ru
Feedback
The Standard Time Digital

The Standard Time Digital

Открыть в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Больше
Страна не указанаКатегория не указана
274
Подписчики
+124 часа
+37 дней
+2630 день
Архив постов
◾️ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူသူများယာယီနေထိုင်ခွင့် စတင်ထုတ်ပေးမည် အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်ဖြင့်ယခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ရောင်းချပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ် သာအိမ်ရာရှိ အခန်းများအတွက်ယာယီနေထိုင်ခွင့်ကိုဧပြီ ၂ ရက်မှ စတင်ထုတ်ပေးမည်ဖြစ် ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ ယာယီနေထိုင်ခွင့် ထုတ်ပေးရာတွင် ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နှင့် (၅၁)ရှိ အခန်းဝယ်ယူခွင့်ရရှိထားသူများကို ဦးစားပေး၍ ယာယီနေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်သည်။ အဆိုပါ အကြောင်းကြားစာများကို ဧပြီ ၂ရက်မှ စတင်၍ ရန်ကုန် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ် (၂၂၈/ ၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင် မြို့နယ်ရှိရုံးတွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်သည်။ ယာယီနေထိုင်ခွင့် အကြောင်းကြားစာကိုကိုယ်တိုင် ထုတ်ယူလိုသူများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူတို့ကို တင်ပြရမည်ဖြစ်ပြီး ကိုယ် စားလှယ်ဖြင့်ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စား လှယ်တို့၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူများနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ ယခုစီမံကိန်းသည် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ သတင်း-လူ့တလူ ဓာတ်ပုံ- MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️ရုရှားရေနံလုပ်ငန်းအား တိုက်ခိုက်မှု လျှော့ချရန် မဟာမိတ်များ အချက်ပြခဲ့ဟု ယူကရိန်းဆို ကမ္ဘာ့လောင်စာဈေးနှုန်းများ မြင့်တက်လာခဲ့သဖြင့် ရုရှား၏ ရေနံလုပ်ငန်းများအပေါ် ယူကရိန်း၏ တာဝေးတိုက်ခိုက်မှုများကို လျှော့ချရန် ယူကရိန်း၏ မဟာမိတ်အချို့က ကိဗ်အား အချက်ပြခဲ့ကြသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားသည်။ ယူကရိန်း၏ စွမ်းအင်စနစ်အပေါ် တိုက်ခိုက်မှုများကို ရုရှားက ရပ်တန်ခဲ့ပါက ယူကရိန်းကလည်း အညလားတူတုံ့ပြန်သွားနိုင်ကြောင်းနှင့် ကိဗ်က အီစတာပွဲတော်ကာလ အပစ်အခတ်ရပ်စဲရေးကိုလည်း လမ်းဖွင့်ထားသည်ဟု WhatsApp စကားစမြည် အစီအစဉ်တွင် ဇီလန်စကီးက သတင်းထောက်များအား ပြောသည်။ "ကမ္ဘာ့စွမ်းအင်အကျပ်အတည်း ပြင်းထန်လာပြီး မကြာခင်မှာပဲ ရုရှားရဲ့ ရေနံလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းအပေါ် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကိုလျှော့ချရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မိတ်ဖက်အချို့ဆီကနေ အချက်ပြမှုတွေ အမှန်တကယ် လက်ခံရရှိခဲ့ပါတယ်” ဟု ဇီလန်စကီးက ပြောသည်။ ပုံမှန်ပြောဆိုမှုတစ်ခုအတွင်း အမေရိကန်အရာရှိများက ယူကရိန်းအရာရှိများထံ ထိုသို့သတင်းစကားပါးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကနဦး အချက်ပြမှုများသည် မော်စကိုထံမှ လာခဲ့ပုံရကြောင်း ယင်းအခြေအနေကို သိရှိသူnသတင်းရင်းမြစ်က ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဌာနနှင့် ဝါရှင်တန်ရှိ ရုရှားသံရုံးက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ခြင်းမတုံ့ပြန်ခဲ့ကြောင်း သတင်းက ဖော်ပြသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် ရေနံ၊ ဓာတ်ငွေ့နှင့် ရေနံထွက်ပစ္စည်းများ ထောက်ပံ့မှုများ လျော့ကျသွားခဲ့ကာ သမိုင်းတွင် အဆိုးရွားဆုံး စွမ်းအင်အကျပ် အတည်း ဖြစ်ပေါ်လာခဲ့ခြင်းနှင့်အတူ ဈေးနှုန်းများလည်း ခုန်တက်သွားခဲ့သည်။ ယူကရိန်းစွမ်းအင်လုပ်ငန်း နှင့် အခြေခံအဆောက် အအုံများအပေါ် ရုရှား၏ တိုက်ခိုက်မှုများကြောင့်လည်း ယူကရိန်းတွင် ကြီးမားသော ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ သတင်း-ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

photo content

◾️အမေရိကန် စစ်လေယာဉ်များအား စပိန်လေပိုင်နက်မှ ပိတ်ပင် အီရန်စစ်ပွဲနှင့် ဆက်စပ်သော စစ်ဆင်ရေးများအတွက် ၎င်းတို့ပူးတွဲလုပ်ကိုင်နေသော စစ်အခြေစိုက်စခန်းများနှင့် လေပိုင်နက်ကို အမေရိကန်အား အသုံးပြုခွင့်ပေးမည် မဟုတ်ကြောင်း စပိန်ကာကွယ်‌ရေးဝန်ကြီး မာဂရီတာရိုဘဲလ်စ် က မက်ဒရစ်မြို့တွင် သတင်းထောက်များအား ပြောကြားသည်။ စပိန်အစိုးရ၏ ဆုံးဖြတ်ချက်အကြောင်းကို စပိန်သတင်းစာ El País က စစ်‌ရေး သတင်းရင်းမြစ်များကို ကိုးကား၍ ဦးစွာဖော်ပြခဲ့သည်။ ယခု ဆုံးဖြတ်ချက်ကြောင့် အ‌ရှေ့အလယ်ပိုင်းပစ်မှတ်များသို့ သွားရောက်သည့် စစ်လေယာဉ်များသည် အရေးပေါ်အခြေအနေမှလွဲ၍ နေတိုးအဖွဲ့ဝင် စပိန်ကို ရှောင်ကွင်းသွားရတော့မည် ဖြစ်သည်။ စပိန်လေကြောင်းပိုင်နက်အား အသုံးပြုခွင့်ပိတ်ပင်ခြင်းမှာ အမေရိကန်နှင့် ဆက်ဆံရေးအား ထပ်မံ၍ ပျက်စီးသွားစေနိုင်မည်လားဟု မေးမြန်းရာတွင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်၍ တစ်ဦးတည်းက စတင်ခဲ့သော စစ်ပွဲတွင် မပါဝင်ရန် နှင့် ပါဝင်ကူညီခြင်းလည်း မပြုရန် အစိုးရ၏ လက်ရှိ ရပ်တည် ချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ကားလို့စ်ကူအာပိုက Cadena Ser ရေဒီယိုအား ပြောကြားသည်။ အီရန်အပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက် ခိုက်မှုများကို စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က ပြင်းပြင်း ထန်ထန်ဝေဖန်ပြောကြားပြီး အဆင်ခြင်မဲ့သော တရားမဝင်လုပ်ရပ်ဟု ကင်ပွန်းတပ်ထားသည်။ စစ်ပွဲအတွက် စပိန်နိုင်ငံရှိ အခြေစိုက်စခန်းများအား အသုံးပြုခွင့် မပေးခဲ့ခြင်းအတွက် စပိန်နှင့် ကုန်သွယ်မှုများ ရပ်တန့်ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားသည်။ သတင်း-ရဲမင်း ကိုးကား-Reuters #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ကျူးဘားအပေါ် လောင်စာဆီပိတ်ဆို့မှု သမ္မတဒေါ်နယ်ထရန့် သဘောထားပြောင်းလဲ ထားဖွယ်ရှိ ကျူးဘားနိုင်ငံသို့ ရေနံတင်ပို့မှု ပိတ်ပင်ရေးမူဝါဒနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ပြင်ဆင်ထား သည့် သဘောကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ် ၂၉ ရက်တွင် ပြသခဲ့ကြောင်း သိရသည်။ ကျူးဘားနိုင်ငံသို့ လောင်စာဆီများပို့ဆောင်ပေးနေသော မည်သည့်နိုင်ငံနှင့်မျှ မိမိတွင် ပြဿနာမရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။ ကျူးဘားနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်း ရုရှားရေနံတင် သင်္ဘောတစ်စင်းရောက်ရှိနေချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကျူးဘားနိုင်ငံအတွက် လောင်စာဆီများသယ်ဆောင်ထားသော အဆိုပါရုရှားရေနံတင် သင်္ဘောသည် မတ် ၃၀ ရက်တွင် ဟားဗားနားဆိပ်ကမ်းသို့ ဝင်ရောက်နိုင်ကြောင်း သင်္ဘောရေလမ်းကြောင်း စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်များ၏အဆိုအရ သိရသည်။ အမေရိကန်အစိုးရသည် ယခုနှစ် ဇန်နဝါရီ ၃ရက်တွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုကို ဖြုတ်ချခဲ့ပြီးနောက် ဗင်နီဇွဲလားရေနံများ ကျူးဘားသို့ တင်ပို့မှုကို စတင်ပိတ်ပင်ခဲ့သည်။ ယင်းအပြင် ကျူးဘားနိုင်ငံသို့ လောင်စာဆီများပို့ဆောင်ပေးနေသော မည်သည့်နိုင်ငံမျိုး ကိုမဆိုအရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်က သတိပေး ထားသည်။ ယင်းနောက်ပိုင်းကာလအတွင်း ကျူးဘားနိုင်ငံ၏ စီးပွားရေးမှာ လောင်စာဆီ လမ်းကြောင်းများဖြတ်တောက်ခံရမှုကြောင့် ယိုင်လဲလုနီးပါး ကျဆင်းခဲ့ရကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️သင်္ကြန်ရုံးပိတ်ရက်အတွင်း အမြန်လမ်းမကြီးအားအသုံးပြုသွားလာမည့် ယာဉ်များ၏ ယာဉ်မောင်းများအထူးသတိပြုမောင်းနှင်ရန် မေတ္တာရပ်ခံ သင်္ကြန်ရုံးပိတ်ရက်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွားလာမည့် ယာဉ်များ၏ယာဉ် မောင်းများအနေဖြင့်အထူးသတိပြုမောင်းနှင်ရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကမေတ္တာရပ်ခံထားသည်။ လက်ရှိအချိန်၌ အမြန်လမ်းမကြီး၏မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်းရှိ ဆွာချောင်းတံတား (မန္တလေးဘက်မှ ရန်ကုန်ဘက်)(အပြန်လမ်း)တွင် တံတားသစ်တည် ဆောက်ခြင်း၊ မိုင်တိုင်အမှန် ၁၈၈/၂ နှင့် ၁၈၈/၃အတွင်း ရေပြွန်ပြုပြင်ခြင်တို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နေရာများ၌ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန် လည်း မေတ္တာရပ်ခံထားသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်မှ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၁၇၄ မှု ဖြစ်ပွားခဲ့ပြီး ၈၂ ဦးသေဆုံးကာ ၂၆၀ ထိခိုက်ဒဏ်ရာရရှိထားသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️အီရန်၏ ခါ့ဂ်ကျွန်းရေနံဆိပ်ကမ်းကို သိမ်းပိုက်ရန် အမေရိကန်သမ္မတ ချိန်ဆနေ အီရန်နိုင်ငံ ခါ့ဂ်ကျွန်း(KHARG ISLAND)ရေနံဆိပ်ကမ်းကို သိမ်းပိုက်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စဉ်းစား ချိန်ဆနေကြောင်း မတ် ၃၀ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်စစ်ပွဲနှင့်ပတ်သက်၍ ကျင့်သုံးနိုင်မည့် နည်းလမ်း အမျိုးမျိုးရှိထားပြီးဖြစ်ရာ ခါ့ဂ်ကျွန်းရေနံဆိပ်ကမ်းကိုလည်း စစ်ရေးအရ သိမ်းယူနိုင် သလိုသိမ်းယူချင်မှလည်း သိမ်းယူမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ဖိုင်နင်ရှယ် တိုင်းမ်သတင်းစာနှင့်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်း၌ ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနသည် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်ရာပေါင်းများစွာကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသလို အမှတ် ၈၂လေကြောင်းချီတပ်မဟာမှ လက်ရွေး စင်တပ်ဖွဲ့ဝင်များကိုလည်း စေလွှတ်ရန်စဉ်းစားလျက်ရှိရာ သမ္မတဒေါ်နယ်ထရန့်အနေဖြင့် အီရန်ကို မြေပြင် စစ်ဆင်ရေးပြုလုပ်နိုင်ကြောင်း ထင်ကြေးများလည်း ပေါ် ထွက်လာခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်ကိုမြေပြင်စစ်ပွဲဆင်နွှဲရန် ကြံစည်နေကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟမ်မက်ဘာဂဟာဂါလီဘက်ဖ်က မတ် ၂၉ ရက်တွင် စွပ်စွဲထားသည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် အီရန်ကို မြေပြင်စစ်ပွဲဆင်နွှဲရန်လျှို့ဝှက်ကြံစည်ထား ရာ မိမိတို့ကလည်း အမေရိကန်တပ်ဖွဲ့ဝင်များ အီရန်မြေပေါ်ခြေအချကို စောင့်ဆိုင်း နေကြောင်း အီရန်လွှတ်တော်ဥက္ကဋ္ဌက ပြည်တွင်းမီဒီယာများသို့ ထုတ်ပြောထားသည်။ အရှေ့အလယ်ပိုင်းဒေသသို့ မရိန်းတပ်ဖွဲ့ဝင် ၃၅၀၀ လိုက်ပါလာသည့်အမေရိကန် စစ်သင်္ဘောတစ်စင်းရောက်ရှိလာခဲ့ပြီးနောက် မြေပြင်စစ်ပွဲအတွက်အမေရိကန် ပြည်ထောင်စုက လျှို့ဝှက်ကြံစည်နေကြောင်း အီရန်က စွပ်စွဲလာခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အီရန်ကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ရာ မတ် ၃၀ရက်တွင်လည်း အီရန်ပြည်တွင်းပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ပြည်ခိုင်ဖြိုးနှင့်တပ်မတော်မှ တင်သွင်းထားသူများသာ ဒုသမ္မတများဖြစ်လာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလွှဲပြောင်းပြီးနောက် ၂၄ နာရီအတွင်း ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့ကတင်မြှောက်သည့် ဒုတိယ သမ္မတအဖြစ်အတည်ပြုခံရသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့များ၏ အစည်းအဝေးဒုတိယ နေ့ကို ယနေ့(မတ် ၃၁ ရက်) တွင်ကျင်းပရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်နန်းနီနီအေးတို့ကို ဒုတိယသမ္မတများအဖြစ် မဲပေးအတည်ပြုခဲ့ကြသည်။ ထို့ကြောင့်လာမည့်အစိုးရအဖွဲ့အသစ်ကို ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်တို့မှ အမည်စာရင်းတင်သွင်း သူများကသာ သမ္မတနှင့်ဒုတိယသမ္မတများအဖြစ်ဦးဆောင်တော့မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့၌ဒုတိယသမ္မတလောင်းများအဖြစ် အမည် စာရင်းသွင်းထားသူနှစ်ဦးကို ယနေ့အစည်းအဝေးတွင်မဲခွဲရွေးချယ်ဆုံးဖြတ်ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ထောက်ခံသူအများစုရှိသဖြင့် ယင်းအစုအဖွဲ့ကတင်မြှောက်သည့် ဒုတိယသမ္မတ အဖြစ်အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌဦးခင်ရီကကြေညာသည်။ အဆိုပြုတင်သွင်းထားသည့် ဒုတိယသမ္မတလောင်းနှစ်ဦးအနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ခံမဲ ၂၄၇ မဲရကာ ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့၏ ဒုတိယသမ္မတ ဖြစ်လာပြီး တစညပါတီကတင်သွင်းထားသည့် ဒေါက်တာကျော်ဆွေက ထောက်ခံမဲ ၁၀ မဲသာရ ကြောင်းသိရသည်။ ထို့ပြင် ပယ်မဲ ၁၀ မဲရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌဦးခင်ရီကကြေညာ သည်။ အလားတူအမျိုးသားလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့၏ ဒုတိယသမ္မတလောင်းမဲပေးအတည်ပြုမှုကိုလည်း ယနေ့ပြုလုပ်ရာပြည်ခိုင်ဖြိုးပါတီဝင် ဒေါ်နန်းနီနီအေးကထောက်ခံမဲအများဆုံးရကာဒုတိယ သမ္မတအဖြစ် အတည်ပြုခံရသည်။ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့ကရွေးချယ်သည့် ဒုတိယသမ္မတဖြစ်လာ သော ဒေါ်နန်းနီနီအေးသည် လက်ရှိပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်ဥက္ကဌဖြစ်ကာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ်ဆက်အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အချိုးကျကိုယ်စားပြုစနစ်မဲဆန္ဒနယ် အမှတ်(၂)မှ ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်။ အမျိုးသားလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့၏ ဒုတိယ သမ္မတရွေးချယ်မှုတွင် တိုင်းရင်းသားပါတီကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် တင်သွင်းခဲ့သည့် ဒေါက်တာမနမ်တူးဂျာမှာ ထောက်ခံမဲအနည်းစုသာရခဲ့သည်။ ထို့ကြောင့်အစိုးရအဖွဲ့တွင် အမျိုးသမီးဒုသမ္မတတစ်ဦး ပထမဆုံးအကြိမ်အဖြစ်ပါဝင်လာမည်ဖြစ်သည်။ အဆိုပါ ဒုတိယသမ္မတနှစ်ဦးနှင့်တပ်မတော်ကတင်သွင်းသည့် ဒုတိယသမ္မတတို့ကို ပြည်ထောင်စု လွှတ်တော်၌ မဲပေးရွေးချယ်ကာ နိုင်ငံတော်သမ္မတအဖြစ်တင်မြှောက်ရန်ရှိနေသည်။ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ကရွေးချယ်သော ဒုတိယသမ္မတအမည်ကိုမသိရသေးပေ။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

photo content

◾️ရေနံတင်သင်္ဘောများ ဟော်မုဇ်ဖြတ်ခွင့်ရရေး အီရန်နှင့် သဘောတူထားကြောင်း ထိုင်းပြောကြား ထိုင်းရေနံတင် သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားအားဘေးကင်းလုံခြုံစွာ ဖြတ်သန်း ခွင့်ရရှိရေးအတွက် အီရန်နိုင်ငံနှင့် သဘောတူညီချက်ရယူထားကြောင်း ထိုင်း ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်ကမတ် ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံကလည်းမဟာဗျူဟာမြောက် ဟော်မုဇ်ရေ လက်ကြား ကို ပိတ်ဆို့ရန်ကြိုးပမ်းခဲ့ရာစွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ဆို့ ပြတ်တောက်ခဲ့ရသည်။ သို့ရာတွင် လက်ရှိအချိန်တွင်ဟော်မုဇ်ရေလက်ကြားကို ထိုင်းရေနံတင်သင်္ဘောများ ဘေးကင်းလုံခြုံစွာဖြတ်သန်းခွင့် ရရှိရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် အီရန်နှင့် သဘောတူ ညီချက် တစ်ရပ် ရယူထားကြောင်းထိုင်းဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားထားသည်။ အီရန်နှင့် ရယူထားသောအထက်ပါသဘောတူညီချက်ကြောင့်ယခုလအစောပိုင်းတွင် ပေါ်ထွက်ခဲ့သော လောင်စာဆီ ပြဿနာမျိုးထပ်မံ ပေါ်ထွက်မည့် အခြေအနေ မရှိနိုင် တော့ကြောင်း ထိုင်းဝန်ကြီးချုပ်ကသုံးသပ်ထားသည်။ အာရှသို့ဝင်ရောက်သည့် ရေနံစိမ်းနှင့် သဘာ၀ဓာတ်ငွေ့ရည် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကျော်မှာဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေကြရခြင်းဖြစ်သည်။ သို့ရာတွင် အီရန်စစ်ပွဲကြောင့်ဟော်မုဇ်ရေလက်ကြားပိတ်ဆို့နေချိန်တွင် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှာ လောင်စာဆီ ဖြည့်ဆည်းမှု လမ်းကြောင်းကွင်း ဆက် ပြတ်တောက်မှုပြဿနာနှင့်ရင်ဆိုင်ခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️သင်္ကြန်ပွဲတော်ကာလ ကျန်းမာရေးအသိပေးချက်များ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် လာမည့် ဧပြီလအတွင်းကျင်းပမည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၆ ရက်တွင် သတိပြု လိုက်နာရမည့် ကျန်းမာရေးအသိပေးချက်များကို နှိုးဆော်ထုတ်ပြန်ခဲ့သည်။ အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် နေ့လယ်ပိုင်း နေရောင်ပြင်းထန်ချိန်တွင် အရိပ်ရသည့်နေ ရာများ၌ နားနေပါ၊ အပြင်ထွက်ပါက (ထီး၊ဦးထုပ်) တို့ အသုံးပြုပါ၊ ရေဓာတ်ခန်းခြောက်မှုမှ ကာကွယ်ရန် သန့်ရှင်းသည့် သောက်ရေ မကြာခဏသောက်ပါ၊ အရက်သောက်သုံးခြင်း သည်အပူဒဏ်အန္တရာယ် ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် အထူးသတိပြုရန်တို့ကို အသိ ပေးထားသည်။ ထို့ပြင် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်ရန်ရေကစားရာ တွင် သန့်ရှင်းသောရေကိုသာ အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ ရေကစားရာတွင် အသုံးပြု သောရေကိုသောက်ခြင်း မပြုသင့်ပါ။ ရေကစားရာတွင် မျက်လုံး၊ နား၊ပါးစပ်ထဲသို့ ရေများမဝင်အောင် သတိပြုရန်၊ ဖိအားမြင့် အားပြင်းသည့်ရေပန်းဖြင့် မျက်နှာကို တိုက်ရိုက်ပက်ခြင်းမှရှောင်ကြဉ်ရန်တို့ ကိုလည်း အသိပေးခဲ့သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိခိုက်ဒဏ်ရာနှင့် မတော် တဆမှုများမှကာကွယ်ရန် စိုစွတ်နေသောလမ်းများတွင် ချော်လဲနိုင်၍ သတိထားပါ။ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပါ။ အရက်သေစာသောက်သုံး၍ ယာဉ်မောင်းနှင်ခြင်းမှ လုံး၀ရှောင်ကြည်ပါ။ တစ်ကိုယ်ရေသန့် ရှင်းရေးကောင်းမွန်ရန်လက်များကို မကြာခဏ ဆေးကြောပါ။ လတ်ဆတ်ပြီး သန့်ရှင်းသော အစားအစာများကို စားသုံးပါ၊ အစားအသောက်ရောင်းချသူများ အနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသတိပြုဆောင်ရွက်ပါ၊ အစားအစာများကို ယင်နားခြင်းနှင့်အခြားအညစ် အကြေးများ မဝင်ရောက်နိုင်ရန် စနစ်တကျဖုံးအုပ်ပါဟုလည်း အသိပေးထုတ်ပြန်ထားသည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာရရှိပါက နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း သို့မဟုတ် ပြည်သူ့ဆေးရုံသို့ အမြန်ဆက်သွယ်၍ ဆေးကုသမှုခံယူပါဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ သတင်း-မေဥဩ ဓာတ်ပုံ-MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️တပ်မတော်ထိပ်ပိုင်းရာထူးများ အပြောင်းအလဲဖြစ် တပ်မတော်ထိပ်ပိုင်းရာထူးများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ယနေ့(မတ် ၃၀ ရက်)တွင် ပြောင်းလဲလိုက်ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးအား ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်လာပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဖြစ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် #ပြည်တွင်းသတင်း

◾️တစညပါတီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အပြိုင် ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယနေ့ (မတ်၃၀ရက်) တွင် ကျင်းပ သည့်ပြည်သူ့လွှတ်တော်ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ်အစုအဖွဲ့အစည်းအဝေးတွင် ဒုတိယ သမ္မတလောင်းအဖြစ်အမည်စာရင်း တင်သွင်းလိုက်သည်။ နိုင်ငံတော်သမ္မတတင်မြှောက်ရေးအတွက် ကနဦးအဆင့်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ အလိုက် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ရေးအစည်းအဝေးကို ယနေ့စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတလောင်းများ အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တစညပါတီမှ တောင်တွင်းကြီးမဲဆန္ဒနယ်ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေတို့ကို အမည်စာရင်းတင်သွင်းထားသည်။ ဒုတိယသမ္မတလောင်းများကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်တင်မြှောက် နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ အရည်အချင်းများနှင့် ကိုက်ညီမှုရှိမရှိ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်မည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီကပြောသည်။ ဒေါက်တာကျော်ဆွေသည် ဝါရင့်တစည ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၀၊၂၀၁၅၊၂၀၂၀ နှင့် ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲ လေးကြိမ်စလုံးတောင်တွင်းကြီးမဲဆန္ဒနယ်မှ ယှဉ်ပြိုင်ကာ ယခင်ရွေးကောက်ပွဲများ ၌ ရှုံးနိမ့်ခဲ့သော်လည်း ၂၀၂၅တွင်အနိုင်ရခဲ့ခြင်းဖြစ်သည်။ အမျိုးသားလွှတ်တော် ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးကိုလည်း ယနေ့တွင်ပြုလုပ်ခဲ့ရာ ဒုတိယသမ္မတလောင်းများအဖြစ် ပြည်ခိုင်ဖြိုးပါတီ၀င် ဘားအံမြို့နယ် အမှတ် ၂ အချိုးကျ ကိုယ်စားပြုမဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနှင့် ကချင် ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီမှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းခဲ့ကြောင်းသိရသည်။ ‎ ‎ အဆိုပါ အမည်စာရင်းတင်သွင်းထားသည့် ဒုသမ္မတလောင်းများကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ရွေးကောက်ခံကိုယ် စားလှယ်များက မဲပေးရွေးချယ်အတည်ပြုရမည်ဖြစ်သည်။ ‎ ‎ ‌ ရွေးကောက်ခံကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းတစ်ဦးစီရွေးချယ်ပြီးပါက တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတလောင်းနှင့်အတူ ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ရွေးချယ်ကာ သမ္မတ၊ ဒုတိယသမ္မတ(၁)နှင့် ဒုတိယသမ္မတ(၂)တို့ကို အတည်ပြုရန်ရှိနေသည်။ ‎ လက်ရှိတွင် လွှတ်တော်နှစ်ရပ် ရွေးကောက်ခံကိုယ်စားလှယ်များတင်သွင်းသည့် ဒုတိယသမ္မတလောင်း အမည်စာရင်းများထွက်ပေါ်လာသော်လည်း တပ်မတော်သားအစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ လောင်းအမည်စာရင်းကိုမသိရသေးပေ။ သတင်း-စံတော်ချိန်သတင်းစာ #ပြည်တွင်းသတင်း