uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

မင်းရဲကျော်စွာ

မင်းရဲကျော်စွာ

Відкрити в Telegram

Truth, Constructive, Update

Показати більше
Країна не вказанаКатегорія не вказана
1 179
Підписники
-124 години
-117 днів
-1930 днів
Архів дописів
ထိုင်းတောင်ပိုင်း အကြမ်းဖက်ပစ်ခတ်မှု တရားခံလေးဦး ပုံနှင့်အမည်များ ထုတ်ပြန် BRN အဖွဲဝင်လေးဦးသည် နရသီဝပ်ပြည်နယ်၊ သီရိစခွန်ခရို
ထိုင်းတောင်ပိုင်း အကြမ်းဖက်ပစ်ခတ်မှု တရားခံလေးဦး ပုံနှင့်အမည်များ ထုတ်ပြန် BRN အဖွဲဝင်လေးဦးသည် နရသီဝပ်ပြည်နယ်၊ သီရိစခွန်ခရိုင်ရှိ မိုတေးတောင်တန်းသို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၎င်းတိုသည် BRN ၏ ဟာရီမောအုပ်စုမှ ဖြစ်သည်။ လက်ရှိတွင် အထူးတပ်ဖွဲများသည် ၎င်းတိုကို လိုက်လံရှာဖွေနေကြသည်။ - လိုအပ်သော မည်သည့်နည်းလမ်းဖြင့်မဆို ဖမ်းဆီးရမည်။ အိမ်တိုင်းနှင့် ရွာတိုင်းကို ရှာဖွေရန် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတစ်ခု လုပ်ဆောင်နေသည်။ ရဟတ်ယာဉ်များသည် ထိုဒေသတွင် ကင်းလှည့်နေကြသည်။ အဖွဲဝင်လေးဦးသည် လက်ရှိတွင် မိုတေးတောင်တန်းတွင် ရှိနေကြသည်။ - လေးဦး၏ အမည်များ- ၁။ မစ္စတာ မာဆာဖီ တီမို ၂။ မစ္စတာ အဗ္ဗဒူလာ မာဆေး ၃။ မစ္စတာ အီဆာရာ-အယ်လ် ချီဝေ ၄။ မစ္စတာ အဇီဇွန် မာဒေးတိုဟု ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြိုနယ်၊အမြန်လမ်းအနောက်ခြမ်း ဧရိယာ ၊ ဆည်အောင်ရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစ
+1
ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြိုနယ်၊အမြန်လမ်းအနောက်ခြမ်း ဧရိယာ ၊ ဆည်အောင်ရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးမင်း နှင့် ၎င်း၏ ညီဖြစ်သူတိုကို အကြမ်းဖက် PDF က နေအိမ်အတွင်း ဝင်းရောက်ပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် ဓါးဖြင့် ခုတ်ထစ်ခဲ့သည်။

နိုင်ငံတကာထူးခြားသတင်းမှာ - အီရန် ကို တရုပ် နှင့် ရုရှားက စစ်လက်နက်ပစ္စည်းများ မ​ထောက်ပံ့ရန် ဂတိ​ပေးထားမှု တည် မည်ထင်​ကြောင်း ထရန့် ၏ ​ပြောကြားချက်ကို ပူတင် က မိမိတိုအီရန်ကို မ​ပေးပါ ​နေတိုးနှင့် ကန် ကသာ ယူကရိမ်း ကို အလုံးစုံ​ထောက်ပံ့​နေသည်ဟု တုန့်ပြန်လိုက်သည်။ ထိုင်း CID က တွန်ဘူရီ ရှိစက်ရုံတစ်ခုအတွင်း နက်စ်က​ဖေး ၊ အိုဗာတင်း ၊ ဆပ်ပြာမှု အတု များ ဘတ် ၂.၆ သန်းဘိုးနှင့် လူ ၄ ​ယောက်ဖမ်းမိသည်။ ထိုင်းနိုင်ငံ ဟွန်သာပူရီ ရှိ တရုပ်လုပ်ငန်းရှင်မှ နှစ်ပြတ်ငှားပြီး ဒုစရိုက်မှုမျိုးစုံလုပ်​နေ​သော ဟိုတယ်တစ်ခုကိုဝင်ဖမ်းရာ မြန်မာ ၄၀ ပါဝင်သည်။ တရုပ်တက္ကသိုလ်များ၌ ပညာရပ်ဆိုင်ရာဘွဲအတွက် ဘာသာရပ် အသစ် ၃၈ ခုပြဌာန်းလိုက်ပြီး ဦး​ဏှောက်ကွန်ပြူတာ Brain & Conputer Science Teg ဘွဲ ၊ ​မြေရှားသတ္တုဘာသာရပ် Real Earth Mining Engineer ဘွဲ ၊ စိုက်ပျိုး​ရေးဆိုင်ရာစက်ရုပ်ပညာဘွဲ Robot Agri ဘွဲ ၊ အနုဇီဝဆဲလ် Bio Micro Cell ဘာသာရပ် စသည်တိုပါဝင်သည်။ မုန်တိုင်းမျက်စိ အရှိန် ၁၀၁ မိုင်နှုးရှိသည့် တိုင်ဖုန်းမုန်တိုင်း " နယူး " တရုပ်​တောင်ပိုင်းကမ်း​ခြေသိုဝင်​ရောက်​နေ၍ ​ဟောင်​ကောင် ၊ ပင်းဟိုင် တဝိုက်မှ လူ ၃ သိန်း​ကျော်​ရွှေ့​ပြောင်း​ပေးထားသည်။ အ​မေရိကန်နိုင်ငံသားကခိုးယူခဲ့​သော ပါပူအာ ​ဒေသ ​ရှေး​ဟောင်းပစ္စည်းများကို အ​မေရိကန် FBI ညွှန်မှုး ကပ်ရှ်ပ​တေး က ဂျကာတာတွင် အင်ဒိုနီးရှားယဥ်​ကျေးမှုဝန်ကြီး ဖာ့ကလီးဇွန် ထံ ပြန်​ပေးသည်။ ပြည်တွင်းထူးခြားသတင်းမှာ - ​နေပြည်​တော် မ​ကွေး ကံပြားလမ်း​ပေါ် အင်အား ၃၀ ရှိ ​ရွှေပန်း ရဲစခန်းနှင့် ဂိတ် PDF အင်အား ၁၀၀ ​ကျော်ဖြင့် မနက် ၃ နာရီဝင်တိုက် ၊ စခန်းကျ ၊ ​သေနပ် ၆ လက်ပါသွားသည်။ ဦးပိုင် မှ ​​ပြေးဆွဲ​နေ​သော ​တော်ဝင်ယဥ်လိုင်း ​ကျောက်ပန်း​တောင်း ​ဂွေးချို မ​ကွေး လမ်းပိုင်း ​ဂွေးပင်ရွာအနီး PDF ဖမ်း​ခေါ် သွား ၊ ခရီးသည် ၅ ဦးနှင့် ကားပြန်​တွေ့ ၊ ဒရိုင်ဘာ နှင့် စပါယ်ယာ ကို​ ပြန်​ပေးဆွဲ ၊ ငွေဖြင့်လာ​ရွေးရန် ဖုံးဆက်သည်။ နတ်​ရေကန်ဗျူဟာ သို စစ်ကား ၇၀ ဖြင့် အင်အား​ထောင်ချီ စစ်ကူ​ရောက်လာသည်။ ပုဏ္ဏားကျွန်းတွင်အသက် ၂၀ အရွယ်ရခိုင်မိန်းမပျိုကို လက်ထိတ်ခတ် မဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ AA တပ်သား ၃ ဦးကို ရခိုင်လူထု၏​တောင်းဆိုချက်အရ AA ပြန်ဖမ်းသည်။ မြစ်ကြီးနားတွင်အသက် ၂၁ နှစ်အရွယ်မိန်းမပျိုကို ပစ္စည်းယူ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ ၃ ဦးအား ​ထောင်ဒဏ် အနှစ် ၁၄၀ စီချသည်။ ကရင်ပြည်နယ် လိုင်းဘွဲ မြိုနယ် ရှမ်းရွာ ​ကျောင်းကြီး​ကျောင်းဆရာ​တော် စျာပန ​လောင်တိုက်ပြသာဒ် နှင့် ဓါတ်ကြိုးညှိ ၊ ၂ ဦး​သေ ၇ ဦးသတိလစ်​ဆေးရုံ​ရောက်သည်။ ခရီးသည်မတင်ဘဲ စက်ရုံဖယ်ရီဆွဲ​နေ​သော YBS ၁၀ စီး CNG ပိတ်သည်။ ​လှော်ကား​ရေတွန်းစက်ရုံ ထရန်စ​ဖော်မာ ​လောင်၍ ရန်ကုန် ၁၆ မြိုနယ် ​ရေပြတ်မည်။

+5
July -27- Global New Light of Myanmar.pdf4.47 MB

ဇူလိုင်လ၂၆ ရက်မနက်ပိုင်းက အကြမ်းဖက် KIA အဖွဲ့ဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ခွန်ဆာကုန်း ကားကြီးကွင်းအနားမှာ မိုင်းဆ
ဇူလိုင်လ၂၆ ရက်မနက်ပိုင်းက အကြမ်းဖက် KIA အဖွဲ့ဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ခွန်ဆာကုန်း ကားကြီးကွင်းအနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးကား၂ စီးပျက်စီးသွားတယ်လို့ သိရပါတယ်... အကြမ်းဖက် KIA အဖွဲ့ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်လေးတစ်ခုပေါ့ဗျာ။

သည်းခံနိုင်စွမ်းတော့ ကုန်သွားပြီနဲ့တူတယ်..... ကောင်းတယ် ဒါမှ ရခိုင်လူမျိုးတွေ လူလိုသူလိုနေရမှာ.... ချချ အားပေးတယ်...
သည်းခံနိုင်စွမ်းတော့ ကုန်သွားပြီနဲ့တူတယ်..... ကောင်းတယ် ဒါမှ ရခိုင်လူမျိုးတွေ လူလိုသူလိုနေရမှာ.... ချချ အားပေးတယ်...

အင်တာနက်ဝန်ဆောင်မှု ပျက်ကွက်ပါက ဥပဒေအရ အရေးယူမည် NOM၊ဇူလိုင်၂၆၊၂၀၂၆ အင်တာနက်လိုင်း ပြတ်တောက်မှုများဖြစ်ပေါ်ပါက ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြားသော်လည်းလာရောက် ပြင်ဆင်ပေးခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဇူလိုင်၂၄ရက်ကပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။ လှိုင်သာယာ (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးချမ်း၏ အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးထုတ်ပြန်ပေးရန်နှင့် စာချုပ်ပါ စွမ်းဆောင်ရည်ထက် ကျဆင်းနေသော ကုမ္ပဏီများကို မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်းမေးခွန်းကို မေးမြန်ခဲ့ကြောင်းသိရသည်။ "အင်တာနက်အသုံးပြုသူများအနေနဲ့ အင်တာနက်လိုင်း ဝန်ဆောင်မှုရယူရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရရှိတဲ့ ကုမ္ပဏီများနဲ့ ရယူအသုံးပြုရန်၊ အင်တာနက်လိုင်း ပြတ်တောက်မှုတွေဖြစ်ပေါ်ရင် ပြင်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီကို အကြောင်းကြားထားသော်လည်းလာရောက် ပြင်ဆင်ပေးခြင်းမရှိပါက ကုမ္ပဏီများထံမှ လျော်ကြေးငွေ သို့မဟုတ် အစားထိုးဝန်ဆောင်မှုပေးအပ်ရေး ညှိနှိုင်းတောင်းဆိုရန်၊ လိုက်နာဖြည့်ဆည်းမှုမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm email သို့လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ် ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါတယ်"ဟု ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဖြေကြားခဲ့သည်။ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ စွမ်းဆောင်ရည်ကြောင့် အသုံးပြုသူများက ၎င်းတို့၏ဆုံးရှုံးနစ်နာမှုများအား တိုင်ကြားလာ လျှင်ဖြစ်စေ၊ မြေပြင်တွင် ကွင်းဆင်းစစ်ဆေးတွေ့ရှိလျှင်ဖြစ်စေ ပြဋ္ဌာန်းထားသောဥပဒေများကို လိုက်နာဆောင်ရွက် ခြင်းမရှိကြောင်း ထင်ရှားပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၄၁ (က)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၅၂ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းဆိုင်ရာ အမိန့်များဖြစ်သည့် သတိပေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံး မှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့်နည်းလမ်းများဖြင့် အရေးယူကိုင်တွယ် ဆောင်ရွက်သွားမည်ဟုသိရသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့အထိ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သက်သော တိုင်ကြားလာမှု ၂၂၀၀ ရှိပြီး ၂၁၉၂ မှုကို ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသော ရှစ်မှုအား ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ NOM

လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ
+1
လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ စက်ရုံဖယ်ရီဆွဲသည့် YBS ၁၀ စီးကို CNG ဖြည့်သွင်းခွင့် ရာသက်ပန် ပိတ်သိမ်းအရေးယူ

မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်အစီအစဉ် တစ်ခုအဖြစ် “တောင်တန်းမေတ္တာ၊ လေညင်းသစ္စာ” ခေါင်းစဉ်ဖြင့် ဈေး‌ရောင်းပွဲတော်ကို ရန်ကုန်မြို၊ Junction City Promotion Area တွင် ၂၇-၇-၂၀၂၆ မှ ၂၉-၇-၂၀၂၆ ရက်အထိ၊ နံနက်(၁၀)နာရီမှ ည(၈)နာရီအထိ ခင်းကျင်းပြသ ရောင်းချပေးမည်

နွေဦးအတို နွေဦးအပြတ် နွေဦးအကန်း နွေဦးထော့နဲ့။ နွေဦးရောင်နီတွေနဲ့အတူရာချီအခန်းပြည့်သိမ်းထားပါတယ်...လို့။ဒါတွေကိုNUGမြေအော
နွေဦးအတို နွေဦးအပြတ် နွေဦးအကန်း နွေဦးထော့နဲ့။ နွေဦးရောင်နီတွေနဲ့အတူရာချီအခန်းပြည့်သိမ်းထားပါတယ်...လို့။ဒါတွေကိုNUGမြေအောက်ဆေးရုံကြီးဆီပို့ဖို့ခရီးစရိတ်ကမရိှသေးပူးးး နေပြည်တော်

ဇူလိုင် ၂၆ တနင်္ဂ​နွေ မနက် USDP ပြည်​ထောင်စုနယ်​မြေ Bulletin ; နိုင်ငံတကာထူးခြားသတင်းမှာ - ထရန့် သည် ဘိုရင်း ကုမ္ပဏီအား ​ဒေါ်လာ ဘီလျံ ၂၀ တန်ကန်ထရိုက်ချ​ပေးပြီး F - 47 တိုက်​လေယာဥ် အသစ် များထုတ်လုပ်ရန်ခွင့်ပြုခဲ့သည် ၊ ၎င်း​လေယာဥ် ၁ စင်း ​ဒေါ်လာသန်း ၃၀၀ တန်မည်ဖြစ်ပြီး မိုင် ၁၀၀၀ တဆက်တည်းသွားနိုင်ကာ ဒရုန်းပဲ့ကိုင်စနစ်များ ပါဝင်မည်ဆို၏ ။ ကိဗ် အ​ရှေ့ပိုင်း ယူကရိမ်းဒရုန် ပြပွဲကျင်းပရာသို ရုရှား ဒုံးကျည် ၃ စင်း ကျ​ရောက်​ပေါက်ကွဲရာ ၁၀ ဦး​သေပြီး ၁၀၀ ​ကျော်ဒဏ်ရာရသည်။ ဗင်နီဇွဲလားသည် ​ရောမစာချုပ် နှင့် ICC မှနုတ်ထွက်​ကြောင်း ကုလ သိုအ​ကြောင်းကြားခဲ့ပြီး တရားမျှတမှု မရှိ၍ ဟု ယာယီသမ္မတ ရိုဒရီဂွက် က ​ပြောသည်။ ICC ​ရှေ့​နေချုပ် ဗြိတိန်နိုင်ငံသား ကာရင်ခမ်း သည် ၎င်း၏ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်၍ အ​ရေးယူခံရသည်။ အိန္ဒိယပညာ​ရေးဝန်ကြီးနုတ်ထွက်စာတင်သွား၍ ပိုးဟတ်က​လေးများဆန္ဒပြပွဲ ​အောင်ပွဲခံ ပြီးဆုံးသွားသည်။ ​တောင်တရုပ်ပင်လယ် အငြင်းပွား တာရိုဘို သန္တာ​ကျောက်တန်းအနီး သတင်းသမားများလိုက်လာ​သော သင်္ဘောကို တရုပ်​ရေတပ် က ​ရေပိုက်ဖြင့်ပက်၍​မောင်းထုတ်သည်။ ပြည်တွင်းထူးခြားသတင်းမှာ - ​ညောင်ဦးမြိုနယ် စည်ပင်သာရွာ အုပ်ချုပ်​ရေးမှုး ဦး​ကျော်နိုင်ဦး ၊ သက်လွင်ဦး ၊ ​ကျော်ဝင်းသူ ၊ ဦးမင်းထွန်းတို ၄ ဦး ​တောင်ဘီမ ရွာ ကုန်စုံဆိုင်​ရှေ့ ထိုင်စကား​ပြော​နေစဥ် PDF ၆ ဦး ဆိုင်ကယ် ၃ စီးဖြင့်လာပစ်၍ ၄ ဦး ​သေ ပြီး ဦး​အောင်မျိုးသက် ပါး ကျည်​ဖောက်ဝင်ဒဏ်ရာရခဲ့သည် ၊ ထိုပြင် ​ညောင်ဦးမြိုနယ် ​ထရိုင်​တောရွာအုပ်ချုပ်​ရေးမှုး ဦးဥဏ်ပို ( ၅၉ နှစ်) ရွာဦး​ကျောင်း၌ကုသိုလ်​ရေး​ဆောင်ရွက်​နေစဥ် PDF ဝင်လာ သတ် သည်။ မိတ္ထီလာမြိုနယ် ဆည်​အောင်ရွာ အုပ်ချုပ်​ရေးမှုး ဦးစိုးမင်း ( ၅၆ နှစ်) နှင့် ညီဖြစ်သူ ဦးကံစစ်မင်း ( ၅၄ နှစ်) တို ​နေအိမ်၌ရှိ​နေစဥ် PDF ၈ ဦး ၊ ဆိုင်ကယ် ၄ စီးဖြင့်လာသတ်သည်။ ယူနန်ပြည်နယ်အတွင်း အလုပ်လုပ်​နေ​သော မြန်မာ ၇၀၀ ​ကျော် တရုပ်ရဲဖမ်းပြီး ကိုးကန့်တပ်ကိုလွှသည် ၊ UWSA ဝ နယ်ပန်ဆန်း မှ မြန်မာ ၂၀၀ ​ကျော်နှင်ထုတ်သည် ၊ မန်း တိုင်း PDF တာဝန်ခံ ဝဏ္ဏ​အောင် ဇနီးနှင့်အတူ မိုင်းလားရှိ ဇိမ်ခံဟိုတည်တစ်ခု၌တည်း​နေစဥ် NDAA ကဖမ်းပြီး တပ် ကိုလွှသည် ။ မ​လေးရှားမှ ဖမ်းမိမြန်မာ ၅၀၀၀ ​ကျော် ပြန်လွှမည်။ SRS ​ကျောင်းသားတပ်​တော်က သူတိုအဖွဲကို ​မေ ၈ ရက်​နေ့က မင်းကင်းတွင်ဖမ်း၍ အတင်းအဓမ္မ NUG လက်​အောက်သွင်းခဲ့ခြင်း ပြန်ထွက်လိုက်ပြီဟု ဇူလိုင် ၂၄ က​ကြေငြာသည်။ ရန်ကုန် - ပြည် DEMU အမြန်ရထား ရန်ကုန်မှ ၅း၃၀ ထွက် ၊ ပြည် ၁၁း၃၀ ​ရောက် ၊ ပြည် မှ ၁၃၀၀ အချိန်ထွက် ၊ ရန်ကုန် ၁၉၀၀ အချိန်ပြန်​ရောက် ၊ အထက်တန်း ၂ တွဲ ၊ ၂၀၀၀၀ ကျပ် ၊ ပထမတန်း ၄ တွဲ ၊ ၁၅၀၀၀ ကျပ် ၊ ဒညင်းကုန်း ၊ သာယာဝတီ ၊ လက်ပန်တန်း ၊ မင်းလှ ၊ ကြိုပင်​ကောက် ၊ နတ္တလင်း ၊ ​ပေါင်းတည် ရပ်မည်။ လားရှိး ၊ ​ကျောက်မဲ ၊ ​သီ​ပေါ ၊ နောင်ချို တိုက်ပွဲကာလ သူပုန်ဖျက်ဆီး ခွဲရုံ ၉ ရုံ ၊ ထရန်စ​ဖော်မာ ၈၆ လုံးပြန်ပြင်​နေပြီး. မကြာမှီ မီးရ​တော့မည် ၊ လွိင်​ကော် ၊ လွယ်လင်​လေး ၊ ​လောပိတ ခွဲရုံ ၃ ရုံ ၊ ထရန်စ​ဖော်မာ ၇၃ လုံး ပြင်ပြီးဖြစ်၍ မြိုရွာများ မီးပြန်ရ​နေပြီဖြစ်သည်။ ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော် - လားဟူ လက်နက်ကိုင် LDU အဖွဲ သင်္ဂဟ ဟိုတယ်တွင် ငြိမ်းချမ်း​ရေး​ဆွေး​နွေးသည်။ လယ်​ဝေးပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးဝင်း​ဌေးသည် အုပ်ဖိုရွာ မူလတန်း​ကျောင်း၌ လူထုစကားဝိုင်းပြုလုပ်ခဲ့ရာ အင်အား ၁၀၀ ​ကျော်တက်​ရောက်သည်။ USDP ပြည်​ထောင်စုနယ်​မြေဥက္ကဌ နှင့် ပြည်သူ့လွှတ်​တော်နိုင်ငံသားများမူလအခွင့်အ​ရေး​ကော်မတီဥက္ကဌ ဦးလှ​ဆွေ သည် လယ်​ဝေးမြိုနယ် ​ရွှေဟင်္သာ​ကျေးရွာ သို​ရောက်ရှိရာ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်ဦးဝင်း​ဌေး ၊ မြိုနယ်အုပ်ချုပ်​ရေးမှုး ၊ မြိုနယ်လျှပ်စစ် ၊ မြိုနယ်ပါတီတာဝန်ခံ ဦးခင်​မောင်ထွန်း ၊ ခရိုင်စီမံအဖွဲဝင်နှင့် ခရိုင်ပါတီဥက္ကဌ ဦးကြည်ငြိမ်းခိုင် ၊ မြိုနယ်စီမံ အဖွဲဝင် နှင့် မြိုနယ်ပါတီဥက္ကဌ ဦး​အောင်ခိုင်မိုး တို မှ ကြိုဆိုသည်၊ ရွာ မှ ဦးကံမြင့် က ၎င်းကို ​ကျေးရွာမီး​ကော်မတီမှ ​ငွေ ၂ သိန်းမထည့်နိုင်၍ မီးမ​ပေး​ကြောင်း ၊ ရွာဘုံ​ငွေ ၁ သိန်းမထည့်နိုင်၍ သာ​ရေးနာ​ရေး ကျဥ် ထားသဖြင့် လူ့အခွင့်အ​ရေးချိုး​ဖောက်ခံ​နေရ​ကြောင်း လွှတ်​တော်​ကော်မတီသို စာဖြင့်​ပေးပိုတိုင်ကြားခဲ့မှုအ​ပေါ် ရပ်ရွာ လူကြီးများ မီး​ကော်မတီလူကြီးများနှင့်​တွေ့ဆုံကာ ၎င်းထည့်ဝင်ရမည့် လျှပ်စစ်မီးအတွက် ၂ သိန်း ၊ ​ကျေးရွာသာ​ရေးနာ​ရေး ဘုံ အတွက် ၁ သိန်း နှင့် ရွာစာသင်​ကျောင်းအတွက် ပညာ​ရေးအလှူ​ငွေ ၁ သိန်း ၊ ​ပေါင်း ၅ သိန်းကို ပါတီရန်ပုံ​ငွေမှစိုက်ထုတ်ကူညီ​ပြေလည်​စေခဲ့ပြီး ၎င်းအိမ်အားမီးသွယ်​ပေးရန် မြိုနယ်လျှပ်စစ်မှုးအား ​ပြောကြားခဲ့သည်။

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၂၆/၂၀၂၆) -------------------------------------------- ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈:၀၀ နာရီအချိန် ထုတ်ပြန်ချက် ======================================== ၁။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း ယနေ့နံနက်မှ ၃-၈-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး အချို ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ၂။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တိုတွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။ အကြံပြုချက် ၃။ သိုဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းလာ နိုင်ခြင်းကြောင့်လည်းကောင်း၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လည်းကောင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိးဆော်အပ်ပါသည်။ Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

+5
ဇူလိုင်_၂၆_မန္တလေးနေ့စဉ်သတင်းစာ.pdf9.14 MB

အနှစ်ချုပ်ပြောရရင် ဟိုးလေးတကျော်ဖြစ်သွားတဲ့ အဆိုပါဗီဒီယိုဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ ထင်ရှားတဲ့ အထောက်ထားတရပ် ဖြစ်သွားခဲ့သလို မြန်မာပြည်သူတို့လည်း သွားလာရခက်ခဲမှုပိုမိုလာမယ့် အခြေနေဖြစ်လာပါလိမ့်မယ်။ ဆိုတော့ လူမိုက်ဆိုတာ ဘယ်တုန်းကမှ အကျိုးဆက်တွေမကြည့်တတ်ပါဘူး၊ အကျိုးဆက်ကို မသိခင်ကတော့ ပျော်ရင်လည်းပျော်ကြတာပေါ့ အကျိုးပေါ်လာပြီဆိုမှ မျက်ကလူးဆန်ပြာဖြစ်ရတာဟာ လူမိုက်တို့ရဲ့ သဘာဝပါပဲ..။ လူမိုက်တွေများတဲ့အရပ်ဟာလည်း ပဋိရူပဒေသ မဟုတ်ပါဘူး၊ မီးဖိုနားနေရရင်ပူမှာပဲ ငပိထုပ်ထားတဲ့ ဖက်ဟာ ငပိစော်နံမှာပါပဲ။ ဆိုတော့ အဲ့ဒီအရပ်သေဒမှာ နေရရင် ဘယ်သူမှလည်း စိတ်နှလုံးချမ်းမြေ့စရာ မရှိပါဘူး။

အပေါ်က link မှာပါတဲ့ ဗီဒီယိုကိုတော့ အတော်များများကြည့်ပြီး လောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့်ဖြစ်စဉ်ကို အကျယ်တဝင့်မပြောပဲ လိုရင်းပြောရမယ်ဆိုရင် PDF နှစ်ဦးက ဆိုင်ကယ်စီးလာတယ်၊ အမှတ်တမဲ့ကြည့်ရင် အရပ်သားလို့ပဲ ထင်စရာရှိတယ်။ သူတို့ထဲမှတဦးက ပြည်သူ့စစ်လို့ယူဆရသူလူကြီးကို “ကွမ်းဝါးဦးမလား” မေးတဲ့အခါ ဟိုက ဘယ်သူဘယ်ဝါ ဘယ်ရွာသားပါလိမ့် ဘယ်သူ့သားပါလိမ့်ဆိုတဲ့ စူးစမ်းတဲ့ စိတ်နဲ့ကင်းတဲကထွက်ဖို့ထလာချိန်မှာ အနီးကပ်လုပ်ကြံ သွားခဲ့တယ်။ လုပ်ကြံသူကတော့ အပြုံးတောင်မပျက်ပါဘူး လူ၁၁တ်ရတဲ့ကိစ္စကို ကြက်ကလေးငှက်ကလေးလောက် သဘောထားတဲ့အနေထားမျိုးထိ စိတ်အခြေနေတွေ ရှိတာကိုတော့ မြင်တွေ့ရပါတယ်၊ အလားတူပဲ “လွယ်လွန်းတယ်” ဆိုတဲ့စကားပြောသံလည်း ဗီဒီယိုမှာတွေ့ကြပါတယ်။ ဒါကတော့ အဲ့ဒီအကြောင်းပေါ့။ အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့ ပျော်တဲ့သူလည်း ပျော်ကြမယ်၊ နှစ်ထောင်းအားရ ကြေနပ်သူတွေလည်း ကြေနပ်ကြမယ်၊ အပြစ်တင်သူတွေလည်း တင်ကြမယ်ပေါ့။ ပျော်တဲ့သူတွေ မပျော်တဲ့သူတွေခဏထား အရှိတရားကိုပဲပြောရမယ်ဆိုရင် ကင်းသမားဘိုးတော်ကြီး လုပ်ကြံခံလိုက်ရလို့လည်း တော်လှန်ရေးကနိုင်သွားမှာ မဟုတ်သလို စစ်တပ်ပြိုလဲဖို့ဆိုတာလည်း အဝေးကြီးပဲ ခြင်ကိုက်သလောက်တောင်မထင်ရှားဘူးပေါ့..။ ဟုတ်ပြီ အကျိုးဆက်လေးကို နည်းနည်းကြည့်ရအောင်..၊ အဲ့ဒီဖြစ်စဉ်ဟာ အွန်လိုင်းမှာ ဟိုလေးတကျော် ဖြစ်ရတဲ့ကိစ္စဖြစ်တယ် (ဘာလို့လဲဆိုရင် အဲ့ဒီကိစ္စနဲ့ အောင်ပွဲခံနေကြသူတွေကြောင့်ပါ)။ ဆိုတော့ကား အဲ့ဒီအကျိုးဆက်က အဲ့ဒီနေရာလေးမှာတင် ပြီးသွားမှာတော့မဟုတ်ဘူး။ တနိုင်ငံလုံးက လုံခြုံရေးတပ်ဖွဲ့တွေကို တပ်လှန့်လိုက်တာပါပဲ..။ တပ်လှန့်တော့ဘာဖြစ်လဲဆိုရင်.. “ခင်ဗျားဟာ အရပ်သားဖြစ်နေရင်တောင် ခင်ဗျားဟာ အရပ်သားဟုတ်မဟုတ်ဆိုတဲ့အပေါ် သံသယတွေ သက်ရောက်သွားပါပြီ…” သက်ရောက်တော့.. အရပ်သားကို ကြည့်သလို ကြည့်မှာမဟုတ်တော့ပါဘူး..။ “ဒီကောင်က အရပ်သားလား အရပ်သားဟန်ဆောင် တာလားဆိုတဲ့ သံသယနဲ့ ကြည့်ပြီး အဲ့သံသယနဲ့ပဲ ဂိတ်တွေ လုံခြုံရေးတွေက ဆက်ဆံတော့မှာ ဖြစ်ပါတယ်..။ အဲ့ဒီအခါ ဘယ်သူတွေက နစ်နာလဲဆိုရင် ပြည်သူတွေကလည်း ပိုနစ်နာမှာဖြစ်ပါတယ်။ လမ်းဆင်းလျှောက်ရမယ့်နေရာတွေ ပိုများလာမယ် မထင်ရင်မထင်သလို စစ်ဆေးပါလိမ့်မယ်။ အဲ့ဒါကြောင့် ဂျနီဗာကွန်ဗင်းရှင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားလို ဟန်ဆောင်ရင် Perfidy (လှည့်ဖျားကောက်ကျစ်မှု) လို့ခေါ်ပြီး အဲ့ဒါဟာ War Crime (စစ်ရာဇဝတ်မှု) ဖြစ်ပါတယ်။ ဘာလို့စစ်ရာဇဝတ်မှုလို့သတ်မှတ်ရလဲ ဆိုရင် အထက်ကပြောသလိုပဲ အရပ်သားတွေအတွက် အများကြီး ထိခိုက်နစ်နာစေတဲ့ အကျိုးဆက်တွေ ဖြစ်လာလို့ပါ Geneva Conventions, Additional Protocol I (1977) Article 37 – Prohibition of Perfidy Article 37(1): "It is prohibited to kill, injure or capture an adversary by resort to perfidy..." Article 37(1)(c): "The feigning of civilian, non-combatant status..." ဒါတင်မကပါဘူး ICC ဆိုတာ မြန်မာလူမျိုးတွေ မကြာခဏကြားဖူးနေကျ စကားလုံးဖြစ်မယ်ထင်တယ်။ အဲ့ဒီ ICCလို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးရဲ့ ရောမစာချုပ် (Rome Statute) မှာလည်း စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ Article 8(2)(e)(ix): "Killing or wounding treacherously a combatant adversary..." ဆိုတော့ အဲ့သလို အရပ်သားဟန်ဆောင်ခြင်းအားဖြင့် အရပ်သားတွေ လူမှုအဖွဲ့စည်းတွေ ကြက်ခြေနီ အဖွဲ့ စည်းတွေပါ အများကြီးထိခိုက်နစ်နာလို့ အဲ့ဒါကို စစ်ရာဇဝတ်မှုလို့ နိုင်ငံတကာက အတိအလင်း လက်ခံထားပြီးတော့ နိုင်ငံတကာ စစ်တပ်တိုင်းကလည်း အဲ့ဒီဥပဒေကို လက်ခံကျင့်သုံးကြပါတယ်။ ခင်ဗျားတို့ စစ်ကားတွေကြည့်ဖူးရင် အမေရိကန် ဗီယက်နမ်စစ်ပွဲဇတ်ကားတွေ ကြည့်ဖူးမယ်ထင်ပါတယ် အဲ့ဇတ်ကားထဲမှာ ဗီယန်ကောင်းတွေက အမေရိကန်တွေကို အရပ်သားဟန်ဆောင်ပြီး တိုက်ခိုက်တဲ့ ဇတ်ဝင်ခန်း မျိုးတွေတွေ့ရပါလိမ့်မယ်။ ဒါကို ကြည့်ရှုသူတွေက ဗီယက်နမ်တွေက တော်တယ် ဥာဏ်ကောင်းတယ်လို့ ထင်ကြလိမ့်မယ်၊ တဖက်က စစ်ဝတ်စုံဝတ်ထားတဲ့ အမေရိကန်တွေက ရူးလို့ ဝတ်ထားတာမှမဟုတ်တာ ၁၉၇၇ ဂျနီဗာပရိုတိုကော မပြဌာန်းခင်ကတည်းက ၁၉၄၉နီဗာကွန်ဗင်းရှင်းမှာလည်း တိုက်ခိုက်သူ စစ်သည်များသည် "အဝေးကကြည့်လျှင် ထင်ရှားစွာ မြင်နိုင်သော အမှတ်အသား/စစ်ဝတ်စုံ" ဝတ်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်။ အဲ့ဒီအရပ်သားဟန်ဆောင်တဲ့အကျိုးဆက်ကြောင့် ဗီယက်နမ်အရပ်သားစစ်စစ်တွေပါ အများကြီး 6သဆုံးခဲ့ရပါတယ်။ အမေရိကန်စစ်သားတွေဟာ အရပ်သားနဲ့ လက်နက်ကိုင်ကို မခွဲခြားတတ်တော့လို့ အန္တရာယ်ရှိလောက်တယ်ထင်ရင်ပစ်တာပါပဲ။ ထင်ရှားတဲ့ဖြစ်စဉ်ကတော့ My Lai Massacre (မိုင်လိုင် အစုလိုက်အပြုံလိုက် ၁၁တ်ဖြတ်မှု) ဖြစ်ပါတယ်၊ အရပ်သားရာပေါင်းများစွာ ကို အမေရိကန်စစ်သားတွေက ၁၁တ်ဖြတ်မိခဲ့ပါတယ်။ ဒါကြောင့်မို့ လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်ကိုင်အဖွဲ့မှန်းသိသာထင်ရှားစေတဲ့ အမှတ်သားမျိုး ဝတ်ဆင်ရပါတယ်။ စင်ကြယ်ဖိနပ်စီးပြီး ဘောလုံးဘောင်းဘီ ဝတ်ထားရင် တောင် အဝေးကကြည့်ရင် လက်နက်ကိုင်အဖွဲ့ကမှန်း သိသာအောင်အမှတ်သားပြုရပါတယ်။ မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့စုံကလည်း ဒါကြောင့် ယူနီဖောင်းကိုယ်စီ ရှိနေကြရတာပါပဲ။

နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ အရေးအခင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ပညာရေးအရအားနည်းချက်များရှိခဲ့ခြင်း
+3
နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ အရေးအခင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ပညာရေးအရအားနည်းချက်များရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ပြောကြား ====================== မိမိတိုနိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးအားနည်းချက်များရှိခဲ့သည်ကို အချက်အလက်များအရ တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ အရေးအခင်းများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါကလည်း ပညာရေးအရအားနည်းချက်များရှိခဲ့ခြင်း၊ နိုင်ငံရေးအရ ထွက်ပေါက်မရှိခြင်းနှင့် စီးပွားရေးကျဆင်းခြင်းတိုကြောင့်ဖြစ်သည်ကို သုံးသပ်တွေ့မြင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် က ဇူလိုင်လ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတိုမှ အစိုးရအဖွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို တွေ့ဆုံပ
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး ====================== တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ဇူလိုင်လ ၂၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများဖြင့် ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။

ပြည်တွင်းထုတ် စက်သုံးဆီများအား ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ရေး ရေနံချက်စက်ရုံများ၏ သန့်စင်မှုရာခိုင်နှုန်းကို ဆက်လက်မြ
+4
ပြည်တွင်းထုတ် စက်သုံးဆီများအား ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ရေး ရေနံချက်စက်ရုံများ၏ သန့်စင်မှုရာခိုင်နှုန်းကို ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လမ်းညွှန်မှာကြား ========================= ပြည်တွင်းထုတ် စက်သုံးဆီများအား ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ရေး ရေနံချက်စက်ရုံများ၏ သန့်စင်မှုရာခိုင်နှုန်းကိုလည်း ဆက်လက်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်ရုံလည်ပတ်ချိန်တွင် ပြည်သူလူထုအတွက် အလုပ်အကိုင်များလည်းရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် စက်သုံးဆီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်လည်းဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် က ဇူလိုင်လ ၁၈ ရက်တွင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းပုသိမ်ကြီးမြို၊သုခမိန်သွားဆေးခန်းမှာ ဆေးလာကုသူနဲ့ ဆရာဝန်တို့အကြား ရန်ဖြစ်စကားများခဲ့ပါတယ်။ ဘယ်သူမှားတယ် မှန်တယ်တော့ မပြောတတ်ဘူး.... ဒါပေမယ့် ဆရာဝန်တစ်ယောက်ရဲ့ ပါးစပ်က သတ်ပစ်မယ်ဆိုတဲ့ စကားလုံးထွက်တယ်ဆိုတာ တော်တော်ကြောက်ဖို့ကောင်းပါတယ်...