ru
Feedback
The Standard Time Digital

The Standard Time Digital

Открыть в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Больше
Страна не указанаКатегория не указана
275
Подписчики
Нет данных24 часа
+27 дней
+2630 день
Архив постов
photo content

◾️OWIC ကိုင်ဆောင်ထားသူများပြည်ပနိုင်ငံသို့ ထွက်ခွာမည်ဆိုပါကခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေး အလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား(OWIC) လက်ဝယ်ကိုင်ဆောင်ထားသူ များ အနေဖြင့်ပြည်ပနိုင်ငံသို့ ထွက်ခွာမည်ဆိုပါကခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေးထားသည်။ အလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) လက်ဝယ်ကိုင်ဆောင်ထားသူ များအနေဖြင့်ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ စတင်ပြီး သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပကို ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထပ်မံအသိပေးကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။ PJ နိုင်ငံကူး လက်မှတ်ဖြင့်ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် ကျွမ်းကျင်မြန်မာလုပ် သားများ စေလွှတ်နိုင်ရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များ ကိုလည်း ၂၀၂၅ ခုနှစ် မတ်အတွင်းကထုတ်ပြန်ထားပြီး ပြည်ပ ထွက်ခွာခွင့်နှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံးရုံးပိတ်ရက်မပါ ငါးရက် ကြိုတင်လျှောက်ထားရမည် ဖြစ်ကြောင်းလည်း သိရသည်။ အပြည်ပြည်ဆိုင်လေဆိပ်များကပေးပို့သည့် စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWICလက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့တင်ပြ ခြင်း မရှိဘဲ ပြည်ပသို့ ထွက်ခွာနေသည်ကို တွေ့ရှိရခြင်းကြောင့် ခွင့်ပြုချက်ရယူပြီးမှသာ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေးကြေညာထားကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ထိုင်းတွင် ထုတ်လုပ်မှုလျော့နည်းသည်ဟုဆိုကာ မြန်မာလုပ်သား ၄၇၂ ဦး အလုပ်ထုတ်ခံရ ထိုင်းနိုင်ငံ ရယောင်ခရိုင် ရယောင် (Rayong)မြို့ရှိ Electronic စက်ရုံတစ်ရုံ၌ အလုပ်လုပ် ကိုင်နေသည့် မြန်မာလုပ်သား ၄၇၂ ဦးကို လုပ်ငန်းခွင်တွင် ထုတ်လုပ်မှုလျော့နည်းလာ သည်ဟုအကြောင်းပြကာ မတ် ၁၀ ရက်က အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ကူညီပေး နေသည့် MHACအဖွဲ့မှ သိရသည်။ အလုပ်သမားများက အကူအညီတောင်းခံလာသဖြင့် မတ် ၁၃ရက်၌ LPN ဖောင်ဒေးရှင်း နယ်မြေခံအစိုးရဌာန၏ တာဝန်ရှိသူများနှင့်ပူပေါင်းကာ ကူညီဆောင်ရွက်မှုစတင်ခဲ့ကြောင်း MHAC အဖွဲ့မှ သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီးအမှုပြီးဆုံးသည်အထိ အလုပ်သမားနှင့်အတူ ရပ်တည်သွားမည် ဖြစ်ကြောင်း MHAC အဖွဲ့က ထုတ်ပြန်ထားသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- MHAC #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️အလီလာရီဂျာနီ သေဆုံးမှု အီရန်အစိုးရ အတည်ပြု၊ ဗုံးပဒေသာ ထိပ်ဖူးတပ် ဒုံးကျည်များ ဖြင့် အစ္စရေးကို တုံ့ပြန် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ ပူးတွဲလေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်အ မျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီ သေဆုံးခဲ့ရကြောင်းအီရန် အစိုးရမီဒီယာများက မတ် ၁၈ ရက်တွင် အတည်ပြု သတင်းထုတ်ပြန်ထားသည်။ အသက် (၆၇) နှစ်အရွယ်အလီလာရီဂျာနီသည် တီဟီရန်မြို့အရှေ့ဘက် မြို့စွန်လူနေ ဒေသ တစ်ခုရှိ သမီးဖြစ်သူထံ သွားရောက်စဉ်အမေရိကန်နှင့် အစ္စရေးတို့၏ မတ်၁၇ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း အီရန်မီဒီယာများ၏ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အစ္စရေးနှင့် အမေရိကန်တို့၏လေကြောင်း တိုက်ခိုက်မှုအတွင်းအလီလာရီဂျာနီအပြင် ၎င်း၏သားဖြစ်သူနှင့် လက်ထောက်တစ်ဦးတို့လည်း သေဆုံးခဲ့ရကြောင်း သိရသည်။ အလီလာရီဂျာနီ သေဆုံးမှုကိုလက်တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်ဘက်က မတ် ၁၇ ရက်တွင် ဗုံးပဒေသာထိပ်ဖူးများ တပ်ဆင်ထားသည့်ဒုံးကျည်များဖြင့် အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ပြောကြားထားသည်။ အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် တဲလ်အဗစ်မြို့တော်အနီး လူနေဒေသတစ်ခုတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်းအစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ထားသည်။ အလီလာရီဂျာနီသည် အီရန်နိုင်ငံ၏ လုံခြုံရေးမူဝါဒများကို ရေးဆွဲချမှတ်ပေးသူဖြစ်သည့် အပြင် ကွယ်လွန်သူ အီရန်ခေါင်းဆောင်ဟောင်းအယာတိုလာခါမေနီ၏ အကြံပေး တစ်ဦးလည်းဖြစ်သည်။ အယာတိုလာအလီခါမေနီကိုယ်တိုင်သည်လည်း အီရန်စစ်ပွဲစတင်သည့် ဖေဖော်ဝါရီ ၂၈ ရက်မှာပင် အမေရိကန်နှင့် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး ဖြစ်သည်။ အလီလာရီဂျာနီသည် အယာတိုလာအလီခါမေနီနောက်ပိုင်း အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသောရာထူးအာဏာအကြီးဆုံး အီရန် ခေါင်းဆောင်ဖြစ်သည်။ လက်ရှိအချိန်တွင် သီတင်းသုံးပတ်အတွင်းဝင်ရောက်နေပြီဖြစ်သော အရှေ့အလယ်ပိုင်း စစ်ပွဲမှာဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ရပ်တန့်မည့် အရိပ်အယောင် မရှိသေးပေ။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေကြရသော ဟော်မုဇ်ရေလက်ကြားလမ်းကြောင်းမှာလည်း ပိတ်ဆို့ နေဆဲဖြစ်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့နေရာ၊အချိန်များတွင် ဝန်အားမျှတ ခွဲဝေဖြန့် ဖြူးမည် ပူပြင်းသည့်ရာသီရောက်ရှိလာချိန်၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာသဖြင့် ထိန်းညှိခြင်းများ ပြုလုပ်နိုင်ရန်မတ် ၁၈ ရက်မှစတင်၍ ဓာတ်အားထုတ်လုပ်နိုင် မှုနှင့် ချိန်ညှိကာ အချို့နေရာ၊ အချိန်များတွင်ဝန်အားမျှတခွဲဝေဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့်ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ်ကို ပြည့်၀စွာဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ သို့သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာ၀ဓာတ် ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံးဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်းထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ခဲ့ရာပုံမှန်ထုတ် လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော၃၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့် ဖြူးပေးလျက်ရှိကြောင်း သိရသည်။ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ဆည်များတွင် စုဆောင်းထားရှိ သည့်ရေများကို ဇွန်လအထိ ထိန်းသိမ်း မောင်းနှင်ပြီး ဓာတ်အားဖြန့် ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့် အချိန်ကာလ ဖြစ်သော်လည်းတက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင်လျှပ်စစ်ဓာတ်အား စဉ်ဆက် မပြတ်ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့်တိုးမြှင့် ထုတ်လုပ် ဖြန့်ဖြူး ပေးခဲ့ရကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ပြီးစီးသွားသည့်ရက်များမှစတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက် မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတု ပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှု မြင့်တက်လာခြင်းကိုထိန်းညှိနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေ ဖြန့်ဖြူး ခြင်း (Planned Load Shedding) အစီအစဉ်များကို မတ် ၁၈ရက်မှ စတင်ပြုလုပ်ရ မည် ဖြစ်ကြောင်း သိရသည်။ ထို့သို့ ခွဲဝေဖြန့်ဖြူးမည် ဖြစ်သော်လည်းသဘာ၀ဓာတ် ငွေ့ရည် LNG သုံး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများကိုမူ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းမပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ် #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️မဟာဗျူဟာမြောက် အရန်ရေနံများဂျပန်အစိုးရ စတင်ထုတ်ပေးနေ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ပေါ်ထွက်လာသော စွမ်းအင်အကျပ်အတည်းကို ကျော်ဖြတ်ရေးအတွက် မဟာဗျူဟာမြောက်အရန်ရေနံများ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ဂျပန်အစိုးရက မတ်၁၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မဟာဗျူဟာမြောက်အရန်ရေနံများ ထုတ်ယူသုံးစွဲမှုကို အခြားဒေသများအရင် အာရှနှင့်သမုဒ္ဒရာပိုင်းဒေသတို့၌ စတင်မည်ဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) က ပြောကြားခဲ့ပြီးနောက် ဂျပန်အစိုးရကမဟာဗျူ ဟာမြောက်အရန်ရေနံများ စတင်ထုတ်ပေးနေခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲကြောင့် နိုင်ငံတကာစွမ်းအင်ဈေးနှုန်းများမြင့်တက်လာမှုဒဏ်မှ ခုသာခံသာရှိရေးအတွက် လက်ဝယ်သိုလှောင်ထားသောမဟာဗျူဟာအရန် ရေနံများကို ထုတ်ယူသုံးစွဲရန် အိုင်အေအီးအေအဖွဲ့ဝင်နိုင်ငံများက မတ် ၁၁ ရက်တွင် သဘောတူထားပြီးဖြစ်သည်။ ဂျပန်နိုင်ငံက လက်ဝယ်ပိုင်ဆိုင်ထားသော မဟာဗျူဟာမြောက် အရန်ရေနံပမာဏမှာ ကမ္ဘာ့အများဆုံး မဟာဗျူဟာရေနံပမာဏများထဲတွင် ပါဝင်ပြီးရေနံစိမ်းစည်ပေါင်း သန်း ၄၀၀ ကျော် ရှိထားသည်။ ဂျပန်၏ အထက်ပါအရန်ရေနံ ပမာဏမှာ ပြည်တွင်း၌ရက်ပေါင်း ၂၅၄ရက်ကြာ သုံးစွဲနိုင်ရေးအတွက် လုံလောက် မှုရှိကြောင်းသိရသည်။ ကိုးကား-ရိုက်တာ

photo content

◾️အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးကို ရွေးချယ် ‎ ‎ယနေ့ (မတ် ၁၈ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်လိုက်သည်။ ‎ ‎ယနေ့ အစည်းအဝေးတွင် သဘာပတိအဖြစ် ဒေါ်ဒွဲဘူက တာဝန်ယူကာ လွှတ်တော် ဥက္ကဋ္ဌလောင်း အမည်စာရင်းတင်သွင်းရာတွင် ဦးအောင်လင်းဒွေး တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းခဲ့သည်။ ‎ ‎မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လင်းဒွေး သည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပြီး ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင် သည် ဒုတိယ ဥက္ကဋ္ဌအဖြစ် သဘာပတိက အတည်ပြု၍ခဲ့ခြင်းဖြစ်သည်။ ‎ ‎ဦးအောင်လင်းဒွေးသည် တပ်မတော်၌ ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။ ‎ ‎ထို့ပြင် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာသည့် Jeng Phang နော်တောင် သည် လက်ရှိတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်​ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူထားသူဖြစ်သည်။ ‎ ‎သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ‎ဓာတ်ပုံ- MWD ‎#ပြည်တွင်းသတင်း

photo content

◾️ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသူနှစ်ဦးအလောင်း ပြန်တွေ့ ‎ ‎စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ် ဇက်ဆိပ်တွင် ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသည့် ရုပ်အလောင်း နှစ်လောင်းကို ယနေ့(မတ် ၁၈ ရက်)နံနက် ၇ နာရီခွဲတွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎ဖြစ်စဉ်မှာ မုံရွာမြို့ ချင်းတွင်းမြစ် ဇက်ဆိပ်တွင် မတ် ၁၆ ရက် ညနေပိုင်းတွင်အသက် ၁၄ နှစ်အရွယ်ရှိ ယောကျ်ားလေးသုံးဦး နှင့် မိန်းကလေးနှစ်ဦးတို့ ရေဆင်းကူးရာမှ ရေနစ်ခဲ့သည့်အတွက် နီးစပ် စက်လှေများက ဝိုင်းဝန်ဆယ်ယူခဲ့ရာ ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီးကျန်သုံးဦးမှာ ရေနစ်ပျောက်ဆုံးခဲ့ကြောင်းသိရသည်။ ‎ ‎"ကလေးသုံးဦးရေနစ်ပျောက်ဆုံးနေတယ်လို့ ကျွန်တော်တို့အသင်းကို ဆက်သွယ်လာလို့ ၁၆ ရက်နေ့ ညနေပိုင်မှာသွားရောက်ရှာဖွေပေးတယ်။ မတွေ့ခဲ့ဘူး။ နောက်တစ်နေ့ မတ် ၁၇ ရက် မှာလည်းမိသားစုတွေရဲ့ တောင်းဆိုမှုအရဆက်လက်ရှာဖွေတာ နေ့လည်လောက်မှာ တစ်ဦးတွေ့ခဲ့တယ်။ နှစ်ဦးကိုဆက်လက်ရှာဖွေတာမတွေ့ခဲ့ဘူး။ ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာတော့ ရေနစ်တဲ့သူအလောင်း နှစ်လောင်းပေါ်နေတယ်လို့ သတင်းရောက်လာလို့ သွားရောက်ဆယ်ယူပေးခဲ့ပါတယ်" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ‎ ‎မတ် ၁၇ ရက်က​တွေ့ရှိခဲ့သည့် ရုပ်အလောင်းကို သုမေဓ လူမှုကူညီရေးအသင်း မှလူနာတင်ယာဉ်ဖြင့်လည်းကောင်း၊ ယနေ့တွေ့ရှိသော ရုပ်အလောင်းနှစ်လောင်းကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာ)ယာဥ်ဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ‎#ပြည်တွင်းသတင်း

photo content

◾️အနောက်အုပ်စုမိတ်ဖက်အချို့ကို ဟော်မုဇ်ရေလက်ကြားကိစ္စအတွက် သမ္မတဒေါ်နယ်ထရန့် ဝေဖန် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် ရေယာဉ်များ လုံခြုံရေးအတွက်စစ်သင်္ဘောများ စေလွှတ်ပေးကြရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏တောင်းဆိုချက်ကို စပိန်၊ အီတလီ နှင့် ဂျာမနီအပါအဝင် အနောက်အုပ်စု မိတ်ဖက်နိုင်ငံအများအပြားက မတ် ၁၆ ရက်တွင် ပယ်ချခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်ကို အကူ အညီ ပေးရေးအတွက် စစ်သင်္ဘောများစေလွှတ်ရန် အစီအစဉ်မရှိသေးကြောင်း ဂျာမနီ၊ စပိန်နှင့် အီတလီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် အကူအညီပေးရေးတောင်းဆိုချက်ကို အထက်ပါနိုင်ငံများက ငြင်းပယ်ခဲ့ပြီးနောက် ယင်းနိုင်ငံများကို ကျေးဇူးကန်းသည့် နိုင်ငံများ အဖြစ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြင်းထန်စွာဝေဖန်ခဲ့သည်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးကြိုးပမ်းမှု များကို အကူအညီပေးရန် စိတ်အားထက်သန်သည့်နိုင်ငံများရှိနေကြသလို အမေရိကန်ပြည်ထောင်စု၏ အကူအညီ နှင့်အကာအကွယ်ကို နှစ်ပေါင်းများစွာ ရယူခဲ့သော်လည်း အကူအညီမပေးလိုသည့်နိုင်ငံ များလည်း ရှိနေကြောင်း သမ္မတဒေါ်နယ်ထရန့်ကအိမ်ဖြူတော်အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။ ပါရှန်ပင်လယ်ကွေ့ကိုအိုမန်ပင်လယ်ကွေ့၊အာရေးဗီးယန်းပင်လယ်တို့နှင့်ချိတ်ဆက်ပေးထားသော ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ၂၀ ရာခ်ိုင်နှုန်းပုံမှန်ဖြတ်သန်းနေရသော ရေလက် ကြားဖြစ်သည်။ သို့ရာတွင် အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းများ ပိတ်ခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ထိုင်းတွင် ဒီဇယ်ဈေးယနေ့ တိုးမြှင့်မည် ထိုင်းနိုင်ငံတွင် မတ် ၁၈ ရက်(ယနေ့)မှစတင်ကာ ပြည်တွင်းဒီဇယ်လက်လီဈေးနှုန်းကို တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြည်သူများသို့မတ် ၁၇ ရက်က တရားဝင် အသိပေး ထုတ်ပြန်လိုက်ကြောင်း Nation Thailand သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ Phiphat Ratchakitprakarn က ဒီဇယ်ဈေးနှုန်းကို ယခင် ၂၉ ဒသမ ၉၄ဘတ်ဖြင့် ရောင်းချနေရာမှ မတ် ၁၈ရက်မှစပြီး တစ်လီတာကို ၃၃ ဘတ်အထိ တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုလိုက်ခြင်းဖြစ် သည်။ ထိုကဲ့သို့ ဒီဇယ်ဈေး တိုးမြှင့်ရောင်းချရခြင်းမှာ ရေနံလောင်စာဆီရန်ပုံငွေ (Oil Fuel Fund)မှာ ဘတ် ၁၂ဘီလီယံကျော် လိုငွေပြနေပြီး ဘဏ္ဍာရေးအရ အခက်အခဲများဖြင့် ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ သတင်း-စိန်သံ ကိုးကား-Nation Thailand #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း