Movies World
Відкрити в Telegram
Movies
Показати більшеКраїна не вказанаКатегорія не вказана
4 435
Підписники
+1424 години
+537 днів
+34330 днів
Архів дописів
4 437
P'Bow နဲ့ P' Geeတို့ရဲ့ မြူးမြူးကြွကြွ ဟာသသရဲကားသစ်လေးဖြစ်တဲ့ My Boo
သရဲနဲ့ လူသားလေးတစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောလို့ ရိုက်ကူးထားတာဖြစ်လို့ သရဲကြောက်တယ်ဆိုရင်တောင် ကြည့်ရတာအဆင်ပြေမယ့် သရဲကားလေးဖြစ်တာမလို့ ကြောက်လို့ ပြေးပုန်းစရာ ကိုကို့ရင်ခွင်မရှိရင်လည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးပါ။
သူဌေးအဘိုးသေလို့ အမွေထုပ်ပိုက်ရပြီမှတ်နေတဲ့ လူဘောကြော့ဂိမ်မာလေးဂျိုးတစ်ယောက် သေတမ်းစာထဲမှာ နာမည်သာပါပြီး ဘာမှမရလိုက်တော့ နာမည်ကြီး ထမင်းငတ်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အစ်ကိုဖြစ်သူရဲ့ကရုဏာနဲ့ ပါထုန်ထာနီက ရှေးဟောင်းစံအိမ်ကြီးတစ်လုံးကိုတော့ အမွေရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အိမ်ကိုသွားကြည့်တော့ အိမ်ထဲမှာ ရှေးဟောင်းပစ္စည်းတွေမြင်ပြီး ပွပေါက်တိုးပြီမှတ်နေတုန်း သရဲနဲ့တိုးတဲ့အခါ...
အိမ်မှာ မကျွတ်မလွတ်ဖြစ်နေတာက အိမ်ကြီးရှင်သခင်မလေးအာနုန်နဲ့ သူ့ရဲ့အစေခံနှစ်ယောက်
ဒီတော့ ဒီအိမ်ကိုရောင်းချင်တယ်ဆို သရဲရှင်းလင်းရေးအရင်လုပ်ရမှဖြစ်မှာမလို့ ဂျိုးတစ်ယောက် သရဲတစ်သိုက်ကို ကူညီဖို့လုပ်ရင်း ဘယ်လိုပေါက်ကရအလွဲတွေအခွီတွေဖြစ်ဦးမလဲဆိုတာ ရှုစားကြပါဦး။
4 437
မင်းသားကြီး ဒါနွတ်ရှ်ရဲ့ ရှယ်ကြမ်းတဲ့ ဂိုဏ်းစတားကားကြီး
➪➪➪➪➪➪➪➪➪➪➪➪➪➪
အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ မင်းသားကြီး ဒါနွတ်ရှ်ရဲ့ အမိုက်စား အိန္ဒိယ ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာ ဇာတ်လိုက်မင်းသား ဆူရီလီ ဟာ အိန္ဒိယနိုင်ငံ တမေးလ်နာဒူက သာမာန်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်
ဒါ့အပြင် ကြံ့ခိုင်ထက်မြတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဆူရီလီ ဟာ ဒေသတွင်းက ပြဿနာတွေကို အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေရှင်းလေ့ရှိတဲ့အတွက် ဂိုဏ်းစတားတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ သူလည်းဖြစ်ပါတယ်
တစ်နေ့မှာတော့ ဗြိတိန်နိုင်ငံက နာမည်ကြီး ဂိုဏ်းတစ်ခုဟာ လန်ဒန်မှာ သောင်းကျန်းနေတဲ့သူတိုရဲ့ပြိုင်ဖက် အိန္ဒိယလူမျိုးဂိုဏ်းတစ်ခုကို ချေမှုန်းဖိုအတွက် ကူညီပေးဖို တမေးလ်နာဒူဒေသရဲ့ နာမည်ကျော် ဆူရီလီ ကို ကမ်းလှမ်းလာပါတော့တယ် အဲ့ဒီနောက်ဘာတွေဆက်ဖြစ် ဆက်ကြမ်းမလဲဆိုတာ...
4 437
𝔻_𝕣-𝕚_𝕤_𝕙-𝕪_𝕒-𝕞_𝟚 (𝟚𝟘𝟚𝟚)
ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ
ဇာတ်လမ်းအညွှန်းကတော့Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက်
အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်
သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး
သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး
လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ်
သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက် အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ
ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ
ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား
4 437
𝔻_𝕣-𝕚_𝕤_𝕙-𝕪_𝕒-𝕞_𝟚𝟘𝟙𝟝
လုံးဝလက်မလွှတ်သင့်တဲ့ ကားကောင်းလေး ၁ကားလာပါပြီ ပညာမတတ်
လေးတန်းအထိသာနေရတဲ့ ယောင်္ကျား ၁ယောက်က TV ထဲက အတွေ့အကြုံနဲ့အလောင်းကို ပညာသားပါပါနဲ့ဖျောက်မယ်ဆိုရင်ရော စိတ်ဝင်စားမလား ?
သူ့ရဲ့သမီးနဲ့မိန်းမအသက်အန္တာရယ်ဖြစ်လာတော့ ခုခံရင်းမတော်တဆ လူသတ်မိသွားတဲ့အခါမှာတော့
မိန်းမနဲ့ သမီး ထောင်မကျဖို့အတွက် ဖခင်ဖြစ်သူကကြိုးစားပြီး ကာကွယ်ရပါတော့တယ်
ဒီဇာတ်ကားကတော့ မိတ်ဆွေတို့ရဲ့ ခံယူချက်တွေ အသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။
အသိဥာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
ဒီဇာတ်ကားမှာ………
မင်းသားကြီး A Jay Drvgn က လေးတန်းပဲအောင်တဲ့ မဟုတ်မခံ ရိုးသားကြိုးစားသူ…..
သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ။
တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကို အကြပ်ကိုင်ပါတော့တယ်။
ဒီမှာပဲ လူသတ်မှုတစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။
