကိုကွာ
တကယ့်မမ လူဖရင်းပါဗျာ အလုပ်လုပ်နေတုန်း Vc callသူခေါ်တာ မောင်ညစာစားပြီးပြီလားတဲ့မစားရသေးဘူး storeဖွင့်ခါနီး အလုပ်ရှုပ်နေတယ်ပြောလိုက်တာ ဘန်ကောက်ကနေညတွင်းချင်းစက်ဘီးကြီးနဲ့ လာခွံ့ကျွေးမယ်ပြောပြီးထွက်လာနေပြီ
အမုန်းဆိုတာ
အဆိပ်လူးမြှားတစ်ချောင်း
ကိုယ်ထဲမှာ အဆိပ်ဟာ
ငါ့ကိုတဖြည်းဖြည်းညှဉ်းသတ်နေ
မဆုံနိုင်ခဲ့တဲ့မြှားနှစ်စင်းဟာ
လွဲဖို့တောင်မှ ခဏတဖြုတ်မနီးစပ်ခဲ့
အချစ်နဲ့အမုန်းမှာ
ပူလောင်စေတဲ့ဒြပ်ဝတ္ထုတွေသာပါကြောင်း
ဗုဒ္ဓက ခဏခဏဟောခဲ့သားပဲ
တရားမနာတတ်တဲ့ဒီကောင့်မိုက်ပြစ်ပေါ့
တရားကိုဘယ်လိုရှာရှာ
ထိုင်ရှိခိုးမိတဲ့အရာဟာမင်း
စေတန်လိုစေတိသက်နဲ့
မာသာထရီဇာvibeဟာ
အပ်စပ်မှုရှိပါသလား
မမုန်းပဲပြုံးဖို့ဆိုတာ
အက်ကြားပက်သည်းခြေအတွက်
မဖြစ်နိုင်တဲ့ကိစ္စပေါ့လေ
ခုနှစ်စင်ကြယ်ကိုဘယ်မှာ
မြေမြှုပ်ခဲ့သလဲ
ကိုယ့်ကောင်းကင်မှာ
ဗလာပဲ အချစ်ရယ်
ဗလာပါပဲ
ကြွေလွင့်သွားတဲ့
လတစ်စင်းထဲ မင်းနာမည်ပါ
အဆစ်ပါသွားတယ်
ရင်ဘတ်ထဲမှာတော့
လသာ သာတုန်းပဲ
ညအခါလသာသာ
ဘဝနာခဲ့တဲ့ကောင်ပါ
ကြယ်တစ်စင်းနဲ့ကောင်းကင်ကို
လက်နဲ့ရေးပြီးခြေနဲ့ဖျက်တဲ့ကောင်
မင်းမုန်းချင်စရာပါလေ
မုန်းချင်စရာပဲပေါ့
ဒုက္ခမြစ်ဖျားဟာ
မင်းအပြုံးတွေကစစီးဆင်းမှန်းသိရင်
အဲ့နေ့က ကိုယ်မျက်မှန်တွေမတပ်ထားခဲ့ဘူး
အပစ်ခံဘဝကိုမုန်းလို့
တစ်လောကလုံးကိုဦးအောင်
စွန့်ပစ်ခဲ့တယ်
ကျေကျေနပ်နပ်လွန်ကြူးခဲ့တဲ့ ပြစ်မှုပါပဲ
စက္ခုနဲ့မနောကိုဆက်ကြိုးကိုဖြတ်ပြီး
မင်းအနားမှာရပ်ရတာ
ဘယ်လိုငရဲပါလိမ့်
အရှင်လတ်လတ်ငရဲကျတယ်ဆိုတာ
ကမ္ဘာမှာတကယ်ရှိကြောင်း
သင်ယူခဲ့ရပြီပဲ
မျက်ရည်ကျဖို့တောင်
ပင်ပန်းတဲ့အရာဟာ
အချစ်လို့ခေါင်းစဉ်တပ်ထားတဲ့
ဝဋ်တစ်ခုသက်သက်ပါကွယ်
ဝဋ်တစ်ခုသက်သက်
-မြတ်နွယ်
-ဝဋ်လှလှ
လူဘဝကတိုတိုလေးဆိုပင်မဲ့
ရခဲ့ဖူးတဲ့မေတ္တာတွေဟာနည်းပါတယ်
ကိုယ့်မှာ
မင်းထားခဲ့တဲ့
အမှတ်တရလက်ကျန်လေးနဲ့
အသက်ဆက်နေရတယ်။
အဆင်မပြေဘူးပြောတော့ရော
ကြားရမှာမို့လို့လား
ပြန်လာဖို့ဆိုအဝေးကြီးပေါ့။
-နေကြာဖြူ
စောင့်နေတာတော့မဟုတ်ပါပြီ
ကိုယ့်ဘာသာကိုနေသားကျဖို့လား
သူပြန်လာမှာကိုလား
"ကိုယ်အနည်ထိုင်နေချိန်မှာပြတ်ကျလာမဲ့ကျောက်ခဲက
မင်းဖြစ်လို့မရဘူး ကလေးငယ်"
- နေကြာဖြူ
ပညာဟူသည်၊ နတ္တမည်ပင်
တည်တံ့ဉာဏ်ဦး၊ ထည်ဝါထူးလည်း
အရူးစကား၊ ယုံကြည်ထားမူ
အလားတူဟန် ဉာဏ်မဲ့တည်း။
-အံ့လွန်းပျို
တစ်ယောက်ထဲလဲ နေတက်အောင်နေရမယ် ဘယ်သူမှ ကိုယ်အနား အမြဲ မရှိပေးနိုင်ဘူးဘေ
ဦးနှောက်ထဲက တိပ်ခွေကို
ဘယ်လောင်စာကများ မီးရှို့နိုင်စွမ်းရှိသလဲ
အလွမ်းဆိုတာမထူးဆန်းတဲ့
ကဗျာတစ်ပုဒ်ပါ အချစ်ရယ်
နှလုံးသားရှိသရွေ့
မင်းနဲ့ဝေးသရွေ့
အသက်ဝင်မယ့်ကဗျာပေါ့
တိတ်တိတ်ကလေးလွမ်းပါ
နည်းနည်းလေးချစ်ပါ
ကိုယ့်ကိုငဲ့ပါ
မင်းရဲ့ နံပါတ်ပေါင်းများစွာထဲ
နောက်ဆုံးဆိုလည်း ကိုယ်ကျေနပ်မှာပါ
ပန်ချင်ပန် ၊ ခြွေချင်ခြွေ
ကိုယ့်နှလုံးသားဟာ
မင်းပိုင်တဲ့ပန်းတစ်ပွင့်သက်သက်ပါ
မပန်ချင်တဲ့အခါ
ဖြတ်လျှောက်ဖို့လမ်းခင်းပေးမှာပါ
အလွမ်းပေးလည်း
အနမ်းအဖြစ်တယုတယသိမ်းရသူပါ
တစ်သက်မကလို့
သံသရာတစ်ပတ်ဆိုလည်း
ကိုယ့်ကိုပျော်ပျော်ကြီးပေးစောင့်ပါ
သံသရာတစ်ပတ်
အနာတစ်စက်နဲ့
အချစ်သက်သေကို
ကြယ်တွေထဲမှာရေးခဲ့မယ်
ကိုယ်မင်းကိုချစ်ခဲ့တယ်
ချစ်တယ်
ဆက်ချစ်နေမယ်
ဒါဟာ ဦးနှောက်မပါသော
စကားလုံးအဘိဓာန်ဖြစ်တယ်
ဘာသာမစုံပေမယ့်
နှလုံးသားရဲ့ဘာသာစကားက
စစ်မှန်ပါတယ် အချစ်ရယ်
မာနကိုခဏချွတ်ထားပြီး
ကိုယ့်ကဗျာကိုဖတ်ကြည့်ပါကွယ်
ဒီကဗျာဟာ
စွဲလမ်းစိတ်နဲ့ပေးမိတဲ့
အနှောင့်အယှက်ပါ အချစ်ရယ်
ဓူဝံကြယ်ကငေးကြည့်တာကို
မကြိုက်တဲ့အခါ မျက်စိကွယ်ပေးရတာ
ယဉ်ကျေးမှုဆိုတာ ကိုယ်နားလည်ပါတယ်
မင်းအတွက်အမှိုက်ဖြစ်တဲ့အခါ
ကိုယ်တိုင်ပဲ ဝမ်းမြောက်ဝမ်းသာ
ဂေါ်ပြားထဲ ခုန်ဆင်းမယ့်ကောင်ပါ
ဝမ်းမြောက်ဝမ်းသာစွန့်ပစ်ပါ
နောင်ဘဝဆိုတဲ့မျှော်လင့်ချက်တစ်စုံသာ
ကိုယ့်ကိုအဖော်ထည့်ပေးလိုက်ပါ။
ဝမ်းမြောက်ဝမ်းသာပါပဲလေ
-မြတ်နွယ်
စနစ်တကျဖျက်စီးခံလိုက်ရတဲ့
မျှော်လင့်ချက်တွေ
မဟုတ်သေးဘူး
ရုတ်တရက်
ခါးသက်သွားတဲ့
ချိုစိမ့်တစ်ခွက်
နို့ဆီပါးပါး
အချစ်များများမထည့်ရင်
မသောက်ချင်တော့ဘူး။
- နေကြာဖြူ
စနစ်တကျဖျက်စီးခံလိုက်ရတဲ့
မျှော်လင့်ချက်တွေ
မဟုတ်သေးဘူး
ရုတ်တရက်
ခါးသက်သွားတဲ့
ချိုစိမ့်တစ်ခွက်
နို့ဆီပါးပါး
အချစ်များများမထည့်ရင်
မသောက်ချင်တော့ဘူး။
- နေကြာဖြူ
ပွဲတော်တွေဟာလည်း
ပျော်စရာမကောင်းတော့ပါဘူး။
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်တာ ။
-မောင်ချောနွယ်
ချစ်ပါ မုန်းပါ
ပြီးရင်တော့
ပြန်မြတ်နိုးပါမမ
မမကြုံခဲ့တဲ့ကောင်တွေလို
ပြောမကောင်းဆိုမကောင်းမဟုတ်ပင်မဲ့
မမနဲ့ဆို ဟုတ်ကဲ့ပါ။
အပြောအဆိုမကောင်းပင်မဲ့
ဟင်းချက်ကောင်းတဲ့ကျွန်တော်က
မမအတွက်ဆိုအသားဟင်း
သားလေးအတွက်ဆိုဖြစ်သလိုပေါ့ကွယ်။
- နေကြာဖြူ
ချစ်ရသူရေ...
သူငယ်ချင်းကောင်း ယောက်ဖတို့လေ...
လူဖြစ်ရလို ဖြစ်ပါလျှင်လည်း
စစ်ကြီးကင်းဝေး ငြိမ်းချမ်းခြင်းဟု
အေးချမ်းလိုသည် ထိုဘဝမှာသာတဲ့။
နေပါရလို နေရလျှင်လည်း
ဟန်ဆောင်မှုကင်း အမှန်သည်သာ
ဦးထိပ်ထားသည်
အမုန်းကင်းဝေး မေတ္တာကိုသာ
သစ္စာတည်လို ဤလောကမှာသာတဲ့။
ချစ်ပါရလို ချစ်ရလျှင်လည်း
ဖောက်ပြန်ကင်းဝေး သစ္စာကိုသာ
ယုံကြည်အပ်သည်
အိန္ဒြေရှိသော မိန်းမမှသာတဲ့။
မောင့်ဘဝ စိတ်ကူးအလှများ
ကောင်းကင်ထက်ယံ တောက်ပနေသော
ကြယ်များပမာ များလှတယ်လေး။
-နွေသစ်လွင်
အိုင်းချင်း( ကဗျာ )
အများကပြောတော့
ရုပ်ချင်းဆင်းတယ် အဲ့အတွဲညားမှာပါတဲ့
တကယ်တော့
ဘဝချင်းလဲမတူသလို
အဆင့်ချင်းလဲကွာတယ်
"နှလုံးသားချင်းနီးခဲ့ကျတာမှန်ပင်မဲ့
သူ့ဘဝလောက်မှကိုယ့်ကိုမချစ်ခဲ့တာ"
-နေကြာဖြူ
ချစ်ခဲ့စဉ်တုန်းက
အချစ်မှာအသွားအပြန်ရှိမယ်ထင်ခဲ့တာ
အခုကတော့ အချစ်က
အသွားပဲရှိတယ်
ပြန်မလာတော့ဘူး။
- နေကြာဖြူ
မနက်ဖန်ကျရင်
နေကြာဖြူကဗျာတွေကို
အကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါမယ်။
