မင်းရဲကျော်စွာ
Відкрити в Telegram
Truth, Constructive, Update
Показати більшеКраїна не вказанаКатегорія не вказана
1 182
Підписники
-224 години
-137 днів
-230 днів
Архів дописів
1 181
+3
KNU/PDF အကြမ်းဖက်အဖွဲများအား အလိုမရှိကြောင်း ဆန္ဒပြရှုတ်ချ
==============================
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြိုနယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ စည်ပိုင်းကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ဆယ်ဝါးတောကျေးရွာများမှ ဒေသခံပြည်သူများ ၄၀၀ ကျော်ခန့်သည် KNU/PDF အကြမ်းဖက်အဖွဲများ ကျေးရွာတွင်းဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ဒလန်စွပ်စွဲသတ်ဖြတ်နှိပ်စက်ခြင်း၊ ပညာရေးဝန်ထမ်များထံမှ လစဉ်ဆက်ကြေးကောက်ခံခြင်း၊ စက်တင်ဘာလ ၈ ရက်နေ့တွင် စည်ပိုင်းကျေးရွာမှ ကျောင်းဆရာမတစ်ဦးနှင့် ရပ်မိရပ်ဖများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချကြောင်း ယနေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
1 181
ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိ
စက်တင်ဘာ ၉
ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင်သက်ကြီးအမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူသားအမိကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
လူသတ်ပြီး ပစ္စည်းများကို ယူဆောင်သွားမှုမှာ စက်တင်ဘာ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ ဒေါ်သိန်းမြင့်(၇၄)နှစ်အား အိမ်အကူဖြစ်သူ တင်နွယ်(၅၈)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ အေးမြတ်မွန်(ခ)သူသူ(၁၇)နှစ်တို့နှစ်ဦးမှ နေအိမ်ရှေ့ ဧည့်ခန်း၌ ဒေါ်သိန်းမြင့်၏ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့်စောင်အုပ်၍ သတ်ဖြတ်ကာ ၎င်းဝတ်ဆင် ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံးတို့အား လုယက်ယူဆောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး အသတ်ခံရသူ အမျိုးသမီးကြီး၏ ခင်ပွန်းဖြစ်သူက တိုင်တန်းခဲ့ရာ ဗိုလ်တစ်ထောင်မြို့မရဲစခန်း (ပ)၅၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။
အဆိုပါအမှုမှ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တရားခံ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာနေ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား ကျုံမငေးမြို့၊ အဝေးပြေး ကားဝန်းရှိ “အောင်ချမ်းသာ”ကားဂိတ်၌ သက်သေခံ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံး၊ ငွေ ၂၄၅ သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆိုသည်။
ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သော တစ်လကျော်ခန့်မှစတင်၍ ဦးခင်မောင်နှင့် ဇနီးဖြစ်သူဒေါ်သိန်းမြင့်တို့၏ နေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ငွေကြေးလိုအပ်ချက်အရ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဦးခင်မောင်သည် အမှတ်(၃)ရပ်ကွက်ရှိ ၎င်းပိုင် မုန့်ဆိုင်သို့ ရောက်ရှိနေစဉ် ဒေါ်သိန်းမြင့်အား အသက်ရှူကြပ်သေဆုံးအောင် မျက်နှာအား ခေါင်းအုံးနှင့်စောင်တို့ဖြင့် ပိတ်၍ သတ်ဖြတ်ခဲ့ပြီး ဒေါ်သိန်းမြင့် ဝတ်ဆင်ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ဖုန်းနှင့် Tablet တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ရှင်ဖြစ်သူအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းများအား လုယက် ယူဆောင်ခဲ့သူ တရားခံ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
1 181
+2
ဒီနေ့ ရခိုင်မှာ သိမ်းဆည်းရမိခဲ့တဲ့ အလောင်းလက်နက်ပုံများဖြစ်ပါတယ်။
ခွေးမျိုးအမြစ်ဖျောက် ၄၉၂၆
1 181
တယ်လီဂရမ် အသုံးပြုသူ သန်း ၁၂၀ ၏ အချက်အလက်များပေါက်ကြားကြောင်း သတင်းထွက်နေ
တယ်လီဂရမ်သုံးတဲ့သူ သန်း ၁၂၀ ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတယ်လို့ သတင်းထွက်နေပါတယ်။
နိုင်ငံတကာက တယ်လီဂရမ်သုံးသူ သန်း ၁၂၀ ကျော်ရဲ့ ........
အပြည့်အစုံဖတ်ရှုရန်
1 181
+1
မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲအစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့် သတင်းများနှင့် ကိန်းဂဏန်း ဖောင်းပွမှုများအပေါ် အခြေခံရေးသားထားသော IIMM ၏ စွပ်စွဲချက် အစီရင်ခံစာများအား ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အသိပေး
1 181
ဘစိုင်း နဲ့ ဓာတ်ပုံတွဲရိုက်တဲ့သူတွေလည်း BC လုပ်သင့်ပါတယ်......
နီပိန်းအပေါင်းတို့ 😁😁😁
1 181
+1
NUGကျောင်းဆိုလို့ချင်းပြည်နယ်မှာ၃နှစ်ရှိပြီ၁၂နှစ်တန်းဖြေဖို့မေးခွန်းစောင့်နေတဲ့ကျောင်းသူကျောင်းသားတွေမယားတွေလင်တွေတောင်ရပြီးတိုင်းပြည်နဲ့လူမျိုးတွက်အသက်စတေးလိုက်ရပြီ။ခုထိNUGစာမေးပွဲမေးခွန်းမရာက်လို့ဖြေလို့မရသေး...
NUGဆိုတာလဥနားတောင်မရောက်သေးတဲ့အဆိုးမရဆိုတာ၊ဘောင်မဝင်တန်းမဝင်ဆိုတာပွင့်ပွင့်လင်းလင်းပြောကြကလေးတွေကို...
NUGအောက်ကပညာရေးဟာဘယ်နိုင်ငံမှာတရားဝင်လဲ
သူတို့NUGကလေးNUGဆွေမျိုးတွေကြည့်လိုက်အကုန်ပြင်ပအဆင့်မြင့်ကျောင်းတွေမှာအံ့အောဘ
သော်လှန်ရေးမှာမျိုးဆက်သစ်နီပိတ်လူငယ်တွေတကယ့်ကိုပညာထူးချွန်တဲ့ကလေးတွေကိုသိသိကြီးကြီးနဲ့အညွှန့်ချိုးတဲ့ဂေါင်းဆောင်တွေရှိလာပီဆိုရင်ကြည့်လိုက်ပါ။ဘယ်တော့မှဒီပြည်နယ်မတိုးတက်ပါဘူးးး
AAရခီးကတော်တယ်ပြောရမယ်ထူးချွန်တဲ့ရခီးလေးတွေဆိုတိတ်တိတ်လေးပြည်မထဲကိုတကူးတက အကုန်ပညာတော်သင်စေလွှတ်တာ။
1 181
+3
စစ်တွေပါတ်ဝန်းကျင်AAစခန်း၃၃ရွာအပြောင်သုတ်သင်ရှင်းလင်းပြီးအလုံးစုံထိန်းချုပ်လိုက်ပြီ။ AAတွေအလောင်းတောင်မကောက်နိုင်ကြဘူး။AAအသေအပျောက်ထောင်နဲ့ချီရှိတယ်ငထွန်းနဲ့ခေါသုခမေးသာကြည့်😅😅
ဟိုဖက်ရပ်ကွက်ခွေးသစ်သတင်းတွေမှာမနေ့ကတော့တပ်ကပြန်ဆုတ်ရတယ်ပြောတယ်ဒီနေ့ကြသူတို့ဖက်ကဆုတ်ပြေးရတယ်ပြောပြန်ရော။အမျိုးမျိုးပဲဝါဒဖြန့်တာဆိုတော့ဒီလောက်တော့ရှိမှာပါပဲလေ။
တကယ်တော့တပ်မတော်ကမလုပ်သေးလို့သာAAတိူ့အာချောင်လို့ရနေတာပါ။ရိုးရိုးလေးပဲစဉ်းစားကြည့်ပေါ့။နိုင်ငံတစ်ခုရဲ့တပ်မတော်နဲ့မနေ့တစ်နေ့ကမှပေါ်လာတဲ့အဖွဲ့လေးနဲ့ယှဉ်ကြည့်ပေါ့။
လိုင်းပေါ်မှာမြှောက်ပေးတဲ့ကောင်တွေကြောင့်အသက်ပေးနေရတဲ့AAရခီးတွေအတွက်တော့so sadပါ။
1 181
+1
အိန္ဒိယနိုင်ငံရေတပ်မှ စစ်သင်္ဘော ၂ စီး ရန်ကုန်မြို၌ ရောက်ရှိနေ
===========================
အိန္ဒိယနိုင်ငံရေတပ်မှ စစ်သင်္ဘောများဖြစ်သော Karmuk နှင့် LCU 51 တိုသည် စက်တင်ဘာ ၇ ရက်မှ ယနေ့ စက်တင်ဘာ ၉ ရက်အထိ ရန်ကုန်မြို၌ ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ စစ်သင်္ဘော ၂ စီးသည် မြန်မာ့တပ်မတော်နှင့်အတူ ကပ္ပလီပင်လယ်ပြင်အတွင်း ရေကြောင်းလုံခြုံရေးမြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် တရားမဝင်ဆောင်ရွက်မှုများကို နှိမ်နင်းရန်တို့၌ အမြင်နှင့် အတွေ့အကြုံများမျှဝေရန်အတွက်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
1 181
+9
■ ရေ ပြန်လည်ကျဆင်းသွားပြီးဖြစ်သည့် ကျိုက်မရောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနတချို့အား ပြန်လည်ဖွင့်လှစ်
ရေ ပြန်လည်ကျဆင်းသွားပြီးဖြစ်သည့် ကျိုက်မရောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကျေးလက်ကျန်းမာရေးဌာနတချို့အား ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိနေသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ကျောင်းသန့်ရှင်းရေးများလုပ်ဆောင်နေ ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားခဲ့ကာ ကျိုက်မရောမြို့အပါအဝင် မြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာများ၌ ပြီးခဲ့သည့် ဩဂုတ်လတစ်လလုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
ထို့သို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက်ကြောင့် ကျိုက်မရာမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း (၃၅) ကျောင်းကိုလည်း ယာယီပိတ်ထားရသည့်အပြင် ကျေးလက်ကျန်းမာရေးဌာန (၇) ခုကိုလည်း ယာယီပိတ်ထားခဲ့ရသည်။
1 181
လားရှိုးမြို့တွင် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ
လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော် ၈ ဆူ တို့အား တတိယအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက်တွင် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
1 181
ဘယ်နေ့ စုံကား မကားရယ်လို့ မရှိတော့ပါဘူး။
ဆီကတော့ မူလအတိုင်း စုံရက်/မရက် ထည့်ရပါမယ်။
ဆီခွဲတမ်းလည်း ယခင်နည်းတူပါ။
ခရီးသွားရင်တော့ ရောက်ရာနေရာက ဆီဆိုင်မှာ ထည့်လို့ရပါတယ်။
1 181
မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သုံးစွဲခြင်းအား ယနေ့မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
1 181
လူ့ပြည်မှာနေဖို့ သင့်မှာ ရက်ပေါင်း ၁၀၀၀၀ သာအချိန်ရပါတယ်....
ကောင်းမှုကုသိုလ်များ ပိုမိုလုပ်နိုင်ကြပါစေ....
1 181
+3
မန္တလေး၌ အွန်လိုင်း လောင်းကစား ပြုလုပ်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးကို စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
=====
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အွန်လိုင်း လောင်းကစား ပြုလုပ်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးတို့အား မော်နီတာ ၁ လုံး၊ ဖုန်း ၁၄ လုံး၊ Wifi စက် ၂ လုံး၊ CCTV ၁ လုံးတို့နှင့်အတူ မဟာအောင်မြေခရိုင် ရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ဦးဆောင်သူ အမျိုးသမီးသည် ၂၀၂၄ ခုနှစ်ကတည်းက အိမ်၌ စတင်တည်ထောင်၍ ဝန်ထမ်းများအား လစာပေးကာ ကိုရီးယားနိုင်ငံမှ Goldeni Star Online ဖဲဂိမ်းအား ကျပ်သိန်း ၁၅၀ ဖြင့် ဝယ်ယူ၍ K-Pay အကောင့်များမှတစ်ဆင့် ငွေသွင်း/ငွေထုတ် ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဖမ်းဆီးရမိသူများအား အမှတ်(၃) နယ်မြေရဲစခန်းတွင် အီလက်ထရောနစ် ဥပဒေဖြင့် အမှုဖွင့်ထားပြီး အသေးစိတ် စစ်ဆေးနိုင်ရန် CID သို့ လွှဲပြောင်းပေးထားသည်။
ထို့ပြင် စက်တင်ဘာ ၂ ရက်ကလည်း မန္တလေး၌ နိုင်ငံခြားသားများ ပါဝင်သည့် အွန်လိုင်း လိမ်လည်သူ ၂၈ ဦးကို ဖုန်း ၆၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
1 181
အသိဉာဏ်မဖွံ့ဖြိုးသောနီပိန်းနီပိတ်များ သိရှိစေနိုင်ရန်
နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ပြည်သူတွေအဆင်ပြေစေဖို့ တံတားဆောက်၊ လမ်းဖောက်လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်...
တံတားချိုး၊ လမ်းဖျက်တာကတော့ PDF တွေ လုပ်ပါတယ်.....
မရှင်းလျှင် ၂ ခါပြန်ဖတ်ပါ......
မင်းရဲကျော်စွာ
1 181
+1
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်း ၂၄,၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ စစ်စီကျေးရွာအနီးမှာ စက်တင်ဘာ ၇ ရက်က ကျပ်သိန်းပေါင်း ၂၄,၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
-
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက Vigo ခဲရောင်ယာဉ်တစ်စီးနဲ့အတူ ဘိန်းညိုမှုန့် ၂၄၀ ကီလိုဂရမ်နဲ့ ဘိန်းဖြူဘလောက်တုံး ၂ တုံးကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ခွန်မောင်ကူနဲ့ ခွန်မောင်ထွန်းတို့နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
-
ဆက်လက်စစ်ဆေးရာကနေ မူးယစ်ဆေးဝါးတွေ လာရောက်ယူဆောင်မယ့် ကွင်းဆက်တရားခံတွေဖြစ်တဲ့ တွန်းလျန်းနဲ့ ရန်ရု့န်ထန်တို့နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
-
လက်ရှိမှာတော့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့ နောက်ကွယ်ကနေ စေခိုင်းသူတွေကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
