မင်းရဲကျော်စွာ
Відкрити в Telegram
Truth, Constructive, Update
Показати більшеКраїна не вказанаКатегорія не вказана
1 179
Підписники
-224 години
-97 днів
+130 днів
Архів дописів
1 179
ခွဲထွက် DKBA အဖြစ် သီးသန့်ရပ်တည်ခဲ့သည့် ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင် တပ်ဖွဲဝင် ၃၅၀ ခန့်ကို တပ်ဖွဲဝင်အဖြစ် ပြန်လည်လက်ခံကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
1 179
+7
ယနေ့ ဇူလိုင်လ ၃၁ ရက်မှာ ချောင်းဦးမြိုနယ်၊ ခင်မွန်ရွာ၌ တပ်မတော်စစ်ကြောင်းများမှ သိမ်းဆည်းရမိခဲ့တဲ့ PDF အကြမ်းဖက်ဆန်ကုန်မြေလေးများရဲ့ အလောင်း၊ လက်နက်ပုံများ ဖြစ်ပါတယ်....
1 179
အောင်မာ...... မိုင်းရှိတဲ့ဘက်ခြမ်းမှာ နေပြီး ကင်မရာရိုက်တဲ့ကောင်ကို ပြောချင်တယ်....
ဆိုတော့ မင်းရဲ့ ကင်မရာရိုက်တဲ့ အန်ဂယ်က စောက်တလွဲကြီးဖြစ်နေတယ်ဆိုတာ မသိဘူးလား...
မိုင်းရှိတဲ့ ဘက်ခြမ်းမှာမင်းကရောက်နေတယ်ဆိုတော့ မင်းက မိုင်းပြီးတာလားတော့မသိဘူးပေါ့ကွာ....အယ်လယ်...
ဒါပေမယ့်နောက်တစ်ခါ အဲ့လိုမလုပ်နဲ့ကွာ....
လိမ်ရင်လည်း ပိပိရိရိ လိမ်စမ်းပါလို့ တစ်ဖန်ပြန်ပြီးတော့ မင်းတို့ AA ဓာတ်ခဲဆားပေါက် အကြမ်းဖက်မုဒိမ်းတပ်ကို ပြောလိုက်စမ်းပါ...... စားဒယ်ကွာ...
1 179
ခိုင်မာသည့်နိုင်ငံတော်နှင့် သာယာဝပြောသည့် ပြည်သူ့ဘဝ တည်ဆောက်ရေးကို အစိုးရ၏ အဓိကမူဝါဒအဖြစ် ဖော်ဆောင်မည်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အခြေခံကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးရလဒ်များကို ပြည်သူတစ်ရပ်လုံး မျှတစွာခံစားနိုင်ရေးအတွက် ပြည်သူဗဟိုပြု၍ ရေရှည်အကျိုးစီးပွားကို ဦးတည်သည့် မူဝါဒများအား အစိုးရက ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အစိုးရသက်တမ်း ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် မူဝါဒများမှာ -
၁။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးရည်မှန်းချက်အဖြစ် ဖော်ဆောင်ရေး။
၂။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး။
၃။ ငြိမ်းချမ်းရေးတံခါး အစဉ်ဖွင့်လှစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး။
၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ခေတ်မီတပ်မတော်နှင့် ပြည်သူပါဝင်သည့် အမျိုးသားကာကွယ်ရေးစနစ် တည်ဆောက်ရေး။
၅။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒဖြင့် နိုင်ငံတကာနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး။
၆။ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရေး။
၇။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီစွာ ပေါင်းစပ်ဖွံ့ဖြိုးစေရေး။
၈။ ခေတ်မီစက်မှုလယ်ယာစနစ် ဖော်ဆောင်၍ ပန်းတိုင်အထွက်နှုန်း၊ သီးထပ်စွမ်းအားနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု တိုးမြှင့်ရေး။
၉။ စားရေရိက္ခာနှင့် စားသုံးဆီဖူလုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေးပို့ကုန် တိုးမြှင့်ရေး။
၁၀။ လမ်း၊ တံတား၊ ရထား၊ ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ရေးကွန်ရက်များ ဘက်စုံအဆင့်မြှင့်တင်ရေး။
၁၁။ စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒအဖြစ် ဖော်ဆောင်၍ လျှပ်စစ်နှင့် ဘက်ထရီစနစ်သုံး သယ်ယူပို့ဆောင်ရေး တိုးချဲ့ရေး။
၁၂။ လျှပ်စစ်ဓာတ်အား လုံလောက်တည်ငြိမ်စွာရရှိရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပါအဝင် စွမ်းအင်အရင်းအမြစ်မျိုးစုံ ဖွံ့ဖြိုးရေး။
၁၃။ အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ဖြင့် ပညာရှင်၊ နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး။
၁၄။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် ရာထူးလမ်းကြောင်း မြှင့်တင်ရေး။
၁၅။ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ရည်မှန်းချက်ဖြင့် မြို့ပြနှင့် ကျေးလက် ကျန်းမာရေးကွာဟမှု လျှော့ချရေး။
၁၆။ လူငယ်၊ အမျိုးသမီးနှင့် လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှု မြှင့်တင်ရေး။
၁၇။ ကုန်ထုတ်လုပ်မှုအခြေပြု စီးပွားရေးစနစ်တည်ဆောက်၍ ပြည်တွင်းထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်ရေး။
၁၈။ MSME နှင့် ပုဂ္ဂလိကကဏ္ဍကို အားပေး၍ အစိုးရ–ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။
၁၉။ ငွေကြေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ဟန်ချက်ညီစွာ ချိတ်ဆက်အကောင်အထည်ဖော်ရေး။
၂၀။ သဘာဝသယံဇာတ၊ ရေအရင်းအမြစ်နှင့် သစ်တောများကို စနစ်တကျထိန်းသိမ်း၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး။
၂၁။ စနစ်ကျသော မြို့ပြဖွံ့ဖြိုးရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ပြည်သူများ၏ နေထိုင်မှုအရည်အသွေး မြှင့်တင်ရေး။
၂၂။ ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း၍ နိုင်ငံတော်၏ Soft Power နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး။
၂၃။ ဥပဒေစိုးမိုးရေး၊ အဂတိကင်းရှင်းရေး၊ ပွင့်လင်းမြင်သာရေးနှင့် တာဝန်ခံမှုရှိသည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး။
၂၄။ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းရေး။
၂၅။ ပြည်သူများ၏ ဝင်ငွေ၊ အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ တိုးတက်ရေးကို မူဝါဒအားလုံး၏ အဓိကရည်မှန်းချက်အဖြစ် ထားရှိရေး။
1 179
တပ်မတော်ကို Standard Armyတစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြား
နိုင်ငံတော်သမ္မတက အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“နိုင်ငံတော် ကာကွယ်ရေးနဲ့ပတ်သက်လို့ တပ်မတော်ကို တိုက်စွမ်းရည် တိုက်စွမ်းအား ရှိတဲ့ ခေတ်မီ တပ်မတော် (Standard Army)တစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာ တိုက်စွမ်းအားရှိဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်တွေ ရရှိစေဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ မူဝါဒများချမှတ်ပြီး ဆက်လက် ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နဲ့အညီ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ရေးအတွက် တပ်မတော်ဦးဆောင်မှုနဲ့ ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။နိုင်ငံတော်မှာ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကားနဲ့ လုံခြုံရေး စွမ်းပကား ရရှိစေရေးအတွက် ၂၀၂၄ခုနစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းကာ အာဏာတည်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ တိုက်စွမ်းရည်ရှိတဲ့ တပ်မတော်ဖြစ်လာစေဖို့ လေ့လာ၊လေ့ကျင့်၊လိုက်နာဆိုတဲ့ လုပ်ငန်းစဉ်နဲ့အညီ တပ်မတော်က အမြဲမပြတ်ကြိုးစားလေ့ကျင့်နေကြရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိပေမယ့် နိုင်ငံဖြစ်ပေါ်နေသည့် အခြေအနေအရ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်ဖြေရှင်းနေရခြင်းဖြစ်ကြောင်း၊နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ ၊ ဥပဒေစည်းမျဉ်းစည်းကမ်း ပိုင်းဆိုင်ရာ ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (law force police)ဆိုပြီးတော့ နှစ်မျိုးရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့များ၏ စွမ်းဆောင်အပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရန် လေ့ကျင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော ပြည်သူချစ်သော ရဲတပ်ဖွဲ့များဖြစ်လာစေရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနေထိုင်ရေးအဆင်ပြေစေရန်၊၂၄နာရီ အသင့်ရှိနေစေရန်အတွက် အဆင့်ရှိသည့် ရဲတပ်ဖွဲ့အိမ်ရာများကို တည်ဆောက်ပေးလျက်ရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
1 179
Repost from ဟန်ငြိမ်းဦး✍️
+3
အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများရရှိ
နေပြည်တော်၊ ဇူလိုင် ၃၁
နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းချိတ်ဆက်မှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးတိုတွင် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် သမ္မတတာဝန်ယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တိုနှင့် တွေ့ဆုံကာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပိုဆောင်ရေးစီမံကိန်း အပြီးသတ်ရေး၊ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အကောင်အထည်ဖော်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆုတိုးမြှင့်ပေးရေးနှင့် ရူပီး–ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတိုကို ဆွေးနွေးခဲ့သည်။
ထိုအပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေမည့် လုပ်ရပ်များအား မိမိတို၏နယ်မြေမှ ဆောင်ရွက်ခွင့်မပြုရေးတိုနှင့်ပတ်သက်၍လည်း နားလည်မှုနှင့် ကတိကဝတ်များ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုများတွင် မြန်မာ–တရုတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) နှင့် တရုတ်–မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ အရှိန်မြှင့်တင်ရေးတိုကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ဆက်လက်ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ ဆက်လက်မြှင့်တင်သွားမည့်သဘောထားကို ဖော်ပြခဲ့သည်။
အာကာသနှင့် ဉာဏ်ရည်တုနည်းပညာအပါအဝင် နည်းပညာနှင့် အသိပညာဖလှယ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ ဖွံဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ အစီအမံများအောက်တွင် ပူးပေါင်းဆောင်ရွက်ရေးတိုကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအစိုးရအကြား နားလည်မှုစာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါခရီးစဉ်မှတစ်ဆင့် မြန်မာ–တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေခဲ့သကဲ့သို အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကိုလည်း သဘောတူညီနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ လာအိုသမ္မတ မစ္စတာထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် အစိုးရသစ်လက်ထက် အာဆီယံနိုင်ငံတစ်နိုင်ငံသို ပထမဆုံးသွားရောက်သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည်။
ခရီးစဉ်အတွင်း လာအိုသမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် လွမ်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးတိုနှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ဆွေးနွေးခဲ့သည်။
မြန်မာနှင့် လာအိုနိုင်ငံတိုသည် နှစ်ပေါင်း ၇၀ ကျော်ကြာ သံတမန်ဆက်ဆံရေးရှိခဲ့သည့် ယုံကြည်စိတ်ချရသော အိမ်နီးချင်းမိတ်ဆွေနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
1 179
Repost from ဟန်ငြိမ်းဦး✍️
အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မည်
နေပြည်တော်၊ ဇူလိုင် ၃၁
မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲစည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အာဆီယံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာတိုကို အလေးထားကာ မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်ဆံရေးပုံမှန်ပြန်လည်တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
အာဆီယံ၏ ထုတ်ပြန်ချက်များသည် အစိုးရချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်းနှင့် ASEAN Charter ၊ ASEAN Way ၊ ASEAN Spirit တိုအပေါ် အခြေခံခြင်းရှိပါက အပြုသဘောဆောင်စွာ စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားသည်။
လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအချို၏ သဘောထားများနှင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံကာ အာဆီယံအဖွဲဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
သိုရာတွင် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်တစ်ရပ်ချင်းအလိုက် လိုအပ်သည့်တုံပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
1 179
Repost from ဟန်ငြိမ်းဦး✍️
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း
အစိုးရသစ်ရက်၁၀၀ တွင် တိုင်းရင်းသားလက်နက်ကိုင်(၁၃)ဖွဲ နှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြော
နေပြည်တော်၊ ဇူလိုင် ၃၁
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်မှစ၍ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံဖြိုးတိုးတက်မှုရရှိရေး” ဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွားရေးကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိရေးသည် မဖြစ်မနေလိုအပ်ကြောင်းလည်း အလေးထားပြောကြားသည်။
အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကြောင့် လက်နက်ကိုင်လမ်းစဉ်ပေါ် ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးနိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သကဲ့သို “ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ထားရှိသည်” ဟူသည့် ခံယူချက်ဖြင့်လည်း ဆက်လက်ဖိတ်ခေါ်ထားကြောင်း သိရသည်။
အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများနှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲအစည်းများအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း ၁၃ ဖွဲနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀(င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးသဘောတူချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊ (၂) နှင့် (၃) တိုကို NCA အပိုဒ် ၂၀(စ)နှင့်အညီ ဆွေးနွေးအတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို တင်သွင်းထားပြီးဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထိုအပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအတွက် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော်သို ပေးပိုထားပြီးဖြစ်ကြောင်း သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲအစည်းများနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိင်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်သည် အစိုးရတစ်ရပ်တည်း၏တာဝန်မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ ပူးပေါင်းတာဝန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထိုကြောင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရေးအတွက် ပြည်သူများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်း တတ်စွမ်းသရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက အလေးအနက် တိုက်တွန်းပြောကြားခဲ့သည်။
1 179
ရန်ကုန်- ပြည် ရထားလမ်းပိုင်းတစ်လျှောက်တွင် DEMU ရထားကို ကြိုဆိုနေကြသည့် နတ်တလင်း၊ ကြို့ပင်ကောက်နှင့် လက်ပံတန်းမြို့ များမှ ဒေသခံပြည်သူလူထုများ
1 179
📌 အာဆီယံထုတ်ပြန်ချက် ၅ ရပ်နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်အပေါ် ပြည်သူများ၏ သဘောထားအမြင်
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အာဆီယံတူညီဆန္ဒ ၅ ရပ်နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်အပေါ် ပြည်သူများက အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်သည့် ပြတ်သားသော တုံပြန်မှုအဖြစ် ထောက်ခံကြိုဆိုလျက်ရှိကြသည်။
ဗဟိုပြုအချက်များအနေဖြင့် အာဆီယံအဖွဲဝင် အချိုနိုင်ငံများသည် တူညီဆန္ဒ (Consensus) မဟုတ်သည့် ထုတ်ပြန်ချက်ကို ကိုင်စွဲ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းမှာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်နေခြင်းဖြစ်ပြီး၊ အဆိုပါထုတ်ပြန်ချက် ၅ ရပ်ကို ပြည်တွင်းရေး အခြေအနေပေါ် မူတည်၍သာ ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။ အစိုးရအနေဖြင့် ပြည်သူ့ကိုယ်စားလှယ်များ တင်သွင်းသည့် လွှတ်တော် အရေးကြီးအဆိုနှင့် ဆုံးဖြတ်ချက်များကို လေးစားလိုက်နာ၍ တုံပြန်ခဲ့ခြင်းဖြစ်ကာ အာဆီယံနိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် သံတမန်ရေးအရ ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။
1 179
+9
ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထား စတင်ပြေးဆွဲ
ရန်ကုန်၊ ဇူလိုင် ၃၁
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်အဖြစ် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန် ရထားများကို ခေတ်မီ DEMU (Diesel Electric Multiple Unit) ရထားတွဲဆိုင်းသစ်များဖြင့် ယနေ့မှစတင်၍ ပြေးဆွဲခဲ့ကြောင်း သိရသည်။
ခေတ်မီ DEMU ရထား စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ်(၁) စင်္ကြံ၌ ကျင်းပခဲ့ပြီး ပိုဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာ့မီးရထား၏ ဖွံဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူကိုယ်စားလှယ်တိုက အမှာစကားများ ပြောကြားခဲ့သည်။ ထိုနောက် DEMU ရထားတွဲဆိုင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ရထားကို စတင်စေလွှတ်ခဲ့ကြောင်း သိရသည်။
1 179
မြန်မာနိုင်ငံက ဘင်္ဂါလီ ၅၀၀၀ ပြန်လက်ခံမယ်ဆိုတဲ့သတင်းက အမှားပါ။ မလေးရှားဝန်ကြီးချုပ်က ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အနေနဲ့ ပြောခဲ့တာဖြစ်ပါတယ်။
အမှန်က မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား၊ တိုင်းရင်းသားတွေကိုသာ ခေါ်ယူမယ့် အစီအစဉ်ပဲရှိတာပါ။
1 179
ဇူလိုင် ၃၀ ရက်က ငါးအိုးဒေသ ခက်ခုံရွာအနီးတွင် ပြည်သူများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်၊ ဓါးပြတိုက်နေသည့် KIA အဖွဲကို တပ်မတော်က သွားရောက် ချေမှုန်း ရှင်းလင်းခဲ့ရာ KIA အလောင်း ၁ လောင်း သိမ်းဆည်းရမိခဲ့ပါတယ်...
1 179
ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
ပြည်တွင်းသတင်းများ
--------------------------
၁။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
၂။ ကုန်ဈေးနှုန်းကြီးမြင့်မှု လျှော့ချနိုင်ရေးအတွက် နိုင်ငံပိုင်နှင့် PPP စက်ရုံများ၏ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တိုက်တွန်း
၃။ မြန်မာ-တရုတ် ညီအစ်မတက္ကသိုလ်များ ထူထောင်ရေး၊ ပညာတော်သင်ဆုများ တိုးမြှင့်ရေးနှင့် AI၊ ဒီဂျစ်တယ်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
၄။ ကျောင်းပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test ကို ဩဂုတ် ၉ ရက်တွင် ကျင်းပမည်
၅။ အမှတ် (၃၂) အစုန် DEMU ရထားတွဲဆိုင်းကို ခဲဖြင့်ပေါက်သူအား ဖမ်းဆီးရေးဆောင်ရွက်နေ
၆။ AA ၂၀ ဦးနှင့် PDF ၁၂ ဦးတို လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
၇။ ကလေးသူငယ်များကို မူးယစ်ဆေးဝါးတိုက်ကျွေးကာ အမြတ်ထုတ်၍ Telegram တွင် ရောင်းချခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် နှစ် ၄၀ ချမှတ်
၈။ ဇူလိုင် ၃၀ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ Octane 92 - ၃၃၅၀ ကျပ်၊ Octane 95 - ၃၄၆၀ ကျပ်၊ Diesel - ၃၅၆၀ ကျပ်၊ Premium Diesel - ၄၃၁၅ ကျပ်
နိုင်ငံတကာသတင်းများ
------------------------
၁။ တရုတ်ထုတ် ပခုံးထမ်းဒုံးကျည်လောင်ချာတွေကို လာမယ့်သီတင်းပတ်တွေအတွင်း အီရန်လက်ခံရရှိနိုင်ဖွယ်ရှိနေ
၂။ ယူကရိန်းကို အနိုင်ယူမှသာ ရုရှားက အကောင်းဆုံးပုံစံနဲ့ဆက်နေနိုင်မှာဖြစ်တယ်လို ရုရှားသမ္မတဟောင်းထုတ်ပြော
၃။ ဟူသီတွေရဲ့တိုက်ခိုက်မှုကြောင့် ဆော်ဒီ၏ အကြီးဆုံးရေနံချက်စက်ရုံ ထိခိုက်သွားတယ်လိုဆို
၄။ မေးခွန်းလွှာပေါက်ကြားမှုအတွက် ပြစ်ဒဏ်ကိုပိုမိုတင်းကျပ်စေမယ့် ဥပဒေမူကြမ်းကို အိန္ဒိယ အောက်လွှတ်တော်အတည်ပြု
၅။ အီရတ်မှာရှိတဲ့ အီရန်သစ္စာခံစစ်သွေးကြွအဖွဲတွေကို အမေရိကန်နဲ့ဆော်ဒီအာရေးဗျတို ပူးပေါင်းတိုက်ခိုက်
၆။ အပူလှိင်းအသစ်မလာခင် တောမီးတွေကို ထိန်းချုပ်နိုင်ဖို ပြင်သစ်နဲ့စပိန် အပြိုင်အဆိုင် ကြိုးပမ်းနေရ
အားကစားသတင်းများ
------------------------
၁။ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ရန်ပွဲနှင့် ဖော့ကလန်ကျွန်းစုဆိုင်ရာအောင်ပွဲခံမှုတိုအတွက် FIFA က အာဂျင်တီးနားကို ပြင်းပြင်းထန်ထန်အရေးယူနိုင်ရန် တရားစွဲ
၂။ နယူးကာဆယ်အသင်းရဲ့ နည်းပြဖြစ်သူ အက်ဒီဟောင်း (Eddie Howe) ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး သူ့ရဲ့နေရာကို အစားထိုးဖိုအတွက် အယ်လ်အာလီ (Al-Ahli) နည်းပြ မားသီးယက်စ် ဂျေးစလီ (Matthias Jaissle) ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သတင်းများ ထွက်ပေါ်နေ
၃။ ကမ္ဘာ့ဘောလုံးအဖွဲချုပ် (FIFA) သည် အောက်တိုဘာလတွင် ပထမဆုံး ပြင်ပရင်းနှီးမြှုပ်နှံမှု ငွေကြေးများ စတင်လက်ခံရရှိဖွယ်ရှိ
၄။ မာဆေးလ်မှာ တောက်ပနေတဲ့ Djed Spence ကို ပြန်ရဖို ဒီဇာဘီ မျှော်လင့်နေပြီး စပါးအသင်းမှာ ဆက်ရှိနေဖို စည်းရုံးသွားဖွယ်ရှိ
၅။ အာဆင်နယ်၏ အဓိကနောက်ခံလူ (Jurriën Timber)သည် ပေါင်ကြားဒဏ်ရာအား စစ်ဆေးရန် လေ့ကျင့်ရေးစခန်းမှ ထွက်ခွာခဲ့ကြောင်း
အနုပညာသတင်းများ
------------------------
၁။ သင်ဇာဝင့်ကျော်ရဲ့ဖြစ်တည်မှု အကုန်လှသလို ဖက်ရှင်ကြောင့်လည်း ယောကျ်ားလေး အကုန်လုံးရူးခဲ့ရတယ်လို ဖွင့်ဟလာတဲ့ အာကာမျိုးမင်း၊ သင်ဇာဝင့်ကျော်
၂။ ခိုကိုးရာမဲ့ဘိုးဘွားတွေ များပြားလာတဲ့အတွက် မန္တလေးမြိုက ခိုင်နှင်းဝေ ဘိုးဘွားများရိပ်သာ အဆောင်တိုးချဲ့ ဆောက်လုပ်ဖို ပြင်ဆင်နေတယ်ဆိုတဲ့ ခိုင်နှင်းဝေ
၃။ အခုမှ ၁၂ တန်းတက်ပေမဲ့ လူကောင်ထွားပြီး ခပ်တည်တည်ကြီးနေတတ်တော့ ချေနေတယ်လိုပဲ ထင်ခံရတယ်ဆိုတဲ့ ကြည်ဇေယျသျှင်
၄။ နာမည်ကျော် ထိုင်းခရီးသွားဘလော့ဂါ Hlun Solo ဂျော်ဂျီယာနိုင်ငံရှိ ဟိုတယ်ခန်းအတွင်း သေဆုံးနေ
၅။ အောင်ဇမ္ဗူ က တောင်ယာ အလုပ်ကို ဝါသနာပါတယ်’ ဦးဝင်းသိန်း
1 179
ဒီနေ့ နံနက် ၁၀ နာရီမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြားမှုကို အစိုးရပိုင်ရုပ်သံလိုင်းများနှင့် ရေဒီယိုအစီအစဉ်များမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။
1 179
+7
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်
============================
၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုး ပေးခဲ့တယ်လို့ သိရှိရပါတယ်။
1 179
+9
တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝိတုတ်ကျေးရွာ၊ တီးတိန်ရံကျေးရွာ၊ ရန်တိုင်းအောင်ကျေးရွာနှင့် တွီဘန်ကျေးရွာတို့အား ဇူလိုင်လ ၃၀ ရက်နေ့တွင်ထပ်မံသိမ်းပိုက်ရရှိ ခဲ့ပြီး လမ်းဘေးဝဲယာများတွင် တဲအိတ်များဖြင့် ဆောက်လုပ်ထားသည့် ဂိတ်တဲများ၊ ဒေသခံပြည်သူများ၏ နေအိမ်များကို အကာအကွယ်ရယူ၍ သဲအိတ်များ၊ သစ်လုံးများဖြင့် ခံစစ်စခန်းအဖြစ် အခိုင်အမာ ဆောက်လုပ်ထားသည့် ပစ်ကျင်းများ၊ ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများကို သိမ်းပိုက် ရရှိခဲ့ပါတယ်။
