The Standard Time Digital
Открыть в Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
БольшеСтрана не указанаКатегория не указана
274
Подписчики
+124 часа
+37 дней
+2630 день
Архив постов
◾️သမ္မတဦးမင်းအောင်လှိုင်မိန့်ခွန်းမှ ကတိကဝတ်များ
ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတအဖြစ်ကတိသစ္စာခံယူပြီးနောက် ဦးမင်းအောင်လှိုင်ပြောသည့် မိန့်ခွန်းမှ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေး ကဏ္ဍဆိုင်ရာ ကတိကဝတ်များကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။
◾️အမျိုးသားပြန်လည်သင့်မြတ်ရေးကဏ္ဍ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေနိုင်ရန် အတွက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမင်းအောင်လှိုင်ကပြောသည်။
“ကျွန်တော်တို့အစိုးရအနေနဲ့လူမှုရေး၊ပြန်လည်သင့်မြတ်ရေး၊တရားမျှတမှုနှင့်ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေရေးနဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ် ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်းစဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။
ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုဖော်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ပြီး NCA စာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ဆွေးနွေးသ ဘောတူထားသည့် အချက်များ၊NCA စာချုပ်လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်များ၊နိုင်ငံရေးပါတီအစုအဖွဲ့များနှင့် NSPNC တို့ကြားသဘောတူထားသည့် အခြေခံဥပဒေပြင်ဆင်ရေးအချက်များကို ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းဆွေးနွေး မည်ဖြစ်ကြောင်း ပြောသည်။
“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ မှာပြဌာန်းထားတဲ့ ဖက်ဒ ရယ်ဆိုင်ရာ ပြဌာန်းချက်တွေကို ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက် သွား မှာလည်းဖြစ်ပါတယ်”ဟု ဦးမင်းအောင်လှိုင်ကပြောသည်။
◾️အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကဏ္ဍ
အစိုးရအဖွဲ့အသစ်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး၊နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး၊ ပြည်သူ လူထု၏လူမှုစီးပွားဘဝမြှင့်တင်ရေးတို့ကိုဆောင်ရွက်သွားမည်ဟု ဦးမင်းအောင်လှိုင် က ပြောသည်။
“စိန်ခေါ်မှုများစွာစောင့်ကြိုနေတာကို ကျွန်တော့်အနေနဲ့ ကောင်းစွာသိရှိထားပါတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါစိန်ခေါ်မှုများကို အစိုးရနှင့်ပြည်သူ လက်တွဲညီစွာ ရင်ဆိုင် ကျော် လွှားရန်အဓိဌာန်ချထားသည်ဟုလည်းပြောသည်။
ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကိုအခြေခံမှစ၍မြှင့်တင်မည်ဖြစ်ပြီး ပြည်သူတိုင်း ကျန်းမာရေး စောင့်ရှောက်မှုအလွယ်တကူရရှိစေရေး၊ ပညာရေးအားနည်းသည့် ပြည်နယ်များအတွက် အထူးစီမံချက်များချမှတ်ကာ KG+9 အထိ ပညာသင်ကြားနိုင်ရေးဆောင်ရွက်မည် ဟု ဦးမင်းအောင်လှိုင်ကပြောသည်။
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တရားဥပဒေစိုးမိုးရေး အဓိက အခြေခံအုတ်မြစ်အဖြစ် မရှိမဖြစ်လိုအပ်ပြီး တရားစီရင်ရေးကဏ္ဍဖြောင့်မတ်ရေး ဆောင် ရွက်မည်ဟုဆိုသည်။
“ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားတိုင်း ဥပဒေရဲ့အကာအကွယ်ကို အညီအမျှရရှိ စေ ဖို့၊မှား ယွင်းပြီး အပြစ်စီရင်ခြင်းမခံရဖို့၊ ပြစ်မှုနဲ့ပြစ်ဒဏ်မျှတပြီး တိတိကျကျ မှန်မှန် ကန် ကန် မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့ တရားရုံးများ ဖြောင့်မတ်မှန်ကန်စေဖို့ကိုဦးစားပေး ဖော် ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဦးမင်းအောင်လှိုင်ကပြောသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအနေဖြင့် လုံခြုံရေး၊တရားဥပဒေ၊နိုင်ငံတကာ ဆက်ဆံ ရေး၊ငြိမ်းချမ်းရေး၊ဥပဒေပြဌာန်းခြင်းဆိုင်ရာ ကိစ္စရပ်များအား အစိုးရအဖွဲ့ထံ အကြံပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးမင်းအောင်လှိုင်ကပြောသည်။
◾️စီးပွားရေးကဏ္ဍ
စီးပွားရေးပြန်လည်ဦးမော့လာစေရန် အတွက် အသေးစား၊ အငယ်စား၊အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးစီမံဆောင်ရွက်မည်ဖြစ်ကာ ပြည်တွင်း၊ပြည်ပရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာစေရန်ပြန်လည်သုံးသပ်မှုများဆောင်ရွက်မည်ဟုပြောသည်။
“ပြည်သူများကြုံတွေ့နေရတဲ့စီးပွားရေးကျပ်တည်းမှုကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့ အလုပ် အကိုင်အခွင့်အလမ်းလိုအပ်ချက်တွေကို ပြေလည်အောင်ဖော်ဆောင်ပြီး နိုင်ငံနဲ့ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးမင်းအောင်လှိုင်ကဆိုသည်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် တောင်သူလယ်သမားများဘဝမြှင့်တင်ရေးတို့သည် အစိုး ရသစ်၏ အဓိကကျသည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းလည်း၎င်းက ပြော သည်။
◾️နိုင်ငံတကာဆက်ဆံရေးကဏ္ဍ
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်အာဆီယံနှင့်ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိစေရေးကြိုးစား ဆောင်ရွက်မည်ဟုပြောသည်။
“ကျွန်တော်တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားပါမယ်”ဟုဦးမင်းအောင်လှိုင်ကပြောသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ဒေသတွင်းမိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက် ကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ၎င်းကအသိပေးသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအဖြစ် ဦးစိုးဝင်းအားခန့်အပ်
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအဖြစ် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ငြိမ်း)၊ ဦးစိုးဝင်းအားခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးကယနေ့(ဧပြီ ၁၀ ရက်)တွင် ထုတ်ပြန်သည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ပြည်ထောင်စု၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးဆိုင်ရာများ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာများကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ပြုနိုင်ရန် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့ အရဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယင်းကောင်စီတွင်ဥက္ကဋ္ဌအဖြစ်ဦးစိုးဝင်း၊ အတွင်းရေးမှူးအဖြစ်ဦးမောင်မောင်အေးနှင့် ကောင်စီဝင်များအဖြစ် ဦးဆန်းလွင်၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ဦးဇော်အေးမောင်တို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအနေဖြင့် လုံခြုံရေး၊တရားဥပဒေ၊နိုင်ငံတကာ ဆက်ဆံ ရေး၊ငြိမ်းချမ်းရေး၊ဥပဒေပြဌာန်းခြင်းဆိုင်ရာ ကိစ္စရပ်များအား အစိုးရအဖွဲ့ထံ အကြံပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်၌ ယနေ့ မိန့်ခွန်းပြောစဉ်ပြောသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း
◾️သင်္ကြန်တွင် ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန်ရည်ရွယ်သည့်သံချပ်ထိုးခြင်းများရှောင်ကြဉ်ရန်ထုတ်ပြန်
မဟာသင်္ကြန်ကာလတွင် သူတစ်ပါး(သို့မဟုတ်) အဖွဲ့အစည်းတို့၏ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန်ရည်ရွယ်သည့် သံချပ်ထိုးခြင်းများရှောင်ကြဉ်ကြရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုလဧပြီ ၁၃ ရက်မှ ၁၇ ရက်သည် နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ဖြစ်ပြီး အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကိုထိန်းသိမ်းသောအားဖြင့် ရှောင်ကြဉ်ရန် အချက်များကို ထုတ်ပြန်ထားသည်။
ယင်းအချက်များမှာ သူတစ်ပါး (သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြုအမူများရှောင်ကြဉ်ရန်၊ အများပြည်သူတို့၏အမြင်အာရုံတွင် အနှောင့်အယှက်ဖြစ်စေတတ် သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုးဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ရန်၊ မြန်မာ့ရိုးရာယဉ် ကျေးမှုဓလေ့စရိုက်နှင့်ဖီလာဆန့်ကျင်ပြီး အမြင်တွင်မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ရန်၊ ဘာသာတရား၏အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုမှုများ ရှောင်ကြဉ်ရန်နှင့် သူတစ်ပါးအားဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့်ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများရှောင်ကြဉ်ရန် အစရှိသည်တို့ဖြစ်သည်။
ထို့ပြင် အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကိုလေးစားတန်ဖိုး ထားမှု လျော့ပါးစေသည့်စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန် များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကိုသိက္ခာကျလောက်သည်အထိ သောက်စား မူးယစ်ခြင်းများဆင်ခြင်ရှောင်ကြဉ်ရန်လည်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ- MDN
#ပြည်တွင်းသတင်း
◾️ရန်ကုန်၌ စက်သုံးဆီတစ်လီတာ ၁၁၀ ကျပ်မှ ၉၅၀ ကျပ်အထိထပ်မံမြင့်တက်
ရန်ကုန်မြို့ရှိစက်သုံးဆီစျေးနှုန်းများ ယနေ့(ဧပြီ ၁၀ ရက်)တွင် တစ်လီတာလျှင် ၁၁၀ ကျပ်မှ ၉၅၀ ကျပ်အထိ မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြင့်တက်လာသည့်စျေးနှုန်းများအရ 92 တစ်လီတာ ၄၆၂၅ ကျပ် မှ ၄၇၃၅ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၈၀၅ ကျပ်မှ ၇၇၅၅ ကျပ် ဖြစ်ပြီး ၉၅၀ ကျပ်မြင့်တက်လာခဲ့သည်။
ထို့ပြင် 95 တစ်လီတာလျှင် ၄၇၈၀ ကျပ်မှ ၄၉၄၅ ကျပ် ဖြစ်လာခဲ့ခြင်းကြောင့် ၁၆၅ ကျပ် တိုးလာခဲ့သည်။
အဆိုပါစက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ ရန်ကုန်မြို့ရှိစက်သုံးဆီ အရောင်းဆိုင်များတွင် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များ၊ ဆီထည့်ရန်စောင့်ဆိုင်းနေသည့်ကားတန်းများကို မြို့နယ်တိုင်းတွင်တွေ့ရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ- MOC
#ပြည်တွင်းသတင်း
◾️အာဏာသုံးရပ်အား ကာလုံမှ ပြန်လည်လွှဲပြောင်းဟု ကြေညာ
အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောစုလွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃/၂၀၂၆ ဖြင့် ကြေညာချက်တွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များအား ယနေ့(ဧပြီလ ၁၀ ရက်) ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီး သည့်အချိန်မှစ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း ကြေညာလိုက်သည်ဟု ပါရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်သို့ အသိပေးသည်။
ထိုသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုပြီးသည့်အချိန်မှစ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့အား ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ-MRTV
#ပြည်တွင်းသတင်း
◾️စက်သုံးဆီသုံးစွဲမှု ဆက်လက်ချွေတာရမည်ဟု ဦးမင်းအောင်လှိုင်ပြော
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအခြေအနေကိုဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်၍ စက် သုံးဆီသုံးစွဲမှုချွေတာရေးမလွဲမသွေပြုလုပ်ရမည်ဟု နိုင်ငံတော်သမ္မတ အဖြစ်ကတိသ စ္စာပြုပြီးနောက် ပထမဆုံးမိန့်ခွန်းတွင် ဦးမင်းအောင်လှိုင်ကပြောသည်။
“ကျွန်တော်တို့လိုနှစ်စဉ် အမေရိကန်ဒေါ်လာ ၅ဘီလီယံ ဖိုးခန့် စက်သုံးဆီတင်သွင်းနေ တဲ့ နိုင်ငံမျိုးဟာ စက်သုံးဆီ ချွေတာရေးမလွဲမသွေ ပြုလုပ်ရမှာဖြစ်ပါတယ်၊ယာဉ်၊ယန္တရားသုံး မီးစက်သုံးစသည်ဖြင့် နယ်ပယ်တွေမှာ အတတ်နိုင်ဆုံးလျှော့ချသုံးစွဲတာ အကောင်းဆုံး ဖြစ်ပါတယ်” ဟု ယနေ့ ဧပြီ ၁၀ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ မိန့်ခွန်းပြောစဉ် ၎င်းက ပြောသည်။
အမေရိကန်၊အစ္စရေးနှင့် အီရန်နိုင်ငံတို့ကြား အရှေ့အလယ်ပိုင်းဒေသပဋိပက္ခသည် နှစ်ပတ် ကြာ အပစ်ရပ်မည်ဟု နှစ်ဖက်နိုင်ငံများက ထုတ်ဖော်ကြေညာထားသော်လည်း ထိုသို့ကြေ ညာပြီးနောက်တစ်ရက်တွင်ပင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ပိတ်ဆို့ခဲ့ သည်။
ယင်းအခြေအနေများအရ စက်သုံးဆီအခက်အခဲ ဆက်ရှိနေဦးမည်ဖြစ်ရာ စက်သုံးဆီသုံးစွဲမှု ကိုဆက်လက်ချွေတာရန်လိုအပ်သလို တစ်ဖက်တွင် လျှပ်စစ်ကားများကိုအဖြစ်နိုင်ဆုံး အသုံးပြုရန် သမ္မတဦးမင်းအောင်လှိုင်က တိုက်တွန်းသည်။
“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လျှပ်စစ်ကဏ္ဍဟာ ဆက်စပ်နေတဲ့အတွက် ပြည်တွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖူလုံအောင် ကြိုးပမ်းဆောင်ရွက်သွားကြ ရမှာဖြစ်ပါ တယ်။ ဆိုလာစွမ်းအင်ဖွံဖြိုးမှုကိုလည်းမြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။
သတင်း/ဓာတ်ပုံ-စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◾️ AirAsia Xလေယာဉ်လက်မှတ်ဈေး ၄၀ ရာခိုင်နှုန်းမြင့် တက်
အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ လောင်စာဆီ ဈေးနှုန်းများမှာလည်းမတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ မလေးရှား နိုင်ငံအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့် AirAsia X သည် ၎င်း တို့၏လေယာဉ်လက်မှတ်ဈေးနှုန်းများကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်းThe Nation Thailand သတင်းဌာနက ဧပြီ ၇ ရက်တွင် ရေးသား ဖော်ပြထားသည်။
“လေယာဉ်ဆီဈေးနှုန်းက တစ်ဟုန်ထိုး မြင့်တက်နေတယ်။ ငြိမ်သွားရင်လည်း ခဏပဲ။ အကျမရှိ ဘူး၊ အတက်ပဲရှိနေတော့ ကျွန်တော်တို့အတွက် အဆင်မပြေတော့ဘူး။ ရေရှည် အရှုံးကို တောင့်ခံနိုင်မှုမရှိတော့တာကြောင့် မဖြစ်မနေလက်မှတ်ဈေးတွေ တက်လိုက်ရ တာပါ။ ခုတော့ လက်မှတ်ဈေးနှုန်းကို ၄၀ရာခိုင်နှုန်းနဲ့ စက်သုံးဆီအတွက် ထပ်ဆောင်းခ (Fuel Surcharge) ကို ၂၀ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ် ချက်ချလိုက် ပါပြီ”ဟု AirAsia Xမှအမှုဆောင်အရာရှိချုပ်ဖြစ်သူ Bo Lingam က ပြောသည်။
လက်ရှိတွင် လေကြောင်းလိုင်းသည် လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချရန်အတွက် ခရီးစဉ် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချထားကြောင်း၊ အမြတ်မထွက်သည့် ခရီးစဉ်လမ်းကြောင်းများကို အပြီးတိုင်ဖျက်သိမ်းခြင်း သို့မဟုတ် ယာယီရပ်နားခြင်းများ လုပ်ဆောင်နေကြောင်းနှင့် ကုန်ကျစရိတ် သက်သာစေရန်လေယာဉ်ပြုပြင်ထိန်းသိမ်းမှု (Maintainence Schudules) အချို့ကို ညှိနှိုင်းရွှေ့ဆိုင်းထားကြောင်း သိရသည်။
အခြားတစ်ဖက်တွင် AirAsia X၏ ရှယ်ယာဈေးနှုန်းများမှာလည်း ၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။
သတင်း-စိန်သံ
ကိုးကား-The Nation Thailand
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ရေနံစိမ်းစည်ပေါင်း ခုနစ်သိန်းခန့် တင်ဆောင်လာသည့်ရေနံတင်သင်္ဘော ထိုင်းနိုင်ငံသို့ ရောက်ရှိ
အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းစည်ပေါင်း ခုနစ်သိန်းခန့်တင်ဆောင်လာသည့် ဘန်ချက်ကော်ပိုရေးရှင်း (Bangchak Corporation)ပိုင် Si Racha ရေနံတင် သင်္ဘောတစ်စင်းသည် ထိုင်းရေနံချက်စက်ရုံဆိပ်ကမ်းသို့ ဘေးကင်းစွာ ဆိုက်ရောက် လာပြီဖြစ်ကြောင်း
ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကားပြီး Khaosod english သတင်းဌာနက ဧပြီ ၈ ရက်တွင် ရေးသားဖော်ပြထားသည်။အဆိုပါ Si Racha ရေနံတင် သင်္ဘောသည် အိန္ဒိယသမုဒ္ဒရာကိုဖြတ်ကျော်မောင်းနှင်လာခဲ့ပြီးနောက် ဧပြီ ၇ ရက် ညပိုင်းတွင် ဘန်ချက် ရေနံချက်စက်ရုံသို့ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့်စက်သုံးဆီထုတ်ကုန်များ ပြတ်တောက် မှုမရှိစေရန် အဆိုပါ ရေနံစိမ်းများကို ချက်လုပ်သွားမည် ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Si Racha ရေနံတင်သင်္ဘောသည် မတ် ၁၁ ရက်ကတည်းကပါရှန်းပင်လယ်ကွေ့တွင် ကျောက်ချရပ်နားခဲ့ရပြီး ထိုင်း၊ အီရန်နှင့် အိုမန်နိုင်ငံတို့၏ သံတမန်ရေးရာ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘန်ချက်ကော်ပိုရေးရှင်းအနေဖြင့် နှစ်လစာခန့် ထုတ်လုပ်နိုင်မည့် ရေနံစိမ်းများကို အရန်သင့်ရှိကြောင်း၊ စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရေးအတွက် ဆက်လက်စောင့် ကြည့်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
သတင်း-စိန်သံ
ကိုးကား-Khaosod English
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
