uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

Our President 🇲🇲

Our President 🇲🇲

Відкрити в Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Показати більше
Країна не вказанаКатегорія не вказана
216
Підписники
Немає даних24 години
-27 днів
-230 днів
Архів дописів
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့် ဇနီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတိ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့် ဇနီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီး တို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည် ဖြစ်သည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံ တွေ့ဆုံသွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်နိုင်ငံရှိ ဒီဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို သွားရောက်လေ့လာသွားမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်...

Repost from PPIB.Official
ပညာဖြင့်ထုဆစ် နိုင်ငံ့ရဲ့အရင်းမြစ် PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်

အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်၍ ပြောဆိုလုပ်ကိုင်မှုမှန်သမျှ သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန်မှာကြား နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတ၏ အဓိကထား တိုက်တွန်းပြောကြားချက်များမှာ- ပညာတတ်လူငယ်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အရင်းအမြစ်များဖြစ်- ခေတ်မီနိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခန့်ညားထည်ဝါစွာ ရပ်တည်နိုင် စေရန်အတွက် အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းရည်စွမ်းအား မြင့်မားမှုသည် ပဓာနကျပြီး နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် စွမ်းဆောင် နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းရှိကြသည့် အရင်းအမြစ်များ ဖြစ်ကြောင်း။ အဆင်မြင့်ပညာရပ်များကို ဆက်လက်၍ အပတ်တစ်ကုတ် လေ့လာသင်ယူသွားကြရန်- ဆုရ ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာနှင့် အသိဉာဏ် ပြည့်စုံကြွယ်ဝကြပြီး ရည်မှန်းချက် မြင့်မားကြသူများဖြစ်သည်နှင့်အညီ ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်နှင့် အဆင်မြင့်ပညာကို အပတ်တစ်ကုတ် သင်ယူပြီး ဘဝအောင်မြင်ရေးအတွက် ထူးချွန်ထက်မြက်အောင် ဆက်လက် ကြိုးစားသွားကြရန်လိုကြောင်း။ နိုင်ငံတော်မှ ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်- တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေး တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ(၃၀၇)ဦးကို ရွှေစင်(၁)ကျပ်သား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြင့် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှု ရလဒ်များကို မှတ်ကျောက်တင် ဂုဏ်ပြုပေးခြင်းဖြစ်ကြောင်း။ ခေတ်မီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် နိုင်ငံသားများ၏ စွမ်းပကားသည် အဓိကကျ - နိုင်ငံသားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံစိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ် တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများ သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် အဓိကကျပြီး ထိုသို့ စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားများ၏ စွမ်းပကားနှင့် ခေတ်မီနိုင်ငံတော်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်၍ ပြောဆိုလုပ်ကိုင်မှု မှန်သမျှ သေသေချာချာ စဉ်းစား သုံးသပ်ကြရန်- မိမိတို့နိုင်ငံ၏ အတိတ်၊ပစ္စုပ္ပန် သမိုင်းကြောင်းများကို သေသေချာချာသိရှိအောင် လေ့လာစေလိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများကို သိရှိလိုက်နာပြီး မှန်ကန်သည့် လုပ်ရပ်များနှင့် နိုင်ငံကို အကျိုးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်သဖြင့် ပြောဆိုလုပ်ကိုင်မှု မှန်သမျှ သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေ မည့် အရာများကို ရှောင်ကြဉ်ကြရန်လိုကြောင်း။ လူငယ်များအနေဖြင့် သိပ္ပံနှင့်နည်းပညာ အခြေပြုစွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလို -ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဒီဂျစ်တယ် စီးပွားရေးနှင့် AI အခြေပြု ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာသည်ကို တွေ့ရသည့်အတွက် လူငယ်များ အနေဖြင့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်သိရှိပြီး သိပ္ပံနှင့်နည်းပညာ အခြေပြု စွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလိုကြောင်း။ လူတိုင်းအလုပ်လုပ်ကြရန် လိုအပ်- နိုင်ငံတိုးတက်ရေးအတွက် အရေးကြီးဆုံးမှာ လူတိုင်း အလုပ်လုပ် ကြရန်ဖြစ်ပြီး မိမိတို့ အသက်အရွယ်အလိုက် ကျွမ်းကျင်ရာလိမ္မာရာ လုပ်ငန်းဆောင်တာများကို သမ္မာအာဇီဝရှိရှိ၊ အတ္တနှင့်ပရ မျှမျှတတဖြင့် အချိန်ကိုအချည်းနှီးမဖြစ်စေရေး အကျိုးရှိရှိ စဉ်ဆက် မပြတ်အသုံးချကြရမည်ဖြစ်ကြောင်း။ မိမိကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခြင်းသည် နိုင်ငံတော်ကို အကျိုးပြုရာ ရောက်- ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်အောင် ဝါသနာပါရာ အားကစား တစ်မျိုးမျိုးကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသူများ ဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ကာ ထိုသို့ မိမိကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် လေ့ကျင့် ပျိုးထောင်ခြင်းသည် နိုင်ငံတော်ကို အကျိုးပြုရာရောက်ကြောင်း။ လူငယ်များအနေဖြင့် မိမိနိုင်ငံက သင်ပေးလိုက်သည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို ပြန်လည်အကျိုးပြုရန်လိုအပ် - နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ထိထိ ရောက်ရောက် အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးနေသည်ဖြစ်ရာ လူငယ်များ အနေဖြင့်လည်း မိမိတို့နိုင်ငံက သင်ပေးလိုက်သည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို အပြည့်အဝအကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ကြရန် တိုက်တွန်းလိုကြောင်း။ အမျိုး၊ ဘာသာ၊သာသနာ ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လို- ဘဝရှင်သန်ရပ်တည်ရေး အတွက် အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင်လိမ္မာရန်လိုသကဲ့သို့ ဘာသာတရား၏ အဆုံးအမနှင့် အညီ ကိုယ်၊ နှုတ်၊ နှလုံး ယဉ်ကျေးသိမ်မွေ့သူများဖြစ်ကြရန်လည်း သင်ယူကြရန် လိုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုတန်ဖိုးထားမြတ်နိုးကာဖြင့် အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လိုကြောင်း။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့် သယ်ပိုးထမ်းရွက်ကြရန်လို- နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာ နေထိုင်တတ်ပြီး ထူးချွန် ထက်မြက် သည့် လူရည်ချွန် လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြကာ နိုင်ငံနှင့်လူမျိုးအကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့် သယ်ပိုးထမ်းရွက်ကြရန် တိုက်တွန်း လိုကြောင်း နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာ၀တီတိုင်း‌ဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာ၀တီမြစ
+1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာ၀တီတိုင်း‌ဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာ၀တီမြစ်ခွဲ) တာကိုယ်ထည်ရေတိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် မှာကြားချက်များမှကောက်နုတ်ချက် #HOS

ရက်ပေါင်း (၁၃၀)မြန်မာ့သံတမန်ရေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအသစ်အနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရက်ပေါင်း (၁၃၀) ကာလအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ -သွားရောက်ခဲ့သည့်နိုင်ငံပေါင်း (၆)နိုင်ငံ။ - လေကြောင်းခရီးသွားလာမှု နာရီပေါင်း (၄၈)နာရီ (၂၀)မိနစ် လေမိုင်ပေါင်း (၁၉၅၀၀)မိုင် -မော်တော်ယဉ်ဖြင့် ခရီးသွားလာမှု နာရီပေါင်း (၃၂)နာရီ (၂၀)မိနစ် -မီးရထားဖြင့်ခရီးသွားလာမှု နာရီပေါင်း (၅)နာရီ(၂၀)မိနစ် မြေပြင်ခရီးစဉ် စုစုပေါင်း ကီလိုမီတာ(၃၆၀၀၀)ကီလိုမီတာကျော်။ #PPIB #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည့်မှတ်တမ်း #Our

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည့်မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

Repost from PPIB.Official
Hand in Hand to overcome the Natural Disasters PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်း သက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန် များကို အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းဖြစ် နေပြည်တော်၊ ဩဂုတ် - ၂၉ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ #PPIB #our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် လှည့်လှည်ကြည့်
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် လှည့်လှည်ကြည့်ရှုစစ်ဆေး  ရန်ကုန်မြစ်အတွင်း မြစ်ကြောင်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည် များ လမ်းညွှန်မှာကြား နေပြည်တော် ၊ ဩဂုတ် - ၂၉ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ #our

ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေးမှုမှတ်တမ်း #PPIB

ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ကွင်းဆင်းစစ်ဆေး ညောင်တုန်း၊ ဩဂုတ် ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိ
+5
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ကွင်းဆင်းစစ်ဆေး ညောင်တုန်း၊ ဩဂုတ် ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက်မှု ထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ရန် အသေးစိတ်ညွှန်ကြားခဲ့သည်။ ထို့ပြင် ရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျ စစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်။ ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ထိရောက်စွာ ဆောင်ရွက်သွားရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။ #Our

ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား ညောင်တုန်း၊ ဩဂုတ် ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညွှန်ကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် တာဘောင်အိပဲ့ကျိုးပေါက်ခဲ့သည့်နေရာ၊ ရေဝင်ရောက်နေမှုနှင့် တာဘောင်ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၊ နေအိမ်များနှင့် စိုက်ပျိုးမြေများအပေါ် ထိခိုက်နိုင်မှု အခြေအနေများအပြင် တာဘောင် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများထံ မေးမြန်းခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တာဘောင်များ ရေရှည်ခိုင်ခံ့စေရေးကို အလေးထားဆောင်ရွက်ရန်၊ တာဘောင်၏ ခံနိုင်ရည်နှင့် ရေစီးရေလာအခြေအနေများကို စနစ်တကျတွက်ချက်၍ လိုအပ်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အားနည်းချက်ရှိသည့်နေရာများကို စစ်ဆေးဖော်ထုတ်၍ ပြင်ဆင်ဖြည့်ဆည်းထားရန် မှာကြားခဲ့ပါသည်။ ထို့ပြင် ရေဝင်ရောက်နေသည့်နေရာများ၌ ရေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည့် ရေထုတ်မြောင်းများ၊ ရေထုတ်စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများအတွင်း ရေဝင်ရောက်မှုကြောင့် သီးနှံများထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးကိုလည်း အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ တာဘောင်ပြုပြင်ရာတွင်လည်း လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျ ပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ယင်းအပြင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျစစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ပါသည်။ #DrKhaingKhaingSoe #Our

photo content
+3

Repost from PPIB.Official
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွ
+1
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွ
+1
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ နေပြည်တော်၊ ဩဂုတ် ၂၈ နီပေါနိုင်ငံ ရာဆူဝါခရိုင် (Rasuwa) နှင့် အနီးဝန်းကျင်ဒေသများတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နီပေါဝန်ကြီးချုပ် မစ္စတာ ဘလန်ဒရာ ရှား (Balendra Shah) ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက နီပေါဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ အထူးသဖြင့် ခက်ခဲသည့်အချိန်ကို ဖြတ်သန်းနေရသည့် ကျန်ရစ်သူမိသားစုများထံ စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများအနေဖြင့် လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများမှ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါသည်။ #Our